Thel in Progress
800 subscribers
415 photos
15 videos
3 files
157 links
Thel in Progress

🌱 "I am not perfect yet, but I am growing every day."

✨ Learning
✨ Self-improvement
✨ Glow-up
✨ Becoming the best version of myself
Download Telegram
How i manifest my job 🔮


အမရဲ့ ပထမဆုံး အလုပ်လေးကို ဘယ်လိုရအောင် manifest ခဲ့လဲ ဆိုတဲ့ အကြောင်းပြောပြပေးမယ် ၊၊ အမ ဆို တစ်နှစ်ကျော်လောက်WFH အလုပ်တွေကို ဆက်တိုက်လျှောက် ခဲ့တာ ကို မှ တစ်ခုမှကို မရခဲ့တာ၊၊ တော်တော် လျှောက်ခဲ့တာ အနည်းဆုံး 20 ကျော် လောက်ရှိမယ် email ကနေဆိုလည်း လျှောက်တာပဲ ၊၊ လျှောက်တာ လျှောက်တာ ရလည်း မရဘူး ၊ ဘာမှ လည်း ပြန် အကြောင်းကြား စာ တစ်ခုမှကို မရခဲ့တာ၊၊ အဲ့တုန်းက ဆို အလုပ်က တအားရချင်လို့ subliminal နားထောင်ကြည့်တယ် အဲ့တာလည်း မရဘူး၊၊ နောက်ပိုင်း CV ကိုလည်း ရေးပေးတဲ့ အကိုဆီမှာ သွားရေး လျှောက်တာ အဲ့ထိလည်း အလုပ်မရသေးဘူး ၊၊

အလုပ်က ရချင်တာ ဘယ်လို manifest လုပ်ရမလဲ မသိဘူးဆိုပြီး စဥ်းစားတာ ၊၊ manifest တဲ့ နည်းလမ်း ပေါင်းစုံကိုလည်း စမ်းလုပ်ကြည့်တယ်၊၊ လိုက်ရှာတယ်၊၊ healing လုပ်တယ်၊၊

နောက်မှ ငါ အဓိဌာန်လေး
ဝင်ကြည့်ပါအုံးမယ် ဆိုပြီး ကိုးနဝင်း အဓိဌာန် ဝင်လိုက်တာ အဲ့ဒီ အဓိဠာန် ဝင်ပြီး 3 ရက်လောက်နေတော့ လျှောက်ထားတဲ့ အလုပ်ကနေ First Interview လေးကို စရတာ ၊၊

အဓိဠာန် တစ်ခုတည်းနဲ့ မဟုတ်ဘဲ တခြားဟာလေးပါ လုပ်ကြည့်သေးတာ🔮

ညအိပ်ရာဝင်ခါနီး အိပ်ရာထဲ ရောက်ပြီ ဆိုရင် ငါ အလုပ် ရပြီ ၊ငါအလုပ် ရပြီ ဆိုတာ ကို 3 ခါ,6 ခါ,9 ခါ ဆိုပြီး ရွတ်ပြီးရင် Visualization လုပ်တယ် ၊၊ ကိုယ် အလုပ်လုပ်နေတဲ့ ပုံစံ၊ အလုပ်ရသွားတဲ့ feeling တွေကို ပုံဖော်ကြည့်တယ်၊၊ ရွတ်ပြီးသွားရင် ငါ အခုကောင်းကောင်း အနားယူလို့ရပြီ ၊၊ ဒီနေ့အတွက် အကောင်းဆုံး လုပ်ခဲ့ပြီ၊၊ ငါရဲ့ nervous system အကုန်လုံး အနားယူနိုင်ပါပြီ ၊၊ အဲ့တာကို ညအိပ်ရာဝင်တိုင်း လုပ်တာ ၊၊ အဓိကကတော့ manifest ပြီးတာနဲ့ အဲ့တာကြီးကို စိတ်ထဲ တအားစွဲ မထားနဲ့ စိတ်ထဲ စွဲထားရင် ကိုယ့်ရဲ့ nervous system က ကောင်းကောင်းအနားမယူနိုင်ဘူး ၊၊ ကောင်းကောင်းလည်း အနားယူရမယ်၊၊



manifest လုပ်တယ်၊၊ လုပ်စရာ ရှိတာ လုပ်တယ်၊၊ interview မှာ ဘယ်လို ဖြေရမလဲ အကောင်းဆုံး လေ့ကျင့်တယ် ၊၊ စိတ်ထဲ မှာ အလုပ်ရချင်တာကြီးကို အမြဲ တွေးမထားနဲ့ တွေးလွန်းရင် ရပါ့မလားဆိုတဲ့ စိတ်တွေ ဝင်လာပြီး အလုပ်သိပ်မဖြစ်ဘူး ၊၊


Right time ဆိုတာကည်း လိုသေးတာ ၊ ကိုယ်လိုချင်တဲ့ အရာတွေကိုယ့်ဆီ ရောက်လာဖို့ ကိုယ်ကိုယ်တိုင်ကလည်း အဆင်သင့်ဖြစ်ဖို့ လိုသေးတယ်၊၊ Manifest လုပ်တာကလည်း ကံ၊ဥာဏ်၊ ဝီရိယ သုံးပါလုံး အားစိုက်ဖို့က လိုသေးတာ၊၊ စိတ်ထဲကလည်း တစ်ကယ်ပြင်းပြမှ လိုချင်တယ် ရရင် ယူမှာ မရရင် မယူဘူးဆိုပြီး လည်း လုပ်လို့မရဘူး ၊၊

ဒါကတော့ အမ ဘယ်လို manifest ခဲ့လဲ ဆိုတဲ့ အတွေ့အကြုံလေးပါ ၊၊ လူတိုင်းကတော့ မတူနိုင်တာမို့ အမ လုပ်တာကလည်း အားလုံးနဲ့ ကိုက်ညီ ပြီး ကွက်တိ ဖြစ်လိမ့်မယ်လို့တော့ မပြောဘူးနော်၊၊ ညီမလေးတို့/မောင်လေးတို့ အဆင်ပြေတာလေးတွေကို စမ်းလုပ်ကြည့်လို့ရပါတယ်၊၊

ဖတ်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းလည်း ကိုယ်လိုချင်တဲ့ အရာတွေ လွယ်ကူမြန်ဆန်စွာ ရနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့် 💕


ကိုယ့်ရဲ့ ဘဝ ထဲက အလေ့အကျင့်၊အမူအကျင့် ဆိုးတွေကို Detox လုပ်မယ့် 30 Days Challenge အကြောင်းလေး 💕

https://t.me/Thelnprogress/806


သိချင်တာလေးတွေ ရှိရင် လာမေးဖို့
@Call_me_thell



#howimanifestmyjob
#challenge
#ThelinProgress
❤12
အလုပ်ရအောင် ဘယ်လို manifest လုပ်ခဲ့လဲဆိုတဲ့ အကြောင်း🔮


https://t.me/Thelnprogress/811


ရက် ၃၀ အတွင်း ကိုယ်ရဲ့ မကောင်းတဲ့ အလေ့အကျင့်တွေကို အမြစ်ဖြတ် မယ့် Challenge💕


https://t.me/Thelnprogress/806

Challenge လေးက 2 နေရာစာ ကျန်ပါသေး
တယ်ရှင့်👀

အရင် Challenge review လေးတွေ 💕


https://t.me/Thelnprogress/807


သိချင်တာလေးတွေ ရှိရင် လာမေးဖို့
@Call_me_thell



#challenge
#ThelinProgress
#howimanifestmyjob
❤4
တစ်နေ့တာအတွင်း စာ နဲ့ အလုပ်ရယ် တခြားကိုယ်ကြိုက်တဲ့ အရာလေးတွေကို ဘယ်လို စီမံခန့်ခွဲပြီး လုပ်ဖြစ်နေလဲ ဆိုတာ မနက်ဖြန် content အသစ်လေး တင်ပေးမယ်နော် 💕

ရက် ၃၀ အတွင်း ကိုယ်ရဲ့ မကောင်းတဲ့ အလေ့အကျင့်တွေကို အမြစ်ဖြတ် မယ့် Challenge 🪷

သိချင်တာလေးတွေ ရှိရင် လာမေးဖို့
@Call_me_thell



#ThelinProgress
#challenge
#timemanagement
❤9💘1
Thel in Progress
မင်္ဂလာပါ ရှင့် မတွေ့တာကြာပြီနော် 💕 ဒီဘက်ပိုင်းမှ အလုပ်များနေလို့ စာရေးတဲ့ ဘက်ကို မလှည့်နိုင်တာကြာပြီ၊၊ စာမရေးဖြစ်ပေမယ့် ကျန်တာလေးတွေက တော့ ပုံမှန်အတိုင်းလည်ပတ်နေတာပါပဲ၊၊ ဘာလိုလိုနဲ့ 2026 တောင် 7 လတောင် ကုန်သွားပြီးနော်၊၊ ဒီကြားထဲရော ဘာတွေ လုပ်ဖြစ်နေကြလဲ…
30 Days Detox Challenge လေးမှာ 2 ယောက် လာပြီး enroll လုပ်လို့ရပါသေးတယ်ရှင့်၊၊ Early bird fees နဲ့လည်း ရပါသေးတယ်ရှင့် ✨

Challenge Start Date အတိအကျလေးလည်း သိရပါပြီရှင့်
10.8.2026 မှာ စမှာပါရှင့်

စိတ်ဝင်စားတဲ့ သူတွေ လာ join လို့ရပါတယ်ရှင့် 💕

သိချင်တာလေးတွေ ရှိရင် လာမေးဖို့
@Call_me_thell



#Challenge
#ThelinProgress
❤4
တစ်နေ့တာကို ဘယ်လို အကျိုးရှိအောင်
အချိန် စီမံခန့်ခွဲရမလဲ ?



လူတစ်ယောက်က တစ်နေ့တာအတွက်24 နာရီ တူညီတဲ့ အချိန်ရပါတယ်၊၊ အဲ့တာကို ကိုယ့်ကြမှ အချိန်က မလောက် ဖြစ်နေတာမျိုး အလုပ်က မပြီး ဖြစ်နေတာမျိုး ကြုံဖူးကြတယ်မလား

ဒီလိုမျိုး ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ တစ်နေ့တာ အတွက် to do list မရေးခြင်းနဲ့ High Priority list မထားတာတွေကြောင့် အလုပ်က မပြီးသလိုဖြစ်တာပါ၊၊

To do list ရေးထားရင် ကိုယ့်ရဲ့ စိတ်က ငါဒါတွေ လုပ်ရမယ် ဒါကျန်သေးတယ် ဆိုပြီး စိတ်ထဲက Alert ဖြစ်နေပြီး လုပ်ဖြစ်တာပါ၊၊ ဘာမှ မရေးထားရင် ယောင်ဝါးဝါး နဲ့ ဟို ဟာ လုပ်မှာ လိုလို ဒီဟာ လုပ်မှာ လိုလို နဲ့ ဖြစ်သွားကြတာများပါတယ်၊၊

ဒါကြောင့် တစ်နေ့တာ အတွက် ဘာတွေ လုပ်မလဲ ဆိုတာကို to do list ရေးထားသင့်ပါတယ် ၊၊ မနက် အိပ်ရာနိုးမှ ရေးရေး ၊ ညကတည်းက ရေးရေး ရပါတယ်၊၊ အများအားဖြင့် အမ အပါအဝင် ညအိပ်ရာ မဝင်ခင် to do list ရေးတယ် တစ်ခါတစ်လေ မေ့သွားတဲ့ အခါမှာ ကြ မရေးဖြစ်တော့ ဘူးပေါ့နော်၊၊

အဲ့ဒီနေရာမှာ အဆက်ပျက် သွားတာပဲ အဓိကက ညမရေး ဖြစ်ရင် မနက်မှ ရေးလို့ရတယ် အဲ့တာကို ကိုယ့်ကိုယ်ကို အချိန်နဲ့ ကန့်သတ်ပြီး မနက်မှ ရေးမယ် ညမှ ရေးမယ် ဘာဖြစ်မှ ညာဖြစ်မှ ဆိုပြီး အကြောင်းပြချက်တွေ ပေးကြတယ်၊၊

ပြောရမယ် ဆိုရင် ညအိပ်ရာမဝင်ခင် နဲ့ မနက်ခင်း to do list ရေးတဲ့ အကျင့်က ကောင်းတယ် ဒါပေမယ့် မေ့သွားတဲ့ အခါမှာလည်း ဘယ်ချိန်ဖြစ်ဖြစ် အကြောင်းပြချက်် မပေးဘဲ လုပ်ရမယ့် to do list ကို ချရေးထားတာ ပိုကောင်းတယ် (outfit ရွေးတဲ့ လေသံနဲ့ ဖတ်ရန် 😜)

High Priority List လည်း ထားဖို့ လို့တယ် ၊၊ ကိုယ့်အတွက် အရေးကြီးတဲ့ အလုပ်တွေကို အစဥ်လိုက် လုပ်တာမျိူးပေါ့ / တစ်နေ့တာမှာ အရေးကြီးဆုံး အလုပ်ကို ဦးစားပေးလုပ် ဥပမာ Deadline နီးတဲ့ အလုပ်မျိုး ဒီနေ့မှာ တစ်ခါတည်း ပြီးအောင် လုပ်ရမယ့် အလုပ်မျိုး ဆိုပြီးခွဲထားတာကောင်းတယ်၊၊ အရေးကြီး ဆုံးက ထိပ်ဆုံးမှာ ထား အရင်လုပ် ၊၊


အရေးကြီးတဲ့ level အစဥ်လိုက်လေးပေါ့၊၊ အဲ့လိုမျိုးထားတာက ဘယ်ဟာကို လုပ်သင့်တယ် ပိုအာရုံ စိုက်သင့်လဲ ဆိုတာ ပိုပေါ်လွင်တာ၊၊ စိတ်ထဲမှာ လည်း သိနေပေမယ့် စာအုပ်ထဲ ချရေးလိုက်တဲ့ အခါမှာ လုပ်ဖို့ ပိုသေချာ သွားတယ်ဆိုတဲ့ ခံစားချက်မျိုးရတယ်၊၊


အဓိက အချက်က
✅To do list ရေး
✅High Priority List
✅ အရေးကြီးတဲ့အလုပ်ကိုအရင်လုပ်



ဒီသုံးချက် လုပ်ထားရင် အချိန်တွေ ပိုထွက်လာလိမ့်မယ်သေချာပေါက်၊၊ တစ်နေ့တာ အလုပ်အကုန် ပြီးမှ ကိုယ်ဝါသနာ ပါတာလေးတွေကို လုပ်ဖို့လည်း အချိိန်ပိုရလာလိမ့်မယ်၊၊


လူတွေက Productive ဖြစ်တယ် Management လုပ်နိုင်တယ်ဆိုတာ ကို နေ့တိုင်း လုပ်နိုင်မယ် ထင်ကြတာ တစ်ကယ်တော့ လေ နေ့တိုင်း မတတ်ကြွ နိုင်ဘူး သိလား / ကိုယ့် မမြင်နိုင်တဲ့ task တွေ လည်း တစ်ခါတစ်လေမှာ ကြိုရောက်လာတတ်တယ်၊၊ အမြဲတမ်းကြီး တစ်သမတ် တည်း မသွားနိုင်ဘူး၊၊ နေ့တိုင်း productive ဖြစ်ဖို့ မလုပ်ဘူး ၊၊ ဒါပေမယ့် တစ်နေ့တာမယ် ကိုယ့်အတွက် အကျိုးရှိတဲ့ အရာတစ်ခုကို လုပ်နိုင်ခဲ့ရင်ရပြီ 📒

တင်ပေးမယ် ဆိုပြီး အခုမှ တင်ဖြစ်သွားတယ်၊၊ ဖတ်ပေးတဲ့ သူတိုင်းကို ကျေးဇူးပါရှင့် 💕 ကိုယ့်ရဲ့ တစ်နေ့တာကိုလည်း ကောင်းမွန်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့် 🫶

30 Days Life Detox Challenge Joinရန်


သိချင်တာလေးတွေ ရှိရင် လာမေးဖို့
@Call_me_thell



#ThelinProgress
#timemanagement
#life
#challenge
❤8
Thel in Progress
မင်္ဂလာပါ ရှင့် မတွေ့တာကြာပြီနော် 💕 ဒီဘက်ပိုင်းမှ အလုပ်များနေလို့ စာရေးတဲ့ ဘက်ကို မလှည့်နိုင်တာကြာပြီ၊၊ စာမရေးဖြစ်ပေမယ့် ကျန်တာလေးတွေက တော့ ပုံမှန်အတိုင်းလည်ပတ်နေတာပါပဲ၊၊ ဘာလိုလိုနဲ့ 2026 တောင် 7 လတောင် ကုန်သွားပြီးနော်၊၊ ဒီကြားထဲရော ဘာတွေ လုပ်ဖြစ်နေကြလဲ…
30 Days Life Detox Challenge လေး join ချင်တဲ့ သူလေးတွေ join လို့ရပါသေးတယ်ရှင့် 💜

Challenge လေးက 10 ရက်နေ့ကြရင် စတော့မှာပါရှင့် ✨🫶
❤5
I want to say important message to you 💌

I'm not productivity person all the time , sometimes အရမ်းပျင်းတဲ့ အချိန် လေးတွေလည်း ရှိ ၊ ပင်ပန်းလို့ ငိုချမိတဲ့ အခါလည်း ရှိတယ် ၊၊ ဒါပေမယ့် လုပ်စရာ ရှိတာတော့ လုပ်ရတာပဲ
လုပ်ရမယ့် ဟာက လုပ်ရတာပဲ အခြား အကြောင်းပြချက် တွေ ပေးချင်နေရင်တောင် ဘာမှ လုပ်မရဘူး ၊၊

ပျင်းနေရင်လည်း ဆက်လုပ်
ငိုနေ ရင်လည်း ဆက်လုပ်
ပင်ပန်း နေရင် လည်း ဆက်လုပ် ရမှာပဲ

နေ့တိုင်းကြီး Productivity ဖြစ်နေစရာ လည်း မလိုဘူး ဒါပေမယ့် လုပ်စရာ ရှိတာ လုပ်ရမှာပဲ၊၊

ဒါကြောင့် ပျင်းနေရင် ဆက်ပျင်းမလား အလုပ်ပဲ ထလုပ်မလား ၊ ငိုနေမလား အကျိုး ရှိတာကိုပဲ လုပ်မလားဆိုတာကို ကိုယ်တိုင်ရွေးချယ်လို့ရတယ် ၊၊

#thelinprogress
❤16
🌱 Talk With Me — 10 Minutes

Let's Talk about your problem 🍀

တစ်ခါတစ်လေမှာ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့ မသေချာ မရေရာ ဖြစ်နေတဲ့ ခံစားချက်တွေ ပြောပြဖို့ အတွက် တစ်စုံတစ်ယောက် အမြဲ လိုအပ်တယ်လို့ ခံစားရတယ်မလား ?

ကိုယ်ပြောချင်တာတွေကို နားထောင်ပေးပြီး ကိုယ့်ရဲ့ အခက်အခဲတွေကို ကူပြီး စဥ်းစာပေးဖို့ သူလိုနေတယ် ဆိုရင်တော့ ဒီမှာ ရှိတယ်နော် I'm Here 👋

AI ကိုပဲ တစ်ချိန်လုံး ကိုယ့်ရဲ့ ခံစားချက်တွေကို ပြောသာပြောပြနေရတာ တစ်ကယ်ကို စိတ်ကုန်စရာ မလား ??
Ai ဆိုတော့ ခံစားချက်လည်း မရှိ တစ်ခါတစ်လေ ကိုယ်ပြော ချင်တာကို သူကလည်း နားမလည်ပေးနိုင် ဒီလိုမျိုး တွေ ဖြစ်နေတဲ့ သူတွေအတွက် Talk With me in 10 minutes ဆိုတဲ့ Warmly Talk ဆိုတဲ့ session လေး ရှိပါတယ်၊၊


ဒီ session လေးမှာကတော့ ကိုယ် ရဲ့ lifestyle မှာ ဖြစ်နေတဲ့ အခက်အခဲ လေးတွေ ကို နားထောင်ပေးပြီး
အသုံးဝင်မယ့် အကြံဥာဏ်ပေး လေးတွေပေးမယ်၊၊ တစ်ခါတစ်လေ မှာ ဘေးလူက လည်း ကိုယ်ရဲ့ အဖြစ်အပျက်ကို ကြည့် ပြီး ပိုမြင်တတ်တဲ့ အခြေအနေ မျိုးလည်း ရှိပါတယ်၊၊

ဒီ session လေးကို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့
အခက်အခဲ တွေ ကို ပြောပြချင်ပြီး အကူအညီလိုနေတဲ့ သူတွေ တစ်ခါတစ်လေမှာ ကိုယ့် အရင်းနှီးဆုံးလူကို ပြောပြလို့ မရနိုင်တဲ့ အခြေအနေ တွေဖြစ်နေတဲ့ သူတွေအတွက် ပါရှင့်၊၊


ဘယ်လိုလူပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ Lifestyle မှာ stuck ဖြစ်နေတဲ့ အရာတွေကို တိုင်ပင်ဆွေးနွေချင်ရင် Thel in Progress ရဲ့

@Call_me_thell


ဒီအကောင့်မှာ အသေးစိတ် စုံစမ်း မေးမြန်းလို့ရပါတယ်ရှင့် 🪄

#ThelinProgress
#TalkwithMe
#10minutessession
#WarmlyTalk
❤5💘4
💘3❤1
When life gets heavy, I turn to Buddha. 🌿

https://youtu.be/kq9gPBcq6x8?si=w5wrUYEFhz_p53Hg
❤5
When life gets heavy, I turn to Buddha. 🌿

#ThelinProgress
❤9🥰1
Forwarded from AThel is Shining
ဘုရား၊တရား သမားလေး
❤1
"How I’m Learning to Use Social Media Mindfully "

social media နဲ့ အင်တာနက် ကို သုံးတာနဲ့ ပတ်သတ်ရင် အများအားဖြင့်ကတော့ social media က မကောင်းဘူး ပြောကြတာများပါတယ် ၊၊

ကျွန်မကတော့ Social media ကောင်းတယ် မကောင်းဘူးဆိုတာထက် ဘယ်လို ဘယ်လိုအသုံးပြုလဲ ဆိုတာက ပိုအရေးကြီးတယ်လို့ ထင်မြင်မိပါတယ်၊၊

Facebook, TikTok, YouTube စတဲ့ platform တွေမှာ ကောင်းတဲ့ content တွေရော၊ ကိုယ့်အတွက် မကောင်းတဲ့ content တွေရော တွေ့ရမှာပါပဲ။ ဒါကြောင့် ကိုယ့်အတွက် အသုံးမဝင်တာ၊ မကြိုက်တာတွေ့ရင် ဆက်ကြည့်နေမယ့်အစား ကျော်သွားပြီး ကိုယ့်အတွက် အသုံးဝင်တဲ့ content တွေကိုပဲ ရွေးချယ်ကြည့်လို့ရပါတယ်။

Social Media ရဲ့ algorithm ကလည်း ကိုယ်စိတ်ဝင်စားပြီး ကြည့်ရှု၊ တုံ့ပြန်တဲ့ content မျိုးတွေကို ပိုပြီး ပြသလေ့ရှိပါတယ်။ ဒါကြောင့် ကိုယ်ဘာတွေကို ကြည့်နေသလဲ၊ ဘာတွေကို အမြဲတမ်း engage လုပ်နေသလဲ ဆိုတာလည်း အရေးကြီးပါတယ်။

ကိုယ့်စိတ်ကို အမြဲတမ်းရှုပ်ထွေးစေတဲ့၊ စိတ်တိုစေတဲ့၊ ကိုယ့်အတွက် toxic ဖြစ်စေတဲ့ content တွေကို မကြည့်ဘဲ Hide, Unfollow, Block စတဲ့ option တွေကို အသုံးပြုလို့ရပါတယ်။

တစ်နည်းအားဖြင့် ကိုယ့် Social Media feed ကို ကိုယ်တိုင်ရွေးချယ်ဖန်တီးလို့ရပါတယ်။

ဒါကြောင့် တစ်ခါတလေ ကိုယ့်ကိုယ်ကို မေးကြည့်သင့်တယ်

“Social Media ကို ငါက အသုံးပြုနေတာလား၊ ဒါမှမဟုတ် Social Media က ငါ့ကို အသုံးပြုနေတာလား?”

Social Media ကို အသုံးပြုတာက မကောင်းတာမဟုတ်ပါဘူး။ အဲဒီကနေ ကိုယ်သိချင်တာတွေ ရှာဖွေလို့ရတယ်၊ အသစ် အသစ် တွေသင်ယူလို့ရတယ်၊ အသုံးဝင်တဲ့ information တွေ ရနိုင်ပါတယ်။

ဒါပေမယ့် အလွန်အကျွံအသုံးပြုတာက ကိုယ့်ရဲ့အချိန်နဲ့ အာရုံစိုက်မှုကို မထိန်းချုပ်နိုင်ဖြစ်လာပြီး ကိုယ့်အတွက် ပြဿနာဖြစ်လာ စေနိုင်ပါတယ်။

ဒါကြောင့် Social Media ကို လုံးဝမသုံးဘဲ နေဖို့ထက် ဘယ်လို Healthy ဖြစ်အောင် အသုံးပြုမလဲ ဆိုတာကို စဉ်းစားပြီး သုံးတာက ပိုအရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်။

Social Media ကို မသုံးဘဲနေဖို့ မလိုပါဘူး။ ကိုယ်က Social Media ကို ထိန်းချုပ်နိုင်ဖို့ပဲ လိုပါတယ်၊၊

နောက်ရက်ကြရင်တော့ Social Media ကို ဘယ်လို Healthy ဖြစ်ဖြစ် သုံးရမလဲဆိုတဲ့ Tips လေးတွေ သီးသန့်တင်ပေးပါမယ်ရှင့် 🌱

Stay tuned ပါနော်! ✨


#thelinprogress
#self-improvement
#healthylifestyle
#socialmedia
❤3
❤1
https://www.facebook.com/share/p/1DJ4ds8EHP/


Facebook မှာ တင်ထားတဲ့ Post အသစ်လေးပါရှင့်၊၊ Facebook page လေးကိုလည်း follow လုပ်ပေးတာကြပါအုံးနော် ✨

#thelinprogress
#IGCSEVSGED
#Education
#Educateyourself
❤2
This media is not supported in your browser
VIEW IN TELEGRAM
2026 is left 3 months & 6 days, Let's take Challenge with me 🌟🎖️

#thel@Thelnprogress
#lifestyle
#glowupwithme
#2026
#crdvdtoowner
❤2🔥2