Thel in Progress
801 subscribers
412 photos
14 videos
3 files
154 links
Thel in Progress

🌱 "I am not perfect yet, but I am growing every day."

✨ Learning
✨ Self-improvement
✨ Glow-up
✨ Becoming the best version of myself
Download Telegram
Forwarded from Moe Thwe _ Marketing
တကယ်ပညာတတ်တဲ့သူတွေက
အခြားဘယ်သူ့အလုပ်ကိုမှ အထင်မသေးကြဘူး။

ဘာလို့လဲဆိုတော့…

သူတို့က career တစ်ခုချင်းစီရဲ့ နောက်ကွယ်မှာ
ဘယ်လောက်နက်နဲပြီး ချိတ်ဆက်မှုတွေရှိနေလဲဆိုတာကို
တကယ်နားလည်ထားလို့ပဲ။

Field တိုင်းဟာ Ecosystem ကြီးတစ်ခုလိုပါပဲ။

Skill တစ်ခု၊ Role တစ်ခုကို ဖယ်ရှားလိုက်တာနဲ့
အခြားအပိုင်းတွေပါ လိုက်ပြီး ယိုင်သွားနိုင်တယ်။

အပြင်ကကြည့်ရင် လွယ်လွယ်လေးလို
မြင်ရတဲ့အလုပ်တွေရဲ့ နောက်ကွယ်မှာ
လူတွေမမြင်နိုင်တဲ့ Expertise တွေ အများကြီး
ထပ်တလဲလဲရှိနေတတ်တယ်။

ဒါကြောင့် တကယ်အမြင်ကျယ်တဲ့
Developer တွေ၊ Tech သမားတွေက
“AI က ဆရာ ဆရာမတွေကို လုံးဝအစားထိုးသွားမယ်”
လို့ အတင်းဇွတ်မပြောကြဘူး။

Psychology၊ Education၊ Art၊ linguistic …

ဒီနယ်ပယ်တွေဟာ AI နဲ့ အလွယ်တကူ
အစားထိုးရတယ်လို့ ထင်ရပေမဲ့
အဲ့လောက်ကြီး လွယ်မနေပါဘူး။

အမြင်သာဆုံးဥပမာဆိုရင်

Excel ခေတ်စားလာတဲ့အချိန်ကို စဉ်းစားကြည့်ပါ။

Accountant တွေ အလုပ်ပျောက်သွားခဲ့လား…?

မဟုတ်ပါဘူး။

အလုပ်လုပ်ရတဲ့ပုံစံပဲ ပြောင်းလဲသွားတာပါ။

ပိုမြန်လာတယ်။
ပိုတိကျလာတယ်။
ပိုတန်ဖိုးရှိလာတယ်။

တကယ်တော့ AI က career တစ်ခုလုံးကို
မဖယ်ရှားသေးဘူး။

ဒါမဲ့ Position တချို့တော့
တကယ်ပျောက်ကွယ်သွားကြတယ်။

ဒါလည်း AI တစ်ခုတည်းကြောင့် မဟုတ်ဘူး။

အခုခေတ်မှာ လူတွေ အရင်ထက် ပိုပညာတတ်လာကြတယ်။

Online နဲ့ပဲဖြစ်ဖြစ်၊
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်
အနည်းဆုံးတော့ တစ်ခုခု သင်ယူနိုင်တဲ့
အခွင့်အလမ်းရှိလာပြီ။

ဒါကြောင့် လူငယ်တွေကြားမှာ

skill တွေ တူလာတယ်
background တွေ တူလာတယ်
experience တွေပါ နီးပါးတူလာတယ်

ပြီးတော့…

competition ပိုပြင်းလာတယ်။

ဒါက Supply and Demand ပဲ။

အရည်အချင်းတူတဲ့လူများလာတာနဲ့
ကုမ္ပဏီတွေက ပိုကောင်းတဲ့သူကိုပဲ
ရွေးချယ်ချင်လာတယ်။

အဲ့တာကြောင့်

တစ်ယောက်ယောက်က

“နောက်ဆို AI နဲ့ ဒါအစားထိုးသွားမယ် ဟိုဟာအစားထိုးမယ်”

လို့ တိကျခိုင်မာတဲ့အထောက်အထားမရှိဘဲ
လွယ်လွယ်ပြောလာရင်

သူများယောင်လို့ လိုက်ယောင်နေတယ်
သဘောထားလိုက်ပါ။
❤11❤‍🔥4💘1
Hello guys, Long time no see ပါ 🔛 မတွေ့တာ ကြာပြီနော်၊၊ ဒီနေ့ကတော့ ကိုယ်စိတ်ထဲ ရှိနေ့တဲ့အတွေး တစ်ချို့ကို လာ sharing လုပ်ပေးတာပါ၊၊

အရာအားလုံး right timing ဆိုတာမျိုး ရှိပါတယ်၊၊
ကျွန်မ ကိုယ်တိုင်လည်း အရင်က ငါလုပ်တာတွေ မှန်ရဲ့လား ဆိုတဲ့ အတွေးတွေ ဝင်ဖူးပါတယ်၊၊ ကျွန်မဆို Volunteer ကို organization တိုင်းမှာ လိုက် join တယ်၊၊ အဲ့လိုတွေ ခဏခဏ လိုက် join ပြီး နောက်ပိုင်းကြရင် အချိန်တွေကုန်တယ် အလကား ဖြစ်တဲ့ ဆိုတဲ့ အတွေးမျိုးဝင်တာပဲ ၊၊ ဒါပေမယ့် လေ အခု အဲ့ဒီ volunteers လုပ်တဲ့ အကျိူးကျေးဇူးကြောင့် ကျွန်မ ကျောင်းတစ်ခု အလုပ်ရသွားပါပြီရှင့် 🫶😭 (i'm really happy)

တစ်ချို့လုပ်နေတဲ့ အရာတွေကလေ အခုချိန် ဘာမှ မဖြစ်မြောက်ဘူး ၊ လုပ်နေပေမယ့် ကြီးမားတဲ့ result တွေ မရသေးဘူး ဆိုပေမယ့် ဒီသေးငယ်တဲ့ အရာလေးတွေက ကိုယ့်ကို နောင် တစ်ချိန်မှာ အထောက်အကူပြုနေပါလိမ့်မယ် ၊၊

ဘာပဲဖြစ်ဖြစ် လုပ်သာ လုပ်လိုက် ၊ Spanish ,Germanတို့လို့ ဘာသာစကားသင်ချင်လား သင်လိုက် တစ်ချို့ အရာတွေက အသုံးမဝင်သေးဘူးလို့ အခုချိန်မှာ ခံစားနေရပေမယ့် အသုံးဝင်မယ့် right time ဆိုတဲ့ အချိန်ရောက်လာပါလိမ့်မယ် ၊၊

ဒါကြောင့်လေ တစ်ချို့အရာတွေက ကိုယ့်ကို အခုချိန်မှာ အထောက်အကူ မပြုသေးပေမယ်ဘ နောက်တစ်ချိန်မှာ သေချာပေါက် အထောက်အကူပြုလိမ့်မယ်ဆိုတာကို ကျွန်မ ယုံကြည်ပါတယ် 🍀🪄

အရင်လတွေ တုန်းက channel မှာ ထွက်တဲ့လူများလို့ depression ဖြစ်တာရော၊ အိမ်မှာ အလှူလုပ်တာ ရောပေါင်းပြီး ဘာမှ active မဖြစ်နိုင်တာပါ၊၊ ဘာပဲဖြစ်ဖြစ် အခုထိ channel ထဲက မထွက်ကြသေးတိုင်း လူတိုင်းကို တစ်ကယ်ကျေးဇူးတင်ပါတယ်ရှင့် ၊၊ စိတ်သစ်၊လူသစ်နဲ့ နောက်ရက်မှ သေချာလေး ပြန်မိတ်ဆက်ပါအုံးမယ်ရှင့် 🙆‍♀️🙇‍♀️

From Thel Htet Han💐

#HtetTalk
#lifestyle
❤14
ကော်ဖီ သောက်ရင်း နိဗ္ဗာန် ရောက်ကြောင်း တရားတွေ ဆွေးနွေးခဲ့တယ် တို့ ဘာတို့ပေါ့

လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကိုယ်ကိုယ်တိုင်ကလည်း ဘာသာရေးနဲ့ အတော်ဝေးကွာခဲ့တာပါ ၊၊ ငါဘာကြောင့် ဒါကို ကိုးကွယ်တာလဲ ၊မိရိုးဖလာကြောင့် လား ကိုယ်တိုင်က ယုံကြည် သက်ဝင်တာရော ဟုတ်လို့လား ဆိုတဲ့ ဘုရာရှိခိုးတာတောင် ပုံမှန် မလုပ်ဖြစ်ခဲ့ပါဘူး ၊၊

ဒီအတောအတွင်းမှာ ကိုယ်တစ်ကယ် တရားတွေ ကျသွားခဲ့တာ လူတွေက တော်တော် အံ့သြစရာ ကောင်းတာပဲ ဆိုတဲ့ အတွေးမျိုးတွေ တွေးမိခဲ့တယ်၊၊

သံဝေဂ တွေလည်း ရပါတယ်တွေ ဘာတွေ လည်း ဖြစ်သွားခဲ့ပါတယ်၊၊ ဘာကြောင့် ဗုဒ္ဓ က ဘာမှမရှိတဲ့ နိဗ္ဗာန် ဆိုတဲ့ အရာကို ရွေးသွားခဲ့လဲ ဆိုတာလည်း နားလည် သွားခဲ့တယ်၊၊

သူရွေးသွားခဲ့တာလည်း မမှားဘူး ရှုပ်ထွေးပွေလီ လှတဲ့ ဒီ သံသရာ လောက ကြီးထဲမှာ ရှင်သန်ရတဲ့ ဒုက္ခ ကပိုကြီးလို့ဆိုတဲ့ အတွေးမျိုးလည်းဝင်ခဲ့ပါတယ်၊၊

ဒီလိုပြောလို့ ကိုယ်လည်း တရားပေါက်ပြီး နိဗ္ဗာန် သွားတော့မှာလားဆိုတော့လည်း မဟုတ်ပါဘူး ၊၊ ကိုယ်ကတော့ အခုချိန်ထိ မသွားနိုင်သေးပါဘူး အဲ့လောက်ထိလည်း တရားမကျနိုင်သေးပါဘူး🙆‍♀️

ဘာရယ်မဟုတ် ကိုယ့်အတွေးလေး လာဝေမျှပေးတာပါရှင့် 🫂

နိဗ္ဗာန် ရောက်ဖို့ထက် မင်းလက်ကလေးပဲ ဆွဲချင်တာတို့ ဘာတို့ပေါ့ 😆😜

#HtetTalk
❤7
Thel in Progress
ကော်ဖီ သောက်ရင်း နိဗ္ဗာန် ရောက်ကြောင်း တရားတွေ ဆွေးနွေးခဲ့တယ် တို့ ဘာတို့ပေါ့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကိုယ်ကိုယ်တိုင်ကလည်း ဘာသာရေးနဲ့ အတော်ဝေးကွာခဲ့တာပါ ၊၊ ငါဘာကြောင့် ဒါကို ကိုးကွယ်တာလဲ ၊မိရိုးဖလာကြောင့် လား ကိုယ်တိုင်က ယုံကြည် သက်ဝင်တာရော ဟုတ်လို့လား…
ဒါမျိုး topic လေးတွေ ရှင်တို့နဲ့ ဆွေးနွေးချင်တာအမှန်က ၊တစ်ယောက်နဲ့ တစ်ယောက်အတွေး
အမြင်ဖလှယ်ပြီး အဲ့လို့ အစီအစဥ် မျိုးလေးလုပ်ချင်တာ လုပ်ကြမလား ရှင့်👀

လုပ်ချင်တဲ့ သူရှိရင် 🤩 ဒါမျိုး react လေးပေးခဲ့ကြပါရှင့်
🤩9❤2
အတာနှစ်ကူး အချိန်ခါသမယ မှာ ကျန်းမာချမ်းသာ စိတ်ရွှင်လန်းပြီး လိုရာဆန္ဒ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်ရှင့် 🐚🌊

#HtetTalk
#lifestyle
❤6
New Post on TikTok 🎥

https://vt.tiktok.com/ZSHvfYfM2/

#D&D
#Daisy&Diary
Channel photo updated
Channel name was changed to «𝐃𝐚𝐢𝐬𝐲 & 𝐃𝐢𝐚𝐫𝐲٩۶𝐃-𝐃»
Comparison Trap ထဲ ရောက်တဲ့ အခါတိုင်း ဒီလိုလေးတွေးကြည့် ......

ရာသီအလိုက်ပွင့်တဲ့ပန်းလေးတွေလိုပေါ့ အချိန်မတန်သေးလို့ မပွင့်သေးတာ မိုးဦးကျ မှ ပွင်တဲ့ ပန်းလေးတွေလို့ပေါ့ ကိုယ့်အတွက် အချိန်ကောင်း
မရောက်သေးလို့ပါ၊၊

ပန်းတိုင်းက အလှဆုံးပွင့်ကြတာပါပဲ ၊ပွင့်ရတဲ့ အချိန်တွေတော့ ကွဲတာပေါ့နော် ကွယ် 🌸

[ btw - ပုံထဲက စားလေးကလည်း ကိုယ့်စာပါနော် ၊ ပုံကလည်း ကိုယ်က kim nam joon ကို ကြိူက်လို့ သူ့ပုံနဲ့edit ထားတာပါ 😌🙆‍♀️ ]

#Daisy&Diary
#D&D
❤9
နေတွေ အရမ်းပူနေတော့ မိုးပဲ ရွာစေချင်တော့တယ် ☔🌧️

#D&디
❤5
ဒီတစ်ခါတော့ စာအုပ် review
လေး ပေးမယ်📖📕

ကိုယ်က ငယ်ငယ်တုန်းကတော့ စာအုပ်တွေ ဖတ်ရတာလည်း မကြိုက်ဘူး ဖတ်လည်း သိပ်မဖတ်ဖြစ်ဘူး ၊၊ နည်းနည်းလေး ကြီးလာမှ ဖတ်ဖြစ်တာ အမှန်တိုင်းပြောရရင် ကိုယ်ဖတ်တဲ့ စာအုပ်က လက်ချိုးရေရတဲ့ အထိပဲ ရှိတယ်၊၊ အဲ့ထဲက မှ ကိုယ်ကြိုက်တဲ့ စာအုပ် နှစ်အုပ်အကြောင်း ပြောပြမယ် ၊၊

ကိုယ် စိတ်အရမ်းညစ်နေတဲ့ အချိန်မှာ တွေခဲ့တဲ့ စာအုပ်လေးပေါ့ ၊၊ မိသားစု ရဲ့ လူမှုရေး နဲ့ ပတ်သတ်ပြီး စိတ်ညစ်ရတာလေးတွေ ရှိတယ်၊၊ ကိုယ့်အပေါ်မလိုတဲ့ သူနဲ့ တစ်နေရာထဲ နေရာတာလေး တွေ ရှိတော့ စိတ်အရမ်းညစ် ရတယ် ၊၊ ဒီအခြေအနေ မှာ ဘယ်လို handle လုပ်ရမလဲ ဆိုပြီး စိတ်ညစ် နေတဲ့ အချိန် မှာ ဆရာမ မွန်ဟော်စီ ရဲ့ "သင်သည်သာ သင့်စကြာဝဠာ " ဆိုတဲ့ စာအုပ်လေး ဖတ်ဖြစ်ခဲ့တယ် ၊၊

အဲ့ ဒီ စာအုပ်လေးမှာဆို ဘယ်လို စိတ်ကလေးထား ရမယ်၊၊လူတွေက ဘယ်လိုလေးတွေ ရှိတယ် ဆိုတဲ့ သူ့ခေါင်းစဥ် လေးနဲ့ အတူ စာတို ပုံစံမျိုးလေးပေါ့ ၊၊ စာလေးတွေကလည်း ဖတ်ရတာ မရှည်ဘူး ဖတ်လို့ကောင်းတယ်၊၊ ဘယ်လိုလေးနေရင် ကောင်းတယ် ဒီလို စိတ်ထားတတ်ရတယ် ဆိုတဲ့ အရာလေးတွေကို ဆရာမ ရဲ့ အတွေ့အကြုံနဲ့ ပါထည့်ပြီး ပြောထားတော့ ဖတ်ရတာ ပို ကောင်းတယ်၊၊

ကျွန်မတုန်းကတော့ လူမှုရေး နဲ့ ပတ်သတ်ပြီး အရမ်း စိတ်ညစ်တဲ့ အချိန်မှာ ဖတ်ခဲ့တာမို့ လူမှုရေး နဲ့ ပတ်သတ်ပြီး ဘယ်လိုလေး စိတ်ထားရမယ် ဆိုတဲ့ အချက် လေးတွေ အတော်များများ သိခဲ့ရပါတယ်၊၊ ကုသိုလ် စိတ်ကလေးနဲ့ ဘယ်လို နေရမလဲ ဆိုတဲ့ အချက်ကလေးတွေလည်းပါတယ်၊၊

စိတ်ကလေးညစ် နေရင်တော့ ဒီစာအုပ်လေးကို ဖတ်ကြည့်နော်၊၊ ဆရာမ မွန် က သူစာအုပ်တိုင်းမှာ သူရဲ့ အတွေ့အကြုံလေးနဲ့ ယှဥ်ပြီး အမြဲ ပြောတာမို့ အတွေ့အကြုံ ယူချင်ရင် တော့ ယူတတ်စရာကြီးပါပဲ၊၊ တစ်ပိုဒ် လောက် ဖတ်မိရင် ကို စိတ်ကလေး ခဏ အေးချမ်းရပါတယ်၊၊

နှစ်အုပ် review ပေးမယ် ပြောထားပေမယ့် ၊၊ ဒါလေး အရင် ဖတ်ကြည့် ကြည့်ကြပါ၊၊ နှစ်အုပ်လုံးဆိုရင် စာအတော် ရှည်သွားမှာမို့ ပါရယ် ၊၊

ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်း ကျေးဇေူးပါရှင့် 💜📖

#daisyanddiary
#bookreview
#မွန်ဟော်စီ
#သင်သည်သာသင့်စကြာဝဠာ
❤5
မနေ့က အဆက် စာအုပ်review လေးပါ 📖🙆‍♀️

ဒီနေ့စာအုပ်လေးကတော့ "ချစ်သောစကား နွေးသောမေတ္တာ " ဆိုတဲ့ Witchy Candy(သက်ထား) ရဲ့ စာအုပ်လေးပါ၊၊ မသက်ထားကတော့ ဒီစာအုပ်ထွက်မှ သူ့စာတွေကို ဖတ်တာ မဟုတ်ဘူး ၊၊ သူ facebook မှာ ရေးတဲ့ စာတွေကတည်းက ဖတ်တာ၊၊ အကြည့်ဓာတ်၊ မေတ္တာ ဓာတ်လေး ပါ သူ့စာလေးတွေကို ဖတ်ရတာလေး ၊၊

လူတွေနဲ့ ဆက်ဆံရတဲ့အခါ ကိုယ့်အပေါ် မကောင်းတဲ့သူ၊ တွေနဲ့ တွေ့တဲ့အခါ ကိုယ်အပေါ် ရန်လိုပြီး မလိုမုန်းထား ဖြစ်နေတဲ့ လူတစ်ချိုတွေနဲ့ တွေ့ရတဲ့ အချိန်တုန်းကပေါ့ ၊၊ ကိုယ့်မိသားစု ကလည်း ဒီ ပတ်ဝန်းကျင်ကနေ ရုန်းမထွက်နိုင်တော့ အားလုံးလည်း စိတ်ပင်ပန်း ကိုယ်လည်း စိတ်ပင်ပန်း တဲ့ အချိန်တွေ များခဲ့တာပေါ့ ၊၊တအားကို မှ ပင်ပန်းခဲ့တာ အဲ့ဒီလူတွေကြောင့် ကိုယ်တွေ အိမ်မှာ စကားတွေ များခဲ့ရတဲ့ နေ့တွေကိုမှ အများကြီး ၊၊

နောက်ပိုင်းမှာ မှ ကိုယ့်အမက တစ်ဆင့် မသက်ထား ရဲ့ Witchy Candy ဆိုတဲ့ page လေးကို စသိခဲ့တာ၊၊ အဲ့တုန်းကတော့ မသက်ထား yt မှာတင်တဲ့ ဘယ်လို အိမ်သန့်အောင် လုပ်ရမယ် ဆားနဲ့ ဘယ်လိုလေးသုံးလို့ ရတဲ့ ဆိုတဲ့ အချက်လေးတွေ လိုက်လုပ်ကြည့်တယ်၊၊

ကိုယ်က facebook က စာအရှည်ကြီးတွေ မဖတ်တတ်ပေမယ့် မသက်ထား ရဲ့ စာတွေဆို ဘယ်လောက် ရှည်ရှည်ဖတ်တယ် ၊၊ နောက်ပိုင်း စာအရှည်ကြီး တွေ ဖတ်တတ်လိုက်တာ မသက်ထား ရဲ့ စာတွေကို ဖတ်ရင်းနဲ့ အကျင့်ပါသွားတာ ဟဲ ဟဲ 😌🫶

မသက်ထားက သူ့ဘွားဘွားပြောခဲ့ တဲ့ ဆုံးမ စကားတွေကို ကိုယ်ပိုင် experience လေးနဲ့ ပြောပြပေးတာ မျိုးလေးတွေပါတယ်၊၊ မသက်ထား စာတွေဖတ်ရင်းနဲ့ မှ သည်းခံတာနဲ့ လျစ်လျူ ရှုတတ်လိုက်တာ ကိုယ်က အရင်တည်းက အရမ်းဒေါသ ထွက်လွယ်တယ် ကိုယ့်ကို တစ်ခုခု ပြောလာရင် ပါးစပ်ကထက် လက်က တအား လုပ်ချင်တာ၊၊

ဒါပေမယ့် မသက်ထား စာတွေ စဖတ်တော့ အမက အမြဲသည်းခံတယ်၊၊ တစ်ကယ်သည်း ခံနိုင်တာ ပဲလို့လည်း တွေးမိတယ် ၊၊ ကိုယ်ဘယ်နေရာ အသိတရား ရသွားလဲ ဆိုတော့

"သူလုပ်သလို ကျွန်မပြန်လုပ်လို့ ရတယ်တဲ့ ဒါပေမယ့် သူ့မှာက ရှေ့ဆက်ပြီး သွားစရာတွေ ရှိသေးတယ် အနာဂတ်ရှိသေးတယ် ဆိုတဲ့ စာလေးတွေလိုက်တဲ့ အချိန်မှ ဟုတ်သားပဲ ငါ့ဘဝ ကြီးက ရှေ့ဆက်သွားအုံးမှာ၊ လုပ်စရာတွေ ရှိသေးတာပဲ ဆိုတဲ့ အတွေးဝင်သွားတာ၊၊

မသက်ထား ပြောတဲ့ စာလေးကတော့ အဲ့လို ဟုတ်ချင်မှ ဟုတ်မှာ ဒါပေမယ့် သူရေးထားတဲ့ သဘောကတော့ အဲ့လိုပေါ့နော် ၊၊
အဲ့ဒီ နောက်ပိုင်းတော့ တော်တော်လေး အဆင်ပြေလာတယ်၊၊

ချစ်သောစကား နွေးထွေးသော မေတ္တာ ဆိုတဲ့ စာအုပ်လေးကတော့ တစ်ကယ်ကို စာအုပ်ရဲ့ title အတိုင်းပါပဲ စကားလေးတွေက တစ်ဆင့် မေတ္တာ ဓာတ်နဲ့ အကြည်ဓာတ်လေးကို ခံစားမိမှာ သေချာပါတယ်၊၊ စာအုပ်လေးကတော့
Trillium Publishing House က ဝယ်ထားတာပါ၊၊ ကိုယ့်ဝယ်တာတော့ မဟုတ်ဘူး ကိုယ့် မမက မေမေ့ အတွက် ဖတ်စေချင်လို့ဆိုပြီး ဝယ်ပေးတာ ကိုယ်ပါ ယူဖတ်တာပေါ့၊၊

စာအုပ်ဝယ် ဖို့အဆင်မပြေသေးဘူး ဆိုရင်လည်း Witchy Candy ဆိုတဲ့ Facebook page လေးမှာ လည်း စာတိုလေးတွေ တင်တာမို့ ဖတ်ကြည့်လို့ရပါတယ်၊၊

တစ်ကယ်ဖတ်ကြည့်ဖို့ recommend ပေးပါတယ်၊၊ အကြည်ဓာတ်လည်း ပိုရလာသလို သူများကို ဘလိမ်းတာလည်း လျော့သွားပါတယ်၊၊ အဲ့တာကတော့ မီ experience ပါရယ်၊၊ အရင်က ဘလိမ်းမာ လေး အခုတော့ အကြည်ဓာတ်လေး ဖြစ်နေပြီ၊၊ ကုသိုလ်စိတ်လေး လည်း ပိုတိုးလာရပြီ ကုသိုလ်လုပ်ဖို့ လည်း သတိလေး ကပ်နိုင်လာပါတယ်၊၊

စာလေးက ရှည်သွားတယ်ရယ်၊၊ မသက်ထား ကိုတော့ စာအုပ် မထွက်ခင်ကတည်း က သူ့စာလေးတွေအရမ်းသဘောကျ မိတာမို့ပါ၊၊ ကိုယ့်အတွက်လည်း အကျိုးတစ်ကယ်ရှိတာမို့ ယူတို့လည်း ဖတ်ကြည့်ရင် အကျိုးတစ်ခုခုတော့ ရမှာ ယုံကြည်ပါတယ် ✨❤️

#fyp
#daisy&diary
#bookreview
#witchycandy(သက်ထား)
#ချစ်သောစကားနွေးသောမေတ္တာ
❤4
စိန်ခေါ်မှုတွေက ကြောက်ဖို့ကောင်းပေမယ့် အဲ့ဒီအရာကပဲ ကိုယ့်ကို ပိုကောင်းတဲ့နေရာ တစ်ခုကို ရောက်စေမှာပါ 🦋🌸

နောက်လထဲမှာ D-D အနေနဲ့ Challenge လေးတစ်ခု လာဖို့ ရှိပါမယ်ရှင့်၊၊ Challenge မလာခင်လေးမှာ webinars လေးတစ်ခုပါ လုပ်ပေးဖို့ ရှိပါတယ်ရှင့်၊၊ webinars လေးကတော့ ညီမလေး တစ်ယောက် ရဲ့ org တစ်ခုနဲ့ collaboration လုပ်ပြီး လာပါမယ်ရှင့်၊၊

အရင်တုန်းက Study gram by Thel နဲ့ သိထားပေမယ့် ဒီတစ်ခေါက်မှာ တော့ Daisy & Diary (ဒေစီ) အနေနဲ့ မှတ်ထားပေးကြပါအုံးရှင့် ✨💜

#daisy&diary
#daisy@DaisyandDiary_DD
❤4
https://t.me/CoreOfLearningAcademia/1141


English grammar ကို အခြေခံကစ ပိုင်နိုင်ချင်သူတွေအတွက် သင်မယ့်ဆရာက လည်း တစ်ကယ်ကောင်းတာမို့ recommend ပေးပါတယ်ရှင့် 💜✨
💘1
"ညရောက်မှ ထထပြီး အောင်မြင်ချင်တဲ့သူတွေ လက်ထောင်"


ကဲ တစ်နေကုန်လုံးကို ဖုန်းလေးပွတ်မယ်၊ မုန့်လေးစားမယ်၊ အိပ်မယ်၊ အပြင်လေးထွက်မယ်... ပြီးမှ ထအောင်မြင်ချင်တော့ ဖြစ်လာပါ့မလား💭

📌အဖြေကတော့ နိုးပါရှင်

ကိုယ့်ကိုယ်ကို အချိန်ဖြုန်းနေမိတာလည်း သိတယ်၊ ပြောင်းလဲမှုတွေကိုလည်း လုပ်ချင်နေတယ်🤔...  ဒါပေမဲ့ နေ့တိုင်း မနက်၊ နေ့၊ ညနေကနေ ညရောက်သွားတာကလည်း အခါပေါင်းမနည်းတော့ဘူး... ဘာလုပ်ရမလဲ ခေါင်းပူနေပြီဟုတ်👀


ပူနေတဲ့ ခေါင်းကို ရေနဲ့ပက်မဲ့ အစီအစဉ်လေးရှိတာမို့ လိုက်ကြည့်လိုက်ရအောင်🌊


Daisy and Diary လို့ ခေါ်တဲ့ Self-Care and Development ကို ဦးစားပေးတဲ့ Organization လေးရဲ့ Webinar လေးမှာ Core ကနေပြီး ဇာတ်ပို့မန်ဘာ ဝင်ထားပါသတဲ့ရှင်

Daisy and Diary X Core if Learning Academia

💌Topic - "A Simple Way to Make Your Day Effective"

🗣️Guest Speaker - Thel Htet Han (Founder of Daisy and Diary)

📆Date and Time - 08.04.2026 (Friday) at 6:00p.m. to 7:00p.m.

📲Platform - Zoom

*Webinar လေးမစခင် 15 မိနစ်အလိုမှာ Channel မှာ Link ချပေးသွားမှာဖြစ်ပါတယ်ရှင်


Webinar တက်ပြီး ဘာတွေသိရမလဲ💭

နေ့ရက်တိုင်း တစ်ခုစီကနေ ကိုယ့်ဘဝတစ်ခုလုံး တိုးတက်ပြောင်းလဲလာစေဖို့
- နေ့တစ်နေ့ကို ဘယ်လိုစတင်ရမလဲ💫

- တစ်နေ့တာမှာ ကိုယ့်အတွက်ဘာတွေ သင်ယူနိုင်ခဲ့ပြီလဲ💫

-နေ့တစ်နေ့တာကို ဘယ်လိုဖြတ်သန်းရမလဲ💫

-နေ့တစ်နေ့ကို ဘယ်လိုအကောင်းဆုံးအဆုံးသတ်မလဲ၊ အကဲဖြတ်မလဲ💫

အစရှိတာတွေကို သေချာသိရဖို့အတွက် အချိန် တစ်နာရီသာ ပေးပြီး သိခွင့်ရရှိမှာဖြစ်ပါသတဲ့ရှင်✨

*ကဲ အ‌ပေါ်မှာတုန်းက လက်ညှိုးထောင်ခိုင်းထားတာမို့ ထောင်ထားရင် ပြန်ချလိုက်ပါရှင်🤦*


#Content_and_Graphics_supported_by_CoLA
#Daisy_and_Diary
#Core_of_Learning_Academia
💘3❤1
❤11💘1
Thel in Progress
https://us05web.zoom.us/j/2313117490?pwd=q0K11UVc7I7RMyysT48yv73UjgdKfy.1
Webinars လေး join လို့ရပါပြီရှင့် 🫶🫧
Link လေး ပြန်ပို့ပေးပါမယ်ရှင့် ခဏပါနော်
❤3