Thel in Progress
801 subscribers
412 photos
14 videos
3 files
154 links
Thel in Progress

🌱 "I am not perfect yet, but I am growing every day."

✨ Learning
✨ Self-improvement
✨ Glow-up
✨ Becoming the best version of myself
Download Telegram
ကိုယ်ချစ်တဲ့ အပင်လေးတစ်ပင် လို ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ၊၊

အပင်လေးကို ရေလောင်းပေါင်းသင် ဂရုစိုက်တတ်သလို ၊ ကိုယ့်ရဲ့ စိတ်အညစ်အကြေးတွေ ကိုလည်းရှင်းလင်းဖို့ မမေ့ပါနဲ့ရှင့် 🌱

ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ ၊ ချစ်ဖို့လည်း မမေ့ကြပါနဲ့နော်❕
Take Care Yourself First 🪄

#HtetTalk
#htetlifenote
❤8
အခုတလော ကြားရတဲ့ သတင်းတွေ က စိတ်ပင်ပန်းစရာတွေ ကြီးပါပဲ ကိုယ်ကိုယ်တိုင် လည်း အဲ့အတွက် တစ်ကယ် အဆင်ပြေမနေပါဘူး

အမှန်အတိုင်းပြောရရင် အနာဂတ် အတွက် တွေးပူရ ငါတို့ ဘယ်လို ရှေ့ဆက်ကြပါလိမ့် ဆိုတဲ့ အတွေးတွေ တွေးမိတာများတယ် ၊၊

ကိုယ်တိုင်လည်း အတွေးများပြီး စိတ်အဆင်မပြေတာမို့ motivation တွေ လာပေးတဲ့ content မျိုးတော့ မဟုတ်ပါဘူး

ဒါပေမယ့် ကျွန်မ ခံစားနေရသလို တခြားသူတွေ လည်း ရှိနိုင်လောက်မယ်ထင်လို့ ဒီလိုခံစား နေရတယ်ဆိုရင်တောင် တစ်ယောက်ထဲ မဟုတ်ကြောင်း လာပြောပြတာပါ 💞

You are not Alone, let's hug babies 🫂
❤17😭3🍓2💘1
ပါချုပ်ဆရာတော်ကြီးရဲ့ တရားတော်တွေထဲက ပြောသလိုပဲ ကောင်းတဲ့အရာပဲ ဖြစ်ဖြစ် ဆိုးတဲ့ အရာပဲဖြစ်ဖြစ် ခဏပါပဲတဲ့

ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အဲ့ဒီ အခြေအနေတွေထဲမှာပဲ တစ်ချိန်လုံးနေထိုင်လို့ မရတာပါလေ

ဘယ်လို အကြောင်းအရာတွေပဲဖြစ်လာလာ တော့ မနေ့ကတော့ ငိုခဲ့ပြီးပြီ ဒီနေ့တော့ ရှေ့ဆက်စရာရှိတာ ရှေ့ဆက် သွားစရာ ရှိတာ သွားရမှာပဲ

အဆိုးနဲ့အကောင်းဆိုတာ တစ်လှည့်ဆီပါပဲ ၊ ဆိုးရွာတဲ့ နေ့ရက်တွေရဲ့ နောက်မှာ ကောင်းမွန်တဲ့ အရာတွေလည်း ကပ်ပါလာခဲ့ပြီးသားဆိုတာ
မမေ့ ပါနဲ့ 🍀💚

#htettalk
#htetlifenote
❤14
Find Your Happiness 🔮💞

ပျော်ရွှင်မှုကို ရှာပါ ၊၊ စိတ်ညစ်တဲ့ အခါတိုင်း စိတ်ညစ်လိုက်တာ ဆိုပြီး ဒီအတိုင်းပဲ နေနေတုန်းလား၊၊

စိတ်ညစ်နေရင်တောင် ညစ်နေတဲ့ စိတ်ကို ရှင်းဖို့ လိုပါတယ်၊၊ ညစ်နေတဲ့ စိတ်ကိုရှင်းဖို့ ဆိုရင် ကိုယ့်ကိုယ်ကို ပျော်စေတဲ့ အရာတွေကို လုပ်ပါ၊၊ ပျော်ချင်ရင် ကိုယ်သဘောကျရတဲ့ အလုပ်တွေကို လုပ် ၊၊ ပျော်ချင်ရင် ကိုယ့်ကိုယ်ကို တိုးတက်စေနိုင်မယ့် အရာတွေကို လုပ်၊၊

ကိုယ့်ကိုယ့်ကို လည်း တိုးတက်အောင်လုပ်စရာ ရှိတာလုပ် တစ်ဖက်ကလည်း ကိုယ့်ရဲ့ နားချိန်တွေကို ဂရုစိုက်၊ ဒါဆိုတစ်ကယ် ပျော်ရွှင်ရတဲ့ ပျော်ရွှင်ခြင်း အစစ်အမှန်ကို ရပါလိမ့်မယ်၊၊

ပျော်ချင်ရင် comfort zone ထဲက ထွက်ဖို့ လိုပါလိမ့်မယ် ☕

#htettalk
#htetlifenote
❤10
Letting it go 🍃 လွှတ်ချတတ်ဖို့ လိုတယ်

ငယ်ငယ်တည်းက တစ်ခုခုဆို ထိန်းသိမ်းထားရတာ ၊ ဘာပဲဖြစ်ဖြစ် စိတ်ထဲမှာ ပဲအမြဲ ထားတတ်ကြပါတယ်

တစ်ခါတစ်လေမှာ တစ်ချို့အရာတွေက လွှတ်ချတတ်ဖို့ လိုပါတယ် ၊ မရေရာ မသေချာတဲ့ မထိန်းချုပ်နိုင်တဲ့ စိုးရိမ်းစိတ်တွေ ကိုလွှတ်ချတတ်ဖို့ လိုပါတယ်၊၊

ကိုယ့်ကိုယ်ကို အပစ်တင်ပြီး ခွှင့်မလွှတ်နိုင်တဲ့ ကိစ္စ တွေ ရှိရင်လည်း လွှတ်ချပြီး ခွှင့်လွှတ်တတ်ဖို့ လိုပါတယ်၊၊

တစ်ချို့အရာတွေက ကြာကြာဆုပ်ကိုင် ထားရင် မီးလိုပဲ ကိုယ့်ကိုယ်ကို ပြန်ပြီး ဒဏ်ရာရစေနိုင်ပါတယ်၊၊ ဒါကြောင့် လွှတ်ချသင့်တာကို လွှတ်ချပြီး ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်ပြီး ဘဝကို အပေါ့ပါးဆုံး ရှင်သန်နေထိုင်ကြည့်ပါ၊၊

#htettalk
#htetlifenote
❤13
Forwarded from Heart and Flowers
တစ်ချို့အရာတွေက ကိုယ်ဘက်က တားဆီးလို့ မရသလို ပြန်ပြင်လို့လည်းမရပါဘူး

အကောင်းဆုံးသော ဖြေရှင်းနည်းက လက်ခံလိုက်ဖို့ပါ

နောက်ပြီး healing ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး ပြန်လာဖို့ကို မျှော်လင့်ဖို့ပါပဲ

ကိုယ်ရော သူရောပင်ပန်းရတာမို့ ထပ်ပြီးဖိအားမပေးဘဲ ဒီတိုင်းလေးပဲထားလိုက်ပါ 🫂🩷

@Heart&Flowers
❤6
Study until the candel burn🕯️

#dailylife
❤11
This media is not supported in your browser
VIEW IN TELEGRAM
အချိန်နဲ့ ဒီရေက လူကို တိုက်စားစေတယ်တဲ့
လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကာလက အကြောင်းအရာတစ်ချို့တွေတောင် ဝိုးတဝါးဖြစ်နေပြီ ၊ဘာမှ မဟုတ်သလို တဖြည်းဖြည်းနဲ့ မေ့လာကြပြီ၊၊

#life
#htetlifenote
❤8
Forwarded from Learn Matsuri Education
ကလေးတို့ရေ

ဒီ လင့်ကိုမနှိပ်မိကြပါနဲ့နော်
အကောင့် Hack ခံရပါလိမ့်မယ်ဗျ🫶
❤3
🎁Self love Affrimation (by Htet Talk).pdf
96.5 KB
I make this for you & me.🩷Don't forget to love yourself💐💐
❤7
Forwarded from Moe Thwe _ Marketing
တကယ်ပညာတတ်တဲ့သူတွေက
အခြားဘယ်သူ့အလုပ်ကိုမှ အထင်မသေးကြဘူး။

ဘာလို့လဲဆိုတော့…

သူတို့က career တစ်ခုချင်းစီရဲ့ နောက်ကွယ်မှာ
ဘယ်လောက်နက်နဲပြီး ချိတ်ဆက်မှုတွေရှိနေလဲဆိုတာကို
တကယ်နားလည်ထားလို့ပဲ။

Field တိုင်းဟာ Ecosystem ကြီးတစ်ခုလိုပါပဲ။

Skill တစ်ခု၊ Role တစ်ခုကို ဖယ်ရှားလိုက်တာနဲ့
အခြားအပိုင်းတွေပါ လိုက်ပြီး ယိုင်သွားနိုင်တယ်။

အပြင်ကကြည့်ရင် လွယ်လွယ်လေးလို
မြင်ရတဲ့အလုပ်တွေရဲ့ နောက်ကွယ်မှာ
လူတွေမမြင်နိုင်တဲ့ Expertise တွေ အများကြီး
ထပ်တလဲလဲရှိနေတတ်တယ်။

ဒါကြောင့် တကယ်အမြင်ကျယ်တဲ့
Developer တွေ၊ Tech သမားတွေက
“AI က ဆရာ ဆရာမတွေကို လုံးဝအစားထိုးသွားမယ်”
လို့ အတင်းဇွတ်မပြောကြဘူး။

Psychology၊ Education၊ Art၊ linguistic …

ဒီနယ်ပယ်တွေဟာ AI နဲ့ အလွယ်တကူ
အစားထိုးရတယ်လို့ ထင်ရပေမဲ့
အဲ့လောက်ကြီး လွယ်မနေပါဘူး။

အမြင်သာဆုံးဥပမာဆိုရင်

Excel ခေတ်စားလာတဲ့အချိန်ကို စဉ်းစားကြည့်ပါ။

Accountant တွေ အလုပ်ပျောက်သွားခဲ့လား…?

မဟုတ်ပါဘူး။

အလုပ်လုပ်ရတဲ့ပုံစံပဲ ပြောင်းလဲသွားတာပါ။

ပိုမြန်လာတယ်။
ပိုတိကျလာတယ်။
ပိုတန်ဖိုးရှိလာတယ်။

တကယ်တော့ AI က career တစ်ခုလုံးကို
မဖယ်ရှားသေးဘူး။

ဒါမဲ့ Position တချို့တော့
တကယ်ပျောက်ကွယ်သွားကြတယ်။

ဒါလည်း AI တစ်ခုတည်းကြောင့် မဟုတ်ဘူး။

အခုခေတ်မှာ လူတွေ အရင်ထက် ပိုပညာတတ်လာကြတယ်။

Online နဲ့ပဲဖြစ်ဖြစ်၊
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်
အနည်းဆုံးတော့ တစ်ခုခု သင်ယူနိုင်တဲ့
အခွင့်အလမ်းရှိလာပြီ။

ဒါကြောင့် လူငယ်တွေကြားမှာ

skill တွေ တူလာတယ်
background တွေ တူလာတယ်
experience တွေပါ နီးပါးတူလာတယ်

ပြီးတော့…

competition ပိုပြင်းလာတယ်။

ဒါက Supply and Demand ပဲ။

အရည်အချင်းတူတဲ့လူများလာတာနဲ့
ကုမ္ပဏီတွေက ပိုကောင်းတဲ့သူကိုပဲ
ရွေးချယ်ချင်လာတယ်။

အဲ့တာကြောင့်

တစ်ယောက်ယောက်က

“နောက်ဆို AI နဲ့ ဒါအစားထိုးသွားမယ် ဟိုဟာအစားထိုးမယ်”

လို့ တိကျခိုင်မာတဲ့အထောက်အထားမရှိဘဲ
လွယ်လွယ်ပြောလာရင်

သူများယောင်လို့ လိုက်ယောင်နေတယ်
သဘောထားလိုက်ပါ။
❤11❤‍🔥4💘1
Hello guys, Long time no see ပါ 🔛 မတွေ့တာ ကြာပြီနော်၊၊ ဒီနေ့ကတော့ ကိုယ်စိတ်ထဲ ရှိနေ့တဲ့အတွေး တစ်ချို့ကို လာ sharing လုပ်ပေးတာပါ၊၊

အရာအားလုံး right timing ဆိုတာမျိုး ရှိပါတယ်၊၊
ကျွန်မ ကိုယ်တိုင်လည်း အရင်က ငါလုပ်တာတွေ မှန်ရဲ့လား ဆိုတဲ့ အတွေးတွေ ဝင်ဖူးပါတယ်၊၊ ကျွန်မဆို Volunteer ကို organization တိုင်းမှာ လိုက် join တယ်၊၊ အဲ့လိုတွေ ခဏခဏ လိုက် join ပြီး နောက်ပိုင်းကြရင် အချိန်တွေကုန်တယ် အလကား ဖြစ်တဲ့ ဆိုတဲ့ အတွေးမျိုးဝင်တာပဲ ၊၊ ဒါပေမယ့် လေ အခု အဲ့ဒီ volunteers လုပ်တဲ့ အကျိူးကျေးဇူးကြောင့် ကျွန်မ ကျောင်းတစ်ခု အလုပ်ရသွားပါပြီရှင့် 🫶😭 (i'm really happy)

တစ်ချို့လုပ်နေတဲ့ အရာတွေကလေ အခုချိန် ဘာမှ မဖြစ်မြောက်ဘူး ၊ လုပ်နေပေမယ့် ကြီးမားတဲ့ result တွေ မရသေးဘူး ဆိုပေမယ့် ဒီသေးငယ်တဲ့ အရာလေးတွေက ကိုယ့်ကို နောင် တစ်ချိန်မှာ အထောက်အကူပြုနေပါလိမ့်မယ် ၊၊

ဘာပဲဖြစ်ဖြစ် လုပ်သာ လုပ်လိုက် ၊ Spanish ,Germanတို့လို့ ဘာသာစကားသင်ချင်လား သင်လိုက် တစ်ချို့ အရာတွေက အသုံးမဝင်သေးဘူးလို့ အခုချိန်မှာ ခံစားနေရပေမယ့် အသုံးဝင်မယ့် right time ဆိုတဲ့ အချိန်ရောက်လာပါလိမ့်မယ် ၊၊

ဒါကြောင့်လေ တစ်ချို့အရာတွေက ကိုယ့်ကို အခုချိန်မှာ အထောက်အကူ မပြုသေးပေမယ်ဘ နောက်တစ်ချိန်မှာ သေချာပေါက် အထောက်အကူပြုလိမ့်မယ်ဆိုတာကို ကျွန်မ ယုံကြည်ပါတယ် 🍀🪄

အရင်လတွေ တုန်းက channel မှာ ထွက်တဲ့လူများလို့ depression ဖြစ်တာရော၊ အိမ်မှာ အလှူလုပ်တာ ရောပေါင်းပြီး ဘာမှ active မဖြစ်နိုင်တာပါ၊၊ ဘာပဲဖြစ်ဖြစ် အခုထိ channel ထဲက မထွက်ကြသေးတိုင်း လူတိုင်းကို တစ်ကယ်ကျေးဇူးတင်ပါတယ်ရှင့် ၊၊ စိတ်သစ်၊လူသစ်နဲ့ နောက်ရက်မှ သေချာလေး ပြန်မိတ်ဆက်ပါအုံးမယ်ရှင့် 🙆‍♀️🙇‍♀️

From Thel Htet Han💐

#HtetTalk
#lifestyle
❤14
ကော်ဖီ သောက်ရင်း နိဗ္ဗာန် ရောက်ကြောင်း တရားတွေ ဆွေးနွေးခဲ့တယ် တို့ ဘာတို့ပေါ့

လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကိုယ်ကိုယ်တိုင်ကလည်း ဘာသာရေးနဲ့ အတော်ဝေးကွာခဲ့တာပါ ၊၊ ငါဘာကြောင့် ဒါကို ကိုးကွယ်တာလဲ ၊မိရိုးဖလာကြောင့် လား ကိုယ်တိုင်က ယုံကြည် သက်ဝင်တာရော ဟုတ်လို့လား ဆိုတဲ့ ဘုရာရှိခိုးတာတောင် ပုံမှန် မလုပ်ဖြစ်ခဲ့ပါဘူး ၊၊

ဒီအတောအတွင်းမှာ ကိုယ်တစ်ကယ် တရားတွေ ကျသွားခဲ့တာ လူတွေက တော်တော် အံ့သြစရာ ကောင်းတာပဲ ဆိုတဲ့ အတွေးမျိုးတွေ တွေးမိခဲ့တယ်၊၊

သံဝေဂ တွေလည်း ရပါတယ်တွေ ဘာတွေ လည်း ဖြစ်သွားခဲ့ပါတယ်၊၊ ဘာကြောင့် ဗုဒ္ဓ က ဘာမှမရှိတဲ့ နိဗ္ဗာန် ဆိုတဲ့ အရာကို ရွေးသွားခဲ့လဲ ဆိုတာလည်း နားလည် သွားခဲ့တယ်၊၊

သူရွေးသွားခဲ့တာလည်း မမှားဘူး ရှုပ်ထွေးပွေလီ လှတဲ့ ဒီ သံသရာ လောက ကြီးထဲမှာ ရှင်သန်ရတဲ့ ဒုက္ခ ကပိုကြီးလို့ဆိုတဲ့ အတွေးမျိုးလည်းဝင်ခဲ့ပါတယ်၊၊

ဒီလိုပြောလို့ ကိုယ်လည်း တရားပေါက်ပြီး နိဗ္ဗာန် သွားတော့မှာလားဆိုတော့လည်း မဟုတ်ပါဘူး ၊၊ ကိုယ်ကတော့ အခုချိန်ထိ မသွားနိုင်သေးပါဘူး အဲ့လောက်ထိလည်း တရားမကျနိုင်သေးပါဘူး🙆‍♀️

ဘာရယ်မဟုတ် ကိုယ့်အတွေးလေး လာဝေမျှပေးတာပါရှင့် 🫂

နိဗ္ဗာန် ရောက်ဖို့ထက် မင်းလက်ကလေးပဲ ဆွဲချင်တာတို့ ဘာတို့ပေါ့ 😆😜

#HtetTalk
❤7
Thel in Progress
ကော်ဖီ သောက်ရင်း နိဗ္ဗာန် ရောက်ကြောင်း တရားတွေ ဆွေးနွေးခဲ့တယ် တို့ ဘာတို့ပေါ့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကိုယ်ကိုယ်တိုင်ကလည်း ဘာသာရေးနဲ့ အတော်ဝေးကွာခဲ့တာပါ ၊၊ ငါဘာကြောင့် ဒါကို ကိုးကွယ်တာလဲ ၊မိရိုးဖလာကြောင့် လား ကိုယ်တိုင်က ယုံကြည် သက်ဝင်တာရော ဟုတ်လို့လား…
ဒါမျိုး topic လေးတွေ ရှင်တို့နဲ့ ဆွေးနွေးချင်တာအမှန်က ၊တစ်ယောက်နဲ့ တစ်ယောက်အတွေး
အမြင်ဖလှယ်ပြီး အဲ့လို့ အစီအစဥ် မျိုးလေးလုပ်ချင်တာ လုပ်ကြမလား ရှင့်👀

လုပ်ချင်တဲ့ သူရှိရင် 🤩 ဒါမျိုး react လေးပေးခဲ့ကြပါရှင့်
🤩9❤2
အတာနှစ်ကူး အချိန်ခါသမယ မှာ ကျန်းမာချမ်းသာ စိတ်ရွှင်လန်းပြီး လိုရာဆန္ဒ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်ရှင့် 🐚🌊

#HtetTalk
#lifestyle
❤6
New Post on TikTok 🎥

https://vt.tiktok.com/ZSHvfYfM2/

#D&D
#Daisy&Diary
Channel photo updated
Channel name was changed to «𝐃𝐚𝐢𝐬𝐲 & 𝐃𝐢𝐚𝐫𝐲٩۶𝐃-𝐃»
Comparison Trap ထဲ ရောက်တဲ့ အခါတိုင်း ဒီလိုလေးတွေးကြည့် ......

ရာသီအလိုက်ပွင့်တဲ့ပန်းလေးတွေလိုပေါ့ အချိန်မတန်သေးလို့ မပွင့်သေးတာ မိုးဦးကျ မှ ပွင်တဲ့ ပန်းလေးတွေလို့ပေါ့ ကိုယ့်အတွက် အချိန်ကောင်း
မရောက်သေးလို့ပါ၊၊

ပန်းတိုင်းက အလှဆုံးပွင့်ကြတာပါပဲ ၊ပွင့်ရတဲ့ အချိန်တွေတော့ ကွဲတာပေါ့နော် ကွယ် 🌸

[ btw - ပုံထဲက စားလေးကလည်း ကိုယ့်စာပါနော် ၊ ပုံကလည်း ကိုယ်က kim nam joon ကို ကြိူက်လို့ သူ့ပုံနဲ့edit ထားတာပါ 😌🙆‍♀️ ]

#Daisy&Diary
#D&D
❤9
နေတွေ အရမ်းပူနေတော့ မိုးပဲ ရွာစေချင်တော့တယ် ☔🌧️

#D&디
❤5