Thel in Progress
801 subscribers
412 photos
14 videos
3 files
154 links
Thel in Progress

🌱 "I am not perfect yet, but I am growing every day."

Learning
Self-improvement
Glow-up
Becoming the best version of myself
Download Telegram
Song recommend for me 😭👊
2
Don't judge, Focus on yourself

လူတစ်ယောက်နဲ့ တစ်ယောက်မှာ မတူညီတဲ့ POV အမျိုးမျိုး ရှိကြပါတယ် ၊၊ သူ့အမြင်နဲ့ သူ ကိုယ့်အမြင်နဲ့ ကိုယ် ရှိကြတဲ့ သူတွေကြီးပါပဲ ၊၊

စာအုပ်တွေ၊ဇာတ်ကား တွေထဲမှာလေ မင်းသမီးက မင်းသားကို အထင်လွဲတဲ့ အခန်းတွေ ရှိတယ်လေ ဒါပေမယ့် မင်းသားမှာ သူဒီလို လုပ်တဲ့ အကြောင်းပြချင် မင်းသားဘက်က POV ရှိတယ်၊၊ မင်းသမီး မှာ လည်း သူ ခံစားရတဲ့ POV ရှိကြတယ်၊၊

လူတိုင်းက ခံစားချက် အမျိုးမျိုး ခံယူးချက် အမျိူးမျိုးနဲ့ မတူညီတဲ့ ရှူ့ထောင့်တွေ ရှိကြပါတယ် ၊၊ ဒါကြောင့် ကိုယ်မှာ ရှိတဲ့ POV လောက်နဲ့ အခြား သူကို မဝေဖန်ပါနဲ့ ၊၊

တော်တော်များများက လူတွေက ဘယ်လို judge လုပ်တတ်ကြောင်း ၊ ဘယ်လို judgeလုပ် ခံခဲ့ ရပါတယ်ဆိုတဲ့ အကြောင်းတွေ ပဲ တင်ကြတာများပါတယ် ၊၊

ကိုယ်က Judge လုပ်ခဲ့ တဲ့ အရာတွေကို သတိမထားမိတော့ပါဘူး၊၊ ဒါပေမယ့် ဒီနေ့ မှာတော့ အခြားသူကို ဝေဖန် မယ့်အစား ကိုယ့်နဲ့ အရင်းနှီးဆုံး ဖြစ်တဲ့ ကိုယ့်ကိုယ်ကို ပဲ တိုးတက်အောင် လုပ်ပါ လို့ အကြံပေးချင်ပါတယ်၊၊

ဒီနေ့ရဲ့ content လေးကတော့ ဒီလောက်ပါပဲ ကျွန်မရဲ့ channel လေးကိုလည်း follow လုပ်ပေးထားကြအုံးနော်၊၊ နောက်ထပ် content အသစ်တွေနဲ့ ပြန်လာခဲ့ပါအုံးမယ် 💌

Content by HtetTalk٩۶
https://t.me/growingwith_htet

#HtetTalk٩۶
7
Let's make quiz ?
2
How many hour do you use phone ?
Anonymous Poll
61%
7hr & above
24%
6 -5 hr
5%
4 -3 hr
10%
3hr & under
1
How many times do you check your phone after waking up?
Anonymous Poll
43%
Immediately
20%
Within 30 minutes
18%
After 1 hr
18%
Rarely
1
Do you feel tired after using your phone?
Anonymous Poll
42%
Always
47%
Sometimes
9%
Rarely
2%
Never
1
Why do you open social media most?
Anonymous Poll
38%
Boredom
5%
Habit
24%
Escape stress
33%
Learning
1
What time do you usually sleep?
Anonymous Poll
12%
Before 10 Pm
59%
10-12 PM
22%
After midnight
7%
Very late(2am+)
After scrolling, how do you feel?
Anonymous Poll
15%
Inspired
25%
Neutral
30%
Guilty
30%
Drained
1
you want to break phone & feeling well, improve mentality
Anonymous Poll
84%
Yes
16%
No
1
Are you addicted with phone ?
Anonymous Poll
70%
Yes
30%
No
Webinars လေးတစ်ခုလုပ်မလို့ ဘယ်လို webinar မျိုးလေး လုပ်ပေးစေချင်လဲရှင့် ၊၊ သိချင် တာ မေးချင်တာ ရှိရင်လည်း ပြောခဲ့လို့ရပါတယ်၊၊

https//ngl.link/jeaniceian67877
💘1
𝐖𝐡𝐚𝐭 𝐢𝐬 𝐀𝐟𝐟𝐢𝐫𝐦𝐚𝐭𝐢𝐨𝐧?
( Affrimation ဆိုတာဘာလဲ)

“An affirmation is a positive statement that helps rewire our thoughts and create new, empowering pathways in the brain.”


Affrimation ဆိုတာ ကောင်းတဲ့စကားကိုဆိုချင်း လို့ မြန်မာလို အဓိပ္ပာယ် ဖော်ရပါလိမ့်မယ်၊၊ ကောင်းတာပြောရင် ကောင်းတာလုပ်ရင် ကောင်းမွန်တဲ့ အရာတွေ ဖြစ်မယ်လို့ မြန်မာအယူမှာ ရှိကြပါတယ် ၊၊ Affrimation ဆိုတာကလည်း ကောင်းမွန်တဲ့ အရာတွေဖြစ်လို့ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ခွန်အား တွေပိုပြီး တိုးမြင့် ဖို့ ရွတ်လိုရ့တဲ့ အရာတစ်ခုပါ၊၊

ဥပမာ အနေနဲ့ Affrimation -
ငါဟာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်စုံတယ်၊၊
ငါဆီကို ကြွယ်ဝချမ်းသာမှူနဲ့ ကံကောင်းမှူတွေက ထင်မထားလောက်အောင်ကို ရောက်လာတယ်၊၊

ဒီလိုမျိုးလေးတွေ နေ့တိုင်း ရွတ်ပေးတော့ စိတ်ထဲ၊ ဦးနှောက်ထဲမှာ ငါက ဒီအရာတွေနဲ့ ထိုက်တန်တယ်လို့ ပိုမြင်လာလိမ့်မယ်၊၊ကျွန်မတို့ ဦးနှောက်ထဲမှာ စိတ်ထဲမှာ ပိုကောင်းတဲ့ အတွေးတွေ အမြင်တွေ ရလာအောင် Affrimation တွေ ရွတ်ပေးလို့ရပါတယ်၊၊Affrimation ဆိုတာကို ကျွန်မကတော့ တွန်းအား တစ်ခုလို့ မြင်ပါတယ် ၊၊ ဘာတွန်းအားလဲ ဆိုတော့ ကိုယ်တွေရဲ့ ဘဝ ကို ပိုပြီး တိုးတက် အောင် လုပ်ပေးတဲ့ အရာတစ်ခုလို့ ထင်ပါတယ်၊၊ ဒီကိုယ်နေတိုင်း ရွတ်နေတဲ့ Affrimation လေးတွေက ကိုယ်ဘာကို လိုချင်လဲ ဆိုတဲ့ ကိုယ့်ရဲ့ goals လေးတွေ ၊ ဆန္ဒလေး တွေကို အမြဲသတိရစေပါတယ်၊၊

Self love Affrimation တွေ ငွေးကြေး Affrimation တွေ beauty Affrimation တွေ အစုံ ရှိပါတယ်၊၊ ဒီ Affrimation တွေ ရွတ်တာက ဘာအကျိူးကျေးဇူးတွေ ရလဲဆို stress တွေကို လျော့ချပေးတယ် ၊ ကျွန်မဆို စိတ်မကြည်တဲ့ အချိန်ဆို Affrimation ရွတ်တာပဲဖြစ်ဖြစ် Affrimation audio လေးတွေ နားထောင်တာပဲဖြစ်ဖြစ်လုပ်တာပါပဲ ၊၊ စိတ်ညစ်နေရင်ဘဲ ဖြစ်ဖြစ် အားမလိုအားမရဖြစ် နေရင်ပဲ ဖြစ်ဖြစ် Affrimation လေးတွေ ရွတ်ကြည့်ဖို့ မမေ့နဲ့နော်၊၊
" 𝒀𝒐𝒖𝒓 𝒍𝒊𝒇𝒆 𝒊𝒔 𝒃𝒆𝒕𝒕𝒆𝒓 𝒕𝒉𝒂𝒏 𝒚𝒐𝒖 𝒕𝒉𝒊𝒏𝒌 "

Content by HtetTalk٩۶
https://t.me/growingwith_htet

#HtetTalk٩۶
1
" 𝐀𝐧 𝐚𝐟𝐟𝐢𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬 𝐢𝐬 𝐚 𝐩𝐨𝐬𝐭𝐢𝐯𝐞 𝐬𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭 𝐭𝐡𝐚𝐭 𝐡𝐞𝐥𝐩 𝐫𝐞𝐰𝐢𝐫𝐞 𝐨𝐮𝐫 𝐭𝐡𝐨𝐮𝐠𝐡𝐭𝐬 𝐚𝐧𝐝 𝐜𝐫𝐞𝐚𝐭 𝐧𝐞𝐰,𝐞𝐦𝐩𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐩𝐚𝐭𝐡𝐰𝐚𝐲𝐬 𝐢𝐧 𝐭𝐡𝐞 𝐛𝐫𝐚𝐢𝐧 ."
2
လေထုညစ်ညမ်းမှူတွေ ဖြစ်နေတာကြောင့် ဂရုစိုက်ကြပါရှင့် ❤️‍🩹

Takecare yourself 💝
9
စိတ်ချမ်းသာတယ် 😭🤌
F*UCK WHAT THEY THINK
1💯1
“Start your day right with these 5 habits! 🌞

တစ်နေ့တာလုံး ကြည်ကြည်လင်လင်နဲ့ ဖြတ်သန်း သွားနိုင်ဖို့ အဓိက သော့ချက်ကတော့ မနက်ခင်းပါပဲ ☀️ မနက်ခင်းမှာ ကိုယ်ဘာတွေ လုပ်လဲ ဆိုတာက တစ်နေ့တာကို ဆုံးဖြတ်ပေးမှာပါ နေ့အစမှာပဲ စိတ်ညစ်ပြီး ထိုင်းမှိုင်းတာ ၊ မနက်ခင်းမှာ ဖုန်းတွေ ပဲ ပွတ်နေတာ မျိုး ဆိုရင်တော့ သွားပြီ 🥀 တစ်နေ့တာလုံး ခန္ဓာကိုယ်ရော စိတ်ရောပါ မလန်းမဆန်းဖြစ်နေတော့မှာ 🍂

ဒါကြောင့် ဒီနေ့မှာ တစ့်နေတာရဲ့ အစပြုဖို့ အဓိက သော့ချက်ဖြစ်တဲ့ morning habit 5 ခုအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်

📵Wake up without Phone
ကိုယ့်ရဲ့ တစ်နေ့တာအစ မနက်ခင်းမှာ ဖုန်းမကိုင်ပါနဲ့ ၊၊ social media မသုံးပါနဲ့၊၊ အိပ်ရာထ ထပြီးပြီးချင် ၁နာရီ လောက်‌ေ ‌မှ ဖုန်းကိုင်မယ် ဆိုတာထက် /ငါ 9:30 လောက်မှ ဖုန်းစကိုင်မယ်၊ဖုန်းစကြည့်မယ် ဆိုတာမျိုး သတ်မှတ်ထားကြည့်ပါ၊၊ ကိုယ်က ဖုန်းနဲ့ စာသင်တာမျိုးဆိုရင်တော့ မနက်အိပ်ရာထ ထချင်း Social mediaတွေ စတဲ့ facebook တို့ အနှောက်အယှက် ဖြစ်စေမယ့် App တွေဆို
လုံးဝ စ မသုံးပါနဲ့ 📵

🛌Make Bed
တစ်နေ့တာလုံး organize လုပ်နိုင်ဖို့ အတွက် ကိုယ် တစ်ညလုံး အိပ်ထားတဲ့ အိပ်ရာကို အရင်ဆုံး organize လုပ်ပါ ၊၊ ဒါက အိပ်ရာထ မှာကတည်းက က ဒီလိုလုပ်တော့ လူလည်း လန်းပြီး နေရတာ ပိုတက်ကြွတယ်လို့ ခံစားရပါလိမ့်မယ် 🛏️

🧘‍♀️Meditation
မနက်ခင်းမှာ တရားထိုင်တာက စိတ်ကို အေးချမ်းစေပါတယ်၊၊ မနက်စကတည်းက တရားထိုင်ထားတော့ စိတ်ကလေးကြည်ပြီး ကောင်းတဲ့ အရာတွေပဲ တွေးမိသလို တစ်နေ့တာလုံး လန်းဆန်းပြီး နေရထိုင်ရ အဆင်ပြေစေပါတယ် 🧘‍♀️

🔮Say your 3 Affrimation
ကိုယ့်ရဲ့ တစ်နေ့တာကို အစပြုတဲ့ အခါ ကိုယ့်ရဲ့ အိမ်မက်တွေ/ပန်းတိုင် ချထားတဲ့ အရာတွေကို Affrimation ပုံစံမျိုးဖန်တီးပြီး ရွတ်ကြည့်ပါ၊၊ ဒါက ကိုယ့်တစ်နေ့တာလုံး အလုပ်လုပ်တဲ့အခါ ကိုယ့်ရဲ့ ပန်တိုင်းတွေ တွေကို အာရုံစိုက်စေပြီး အလေမလိုက်မိစေဖို့ ဖြစ်ပါတယ်🔮

🥪Eat Breakfast
မနက်စာ စားဖို့ မမေ့ပါနဲ့ ၊၊ မနက်ခင်း မှာ မနက်စာ သေချာမစားရင် တစ်နေတာ အလုပ်လုပ်တဲ့ အခါ ခန္ဒာကိုယ်က ဒဏ်မခံနိုင်ဘဲ ပင်ပန်းနွမ်းနယ်လာပါလိမ့်မယ် ၊၊ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် မနက်စာကို မစားတာမျိုး မလုပ်ပါနဲ့ ကျန်းမာရေးအရလည်း မကောင်းတဲ့အရာပါ၊
Don't forget to eat healthy breakfast 🥪

Morning habit 5 ခုလုံးကို သေချာလေးပြောပြပေးသွားပြီးပြီးဆိုတော့ လှပတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်ဖို့ ဒီထဲက ပြောသွားတဲ့ အချက်လေးတွေ လိုက်လုပ်ဖို့ မမေ့နဲ့နော် 🤩💕

Thank you for reading 💚
Don'f forget to subscribe my channel 💚

အမဆီမှာ Burmese Affrimation Package သီးသန့် အပ်မယ်ဆိုရင် @princessthelthel အကောင့်မှာ လာပြီး customize Affrimation package ဝယ်ယူလို့ရပါတယ်၊၊ ပြီးတော့
Self love Affrimation file ကို free အနေနဲ့ အမ ဆီမှာ လာယူလို့ရပါတယ်၊၊

#HtetTalk
#morninghabit
#dailylife
#tips
4
Five Productive Morning Habit

🔮Here You Can Read

🎁Also You can get free Affrimation file

#HtetTalk
1