Thel in Progress
802 subscribers
412 photos
14 videos
3 files
154 links
Thel in Progress

🌱 "I am not perfect yet, but I am growing every day."

✨ Learning
✨ Self-improvement
✨ Glow-up
✨ Becoming the best version of myself
Download Telegram
Sunday 6:00 PM မှာဒါဆို တွေ့ကြမယ်ရှင့် အားလုံးလာပြီး join ပေးကြမယ်လို့ မျှော်လင့်ပါတယ် 💞

#studygrambythel
❤6💘1
𝖩𝗎𝗌𝗍 𝖱𝖾𝗆𝗂𝗇𝖽𝖾𝗋 💌
𝖣𝗈𝗇'𝗍 𝖿𝗈𝗋𝗀𝖾𝗍 𝗍𝗈 𝖫𝗈𝗏𝖾 𝖬𝗒𝗌𝖾𝗅𝖿
#studygrambythel
❤4🍓2
"ပစ္စုပ္ပန် ကိုအာရုံစိုက်ပြီး လက်ရှိ
လုပ်ရပ်ကိုပဲ ဂရုစိုက် "


နောင်တ လား ၊ အတိတ်က အမှားတွေလား ဒါတွေကို ပြန်တွေးပြီး Drama ပဲခင်းနေအုံးမှာလား

ဒီအတိတ်က အမှားတွေ ၊မကောင်းတဲ့ အရာတွေ တွေးခိုင်းတာက သင်ခန်းစာယူဖို့ လေ ပြန်တွေးပြီး drama ခင်းဖို့မှ မဟုတ်တာ

ဒါကြောင့် ငါဒီနှစ်မှာ ဘာမှမလုပ်ခဲ့ဖူးဆိုပြီး တွေးပြီး စိတ်ညစ်နေမယ့် အစား၊ ပြန်မပြောင်းနိုင်တော့တဲ့ အတိတ်ကို တမ်းတ နေမယ့် အစား လက်ရှိပစ္စုပ္ပန်မှာပဲ ငါ ဘာကောင်းတာလုပ်မလဲ ဆိုတာကိုပဲ စဥ်းစားကြည့်ပါ၊၊

ဒီနှစ်အတွက် ကောင်းကောင်း မွန်မွန်နဲ့ လုံလုံ လောက်လောက် ကြိုးစားခဲ့ပြီးပြီမို့ ထပ်ပြီး အတွေးတွေနဲ့ နှိပ်စက် နေတာကို ရပ်လိုက်ပါ၊၊

Not yesterday, not future, just work for present🌱


Thel's Note Reflection 2025

#Studygrambythel
#thel'snote
❤5🍓3💘1
Live stream started
Live stream finished (27 seconds)
Live stream started
Live stream finished (49 seconds)
ကျွန်မဘက်က connecting ဖြစ်နေလို့ပါရှင့် 😭 အခုစမ်းလုပ်ကြည့်နေတာ
🍓1
Laptop နဲ့ရော ဖုန်းနဲ့ရော vpn ပါချိတ်ပြီး လုပ်ပေမယ့် connecting ပဲပြနေလို့ပါရှင့် အဆင်ပြေရင် zoom link လေးချပေးပါမယ် 😭 အဆင်ပြေရင် ဝင်ခဲ့ကြပါရှင့် 👀
🍓1
End သွားတယ်နော် စောနက မေးတဲ့ ညီမလေး ခဏနော်
Thel in Progress
End သွားတယ်နော် စောနက မေးတဲ့ ညီမလေး ခဏနော်
စောနက မေးနေတဲ့ ညီမလေး ဆက်ပြောပြချင်ရင် ဒီအကောင့်လာခဲ့နော် zoom က အဆင်မပြေတော့လို့ 💞
@jian_wifey
❤3
Happy Merry Christmas 🎄✨
💘2
💘2
The Language Everyone Understands: Appreciation

ဒီနှစ်ထဲမှာ post တစ်ခုကိုဖတ်ရင်းနဲ့ သေချာလေးသတိထားမိလာရတာက "လူတွေဟာ အသိအမှတ်ပြုမခံရတဲ့ ပတ်ဝန်းကျင်မှာမနေချင်ကြဘူး" ဆိုတာပါပဲ။

ဒါက victims play ဖို့အတွက် သုံးတဲ့စာသားရယ်တော့မဟုတ်ဘူးနော်...အဲ့ထက်ပိုအရေးကြီးတာက

"လူတိုင်းဆီက မျှော်လင့်လို့မရပေမယ့် ကိုယ်ကတော့ ကိုယ်တတ်နိုင်သလောက် ပေးသွားလို့ရပါတယ်" ဆိုတဲ့စကားလေးပါ။

ညီမကတော့ အခုနောက်ပိုင်းမှာ "အသိအမှတ်ပြုခြင်း"ကိုအခြေခံပြီး ဆက်သွယ်ရေးတံတားလေးတွေခင်းဖြစ်လာခဲ့ပါတယ်။

အရင်ဆုံး ပထမ အတွေးလေးကိုကြည့်ရအောင်

မိဘကပဲ သားသမီးကို အသိအမှတ်ပြုရတာမဟုတ်ပါဘူး။သားသမီးတွေဟာလဲ မိဘတွေကို တစ်ဖန် အသိအမှတ်ပြုတတ်ရတယ်။

"အဖေက တော်လိုက်တာ".."အမေက တော်လိုက်တာ"..."အမေတို့ ကြိုစဥ်းစားထားလို့ တော်သေးတယ်..ကိုယ့်ဘာသာဆိုရင်မေ့နေမှာ" စသည်ဖြင့်

ဒီလိုစကားတွေဟာ ပြောပေးတတ်ဖို့လိုအပ်ပါတယ်။

မိဘတွေက မွေးကတည်းက မိဘဖြစ်မလာတာမို့ သူတို့တွေကလဲ အသိအမှတ်ပြုမှုရရင် ပျော်တတ်ကြပါတယ်။

ဆရာမတွေက ကျောင်းသားတွေကို အသိအမှတ်ပြုရုံတင်မဟုတ်ဘူး။ ကျောင်းသားတွေဟာလဲ ဆရာ/မ တွေကိုပြန်လည်အသိအမှတ်ပြုတတ်ရပါတယ်။

"ဆရာမနဲ့သင်လိုက်မှ ကျွန်တော် ဒီစာကိုနားလည်သွားတော့တယ်" ဆိုတဲ့စကားမျိုးတွေက ပြောဖို့ ဘာမှမခက်ပေမယ့် တကယ်ကို သူတို့အတွက်အဖိုးတန်ပါတယ်။

သူငယ်ချင်းအချင်းချင်းဆက်ဆံရေးတွေမှာကျတော့လဲ ဘယ်လောက်ပဲ ရင်းနှီးလို့မပြောသည်ဖြစ်စေ "နင်ကူပေးလိုက်လို့ ငါအဆင်ပြေသွားတာ"..."နင်အကြံဉာဏ်ပေးလို့ ငါလုပ်ရင်း ရသွားတာ" ဆိုတဲ့စကားတွေဟာ တကယ်လိုပါတယ်။

တစ်ခြားသူစိမ်းတွေနဲ့ဆိုရင် ပိုတောင်လိုသေးတယ်။ လမ်းဘေးမှာ စျေးဝယ်ရင်တောင် "အန်တီ့ဆိုင်ကပဲ ဝယ်တာ..အန်တီက သေချာလေးထုတ်ပိုးပေးလို့"..."ဦးလေးရောင်းတဲ့ မုန့်က တစ်ခြားဆိုင်ကနဲ့ကို မတူဘူး... စားကောင်းလိုက်တာ" ဆိုတဲ့ အသိအမှတ်ပြုခြင်းမျိုးတွေ လူတွေနဲ့ အဆင်ပြေစေဖို့အတွက် ခင်းလို့ရတဲ့တံတားတွေပါ။

အမျိုးထဲက မောင်နှမတွေတွေ့တဲ့အခါ ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ "တော်လိုက်တာနော် ဒီလောက်ကြိုးစားတာ အရမ်းလိမ္မာတာပဲ"..."စကားပြောကောင်းလိုက်တာနော်" ဆိုတာမျိုးတွေက တစ်ဖက်လူတွေနဲ့ communication ကောင်းဖို့ လမ်းခင်းလို့ရပါတယ်

( ညီမကတော့ တစ်မျိုးလုံးအိမ်လာလည်ရင် စကားတောင်မပြောဖြစ်ပါဘူး။ xD...ငယ်ငယ်ကတည်းက အမျိုးတွေနဲ့ ဝေးကွာတာရော၊ တစ်ချို့ကိစ္စလေးတွေကြောင့်ရော သိပ်မရင်းနှီးခဲ့ပေမယ့်... စကားပြောဖြစ်ရင်တော့ အခုနောက်ပိုင်းမှာ မြင်ရသလိုလေး ချီးကျူးပေးဖြစ်ပါတယ်...

တစ်ကမ္ဘာလုံးက ဘယ်သူကမှ ပြိုင်ဘက်မဟုတ်ဘူးလေ။ ဒီတိုင်း ကောင်းကောင်းလေးရှင်သန်သွားနိုင်ဖို့ ကိုယ့်အခက်အခဲနဲ့ကို ကြိုးစားနေကြရတဲ့သူတွေပဲကို..အချင်းချင်းဖေးမတာက တကယ်လှပါတယ် )

လမ်းဘေးမှာ တွေ့ရတဲ့ ဦးလေး၊ အဒေါ်၊ အစ်ကိုကြီး၊ အစ်မကြီး တွေကစပြီး ကလေးလေးတွေကအထိ အသိအမှတ်ပြုခံရတာကို မကြိုက်တဲ့သူမရှိပါဘူး။

ဒါကြောင့် လူတွေကို "အသိအမှတ်ပြုပေးတတ်အောင်"ကြိုးစားကြည့်ပါ။ Communication ပိုကောင်းလာပါလိမ့်မယ်

--

ဒါပေမယ့် ကိုယ်က အသိအမှတ်ပြုလို့ သူတို့က ကိုယ့်ကို အသိအမှတ်ပြုပေးရမယ်လို့ မဆိုလိုဘူးနော်။

ဘဝမှာ ဘာကိုပဲလုပ်လုပ် ဒီတိုင်း စိတ်ရင်းမှန်လေးနဲ့သာလုပ်ကြည့်ပါ။ ဘယ်သူမှမလိုဘူး။ စိတ်ရင်းလေးကို ထည့်ဖို့ပဲလိုတယ်။

အကျိုးတစ်ခုခုတော့ ထူးမှာပါ။ ဘယ်သူမှ လက်တွေ့အနားကိုရောက်မလာရင်တောင် ကံကောင်းခြင်းတွေက မမြင်ရပဲ ရောက်လာပါလိမ့်မယ်။

စာလုပ်တဲ့အခါ "ရလိုခြင်း"တွေထက် "စိတ်ရင်း"လေးကိုသာထည့်ကြည့်ပါ။

ဥပမာ ဒီစာလုပ်မှ ငါ Top 1 ရမှာဆိုတာထက် ဒီတိုင်း စာလုပ်တယ်ဆိုတာ ကိုယ်သဘောကျလို့ ရွေးချယ်လိုက်တဲ့အရာတစ်ခုလိုမျိုး တန်ဖိုးထားပြီး "စိတ်ရင်း"လေးနဲ့ လုပ်ကြည့်ပါ။ သာမန်ထက် စာလုပ်ရတာက ပိုပျော်ဖို့ကောင်းလာသလို ဖိအားနည်းလာပါလိမ့်မယ်။ စာလုပ်တဲ့အရာကနေ ဘာမှ မမှန်းထားပဲ ဒီတိုင်း ကိုယ့်ဘက်က ပေးဆပ်လိုခြင်းကိုသာ ထည့်ထားကြည့်ပါ။


လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာလဲ ဘယ်သူကတော့ ငါ့ကို ဘယ်လိုအသိအမှတ်ပြုပေးရင်ကောင်းမှာပဲ ဆိုတာမျိုးထက် ကိုယ်ချီးကျူးပေးနိုင်တာလောက်ကို ချီးကျူးပေးလိုက်ပါ။ လမ်းမှာ ကိုယ်နဲ့ကြုံတဲ့သူတွေဆို အခွင့်အခါသင့်ရင်သင့်သလို အသိအမှတ်ပြုမှုလေးတွေလုပ်ကြည့်လိုက်ပါ

သတိတောင်မထားမိပဲ connection တွေလုပ်မိလာမှာဖြစ်သလို networking ပိုကျယ်ပြန့်လာပြီး အဲ့ဒီလူတွေဆီက ဘာမှမမျှော်လင့်ထားပဲ ကိုယ့်အတွက်ကို ရှင်သန်ရင်း တခြားသူတွေကို လမ်းကြုံအသိအမှတ်ပြုပေးလိုက်တာမလို့ နေရတာပိုပျော်လာပါလိမ့်မယ်။

ဆိုတော့ ဒီနေ့ရဲ့ Key message တွေက

- အသိအမှတ်ပြုပေးတတ်အောင် ကြိုးစားကြည့်ပါ
- ရလဒ် ကို မမျှော်မှန်းပဲ "စိတ်ရင်း"လေးအတိုင်းပဲ အရာရာကို လုပ်ကြည့်ပါ။ (ဒါရဖို့ ဒါလုပ်ရတာမဟုတ်ပဲ အဲ့ဒါကို သဘောကျလို့ လုပ်နေတာ ဆိုတာမျိုးလေးပေါ့)
- လူတွေဆီက ဘာမှပြန်ရဖို့ မမျှော်လင့်ပဲ..ကိုယ့်ဘက်ကလဲ အတင်းလိုက်ပေးနေတာမဟုတ်ပဲ...ကိုယ့်ဘဝအတွက်လုပ်ရင်း လမ်းကြုံတဲ့အခါ တစ်ခြားလူတွေကို အသိအမှတ်ပြုခဲ့ပေးကြည့်ပါ။


--

Day 3 မှာ ပြန်တွေ့ပါမယ်

Good night, guysssss!
❤8💘1
𝐏𝐨𝐬𝐭𝐢𝐯𝐞 𝐕𝐢𝐛𝐞 (⁎˃ᴗ˂⁎)
❤2
2026 𝐖𝐢𝐬𝐡 ✨


2026 goals က ပိုကောင်းတဲ့ positive community တစ်ခုတည်ဆောက် နိုင်ဖို့နဲ့ ပျော်ရွှင်မှူကို ပိုင်ဆိုင်နိုင်ဖို့ပါပဲ

ကိုယ်သွားနေတဲ့ လမ်းမှာ အခက်အခဲတွေ ရှိခဲ့ရင်တောင် အဲ့ဒီ အဆင်မပြေမှူတွေ ကို ဖြေရှင်း တတ်ဖို့ ခွန်အားနဲ့ သတ္တိတွေ ရချင်ပါတယ် ၊၊

2026 ကို ကိုယ်တိုင်အတွက်ရော သူများတွေ အတွက်ပါ ပိုကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လာလိမ့်မယ် လို့ ယုံကြည်တယ် ၊၊

မကောင်းတဲ့ အမှိုက်တွေ အကုန်လုံးကို 2025 မှာ ထားခဲ့လိုက်တော့ 2026 ကိုတော့ ပိုကောင်းတဲ့ နှစ်တစ်နှစ်ဖြစ် အောင် လုပ်လို့ ရသေးတယ်လေ အခွင့်အရေးက ကိုယ့်လက်ထဲမှာပဲ မလား 💋

#Studygrambythel
❤7
mwah 2026 💋

#studygrambythel
❤9🍓2💘2
2026 ကိုရောက်တော့ မှာဆိုတော့ အများစုက reflection လုပ်ကြတာမျိုးလည်း ရှိတယ် vision board လုပ်ကြမယ် ဆိုတာမျိုးလည်း ရှိတယ်

ဒီနေ့တော့ reflection တွေ vision board တွေ အစား အခြား အကြောင်း တစ်ခုပြောပြမယ် နှစ်ကုန်တော့မှာ ဆိုတာနဲ့ တစ်နှစ်တာမှာ ကိုယ့်ကိုယ်ကို ကျေနပ်အားရကြတဲ့ သူတွေ ရှိသလို ကိုယ့်ကိုယ်ကို မကျေနပ်ဘဲ အပစ်တင်ပြီး self blaming လုပ်နေကြသူတွေလည်း ရှိမယ် ငါတော့ ဘာမှ မဖြစ်လိုက်ဘူး ဒီနှစ်လည်း ဒီလိုပဲ ကုန်သွားတာလို့ပဲ အားမရသူတွေလည်း ရှိကြတယ်

Why ,why ဘာကြောင့်လဲ ကိုယ့်ကိုယ်ကို ဒီ goals တွေ ကြားမှာပဲ ကန့်သတ်ချုပ်နှောင်ထားတော့မှာ လား ကိုယ်က ဒီထပ် ပိုပြီး လုပ်နိုင်တဲ့ သူဖြစ်လိမ့်မယ်လေ ဒီသတ်မှတ်ထားတဲ့ ဘောင်အတွင်းထဲ မှာ ကိုယ့်ကိုယ်ကို ထည့်ထားပြီး ဘာလို့ blaming လုပ်နေတော့မှာလဲ ကိုယ်က ကိုယ်ပဲလေ ကန့်သတ်ထားတာတွေ မရှိဘဲ ကိုယ့်ကိုယ်ကို တွေးကြည့် ငါက ဘာလဲ ငါတစ်ကယ် ဘာကို လိုချင်တာလဲ

မနေ့က ကန့်သတ်ချက်များနဲ့ တစ်နှစ်တာ ဆိုတဲ့ webinars လေးတစ်ခု တတ်ခဲ့တယ်ပေါ့နော် အဲ့ဒီမှာ speaker အမ ပြောသွားခဲ့တဲ့ အကြောင်းအရာလေးတစ်ချို့နဲ့ ကိုးကား ပြီး ပြောပြပေးထားပါတယ်၊၊

2025 အတွက် နှုတ်ဆက်စကားကို Study gram by Thel အနေနဲ့ ပြောချင်တာကတော့ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်လိုက်ပါ လုပ်နိုင်ခဲ့တဲ့ အရာတွေရော မလုပ်နိုင်ခဲ့တဲ့ အရာတွေ အတွက်ပါ ကိုယ့်ကိုယ်ကို ခွင့်လွှတ်လိုက်ပါ ၊၊



တခြားသူကို ခွင့်လွှတ်ပေးတာ နားလည်ပေးတာ ကို လုပ်ကြပေမယ့် ကိုယ့်ကိုယ်ကို ခွင့်လွှတ်ဖို့က မေ့နေတတ်ကြပါတယ် ၊၊ အမက
ဒါကြောင့်မို့ ဒီနေရာကနေ အားလုံးကို တစ်ချက် reminder လုပ်လိုက်ပါတယ် ကိုယ့်ကိုယ်ကို ခွင့်လွှတ်လိုက်ပါ 🫶


#studygrambythel
❤5