Thel in Progress
803 subscribers
412 photos
14 videos
3 files
154 links
Thel in Progress

🌱 "I am not perfect yet, but I am growing every day."

✨ Learning
✨ Self-improvement
✨ Glow-up
✨ Becoming the best version of myself
Download Telegram
Media is too big
VIEW IN TELEGRAM
Only 2 months left in 2025 🌙
2 months is enough to change your whole life — if you start now ✨

#studygrambythel
#lifestyle
#lifestyleupdate
#glowup
#thisvideoOwnbySGT
❤9💘1
💽 sometimes everybody make mistake

🪷We are just tiny specks in this earth — so the mistakes we make are only gentle ripples in an endless ocean. 🌙✨

#studygrambythel
#thelquotes
#Study_GT
💘5❤3
2025 ကုန်ဖို့က 2 လပဲ လို့တော့ တာပါ ✨ ပျော်ဖို့ကောင်းတာက Happy Newyear လုပ်လို့ရ တော့မှာမို့ပါ၊၊ စိတ်မကောင်းစရာကတော့ ဒီနှစ်ထဲ အတွက် goals တွေက အကုန်မပြည့်သေးလို့ပါ

ဘာပဲဖြစ်ဖြစ် နှစ်တစ်နှစ်ကတော့ ကုန်တော့မှာပါပဲ ကောင်းတာပဲ ဖြစ်ဖြစ်ဆိုးတာပဲ ဖြစ်ဖြစ် ကိုယ်လုပ်ခဲ့တဲ့ အရာအတွက် နောင်တရ မနေပါနဲ့တော့

2026 မတိုင်ခင် နှစ်လတောင် ကျန်သေးတာမို့ ဒီနှစ်လအတွင်းမှာ ကိုယ်လုပ်ချင်တဲ့ အရာတွေကို စလုပ်လိုက်တော့ပါ

ထပ်ပြီးမကောင်းတဲ့ အလေ့အကျင့် တွေ မကောင်းတဲ့ လူတွေ နဲ့ Negative energy ဖြစ်နေတဲ့ကိုယ်က စပြီး အတွေးတွေ စိတ်တွေရှင်းလင်းပါ၊၊

နောက်နှစ်လအတွက် ကိုယ်ဖြစ်ချင်တဲ့ အရာတွေအတွက် Vision board လုပ်ကြည့်ပါ၊၊ Vision board လုပ်တာကတော့ လူတိုင်းနဲ့ရင်းနှီးနေမယ်
ထင်ပါတယ်၊၊

အမကိုယ်တိုင်လုပ်ပေးထားတဲ့ Vision board wallpaper လေးကို comment ထဲမှာ share ပေးခဲ့မယ်နော်🌷🍀

Vision board Wallpaper

#studygrambythel
#Study_GT
#lifestyleUpdate
#tips
#sharing
#visionboard
❤10🍓2
Journaling 📝📔

Journal လုပ်တယ်ဆိုတာဘာလဲ?
Journaling ဆိုတာက ကိုယ့်ရဲ့အတွေးတွေ စိတ်ကူးတွေကို၊ ဖြစ်ချင်တာတွေ စာအုပ်ထဲကို ချရေးတာပါ၊၊ကိုယ်ရဲ့ ကိုယ်ပိုင်အတွေးအခေါ် ဒါမှမဟုတ် ကိုယ့်ကို ပြန်ပြီးဆန်းစစ်ဖို့ စာအုပ်ထဲ မှာ ချရေးတာကို ပြောတာပါ ၊၊ ကိုယ့်ရဲ့ တစ်နေ့တာကိုလည်း Journal ရေးလို့ပါတယ်၊၊ ကိုယ့်လာမယ့် နှစ်အတွက် Goals တွေ Vision,Mission တွေ ချတာကိုလည်း journal အနေနဲ့လည်း ရေးလို့ရပါတယ်၊၊

🪞Simple Meaning of Journal
Journaling means writing about your daily life, emotions, or goals to clear your mind and learn more about yourself.

အမှန်တော့လည်း Diary နဲ့ တူတူပဲလို့ပြောလို့ရပါတယ်၊၊ Journaling က Digital Journal Or Book Journal နှစ်မျိုးလုံးမှာ လုပ်လို့ရပါတယ်၊၊ ရိုးရိုးရှင်းရှင်း အနေနဲ့ဆို Journal လုပ်တယ်ဆိုတာက ကိုယ့်မှာ ရှိသမျှ အတွေးတွေ၊ခံစားနေရတာတွေ၊စိတ်ညစ်ရတဲ့ အကြောင်းအရာတွေကို စာအုပ်ထဲ ချရေးလိုက်တာပါပဲ ၊၊

Journal လုပ်လို့ရတဲ့ အမျိုးအစားတွေကတော့ အများကြီးပါ Reflection Journal, Daily Journal, Digital Detox Journal, Gratitude Journal..... ဆိုပြီး အမျိုးအစားတွေ အစုံရှိပါတယ်၊၊ မီးပျက်/နေတာကြောင့် ဒီတစ်ပတ်မှာတော့ Journal ဆိုတာဘာလဲ ဆိုတဲ့ အကြောင်းပဲ ပြောပါအုံးမယ်၊၊ နောက်အပတ်မှ journal အမျိုးအစားတွေ အကြောင်းထပ် ပြောပြပါအုံးမယ်၊၊

ကဲအားလုံးပဲ ဒီနေ့တော့ ဘိုင့်ဘိုင့်နော် 👋
📝Thel Htet Han
📝StudyGT

#Studygrambythel
#journal
#lifestyletips
❤10🍓3
You can see me in there ʕ ·ᴥʔ

https://vt.tiktok.com/ZSyxvrGkY/

#studygrambythel
#lifestyle
❤8
Type of Journal .𖥔˚
& benefit of journaling


အရင်အပတ်က Journaling ဆိုတာဘာလဲ နဲ့ပတ်သတ်လဲပြောခဲ့ပြီးပြီ ဆိုတော့ ဒီတစ်ခေါက် မှာတော့ journal အမျိုးအစားတွေ အကြောင်းနဲ့ journal လုပ်တဲ့အခါ ဘယ်လို အကျိုးကျေးဇူး တွေ ရမလဲ ဆိုတဲ့ အကြောင်းပြောပြ ပေးသွား ပါမယ်ရှင့် ✧

Benefit of Journaling ⋆.˚

journal လုပ်တဲ့ အကျိုးအကျေးဇူးအနေနဲ့ ကိုယ်က ကိုယ့်ရဲ့ အကြောင်းတွေ ကိုပြန်ပြီး reflect လုပ်တာကြောင့်မို့ ကိုယ့်ကိုယ်ကို ပိုပြီး သုံးသပ်နိုင်ပါလိမ့်မယ်၊၊ ရေးတဲ့အခါမှာလည်း ရေးရင်းနဲ့ ကိုယ်ကိုယ်တိုင် သတိမထားမိတဲ့ ကိုယ့်ရဲ့ ကောင်းချင်းဆိုးချင် တွေကိုလည်း ပိုသိလာပါလိမ့်မယ်၊၊
ကိုယ်ရင့်ထဲမှာ ခံစားနေရတဲ့ အရာတွေကို journal လုပ်ပြီး ရေးသားတဲ့အခါက ကိုယ့်ရဲ့ စိတ်က ပေါ့ပါးသွားပါလိမ့်မယ်၊၊ ကိုယ့်တွေ journal ရေးတဲ့အခါ benefit ကတော့ ကိုယ်စိတ်တိုတဲ့ အကြောင်းအရာတွေ၊ ဝမ်းနည်း တဲ့ အကြောင်းအရာတွေကို ချရေးလိုက်တဲ့ အခါ ပိုပြီးခံစားရတာပေါ့ပါးလာပြီး အဆင်ပြေသွားခဲ့ပါတယ်၊၊
ကိုယ်ဘယ်အရာတွေကို focus ထားသင့်လဲ ဘယ်အရာတွေကို letting go လုပ်ရမလဲဆိုတာ တွေကိုလည်း journal လုပ်တဲ့အခါပိုပြီး ရှင်းလင်းသွားပါလိမ့်မယ်၊၊
journal လုပ်တာက ကိုယ့်ရဲ့ ဝမ်းနည်းမှူတွေကို လည်းချရေးလို့ရတယ် ၊ကိုယ်ပျော်ရွှင့်ခဲ့တဲ့ တစ်နေ့တာကို လည်း memory အနေနဲ့ သိမ်းထားလို့ ရတဲ့ အရာတစ်ခုပါ၊၊

Type of Journal ☁︎ ꊞ


Reflective Journal ✰
journal လုပ်တဲ့သူတွေ အများဆုံးလုပ်ကြတဲ့ reflective journal ပါ သူကကိုယ့်ရဲ့ emotion တွေ ကိုယ့်ဘဝ ရဲ့အကြောင်းအရာတွေကို လုပ်လို့ရတဲ့ private journal တစ်ခုပါ၊၊ Whatever ကိုယ်ပြောချင်ပေမယ့် ပြောခွင့်မရလိုက်တဲ့ စကားတွေကိုလည်း ချရေးလို့ ရပါတယ်၊၊ ဒါဆို စိတ်ထဲမှားသိမ်းထားတာထက် journal ထဲမှာရေးလိုက်တာ က ကိုယ်အတွက် ပိုပြီး သက်သာရာ ရစေမယ့် နည်းလမ်းပါ၊၊


Daily Journal ✰
သူကတော့ နေ့စဥ် ကိုယ့်ဖြတ်သန်းတဲ့ အကြောင်းအရာတွေ ကို journal လုပ်တာပါ ၊၊ကျွန်မတို့တွေ ငယ်စဥ်က ကြားခဲ့ဖူးတဲ့ Diary ရေးတယ် ဆိုတာမျိုးပါပဲ ဒီနည်းလမ်းကလည်း လူတိုင်းနီးပါး လုပ်ကြပါတယ် ၊၊ တစ်နေ့တာမှာ ဘာတွေ ဖြစ်တယ် ဘာတွေကိုယ့်စိတ်က ဒီတစ်နေ့တာမှာ ခံစားခဲ့ရလဲဆိုတာမျိုး အစုံ ရေးလို့ရပါတယ်၊၊ နေ့တိုင်းကိုယ့် အကြောင်းကို ဒီလို ရေးတာကြောင့် ကိုယ့်တစ်နေ့တာ အချိန်ဖြုန်း နေလား အကျိုးရှိတဲ့အရာ တွေ လုပ်နေလား ဆိုတာကို ပြန်ဆန်းစစ် ပေးသွားနိုင်မှာပါ၊၊

Gratitude Journal ✰
ဒီ journal ကလည်း လူတိုင်းအတွက် အရမ်းလိုအပ် တဲ့ journal တစ်ခုပါ၊၊ ကျေးဇူးတရား ပွားများတဲ့ journal ပါ၊၊ ကိုယ့်ရဲ့ life နဲ့ပတ်သတ်ပြီး ကိုယ်ကျေးဇူးတင်တဲ့ အကြောင်းအရာတွေ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ အလုပ်အကိုင်တွေကို ကျေးဇူးတင်ပါတယ်ဆို ပြီး ရေးတဲ့ journal တစ်ခုပါ ၊၊ ကိုယ့်ရဲ့ သေးငယ်တဲ့ အရာလေးတွေက စပြီး ကျေးဇူးတင်ကြည့်တာ ကြောင့် ကိုယ့်ကိုယ်ကို ပိုချစ်တတ်လာပြီး အကောင်း မြင်စိတ်တွေ တိုးပွားနိုင်တဲ့ လူတိုင်းလုပ်နိုင်တဲ့ journal အမျိုးအစားတစ်ခုပါ၊၊

Bullet Journal ✰
ကျွန်မ အမြဲလုပ်တဲ့ journal အမျိုးအစားတစ်ခု ပါ၊၊ bullet journal က ကိုယ့်ရဲ့ goals တွေ task တွေကို bullet point ပုံစုံမျိုးလေးတွေ pattern တွေနဲ့ လုပ်တာမျိုးပါ၊၊ သူက ပုံလေးတွေဆွဲပြီး ကိုယ့်ရဲ့ habit tracker တို့ mood tracker တို့ လုပ်တဲ့ journal အမျိုးအစားပါပဲ ၊၊ ကိုယ့်ရဲ့ goals တွေကိုပြန် ဆန်းစစ်နိုင်တဲ့ journal အမျိူးအစားတစ်ခုပါ၊၊

Art Journal ✰
art journalကတော့ ကိုယ့်ရဲ့ feeling တွေ ကောင်းတဲ့ ခံစားချက် ၊မကောင်းတဲ့ ခံစားချက်တွေကို art အနေနဲ့ ပုံဖော်တာမျိုးပါ၊၊ ဘယ်သူမှ မသိတဲ့ ကိုယ့်ရဲ့ ဖန်းတီးနိုင်စွမ်းနဲ့ လုပ်လို့ ရတဲ့အရာမျိုးပါ ၊၊ ဒီ journal ထဲမှာ ကိုယ့်စိတ်ကြိုက် ကိုယ့်အတွေး လွတ်လပ်သလို ပုံဖော်နိုင်ပါတယ်၊၊ ခံစားချက်တွေကို စာနဲ့ ရေးရတာ မကြိုက်ဘဲ art အနေနဲ့ ပုံဖော် ချင်သူတွေအတွက် အရမ်းအဆင်ပြေတဲ့ Journal တစ်မျိုးပါ၊၊

εїз ဒီတစ်ခေါက်အနေနဲ့ Sharing လုပ်ပေးခဲ့တာ journal အမျိုးအစား ၅ ခုအကြောင်းပါ၊၊ ကတစ်ကယ်ကို့ journal ဆိုတာ ကိုယ့်စိတ်ကြိုက် လွတ်လပ်ခွင့် အပြည့်ရတဲ့ ပုံဖော်နိုင်တဲ့ အမျိုးအစား တစ်ခုလို့ ခံယူထားပါတယ် အခုခေတ်က aesthetic ဖြစ်တယ်ဆိုတဲ့ စကားလုံးကပဲ လွှမ်းမိုးနေတာကြောင့် လူတိုင်းက တစ်ကယ်ကို့ လှလှပပလေး လုံးဝ ကို အမိုက်စားဖြစ်မှာ journal လုပ်ရမယ်ဆိုတဲ့ အတွေးမျိုးလေးတွေလည်း ရှိကြမယ်ထင်ပါတယ်
ဒါကြောင့် Aesthetic ဆန်တာက journal မဟုတ်ဘဲ ကိုယ့်ရဲ့ အတွေးတွေကို လွတ်လပ်စွာ ဖွင့်ထုတ်ဖို့အတွက် journal ရေးတာပါ ◡̈


” journal means not aesthetic
it's means whatever you think you can write down & you can creat ”


✍ Content Writer- Thel Htet Han (Study_GT)

#Studygrambythel
#journal
#typeOfjournaling
#benefitOfjournaling
❤5🍓1
What is Journaling ⑅ ♡̷
https://t.me/studygrambythel/624

Type of Journal & benefit of journaling .𖥔˚
https://t.me/studygrambythel/631

#Studygrambythel
#journal
#typeOfjournaling
#benefitOfjournaling
❤6
ဒီတလော ကိုယ် ညွှန်းချင်တဲ့ Gothic movieပါ

Gothic movieရဲ့ အပြည့်အဝခမ်းနားမှု၊ လှလှပပ လေးလေးပင်ပင်ရှိမှုနဲ့ အာရုံကိုဆွဲထားနိုင်တဲ့ဇာတ်ကားပါ
ဒီလို vibeမျိုးနဲ့မှ Relaxing လုပ်ချင်တဲ့သူပဲဖြစ်ဖြစ် movie ကောင်းကြည့်ချင်တဲ့သူပဲဖြစ်ဖြစ် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားပါ

ကိုယ့်အနေနဲ့ ညွှန်းပေးရရင် "ခမ်းနားလှပမှု" ဆိုတဲ့စကားကိုပဲ သုံးချင်ပါတယ်

ဒါပေမယ့် Gothic မကြိုက်ဘူး bloody and horrible a little လေးမကြိုက်ဘူးဆိုရင်တော့ မကြည့်ပါနဲ့ ဇာတ်လမ်းထဲမှာ ခွဲစိတ်ရတဲ့ကိစ္စတွေပါတာမို့ ကြိုသတိပေးတာပါ

ကိုယ့်အနေနဲ့ဆိုရင်တော့ ကြည့်ပါလို့ပဲ ညွှန်းချင်တာပါ ဘာလို့ဆို ဇာတ်လမ်းစလိုက်ကတည်းကနေ အဆုံးထိ ၂နာရီကျော်အတွင်းမှာ ဇာတ်ရှိန်နည်းနည်းလေးမှ လျော့မသွားပါဘူး

တကယ်ကို လှတဲ့ဇာတ်လမ်းပါပဲ

အချိန်ရရင်ကြည့်ကြည့်ကြပါနော်

#Velimira
#RelaxingTime
❤11
Forwarded from Aurelia Education
❤5
Forwarded from Aurelia Education
Her Story of Growth : Inspiring the Next Generation of Women

Webinar လေးကို November (23) ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး Guest speaker အနေနဲ့ မရှင်းသန့်ရွှေအိမ် ကို ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

မရှင်းသန့်ရွှေအိမ်ဟာ 2019 ခုနှစ်ကတည်းက လူငယ်တွေရဲ့ Community တိုးတက်ဖို့အတွက် Project များစွာကို လုပ်ကိုနေတဲ့ သူတစ်ယောက်ဖြစ်ပြီး

Experience များစွာ၊ Scholarship များစွာ၊ Achievement များစွာကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

မရှင်းသန့်ရွှေအိမ်ရဲ့ အကြောင်းကို ပိုသိရအောင် Biography လေးပြုလုပ်ပေးထားပါတယ်။

https://docs.google.com/document/d/1Z3hbRstYXTum4oFoZs6KfpbBfTxo7QiAFWhxVv20tWA/edit?usp=sharing

အဲ့တော့... Webinar လေးက ဘာတွေပြောသွားမှာလဲ

အဓိက အနေနဲ့ကတော့

မရှင်းသန့်ရွှေအိမ်ရဲ့ အောင်မြင်မှုတွေ မရခင် ဘယ်လို စိန်ခေါ်မှုတွေကို ဖြတ်ကျော်ခဲ့ရလဲဆိုတဲ့ Life journey အပိုင်းတွေ

အောင်မြင်မှုတွေ ရပြီးတဲ့နောက်မှာရော ကိုယ့်ရဲ့ Value ကို ဘယ်လိုဆက်ထိန်းထားလဲ၊ နောက်ဘာတွေဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ

အမျိုးသမီးတစ်ယောက်အနေနဲ့ အခုလိုအခြေအနေမျိုးမှာ အောင်မြင်မှုတွေရအောင် ဘယ်လိုလုပ်ရမလဲ

စိတ်ပိုင်ဆိုင်ရာမှာ မသိလိုက်၊ မသိဖာသာ ထိခိုက်မှုတွေရှိလာပြီး တဖြည်းဖြည်း အရာရာကို ကြောက်ရွံ့လာမှုတို့ကို ဘယ်လိုကျော်လွှားမလဲ

High Value Woman တစ်ယောက်ဆိုတာ ဘာလဲ၊ ဘယ်လို အောင်မြင်မှု၊ ဘယ်လိုစိတ်ထားရှိမှလဲ

နောက်ပြီး အမျိုးသမီးတစ်ယောက်အတွက်တင်မကဘဲ လေ့လာသင်ယူသူ တစ်ယောက်အနေနဲ့ရော ဘယ်လို ကြိုးစားအားထုတ်မှု စိတ်တွေထားခဲ့လဲ

အခုလို Academic ပိုင်းမှာပါ အောင်မြင်မှုတွေ ရလာအောင် ဘယ်လိုတွေ လေ့လာခဲ့လဲ ဆိုတာတွေ

စတဲ့... Aurelian လေးတို့ အတွက် အကျိုးရှိမဲ့ မေးခွန်းတွေကို မရှင်းသန့်ရွှေအိမ်နဲ့ အမေးအဖြေလုပ်ပေးသွားမှာ ဖြစ်ပါတယ်

ဒါ့အပြင် Aurelian လေးတို့ရဲ့ ကြည်လင်တဲ့ စိတ် ရေကန်ကို တိမ်ဖြူဖုံးလို့ ရှုပ်နေတဲ့ အတွေးတွေကိုလည်း မရှင်းသန့်ရွှေအိမ်စီကို တိုက်ရိုက် မေးနိုင်မဲ့ Q & A session လည်း ပါဝင်မှာဖြစ်ပါတယ်။

Bonus: Aurelia Education က လူငယ်တွေအတွက် အောင်မြင်မှုတွေ ဖမ်းယူနိုင်တဲ့ အသိုက်အဝန်းများစွာကို ဖန်တီးပေးချင်တာကြောင့် ဒီထက်မကတဲ့ အကျိုးအမြတ်တွေကို Webinar လေးမှာ ထပ်ထည့်သွင်းပြင်ဆင်ထားပါသေးတယ်။

Webinar လေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က registration form လေးကို အခုပဲ ဖြည့်လိုက်တော့နော်

https://docs.google.com/forms/d/e/1FAIpQLSfytiVxknt-AmqwCKkVdg2KtM0UsZAqp3MuX81DIVkiEtXprg/viewform

#Aurelia_Education
#Youth_Leader
#Webinar
#Woman_Empowerment
❤5
ဝဋ်ကြွေးကြီးတဲ့မြန်မာပြည်

နိုင်ငံခြားက Date ကုန်ခါနီး စားသောက်ကုန်တွေ
သွင်းလာပြီး ဘူးချွတ်ပြီး ပြန်ရိုက်ဖို့
ပုံနှိပ်လောကမှာတောင်ရှိတယ်။
ဘီစကစ်ဗူးတွေ ပါကင်အသစ်၊
Date Code အသစ်တွေနဲ့ ပြန်ရိုက်ပေးတာရှိတယ်။

နောက်ပြီး ယခုဝင်နေတဲ့
ဆယ်လမွန်ငါးတို့၊ SHISHAMO ငါးတို့ဆို
အောက်လမ်းက ဝင်လာတာပဲ။

နောက်ပြီး
ဘနားမီး ရေချိုပုဇွန်၊ ကက္ကတစ်ငါးတွေဆို
အောက်လမ်း ထိုင်းနိုင်ငံကနေ
ဗဟိုစံပြငါးစျေးကို နေ့တိုင်းအဝင်ရှိတယ်။
ဘယ် FDA မှ မစစ်ဘူး၊ ဒီအတိုင်းပဲ ဝင်လာတာ။

မြန်မာဟာ အာဆီယံ ၁၀ နိုင်ငံမှာ
လူ့ သက်တမ်း အတိုဆုံးနိုင်ငံအဖြစ်
စာရင်းဝင်လာနေပါတယ်။

ဘာဖြစ်လို့ မြန်မာတွေ
အသက်တိုကြတာလဲ ဆိုတာတော့ သိပြီးကြမှာပါ။

အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ နဲ့ တရုတ်တို့အတွက်တော့
မြန်မာဟာ အလွန်လုပ်စား ကိုင်စားလို့ ကောင်းလှတဲ့
စျေးကွက်ကြီးတခုလို ဖြစ်နေတာမို့

သူတို့နိုင်ငံမှာ ဥပဒေနဲ့
တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထားလို့
လုပ်မရတဲ့အရာမှန်သမျှ ခိုးလုပ်ကြပြီး
အဲ့ဒီပစ္စည်းပေါင်းစုံကို
မြန်မာပြည် စျေးကွက်ထဲလာဖြန့် တယ်။

စားသောက်ကုန်၊ ဆေးဝါးမျိုးစုံလုပ်ငန်း အပါအဝင်
အတုတွေလုပ်တယ်။ မြန်မာပြည်ထဲဖြန့်တယ်။
နယ်စပ်ဂိတ် မှန်သမျှမှာလည်း FDA က မစစ်နိုင်။
စစ်နိုင်သမျှစက်တွေကလည်း
ခေတ်မီ ဓာတုဆေးတွေများသမို့
မှန်ကန်စွာ ဓါတ်မခွဲနိုင်သေး။

တခါတခါ ဓါတ်ခွဲ စမ်းသပ်လိုက်တဲ့အခါမှာလည်း
နာမည်ကြီး တံဆိပ်တွေအပါအဝင်
စားသောက်ကုန်၊ အဖျော်ယမကာ အတော်များများ
လူကိုဥပဒ်ပေးတဲ့ဓါတ်တွေပါတာ
FDA ကလည်း မကြာခဏ ထုတ်ပြန်နေရတာ
မြင်သိ ကြားတွေ့ကြရမှာပါဘဲ။

သစ်သီးသစ်ရွက်တွေနဲ့ ပတ်သက်တာမှန်သမျှ
မြန်မြန်ကြီး၊ မြန်မြန်ပွင့်၊ မြန်မြန်သီး၊
နေ့ချင်းညချင်း မှည့်နိုင်တဲ့ ဆေးတွေထွင်တယ်။
မြန်မာပြည်ထဲ ဖြန့်တယ်။

အခုဆို ဘာအသီး စားချင်းလဲ ပြောလိုက်
ရာသီမရွေးရတယ်။
ခုည မှည့်ချင်လား။ မနက်ဖြန် မှည့်ချင်လားပြော။
များများ ချိုချင်လား ရတယ်။

ဥပမာ ခရမ်းချဉ်သီးဆိုရင်
ပွဲရုံတွေက အစိမ်းတွေဘဲ ဝယ်တော့တာလို့
ဖတ်မိသေးတယ်။
စျေးကွက်ထဲကဝယ်လိုအားကို ဖြန့်ခါနီးမှ
အချိန်မှီ မှည့်ပေးလိုက်တယ်လို့ ဆိုတယ်။

အသားတု၊ ဥအတု၊ လူအတု အတုမျိုးပေါင်းစုံ။
ကော်ဖီ, အချိုရည်, ကျန်တာ အတော်များများ
မှန်သမျှ ဂျင်းတွေချည်းဘဲ။
ထိုင်းဖက်နယ်စပ်မှာ
ထိုင်းရဲက ဖမ်းမိတဲ့ သတင်းတွေလည်း
မကြာခဏ ဖတ် ဖတ်မိကြမယ်ထင်မိ။

နောက် စျေးအတန်ဆုံးလို ဖြစ်လာတာက
အချိုမှုန့်တွေ။
၂၀၀ ဖိုးဆို လက်တစ်ခုပ် လောက်ရတယ်။

ဗုံးဗောလအော ဟင်းတွေထဲထည့်
ဆီးချိုတွေတက်။
အချိုမှုန့်မပါတော့ရင် မစားတတ်ကြတော့တဲ့
အဖြစ်တွေ ရောက်မှန်းမသိ ရောက်ကြရ။
အချိုမှုန့်ကြောင့်ပဲ ဆီးချို၊ သွေးတိုး၊ နှလုံး
ရောဂါတွေ ဖြစ်ပြီး သေကြရ။

သာမန် အပေါစားအရက်ဖြူ (OP) ဆိုလည်း
၄၀၀ လေါက်ဆို တပုလင်းရတယ်။
ပဲလှော်လေး ၁၀၀ ဖိုးနဲ့ တွဲကစ်လိုက်ရင်
၅၀၀ဖိုးဆို မူးပြီ၊ ရေချိန်ကိုက်ပြီ။

ပြီးတဲ့အခါ ဗမာဆေးများများနဲ့
ကွမ်းယာ ပါးစပ်ထဲထည့်ပြီး
ဆေးပေ့ါလိပ်တရှိုက်၊ နှစ်ရှိုက်
အဆုပ်ထဲအထိ ဆွဲထည့်လိုက်တဲ့အခါ
တရက်စာ ဖူလုံပြီ။

ရေသန့်ကမှ အရက်ထက် စျေးကြီးနေသေးတယ်။
အဲလို အပေါစား အရက်တွေသောက်တော့
မြန်မြန်သေကြတာပေါ့။
အရည်မရ၊ အဖတ်မရ ကွမ်းယာဆိုင်ဆိုလည်း
နေရာတကာ လက်ညိုးထိုးမလွဲသလိုပဲ။

တနေ့တနေ့ မြန်မာပြည်သား လူတွေ ကွမ်းစားပြီး
ပါးစပ်ထဲက ထွေးထုတ်လိုက်တဲ့ ပမာဏဟာ
ငွေသန်းချီဖိုးတောင်ရှိတယ်ဆိုလား
ဖတ်မိသေးတယ်။

အဲ့ဒီအထဲ ထည့်စားလိုက်ကျတဲ့
အိန္ဒိယက လာတဲ့ ဆေးပေါင်းစုံ။ 92' အပါအဝင်။
အိန္ဒိယကနေ တလတလကို
ဒေါ်လာ သန်းချီပြီး ပေးဝယ်နေရတယ်။

အရက်ဆို မြန်မာလူ ၁၀ ယောက်မှာ
၇ ယောက် သောက်တယ်။
ကွမ်းလည်း အလားတူပဲ။

ဒါတွေကို မှီခိုစားသောက်နေကြတဲ့ ဒီနိုင်ငံကလူတွေမှ
ကင်ဆာ၊ သွေးတိုး၊ ဆီချို နှလုံး၊ ကျောက်ကပ်
ရောဂါ မရရင် ဘယ်သူတွေရမလဲ။

နောက်ပြီး ဆန်ကို
အဓိက အစားအစာအဖြစ် စားသုံးကြတဲ့အခါ
ကစီဓါတ်များတော့ အဆီများလာသလို၊
အငန်ဆိုလည်းကြိုက်၊
အစပ်ဆိုလည်း လက်မလွတ်စေရဘူး။
စားသောက်ပုံ စားသောက်နည်းဟာ
အသက်ရှည်ဆုံး နိုင်ငံတွေနဲ့
ဆန့်ကျင်ဖက် ဖြစ်နေတယ်။

အသက်ရှည်တဲ့ နိုင်ငံတွေရဲ့
အစားအစာကို လေ့လာကြည့်ရင်
ပထမဆုံး ဖျော်ရည် အရည်တခုကို
စ သောက်ကြတယ်။

ပြီးတဲ့အခါ
အချိုပွဲလို အစာလေးတွေ ထပ်စားကြပြီးမှ၊
နောက်ဆုံးမှာ main food ဖြစ်တဲ့
သား ငါး အသီးအရွက်ကို စားကြတယ်။

ပြီးတဲ့အခါ ကော်ဖီ သောက်ချလိုက်ကြတယ်။

မနက်ပိုင်းဆို ဘာမှ မစားသေးခင်မှာ
အူလမ်းကြောင်းကို ဖျော်ရည်တခုခုနဲ့
အရင်သောက်ပြီး ခံထားကြလေ့ရှိတယ်။

ဥပမာ အိန္ဒိယဆိုရင် သူတို့အစားအစာမှာ
ဂျုံ၊ ပဲ၊ အသီးအရွက်နဲ့ နို့ ကို
အဓိကထားစားကြတယ်။
ဆီ၊ အငန်ကို လုံးဝနီးနီး မစားကြဘူး။

ဒီအတွက် ကလေးဘဝ ကတည်းကလူတွေ
အရပ်ရှည်ကြတယ်။
ကြီးလာတဲ့အခါ လူလုံးတွေ ထွားလာကြတယ်။
ခံနိုင်ရည် အားကောင်းကြတယ်။

ဒါဟာ ကိုယ်တိုင် ရောက်ဖူးတဲ့
နိုင်ငံ ၆ နိုင်ငံ လောက်က စားတဲ့ အစားပုံစံ နဲ့
ဥပမာယှဉ်ပြီး ပြောရတာပါ။

စောစော အိပ်ယာထ သွားတိုက်၊ မျက်နှာသစ်ဆိုတဲ့
ငယ်ငယ်က သင်ခဲ့ရတဲ့စာက
စပြီး လွဲလာနေသလိုမျိုးပဲ။

မျက်နှာသစ်ပြီး ရေချိုး ရေလေါင်းပြီးမှ
သွားတိုက်ရင် အပူထွက်သွားတဲ့အတွက်
သွားကျိုးတာ၊ နာတာ မဖြစ်ဘူးတဲ့။
❤3🔥1
မနက် ထပြီးတာနဲ့ တစ်နေကုန် စားသောက်။
ညနေကျ ရေချိုး၊ သွားတိုက်ပြီးတော့ ညစာစား၊
ဒီတော့ ရှေ့ နောက် လွဲနေမှုတွေကအစ
သွားတွေ ပိုးစားယိုင်နဲ့ပြီး
အခေါင်းပေါက်တွေ ဖြစ်ရာက ရောဂါဝင်
အသေစော၊ အသက်တိုရတာ။

ဒါတွေကအစ အခြေခံကို
လွဲမှားနေသယောင်ဘဲလို့မြင်တယ်။
အမှန်ဆို မနက်စာစားပြီးမှ သွားတိုက်။
ညစာစားပြီးမှ သွားတိုက်ကြရမှာ။

ဒါတွေကအစ ပြင်မှရမယ်။
လူတဦးချင်းစီက စပြင်ရမယ်။
နောက် မိသားစု အလိုက်ပြင်ရမယ်။
နောက် ပတ်ဝန်းကျင် တနိုင်ငံလုံးပြင်မှ
ကျန်းမာ၊ အသက်ရှည်ကြမယ်။

ဘယ်လိုပြင်ရမလဲဆိုရင်
အသီးအရွက် စားချင်ရင် ကိုယ့်ကိုစိုက်စားပါ။
စျေးကဝယ်ရင် သဘာဝ အတိုင်းခူးရောင်းတဲ့
တောသည်လေးတွေဆီက
မသန်မစွမ်း၊ ပိုးကိုက်ထားတဲ့ အရွက်တွေဝယ်ပါ။
အသီးစားချင်ရင် အပင်ကနေ တိုက်ရိုက်ခူးပေးတဲ့
အသီးကို ရှာစားပါ။

အသားငါးလည်း လတ်ဆတ်တာကိုစားပါ။
အချိုရည် လုံးဝ မသောက်ပါနဲ့။
အသီးကို ဖျော်သောက်ပါ။ အငန်လျော့။
အဆိမ့်၊ အချို၊ အစပ် လျော့စားပါ။

နောက် အရေးအကြီးဆုံးက ဆီ။
ဆီကို ဖြစ်နိုင်ရင် ဆီကြိတ်တဲ့ စက်တွေမှာ
သွားဝယ်ပါ။ ဒါမှမဟုတ် မြေပဲ နှမ်း ဝယ်ပြီး
ကိုယ့်ရှေမှာ ကြိတ်ခိုင်းပါ။

စျေးထဲကဆီတွေ မစားပါနဲ့။
ဈေးထဲကဆီအကုန်နီးပါး(၉၉%)က
စားအုန်းဆီနဲ့တရုတ်ဘက်ကလာတဲ့
ပြန်ချက်ထားတဲ့ဆီအဟောင်းတွေကို
ပြုပြင်ထားတဲ့ဆီအတုတွေပါ။

ဒီလိုမလုပ်နိုင်ရင် ဆီ လျော့စားပါ။

နောက်ပြီး လေ့ကျင့်ခန်းလုပ်ပါ။
မနက် ညနေ အချိန်ရရင် လမ်းလျှောက်ပါ။
နှလုံးအားကောင်းအောင် သွက်သွက်လျှောက်။
အမြင့်တက်ပါ။ အမောခံနိုင်အောင် ကျင့်ပါ။

အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး
လုံးဝ မသုံးပါနဲ႔။

ညစာကို ညနေ ၅ နာရီကျော်ရင်
ထမင်းမပါဘဲ စားပါ။
အရည်သောက်
အသီးအရွက်၊ အသားငါးဘဲ ထိုင်စားပါ။

မြန်မာတွေ အသက်ရှည်စေဘို့
စဉ်းစားမိသမျှဝေခြင်းပါ။

အာရောဂျံ ပရာမံ လာဘံ ကျန်းမာခြင်းဟာ
လာဘ်တစ်ပါးပါ။

ကျန်းမာရေးအသိ ကိုယ်စီ ရှိကြစေချင်ပါတယ်။

ဟိုတလောက ဆိတ်သားခြောက် ဝယ် လာပြီး
အိမ်ရောက်တော့ Microwave နဲ့ နွှေးလိုက်တာ
ပလပ်စတစ်အရည်တွေ ထွက်လာလို့ဆိုပြီး
ပုံနဲ့တကွ တင်လိုက်တာကို ဖတ်လိုက်မိပါတယ်။

မြန်မာပြည်က အစားအသောက်တွေဟာ
သဘာဝ အနေအထားကနေ
အမျိုးမျိုးသော နည်းတွေနဲ့ ပြုပြင်ပြီး
ပြန်ရောင်းနေကြတာမို့ တနေ့တခြား
ကြောက်စရာ ကောင်းလာနေပါတယ်။

အားလုံးသိကြတဲ့အတိုင်း၊
ရောဂါအားလုံး ရဲ့ အခြေခံဟာ
အစာလမ်းကြောင်းကနေ လာတာဖြစ်ပါတယ်။
ပုံစံအမျိုးမျိုး နဲ့ လာနေကြတာပါ။

အခုနောက်ပိုင်း အလွန် အဖြစ်များနေတာကတော့
Autoimmune ရောဂါမျိုးစုံ ဖြစ်ပါတယ်။
ဒီရောဂါဟာလည်း
တနေရာတည်းမှာ ဖြစ်ခဲလှပါတယ်။
ခန္ဓာကိုယ်ရဲ့ သုံးလေးနေရာလောက်မှာ
ဖြစ်နေလေ့ရှိပါတယ်။

ကျွန်တော့်ဆီကို လာတဲ့ စာတွေ၊
Email, Message တွေကို ဖတ်လိုက်မယ်ဆိုရင်
Autoimmune ရောဂါတွေရယ်၊ ကင်ဆာတွေ
အရမ်းများလာနေပါတယ်။

အရင်က အတော်လေးရှားပါးတဲ့
ကင်ဆာမျိုးစုံလည်း တွေ့နေရပါပြီ။

အသက် ၁၅ နှစ် Melanoma at the anal area

နောက်တစ်ယောက် ဒူးက အနာမကျက်လို့
အသားစ ယူပြီး စစ်လိုက်တဲ့အခါ
Anaplastic Non-Hodgkins lymphoma ပါတဲ့။

နောက်တစ်ယောက်က
ဗိုက်အတွင်း lymphoma

အသည်းကင်ဆာ၊ အဆုပ်ကင်ဆာ တွေကလဲ
များသလား မပြောနဲ့။
အဆင့် ၄ တွေချည်းပါဘဲ။

နောက်တစ်ယောက်က Pancreatic cancer.

အစားအသောက်ကြောင့်ဖြစ်တဲ့
အူလမ်းကြောင်း ကျန်းမာရေးကို မထိန်းနိုင်ဘူးဆိုရင်
ခံစားရတတ်တဲ့ နောက်ဆက်တွဲ ရောဂါတွေပါဘဲ။

နောက်တခု သတိထားမိတကတော့
နိုင်ငံခြားမှာ နေနေကြတဲ့ မြန်မာတွေလည်း
အတော်များများ Autoimmune ရောဂါတွေ
ဖြစ်နေကြပါတယ်။
သွေးဖောက်စစ်သူတွေ အတော်များများမှာ
ရှိနေကြပါတယ်။

ပြန်သုံးသပ် ကြည့်တော့၊
အများစုဟာ နိုင်ငံခြား ရောက်နေကြပေမဲ့
ကိုယ့် မြန်မာအစားအစာတွေကိုဘဲ စားကြပါတယ်။
ထမင်း ဟင်း ပါဘဲ။

နောက်ပြီး မြန်မာပြည်က အစားအသောက်မျိုးစုံ
လူကြုံနဲ့သော်လည်းကောင်း၊
ကိုယ်ကိုယ်တိုင်သော်လည်းကောင်း
တပွေ့ တပိုက်ကြီး ဝယ်ယူလာပြီး
freezer ထဲ မှာ ထည့်ပြီး
တဖြေးဖြေး စားနေကြတာ သတိပြုမိပါတယ်။

ငပိကြော်၊ ငါးခြောက်ကြော်၊
လဘက်၊ အကြော်မျိုးစုံ၊ မုန့်ဟင်းခါး အရည်တွေ
စသည် ဖြင့် ဖြစ်ပါတယ်။

ဒီရောဂါ တွေရဲ့ ဖြစ်ကြောင်းဟာ
အမျိုးမျိုး ရှိပါသော်လည်း
အဓိက ကတော့ အစားအသောက် ပါ။

ဒီအတိုင်း ဆက် သွားကြမယ်ဆိုရင်
တိုင်းပြည်အတွက် ရင်လေးမိပါတယ်။

ကိုယ်နဲ့အတူ ကိုယ့်မိသားစုကို စောင့်ရှောက်ဖို့၊
သတိလေးကပ်ပြီး၊ ဉာဏ်အကူလဲ လိုပါလိမ့်မယ်။

ဘယ်လောက် ကြိုက်တဲ့ အစာဘဲဖြစ်ဖြစ်
ဥပါဒ်ရှိလာပြီဆိုရင် ဖြတ်နိုင်ရပါမယ်။
ရောဂါရလာပြီဆိုရင် ရှာထားသမျှ ငွေတွေကုန်
အလူးအလိမ့်ခံရ၊ ရောဂါ သံသရာ ဝဲဂယက်မှာ
ချာချာလည် နေတော့မှာ ဖြစ်ပါတယ်။

အခုလိုအဖြစ်မျိုး ရောက်ရတာဟာလဲ
လူအများစုဟာ
ဗဟုသုတ ခေါင်းပါးနေကြတာက တကြောင်း၊
လောဘ ဦးဆောင်နေတာက တကြောင်း၊
ရသတဏှာကို မကျော်လွန်နိုင်တာက တကြောင်း၊
အစိုးရအနေနဲ့ အစားသောက်တွေအပေါ် ကြပ်မတ်မှု
ထိထိရောက်ရောက် မရှိတာက တကြောင်း၊
ဖြစ်လာမဲ့ အန္တရာယ်ကို
သဘောမပေါက်တာက တကြောင်း၊
တိုင်းပြည် ဆင်းရဲတာက တကြောင်းတို့ကြောင့်
ဖြစ်ပါတယ်။

မိမိနှင့် မိမိ၏ မိသားစုကို
ဉာဏ်သုံး၊ သတိကပ်ပြီး
စောင့်ရှောက်သူများ ဖြစ်နိုင်ကြပါစေ။

(အားလုံးသိအောင် ပြန်ရှယ်ပေးကြပါဦး)
#Crd
❤12
JENESY Online Students Exchange Programs 🍓

မှတ်မှတ်ရရပထမဆုံး တတ်ခဲ့တဲ့ Japan-Myanmar Online exchange programs လေးမို့ အမှတ်တရဖြစ်အောင်တင်လိုက်ပါတယ်💗🌸

#jenesys_asean
❤8
Tears are not weakness ☁️☀️
It's adaptative sign of your body from from many feeling.

Crying is not only about sadness, sometimes it's because of happiness 💖

Let your tears down freely babies
Whatever everybody judge your tears, don't care and don't give a sh*t

Because they are useless in their lives

#VELIMIRA
❤14
First day of December ⛄

Your life is Successful energy and full of blessing⛄
❤16⚡1
Channel photo updated
Let's glow with me in winter season ❄️⛄

Hit the target of your life goals with ME 🎯

#studygrambythel
❤8
ကျော်သွားတော့မလို့လား Wait!!! အခုဝင်ဖတ်လိုက်ပါ 

Media Partnership Announcement
Core of Learning Academia x Study Gram by Thel 

ဘာ‌လဲဆိုတော့👀 မှန်ပါတယ် CoL.A ဟာဆိုရင် ကျောင်းသားလူငယ်တွေရဲ့ Mindset တွေ / Habits တွေကို လမ်းကြောင်းတည့်ပေးနေတဲ့ Study Gram by Thel ဆိုတဲ့ Organization လေးနဲ့ လက်တွဲလိုက်ပါသတဲ့ရှင်🔔 

Study Gram by Thel ဆိုတာကတော့ 

🎯Real glow up tips,  challenge 
🧠Mindset + focus habits
💡Personal,random thinking  
📖Digital planning tips

အစရှိတဲ့ Content တွေကို ပို့ချနေပြီး Project Fifty Journal Challenge နဲ့ Self growing - Self glowing Challenge တွေကိုလည်း အောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်ပေးခဲ့တဲ့ Organization တစ်ခုဆိုလည်း မမှားပါဘူးနော်💖

Core of Learning Academia ကတော့ 

🧑‍🏫Classes and Courses 
📈Skills Up Activities & Challenges 
⭐Knowledge Sharing (Educational & Side) 
💞Volunteer Opportunities 

ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း ပညာဒါနအတန်းတွေ အစရှိသဖြင့် Run နေတဲ့ Academia လေးတစ်ခုဖြစ်ပါတယ်🌱 

ဆိုတော့ ဒီလို ရည်ရွယ်ချက် ကိုယ်စီနဲ့ တည်ထောင်ထားတဲ့ Organization နှစ်ခုရဲ့ Collaboration လေးကတော့ လုံးဝကို Surprise ပါပဲနော်🍃

ရှေ့လျှောက် အတူလက်တွဲသွားမှာတင်သာမက Media Partnership အထိမ်းအမှတ်အနေနဲ့ ဖွင့်လှစ်ပေးသွားမဲ့ Paid Class လေးတစ်ခုလည်း ရှိပါတယ် အသေးစိတ်ကို သိရှိနိုင်ဖို့အတွက် အောက်က Class Information Post လေးကို CoL.A မှာသွားပြီးဖတ်ကြည့်လို့ရပါတယ်နော် 📑

Here Link 💌

”Let’s build our best self — one day at a time”
“This is the core place which is for every learner. CoL.A is always for LEARNERS.” 

#Graphics_by_Kate 
#Content_by_Nway
#studygrambythel
#Core_of_Learning_Academia 
❤4🔥1🥰1🐳1💋1💘1