Thel in Progress
802 subscribers
412 photos
14 videos
3 files
154 links
Thel in Progress

🌱 "I am not perfect yet, but I am growing every day."

✨ Learning
✨ Self-improvement
✨ Glow-up
✨ Becoming the best version of myself
Download Telegram
A day in my life 18 Birthday ✨💗

ဒီနေ့တော့ Officially 18 ပြည့်ခဲ့ပါပြီ 😭🫶 အခုတလော mood က မကောင်းဘူး စိတ်ဓာတ်ကျတာလိုလို ၊ ဟိုဟာဖြစ်တာလိုလို ၊ဒါဖြစ်တာလိုလိုနဲ့ ဖြစ်နေတတ်ပါတယ်၊၊ ဒါကြောင့် ဒီနေ့မှာ မနက်ပိုင်း မှာ mood ကောင်းအောင် ကြိုးစားခဲ့ပေမယ့် နေ့လည်ဘက်မှာ တခြားသူ ပယောဂ နဲ့ စိတ်မကြည် ဖြစ်သွားခဲ့ပါတယ်၊၊ အခုတလော အရမ်းပင်ပန်းနေတာမို့ ဒီနေ့ကောင်းကောင်းမွန်မွန် နေဖို့ လုပ်ထားတာကို တစ်ကယ်ကို ဆိုးရွားပါတယ်😭 Honestly ဒီနေ့ ကောင်းကောင်း မပျော်ခဲ့ရပါဘူး၊၊ ဘာပဲ ဖြစ်ဖြစ် မပျော်ခဲ့ရပေမယ့် တင်ခဲ့လိုက်ပါတယ်၊၊ ဒါကြောင့် moti လေး တစ်ယောက်တစ်ကြောင်းစီ
လောက် ပြန်ပြောပေးခဲ့ကြအုံး 💗✨

#Studygrambythel
#TheFounder
❤16
𓄲 𝐒𝐭𝐚𝐲 𝐂𝐨𝐧𝐧𝐞𝐜𝐭 𝐖𝐢𝐭𝐡 𝐌𝐄 𓄴

Hello 🎀🌸 I’m Thel. Welcome to my private note ✨📖
Here, I share lifestyle tips 🌿, personal reflections 🖋️, and podcast episodes 🎧 — a cozy space for learning and growth 🌙💛.

𐙚 Telegram 𐙚
https://t.me/studygrambythel

𐙚 Youtube 𐙚
https://www.youtube.com/@ACEfulthel

𐙚 TikTok 𐙚
https://vt.tiktok.com/ZSUy1c7Ns/

𐙚 Business Contact 𐙚
@Study_GT

𐙚 Personal Account 𐙚
@iam_queen_card

˖ ࣪ 🦢 ࿐ ♡ ˚ . Thel Journal - Digital Diary

#Studygrambythel
❤6💘1
༊ Self growing - Self glowing ༊

⌗ 2025 မကုန်ခင် Physically & Mentallyကို
Glow up ကြမယ်

2025 ကလည်း ကုန်ဖို့ 2 လ ကျော်လောက်ပဲ ကျန်တော့တာမို့ ၊၊ မကုန်ခင် 2 လ မှာ Study gram by Thel နဲ့ အတူတူ glow up ကြမယ်၊၊

ဒီတစ်ခေါက် challenge လေးက ရက် 30 ပါဝင်မှာ ဖြစ်ပါတယ်၊၊ နောက်တစ်ခုကကြ ဒီ ရက် 30 မှာ အရင်ကနဲ့ မတူ ကြည်လင်တဲ့ မျက်နှာလေး ရဖို့ Face Yoga challenge လေးပါထပ်ထည့် ထားပါတယ်၊၊

စိတ်ကလေးကိုပါ ကြည်လင်စေမယ့် Meditation လေးပါ ထပ်လုပ်ပေးထားပါတယ်၊၊ အသေးစိတ် Challenge မှာ ပါတဲ့ အကြောင်းအရာလေး တွေကို သိချင်ရင် တော့ ဒီ Challenge လေးကို လာ join လှည့်ပါရှင့်၊၊

Challenge လေးအတွက် ၁ ရက် ကို ၁ နာရီ အချိန်ပေးဖို့ တော့ လိုပါလိမ့်မယ်၊၊
ဒီ တစ်ခါ မှာတော့ ရက် ၃၀ တိတိ ကိုယ့်ကိုယ်ကို commitment လုပ်နိုင်မှာ လာရောက် ပါဝင်ဖို့ ပြောချင်ပါတယ်၊၊

ဒီတစ်ခေါက် Challenge လေးမှာ admin တို့ဘက်က စနစ် တကျ လုပ်ပေးထားတာမို့ rules တွေကိုတော့ ချမှတ်ထားပါတယ်၊၊

ကဲ ဒီ challenge လေးကို စိတ်ဝင်စားပြီး ပါဝင်ချင်တယ်ဆိုရင်တော့ @StudygrambyThel_Admin မှာ group link လာရောက် တောင်းယူထားလို့ရပါတယ်၊၊

Member ကလည်း အကန့်အသတ်နဲ့ လုပ်ထားတာမို့ မြန်မြန် လာ join ဖို့တော့ လိုမယ်နော်💌

✓ 100% FREE PROGRAM
✓ Limits Member

Busniess & Collaboration - @StudygrambyThel_Admin

#studygrambythel
#Challenge
#selfcare
#glowup
❤18💘2
💘7❤4
ကွာလတီ ကောင်းကောင်း ပေးချင်တာကြောင့် ဒီတစ်ခေါက် Challenge မှာတော့ လူအရေအတွက် နည်းနည်း နဲ့ပဲ သွားမယ်လို့ စိတ်ကူးပါတယ်၊၊

လာပြီး join တဲ့ သူတစ်ယောက် ချင်းစီတိုင်း အများကြီး မဟုတ်တောင် အရင်က နဲ့ မတူဘဲ ကိုယ်ရဲ့ good transformation တစ်ခု ဖြစ်သွားစေချင်ပါတယ်၊၊

ဒါကြောင့်မို့ အားလုံးကို သေချာ‌ လိုက်ပြီး ဂရုတစိုက် ကြည့်ချင်တာမို့ အရေအတွက် နည်းနည်းနဲ့ လုပ်လိုက်တာပါ၊၊

နောက်ပိုင်းမှာလည်း ကွာလတီ ကောင်းတဲ့ content တွေပဲ သေချာလေးပဲ တင်ချင်တာမို့ ကောင်းကောင်းလေး ပြင်ဆင်နေပါတယ် ၊၊ content အသစ်တွေ အမြဲ မပြတ် ဖတ်ချင်တယ်ဆိုရင် @Studygrambythel ကို Subscribe လုပ်ထားလိုက်တော့နော်၊၊

Self Growing - Self Glowing Challenge Details

𓋜Thel Htet Han

Busniess & Collaboration - @StudygrambyThel_Admin


#Studygrambythel
❤10
Please open Telegram to view this post
VIEW IN TELEGRAM
✨ကိုယ့်ကိုယ်ကို ချီးကျူးစကား ပြောပေးဖို့ မမေ့ပါနဲ့ ✨

ကျွန်မတို့တွေအတွက် တခြားသူကို ချီးကျူးစကား ပြောပေးဖို့က အရမ်းလွယ်ကြပါတယ် ၊၊

တခြား သူက များ တစ်ခုခု လုပ်လိုက်ပြီဆိုရင် ဟယ် သူက တော်လိုက်တာ နော် ဆိုပြီး ပြောတတ်ကြပါတယ် ၊၊

ကိုယ် ကိုယ်တိုင် အသစ်အဆန်း တစ်ခု လုပ်တဲ့ အချိန်တွေ တုန်းက ရော ကိုယ့်ကိုယ်ကို တော်လိုက်တာလို့ ချီးကျူး စကား ပြောဖူးရဲ့လား

တခြားသူကပဲ ကိုယ်ကို ချီးကျူး အားမြှောက်ဖို့ လိုလား နေတုန်းပဲလား ? ကိုယ် ကိုယ်တိုင် တောင် ကိုယ့်ကိုယ်ကို ပြန်ပြီး မချီူးကျူး နိုင်တာ သူများက လာချီးကျူး ပေးမှာလို့ ထင်နေတုန်းလား ၊၊

ကိုယ်တိုင်က ကိုယ့်အပေါ်ကိုယ် ချီကျူးပြီး ဂုဏ်ပြုပေးမှ တခြားသူကလည်း လာပြီး ချီးကျူး ဂုဏ်ပြုပေးကြမှာပေါ့ ၊၊

ဒါကြောင့် အမြဲတမ်း ကိုယ့်ကိုယ်ကို တော်လိုက်တာ နင်လုပ်နိုင်ပြီ အမိုက်ဆုံးပဲ ဆိုတဲ့ ချီးမွမ်း စကားတွေ ပြောဖို့ မမေ့ပါနဲ့၊၊

ဂုဏ်ပြုစကား၊ ချီးမွမ်းစကား ပြောပေးတာက လူတိုင်း သဘောကျတဲ့ အရာတစ်ခုပါ ၊၊ ဒါကြောင့် ကိုယ်ကိုယ်တိုင် အပေါ်ကို လည်း ချီမွမ်းစကား ပြောဖို့ မမေ့ပါနဲ့ရှင့် 💗

𓋜Thel Htet Han


#studygrambythel
❤18
Thel in Progress
Challenge လေးက လူပြည့်ဖို့ 2 ယောက်ပဲ လို့တော့တာမို့ လာပြီ အမြန် join ထားနော် ૮₍˶ᵔ ᵕ ᵔ˶ ₎ა
ဒါလေး လူပြည့်သွား
ပါပြီရှင့် ≽^•˕• ྀི≼૮ join ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်း ကျေးဇူးပါရှင့် 💗
❤8
Forwarded from BONNIE'S EDU ZONE
🌏 မြန်မာကျောင်းသားတွေ အတွက် အွန်လိုင်း Exchange အခွင့်အလမ်း 🇲🇲🇯🇵


Hey guys...
အရင်လို sharing တွေသိပ်မလုပ်ဖြစ်ပေမယ့်၊ ဒီနေ့မှာတော့ online exchange တစ်ခုနဲ့ မိတ်ဆက်ပေးသွားပါ့မယ်၊ Myanmar undergraduate / graduate ကျောင်းသားတွေအတွက် FREE online exchange program ဖြစ်တဲ့ JENESYS2025!

ဘွန်နီကတော့ With the world ကပြုလုပ်ပေးတဲ့ online exchange တွေကို join ခဲ့ဖူးတဲအ‌ေတွ့အကြံုရှိတာမို့ သင့်အနေနဲ့လဲ ဒီ program ကို join လုပ်ပြီးရင် ဂျပန်ယဉ်ကျေးမှုနဲ့ lifestyle ကို virtual နဲ့ ရှုမြင်ခွင့်ရတာ၊ Japanese ကျောင်းသားတွေနဲ့ အတွေ့အကြုံတွေမျှဝေနိုင်တာ အရမ်းကို စိတ်လှုပ်ရှားစရာဖြစ်‌ေစမယ့် program ဖြစ်မယ်ဆိုတာ အာမခံပါတယ်။ အဲ့ဒီအတွေ့အကြုံကြောင့် ကိုယ်တိုင် အသစ်သစ်တွေကို သင်ယူနိုင်မယ်၊ network လည်းကျယ်ပြန့်လာမယ်လို့မြင်မိ့ပါတယ်။ ဆိုတော့ အဓိကအကြောင်းအရာကိုပဲသွားလိုက်ပါမယ်။

Program အကြောင်းအရာ

Dates: Nov 18, 19, 20, 21, 25, 2025

Time: 3:30 PM – 6:00 PM (Myanmar Time)

Mode: Online via Zoom

Participants: Myanmar 40, Japan 8

Languages: Japanese & Myanmar (interpreter available)

Fee: အခမဲ့


ဘာတွေတွေ့ရမလဲ?


Virtual home tour, cultural exchange sessions 🏯

Workshops & mini presentations / performances ( presentation လုပ်ရတဲ့အပိုင်းတွေကလုံးဝပျော်စရာ ကောက်းတာမို့ join ကြည့်စေချင်ပါတယ် )

Japanese students တွေနဲ့ အတွေ့အကြုံ share လုပ်ခြင်း

Who can join?


Myanmar undergraduate / graduate students

Internet connection ကောင်းဖို့တော့လိုပါမယ်နော်။

Program အကြောင်းအရာ လိုက်နာနိုင်ရမယ်။

Social media မှာ အတွေ့အကြုံမျှဝေဖို့ စိတ်ခွံအားရှိရမယ်။

၅ ရက်လုံး တက်ရောက်နိုင်ရမယ်။

Why join?


မေ့မရနိုက်တဲ့ အတွေ့အကြုံကို ရနိုင်မယ်၊ btw.. ဂျပန်ကောင်လေးတွေရော ကောင်မလေးတွေကို မြင်တာနဲ့တင် ပင်ပန်းမှု တစ်သိန်း ပြေပျောက်သွားလိမ့်မယ်၊ အာမခံတယ်၊ ကိုယ်လှည့်မှ ချောချောလေးတွေပါမလာရင်တော့ ကံပေါ့ xD.. 🌟

Japan culture ကို virtual နဲ့ သင်ယူနိုင်မယ်။

International network ဖန်တီးနိုင်မယ်။

Future studies & career မှာ အထောက်အကူဖြစ်မယ်။

How to apply


1. Click this link: Register here


2. Fill in your details carefully


3. Submit before Nov 3, 2025


Many applicants? Lottery selection

🏠 အိမ်မှာနေပြီးပါပဲ, Japan culture ကိုခံစားဖို့ အခွင့်အလမ်းကို လုံးဝမလွတ်ပါနဲ့နော် ၊ Good luck guys 🍀

#MyanmarStudents
#JENESYS2025
#OnlineExchange
#JapanCulture
#Opportunity
#BEZ
#Bonnie
#BONNIESEDUZONE
❤5
Media is too big
VIEW IN TELEGRAM
Only 2 months left in 2025 🌙
2 months is enough to change your whole life — if you start now ✨

#studygrambythel
#lifestyle
#lifestyleupdate
#glowup
#thisvideoOwnbySGT
❤9💘1
💽 sometimes everybody make mistake

🪷We are just tiny specks in this earth — so the mistakes we make are only gentle ripples in an endless ocean. 🌙✨

#studygrambythel
#thelquotes
#Study_GT
💘5❤3
2025 ကုန်ဖို့က 2 လပဲ လို့တော့ တာပါ ✨ ပျော်ဖို့ကောင်းတာက Happy Newyear လုပ်လို့ရ တော့မှာမို့ပါ၊၊ စိတ်မကောင်းစရာကတော့ ဒီနှစ်ထဲ အတွက် goals တွေက အကုန်မပြည့်သေးလို့ပါ

ဘာပဲဖြစ်ဖြစ် နှစ်တစ်နှစ်ကတော့ ကုန်တော့မှာပါပဲ ကောင်းတာပဲ ဖြစ်ဖြစ်ဆိုးတာပဲ ဖြစ်ဖြစ် ကိုယ်လုပ်ခဲ့တဲ့ အရာအတွက် နောင်တရ မနေပါနဲ့တော့

2026 မတိုင်ခင် နှစ်လတောင် ကျန်သေးတာမို့ ဒီနှစ်လအတွင်းမှာ ကိုယ်လုပ်ချင်တဲ့ အရာတွေကို စလုပ်လိုက်တော့ပါ

ထပ်ပြီးမကောင်းတဲ့ အလေ့အကျင့် တွေ မကောင်းတဲ့ လူတွေ နဲ့ Negative energy ဖြစ်နေတဲ့ကိုယ်က စပြီး အတွေးတွေ စိတ်တွေရှင်းလင်းပါ၊၊

နောက်နှစ်လအတွက် ကိုယ်ဖြစ်ချင်တဲ့ အရာတွေအတွက် Vision board လုပ်ကြည့်ပါ၊၊ Vision board လုပ်တာကတော့ လူတိုင်းနဲ့ရင်းနှီးနေမယ်
ထင်ပါတယ်၊၊

အမကိုယ်တိုင်လုပ်ပေးထားတဲ့ Vision board wallpaper လေးကို comment ထဲမှာ share ပေးခဲ့မယ်နော်🌷🍀

Vision board Wallpaper

#studygrambythel
#Study_GT
#lifestyleUpdate
#tips
#sharing
#visionboard
❤10🍓2
Journaling 📝📔

Journal လုပ်တယ်ဆိုတာဘာလဲ?
Journaling ဆိုတာက ကိုယ့်ရဲ့အတွေးတွေ စိတ်ကူးတွေကို၊ ဖြစ်ချင်တာတွေ စာအုပ်ထဲကို ချရေးတာပါ၊၊ကိုယ်ရဲ့ ကိုယ်ပိုင်အတွေးအခေါ် ဒါမှမဟုတ် ကိုယ့်ကို ပြန်ပြီးဆန်းစစ်ဖို့ စာအုပ်ထဲ မှာ ချရေးတာကို ပြောတာပါ ၊၊ ကိုယ့်ရဲ့ တစ်နေ့တာကိုလည်း Journal ရေးလို့ပါတယ်၊၊ ကိုယ့်လာမယ့် နှစ်အတွက် Goals တွေ Vision,Mission တွေ ချတာကိုလည်း journal အနေနဲ့လည်း ရေးလို့ရပါတယ်၊၊

🪞Simple Meaning of Journal
Journaling means writing about your daily life, emotions, or goals to clear your mind and learn more about yourself.

အမှန်တော့လည်း Diary နဲ့ တူတူပဲလို့ပြောလို့ရပါတယ်၊၊ Journaling က Digital Journal Or Book Journal နှစ်မျိုးလုံးမှာ လုပ်လို့ရပါတယ်၊၊ ရိုးရိုးရှင်းရှင်း အနေနဲ့ဆို Journal လုပ်တယ်ဆိုတာက ကိုယ့်မှာ ရှိသမျှ အတွေးတွေ၊ခံစားနေရတာတွေ၊စိတ်ညစ်ရတဲ့ အကြောင်းအရာတွေကို စာအုပ်ထဲ ချရေးလိုက်တာပါပဲ ၊၊

Journal လုပ်လို့ရတဲ့ အမျိုးအစားတွေကတော့ အများကြီးပါ Reflection Journal, Daily Journal, Digital Detox Journal, Gratitude Journal..... ဆိုပြီး အမျိုးအစားတွေ အစုံရှိပါတယ်၊၊ မီးပျက်/နေတာကြောင့် ဒီတစ်ပတ်မှာတော့ Journal ဆိုတာဘာလဲ ဆိုတဲ့ အကြောင်းပဲ ပြောပါအုံးမယ်၊၊ နောက်အပတ်မှ journal အမျိုးအစားတွေ အကြောင်းထပ် ပြောပြပါအုံးမယ်၊၊

ကဲအားလုံးပဲ ဒီနေ့တော့ ဘိုင့်ဘိုင့်နော် 👋
📝Thel Htet Han
📝StudyGT

#Studygrambythel
#journal
#lifestyletips
❤10🍓3
You can see me in there ʕ ·ᴥʔ

https://vt.tiktok.com/ZSyxvrGkY/

#studygrambythel
#lifestyle
❤8
Type of Journal .𖥔˚
& benefit of journaling


အရင်အပတ်က Journaling ဆိုတာဘာလဲ နဲ့ပတ်သတ်လဲပြောခဲ့ပြီးပြီ ဆိုတော့ ဒီတစ်ခေါက် မှာတော့ journal အမျိုးအစားတွေ အကြောင်းနဲ့ journal လုပ်တဲ့အခါ ဘယ်လို အကျိုးကျေးဇူး တွေ ရမလဲ ဆိုတဲ့ အကြောင်းပြောပြ ပေးသွား ပါမယ်ရှင့် ✧

Benefit of Journaling ⋆.˚

journal လုပ်တဲ့ အကျိုးအကျေးဇူးအနေနဲ့ ကိုယ်က ကိုယ့်ရဲ့ အကြောင်းတွေ ကိုပြန်ပြီး reflect လုပ်တာကြောင့်မို့ ကိုယ့်ကိုယ်ကို ပိုပြီး သုံးသပ်နိုင်ပါလိမ့်မယ်၊၊ ရေးတဲ့အခါမှာလည်း ရေးရင်းနဲ့ ကိုယ်ကိုယ်တိုင် သတိမထားမိတဲ့ ကိုယ့်ရဲ့ ကောင်းချင်းဆိုးချင် တွေကိုလည်း ပိုသိလာပါလိမ့်မယ်၊၊
ကိုယ်ရင့်ထဲမှာ ခံစားနေရတဲ့ အရာတွေကို journal လုပ်ပြီး ရေးသားတဲ့အခါက ကိုယ့်ရဲ့ စိတ်က ပေါ့ပါးသွားပါလိမ့်မယ်၊၊ ကိုယ့်တွေ journal ရေးတဲ့အခါ benefit ကတော့ ကိုယ်စိတ်တိုတဲ့ အကြောင်းအရာတွေ၊ ဝမ်းနည်း တဲ့ အကြောင်းအရာတွေကို ချရေးလိုက်တဲ့ အခါ ပိုပြီးခံစားရတာပေါ့ပါးလာပြီး အဆင်ပြေသွားခဲ့ပါတယ်၊၊
ကိုယ်ဘယ်အရာတွေကို focus ထားသင့်လဲ ဘယ်အရာတွေကို letting go လုပ်ရမလဲဆိုတာ တွေကိုလည်း journal လုပ်တဲ့အခါပိုပြီး ရှင်းလင်းသွားပါလိမ့်မယ်၊၊
journal လုပ်တာက ကိုယ့်ရဲ့ ဝမ်းနည်းမှူတွေကို လည်းချရေးလို့ရတယ် ၊ကိုယ်ပျော်ရွှင့်ခဲ့တဲ့ တစ်နေ့တာကို လည်း memory အနေနဲ့ သိမ်းထားလို့ ရတဲ့ အရာတစ်ခုပါ၊၊

Type of Journal ☁︎ ꊞ


Reflective Journal ✰
journal လုပ်တဲ့သူတွေ အများဆုံးလုပ်ကြတဲ့ reflective journal ပါ သူကကိုယ့်ရဲ့ emotion တွေ ကိုယ့်ဘဝ ရဲ့အကြောင်းအရာတွေကို လုပ်လို့ရတဲ့ private journal တစ်ခုပါ၊၊ Whatever ကိုယ်ပြောချင်ပေမယ့် ပြောခွင့်မရလိုက်တဲ့ စကားတွေကိုလည်း ချရေးလို့ ရပါတယ်၊၊ ဒါဆို စိတ်ထဲမှားသိမ်းထားတာထက် journal ထဲမှာရေးလိုက်တာ က ကိုယ်အတွက် ပိုပြီး သက်သာရာ ရစေမယ့် နည်းလမ်းပါ၊၊


Daily Journal ✰
သူကတော့ နေ့စဥ် ကိုယ့်ဖြတ်သန်းတဲ့ အကြောင်းအရာတွေ ကို journal လုပ်တာပါ ၊၊ကျွန်မတို့တွေ ငယ်စဥ်က ကြားခဲ့ဖူးတဲ့ Diary ရေးတယ် ဆိုတာမျိုးပါပဲ ဒီနည်းလမ်းကလည်း လူတိုင်းနီးပါး လုပ်ကြပါတယ် ၊၊ တစ်နေ့တာမှာ ဘာတွေ ဖြစ်တယ် ဘာတွေကိုယ့်စိတ်က ဒီတစ်နေ့တာမှာ ခံစားခဲ့ရလဲဆိုတာမျိုး အစုံ ရေးလို့ရပါတယ်၊၊ နေ့တိုင်းကိုယ့် အကြောင်းကို ဒီလို ရေးတာကြောင့် ကိုယ့်တစ်နေ့တာ အချိန်ဖြုန်း နေလား အကျိုးရှိတဲ့အရာ တွေ လုပ်နေလား ဆိုတာကို ပြန်ဆန်းစစ် ပေးသွားနိုင်မှာပါ၊၊

Gratitude Journal ✰
ဒီ journal ကလည်း လူတိုင်းအတွက် အရမ်းလိုအပ် တဲ့ journal တစ်ခုပါ၊၊ ကျေးဇူးတရား ပွားများတဲ့ journal ပါ၊၊ ကိုယ့်ရဲ့ life နဲ့ပတ်သတ်ပြီး ကိုယ်ကျေးဇူးတင်တဲ့ အကြောင်းအရာတွေ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ အလုပ်အကိုင်တွေကို ကျေးဇူးတင်ပါတယ်ဆို ပြီး ရေးတဲ့ journal တစ်ခုပါ ၊၊ ကိုယ့်ရဲ့ သေးငယ်တဲ့ အရာလေးတွေက စပြီး ကျေးဇူးတင်ကြည့်တာ ကြောင့် ကိုယ့်ကိုယ်ကို ပိုချစ်တတ်လာပြီး အကောင်း မြင်စိတ်တွေ တိုးပွားနိုင်တဲ့ လူတိုင်းလုပ်နိုင်တဲ့ journal အမျိုးအစားတစ်ခုပါ၊၊

Bullet Journal ✰
ကျွန်မ အမြဲလုပ်တဲ့ journal အမျိုးအစားတစ်ခု ပါ၊၊ bullet journal က ကိုယ့်ရဲ့ goals တွေ task တွေကို bullet point ပုံစုံမျိုးလေးတွေ pattern တွေနဲ့ လုပ်တာမျိုးပါ၊၊ သူက ပုံလေးတွေဆွဲပြီး ကိုယ့်ရဲ့ habit tracker တို့ mood tracker တို့ လုပ်တဲ့ journal အမျိုးအစားပါပဲ ၊၊ ကိုယ့်ရဲ့ goals တွေကိုပြန် ဆန်းစစ်နိုင်တဲ့ journal အမျိူးအစားတစ်ခုပါ၊၊

Art Journal ✰
art journalကတော့ ကိုယ့်ရဲ့ feeling တွေ ကောင်းတဲ့ ခံစားချက် ၊မကောင်းတဲ့ ခံစားချက်တွေကို art အနေနဲ့ ပုံဖော်တာမျိုးပါ၊၊ ဘယ်သူမှ မသိတဲ့ ကိုယ့်ရဲ့ ဖန်းတီးနိုင်စွမ်းနဲ့ လုပ်လို့ ရတဲ့အရာမျိုးပါ ၊၊ ဒီ journal ထဲမှာ ကိုယ့်စိတ်ကြိုက် ကိုယ့်အတွေး လွတ်လပ်သလို ပုံဖော်နိုင်ပါတယ်၊၊ ခံစားချက်တွေကို စာနဲ့ ရေးရတာ မကြိုက်ဘဲ art အနေနဲ့ ပုံဖော် ချင်သူတွေအတွက် အရမ်းအဆင်ပြေတဲ့ Journal တစ်မျိုးပါ၊၊

εїз ဒီတစ်ခေါက်အနေနဲ့ Sharing လုပ်ပေးခဲ့တာ journal အမျိုးအစား ၅ ခုအကြောင်းပါ၊၊ ကတစ်ကယ်ကို့ journal ဆိုတာ ကိုယ့်စိတ်ကြိုက် လွတ်လပ်ခွင့် အပြည့်ရတဲ့ ပုံဖော်နိုင်တဲ့ အမျိုးအစား တစ်ခုလို့ ခံယူထားပါတယ် အခုခေတ်က aesthetic ဖြစ်တယ်ဆိုတဲ့ စကားလုံးကပဲ လွှမ်းမိုးနေတာကြောင့် လူတိုင်းက တစ်ကယ်ကို့ လှလှပပလေး လုံးဝ ကို အမိုက်စားဖြစ်မှာ journal လုပ်ရမယ်ဆိုတဲ့ အတွေးမျိုးလေးတွေလည်း ရှိကြမယ်ထင်ပါတယ်
ဒါကြောင့် Aesthetic ဆန်တာက journal မဟုတ်ဘဲ ကိုယ့်ရဲ့ အတွေးတွေကို လွတ်လပ်စွာ ဖွင့်ထုတ်ဖို့အတွက် journal ရေးတာပါ ◡̈


” journal means not aesthetic
it's means whatever you think you can write down & you can creat ”


✍ Content Writer- Thel Htet Han (Study_GT)

#Studygrambythel
#journal
#typeOfjournaling
#benefitOfjournaling
❤5🍓1
What is Journaling ⑅ ♡̷
https://t.me/studygrambythel/624

Type of Journal & benefit of journaling .𖥔˚
https://t.me/studygrambythel/631

#Studygrambythel
#journal
#typeOfjournaling
#benefitOfjournaling
❤6