အင်အား အများအပြားဖြင့် စစ်ကောင်စီတပ်သားများ စစ်တွေနှင့် ကျောက်ဖြူသို့ စစ်သင်္ဘောဖြင့် ထွက်ခွာလာ
Western News| ဒီဇင်ဘာ ၄
လက်နက်ခဲယမ်းအပါအဝင် စက်သုံးဆီ၊ စားသောက်ကုန်များနှင့် စစ်မှုထမ်း တပ်သားသစ်အများအပြားဖြင့် ရန်ကုန်၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှ ရခိုင်သို့ စစ်တပ် ထောက်ပို့ရေယာဉ် ၁ စီး ထွက်ခွာလာကြောင်း ခိုင်လုံသော သတင်းရင်းမြစ်အရ သိရသည်။
အဆိုပါရေယာဉ်သည် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း (ခေါ်) The Myanmar Terminal-TMT ဆိပ်ကမ်းမှ ကျောက်ဖြူ (သို့မဟုတ်) စစ်တွေသို့ ဦးတည် ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ ရေတပ် ထောက်ပို့ရေယာဉ် ပြည်တော်အေး (၃) သင်္ဘောသည် လက်နက်ခဲယမ်း၊ စက်သုံးဆီ၊ စားသောက်ကုန်များ အပါအဝင် စစ်မှုထမ်း တပ်သားသစ်များနှင့် ဒဏ်ရာမှ သက်သာလာသည့် စစ်သားများ ပါဝင်လာခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
အဆိုပါ ရေယာဉ်တွင် စစ်ကား ၇ စီးခန့်ကိုပါ တင်ဆောင်လာပြီး စစ်သားများ ဝတ်ဆင်ထားသော စစ်ဝတ်စုံတွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တံဆိပ်များ၊ တပ်မ ၇၇ တံဆိပ်များနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တံဆိပ်များ တပ်ဆင်ထားကြောင်း သိရသည်။
သတင်းရင်းမြစ်တစ်ဦးက "ဗိုလ်အောင်ကျော် TMT ဆိပ်ကမ်းကနေ ရေတပ်က ထောက်ပို့ ရေယာဉ် ပြည်တော်အေး ၃ သင်္ဘောထွက်ခွာ သွားတယ်။ ကျောက်ဖြူနဲ့ စစ်တွေဘက်ကို သွားတယ်လို့သိရတယ်။ လက်နက် ပစ္စည်း ဒီဇယ်နဲ့ စားသောက်ကုန်တွေ ပါသွားတယ်။
ထို့ပြင် စစ်ကောင်စီတပ်က တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းထားသူများလည်း လိုက်ပါသွားပြီး တိုက်ပွဲများအတွင်း ဒဏ်ရာရကာ ဆေးကုမှု ခံယူပြီး ပြန်လည် သက်သာလာသည့် စစ်ကောင်စီ တပ်သာများလည်း လိုက်ပါသွားကြောင်း သိရသည်။
တပ်တွင်း သတင်းရင်းမြစ်က "စစ်ကား ၇ စီးခန့်နဲ့ ရခိုင်ဘက် တံဆိပ် ၊ တပ်မ ၇၇ တံဆိပ် ၊ ရကတ တံဆိပ်တွေ တပ်ထားတဲ့ စစ်သားတွေ ပါသွားတယ်။ တချို့က ချိုင်းထောက်တွေနဲ့ ဆေးရုံက ဆင်းတဲ့သူတွေ ပြန်ပို့တာလည်း ပါတယ်။ တချိုတွေက စစ်မှုထမ်းတွေ" ဟု ပြောဆိုသည်။
ရခိုင် စစ်မြေပြင်တွင် စစ်ရှုံနေသည့် စစ်ကောင်စီသည် ရခိုင်စစ်မြေပြင်သို့ လေကြောင်း ရေကြောင်းမှတစ်ဆင့် စစ်အင်အားဖြည့်တင်းပြီး AA ၏ ထိုးစစ်ကို ခုခံကာကွယ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သတင်းရင်းမြစ်များက ပြောသည်။
Western News-WN
#Westernnews #ရခိုင် #စစ်မူထမ်းတပ်သား #ကျောက်ဖြူ #စစ်သင်္ဘော
ပုံစာ- ကော့သောင်းတွင် စစ်မှုထမ်း တပ်သားသစ်များကို တင်ဆောင်ထွက်ခွာသွားခဲ့သည့် စစ်သင်္ဘော။ (ပုံအဟောင်း)

👍17😁14👎2👏2
■ စစ်အုပ်ချုပ်ရေးကြေညာချက်ကြောင့် တောင်ကိုရီးယားသမ္မတ ရာထူးကချက်ချင်း နုတ်ထွက်ရန် အတိုက်အခံပါတီ တောင်းဆို
Western News| ဒီဇင်ဘာ ၄
စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတ Yoon Suk Yeol သမ္မတရာထူးက ချင်းချင်းနုတ်ထွက်သွားရန် အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီ DP က တောင်းဆိုလိုက်သည်။
ယမန်နေ့ ဒီဇင်ဘာလ ၃ ရက် ညနေက တောင်ကိုရီးယားသမ္မတမှာ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာခဲ့သော်လည်း အမျိုးသားလွှတ်တော်အမတ်များက မဲခွဲဆုံးဖြတ်ကာ စစ်အုပ်ချုပ်ရေးပယ်ဖျက်ခဲ့ပြီးနောက် သမ္မတကလည်း စစ်အုပ်ချုပ်ရေးကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။
ထိုကြောင့် လက်ရှိ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol အနေဖြင့် ကိုယ်ပိုင်ဆန္ဒ နုတ်ထွက်ခြင်းမပြုပါက စွပ်စွဲပြစ်တင်ခြင်းလုပ်ငန်းစဉ်များကို ချက်ချင်းစတင်ဆောင်ရွက်သွားမည်ဟု အတိုက်အခံပါတီ DP ဖက်က သဘောထားထုတ်ပြန်ထားသည်။
Yoon ၏ စစ်အုပ်ချုပ်ရေးကြေညာမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်းဖြစ်သည်” ဟု DP က ပြောသည်။
“သမ္မတ စစ်အုပ်ချုပ်ရေးကြေညာချက်ဆိုင်ရာ ပြဌာန်းထားတဲ့ ဥပဒေတွေချိုးဖောက်ခဲ့တာဖြစ်လို့ ဒါဟာ ထင်ရှားတဲ့ နိုင်ငံတော် ပုန်ကန်မှုလည်းဖြစ်တယ်" ဟု လွှတ်တော် အရေးပေါ်အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် DP တာဝန်ရှိသူများက ဆိုသည်။
အရေးပေါ် အစည်းအဝေးမှာ လွှတ်တော်က စစ်အုပ်ချုပ်ရေး ပြန်လည်ရုပ်သိမ်းရန် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ တောင်ကိုရီးယားသမ္မတရုံးက ဝန်ထမ်းအရာရှိချုပ်နှင့် အမျိုးသားလုံခြုံရေးအကြံပေးတို့ အပါအဝင် ဝန်ထမ်းအကြီး ၁၀ ဦးနုတ်ထွက်ခဲ့ကြောင်း သိရသည်။
သမ္မတက ဥပဒေချိုးဖောက်ပြီး စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းမှာ ၎င်းတို့ တာဝန်မကင်းဟု ခံစားရခြင်းကြောင့် ဝန်ထမ်းအကြီးအကဲများက ယခုလို နုတ်ထွက်စာတင်ရခြင်းဖြစ်သည်ဟု တောင်ကိုရီးယား သတင်းများက ဖော်ပြကြသည်။
လက်ရှိ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol အနေဖြင့် ၎င်း၏ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ရခြင်းသည် အတိုက်အခံ ပါတီနှင့် လွှတ်တော်အမတ်များက မြောက်ကိုရီးယားကို အားပေးနေသလို ၎င်းတို့အစိုးရအဖွဲ့ အုပ်ချုပ်၍မရအောင် လုပ်ဆောင်နေခြင်းကြောင့် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။
ပုံစာ - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော်ရှေ့တွင် သမ္မတ Yoon Suk Yeol ရာထူးမှဆင်းပေးရန် အတိုက်အခံ ဒီမိုကရက်တစ်ပါတီ၏ခေါင်းဆောင် Park Chan-dae မိန့်ခွန်းပြောနေစဉ်။
Ref: Yonhap News Agency
#WesternNews #WN #တောင်ကိုရီးယား #စစ်အုပ်ချုပ်ရေးအမိန့်ကြေညာ #လွှတ်တော်ကန့်ကွက် #သမ္မတပြန်လည်ရုပ်သိမ်း #YoonSukYeol

👍19🔥5❤2
Media is too big
VIEW IN TELEGRAM
■ စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုလားကြောင်း MNDAA ပြော
(သို့သော်လည်း စစ်ကောင်စီက နိုင်ငံအနှံ့ ဝေဟင်နှင့် မြေပြင် ထိုးစစ်ကို ရပ်တန့်ရန်လိုအပ်)
Western News| ဒီဇင်ဘာ ၄
#WesternNews #WN #MNDAA #ငြိမ်းချမ်းရေးကမ်းလှမ်း #တရုတ်အစိုးရ #စစ်ကောင်စီ
YouTube: https://youtu.be/PsKGo1qNgDg
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news

👍12😁2❤1🖕1
■ မြေပုံက မွတ်ဆလင်ဒုက္ခသည်စခန်းတွင် အဟာရချို့တဲ့၍ သေဆုံးသူ အမျိုးသမီး ၃ ဦးထိရှိလာ
Western News| ဒီဇင်ဘာ ၄
ရခိုင်ပြည် မြေပုံမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းတွင် အဟာရချို့တဲ့မှုကြောင့် သေဆုံးသူ အမျိုးသမီး ၃ ဦးထိရှိလာကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
သေဆုံးမှုမှာ ပြီးခဲ့သည့် စက်တင်ဘာလထဲက ၂ ဦးနှင့် နိုဝင်ဘာလထဲက ၁ ဦးတို့ဖြစ်ပြီး စက်တင်ဘာလအတွင်းသေဆုံးသူ ၂ ဦးမှာ အသက် ၆၀ အရွယ်ရှိ ယော်နီဆာဆိုသူအမျိုးသမီးနှင့် အသက် ၅၀ ကျော်အရွယ်ရှိ ဒါဟိိုင်မာဆိုသူဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်နေ့က သေဆုံးသူမှာ အသက် ၃၀ အရွယ် အမျိုးသမီးငယ်တစ်ဦးတို့ဖြစ်သည်။
သေဆုံးသူ ၃ ဦးလုံးမှာ စခန်းတွင် အနွမ်းပါးဆုံးအုပ်စုထဲမှဖြစ်ကြပြီး စခန်းတွင် ထောက်ပံ့မှုမရကြသည့်နောက်ပိုင်း စားနပ်ရိက္ခာ ကျပ်တည်းကြရာမှ အဟာရချို့တဲ့ကာ သေဆုံးကြရခြင်းဖြစ်သည်ဟု စခန်းမှာ တာဝန်ရှိအမျိုးသမီးတစ်ဦးက ပြောသည်။
"စခန်းမှာက အကုန်လုံးကတော့ ဒုက္ခသည်တွေပါပဲ။ ဒါပေမယ့် သူတို့တွေက ဒုက္ခသည်တွေထဲက ဒုက္ခသည်တွေဖြစ်နေတယ်။ အရင်က အထောက်ပံ့လေးတွေမှီပြီး စားကြသောက်ကြရတယ်။ အခုမရတော့ ကျပ်တည်းပြီး မစားရမသောက်ရ တချောင်ချောင်နဲ့ဖြစ်ပြီး နောက်ပိုင်း သေကြတဲ့အထိဖြစ်သွားတာ" ဟုပြောသည်။
သေဆုံးသူအမျိုးသမီး ၃ ဦးလုံးမှာ မည်သည့်ရောဂါအခံမှ မရှိကြကြောင်းနှင့် အစာအဟာရ ချို့တဲ့လာကြပြီး နောက်ပိုင်း အိပ်ရာထဲလဲကာ သေဆုံးသွားကြခြင်းဖြစ်သည်ဟု စခန်းနေသူများက ပြောဆိုကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလထဲက သေဆုံးသူအမျိုးသမီးဆိုလျှင် ရိက္ခာထောက်ပံ့မှု မရရှိသည့်နောက်ပိုင်း တောင်းရမ်းစားသောက်ရင်း သေဆုံးသွားရခြင်းဖြစ်သည်ဟု စခန်းနေ အမျိုးသားတစ်ဦးက ပြောသည်။
"ထောက်ပံ့မှုမရတော့ သူက တောင်းရမ်းစားသောက်တယ်။ သူ့မှာ ကလေးတွေလည်းရှိတယ်။ သူက စခန်းထဲမှာလည်း ပတ်ပြီးတောင်းသေးတယ်။ အကုန်လုံးက ကိုယ့်ဒုက္ခနဲ့ကိုယ်ဆိုတော့ သိပ်လည်း ဂရုမစိုက်နိုင်ကြပါဘူး။ နောက် နေမကောင်းလည်းဖြစ်လာတယ်။ နေမကောင်းဖြစ်ရင်လည်း သူကမြို့ပတ်ပြီးတောင်းတယ်။ သူ့ကလေးတွေစားဖို့က ရှိသေးတော့လေ။ နောက်တော့ အိပ်ရာထဲလဲပြီး သေသွားရတာပဲ" ဟု ပြောသည်။
မြေပုံမွတ်ဆလင် ဒုက္ခသည်စခန်းမှာ အဟာရချို့တဲ့မှုကြောင့် လက်ရှိ သေဆုံးသူများအပြင် အဟာရချို့တဲ့နေသည့် ကလေးငယ်များလည်း ထပ်မံရှိလာနေကြောင်းသိရသည်။
မြေပုံ မွတ်ဆလင်ဒုက္ခသည်စခန်းမှာ WFP ၏ ကာလရှည်ကြာထောက်ပံ့မှုရပ်တန့်နေမှုကြောင့် များစွာကျပ်တည်းလျှက်ရှိနေကြပြီး မိသားစုစားဝတ်နေရေးအတွက် စခန်းမှာ ထွက်ခွာသူများလည်း တစ်စတစ်စများလာနေကြောင်း စခန်းတွင်းနေထိုင်သူများက ပြောကြသည်။
ယင်းအပြင် အဆိုပါ မွတ်ဆလင်ဒုက္ခသည်စခန်းမှာ မိသားစု ၆၀၀ ကျော် လူဦးရေ ၃၀၀၀ ကျော်ရှိပြီး လူကြီး၊ လူငယ်မကျန် တစ်ခုလုံးနီးပါး ခန္ဓာကိုယ်ယားယံခြင်း၊ အဖုအပိမ့်များ ဖြစ်ပွားကာ အရေပြားရောဂါဝေဒနာ ခံစားနေကြရကြောင်းလည်း သိရသည်။
မြေပုံမွတ်ဆလင်ဒုက္ခသည်စခန်းသည်၂၀၁၂ ပဋိပက္ခဖြစ်ပွားပြီးနောက် ပေါ်ပေါက်လာသော ဒုက္ခသည်စခန်းတစ်ခုဖြစ်ပြီး မြေပုံမြို့အပြင်ဘက် မြို့၏တောင်ဘက်တွင်တည်ရှိကြောင်း သိရသည်။
ပုံစာ - ရခိုင်ပြည် မြောက်ပိုင်းက မွတ်ဆလင်များအားတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)
#WesternNews #WN #မွတ်ဆလင်ဒုက္ခသည် #အစာအဟာရချို့တဲ့ #အမျိုးသမီးများသေဆုံး #မြေပုံမြို့နယ် #အကူအညီများလိုအပ်

👍17😢12🥴5❤2👏1
Media is too big
VIEW IN TELEGRAM
■ ရခိုင်မှာ ယခုနှစ် မိုးစပါးအထွက်နှုန်း ကျဆင်း
Western News| ဒီဇင်ဘာ ၄
#WesternNews #WN #ရခိုင် #လယ်သမားများ #မိုးစပါး #အထွက်နှုန်းကျ #စပါးဈေးလည်းမကောင်း #မြေဩဇာများဈေးကြီး
YouTube: https://youtu.be/amE9_RcEOKY
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Western News| ဒီဇင်ဘာ ၄
#WesternNews #WN #ရခိုင် #လယ်သမားများ #မိုးစပါး #အထွက်နှုန်းကျ #စပါးဈေးလည်းမကောင်း #မြေဩဇာများဈေးကြီး
YouTube: https://youtu.be/amE9_RcEOKY
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
👍17😨2❤1🔥1👏1
■ ရခိုင်မှာ မြို့အားလုံးနီးပါး ဖုန်းလိုင်း ထပ်မံပြတ်တောက်
(ယခု ဖုန်းလိုင်းပြတ်တောက်မှု လကြာရှည်ပြတ်တောက်နိုင်)
Western News| ဒီဇင်ဘာ ၄
ရခိုင်တွင် တပြည်နယ်လုံး အတိုင်းအတာအနေဖြင့် မြို့အားလုံးနီးပါးတွင် မိုဘိုင်းဖုန်းလိုင်းပြတ်တောက်နေမှု သီတင်း ၂ ပတ်ကျော်ခန့်အကြာရှိလာနေပြီဖြစ်ရာ ကာလကြာရှည်စွာ ဖုန်းလိုင်းပြတ်တောင်မည်ကို ပြည်သူများစိုးရိမ်လျှက်ရှိနေကြကြောင်း သိရသည်။
မိုဘိုင်းဖုန်းလိုင်းမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းအချိန်မှစ၍ ပြတ်တောက်သွားခြင်းဖြစ်ပြီး စစ်တွေမြို့နှင့် ဂွမြို့နယ်ဘက်၊ စစ်တွေကမ်းနှင့်နီးသည့် ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကျေးရွာအချို့မှလွဲလျှင် တပြည်နယ်လုံးနီးပါး ပြတ်တောက်နေခြင်းဖြစ်သည်။
ထိုကဲ့သို့ ဖုန်းလိုင်းပြတ်တောက်နေမှုမှာ သီတင်း ၂ ပတ်ကျော်အကြာခန့်ရှိလာသည်နှင့်အမျှ ဒေသနေပြည်သူများမှာ အခက်ခဲများစွာဖြင့်ကြုံလျှက် ရှိနေကြရသည်။
မြေပုံမြို့နယ်မှ ဒေသခံတစ်ဦးက ဖုန်းလိုင်းပြတ်တောက်နေမှုကြောင့် ဖြစ်ပေါ်နေသည့် အခက်ခဲများနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။
"ဖုန်းလိုင်းမရတော့ အစစအရာရာ အခက်ခဲပေါ့။ ဘယ်သွားသွား ဘာလုပ်လုပ် အဆက်သွယ်ပြတ်နေတော့ ဘာတစ်ခုမှ အဆင်မပြေဘူး။ ခုတစ်ခေါက်ပြတ်တာက တော်တော်ကြာနေတော့ လူတွေက စိုးရိမ်လာကြတယ်။ ပြန်ရမှရပါတော့မလားလို့။ ဘာဖြစ်လို့ပြတ်တယ်လို့လည်း သေချာမသိကြဘူးလေ" ဟု ပြောသည်။
မိုဘိုင်းဖုန်းလိုင်းပြတ်တောင်မှုမှာ လက်ရှိ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေသည့် အမ်း-ပဒါန်းဖက်ရှိ MPT မိုဘိုင်းတာဝါတိုင်မှာ လက်နက်ကြီး ကျရောက်ခဲ့မှုကြောင့် ပျက်စီးသွားရာမှ ဖုန်းလိုင်းပြတ်တောက်သွားရခြင်းဖြစ်ကြောင်း ဒေသနှင့်နီးစပ်သူထံမှ သိရသည်။
ရခိုင်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ ဒုတိယအကြိမ်မြောက် တကျော့ပြန်တိုက်ပွဲ စတင်ချိန်ကစ၍ အင်တာနက်အပါအဝင် ဒေသအနှံ့မိုဘိုင်းဖုန်းလိုင်းပြတ်တောက်မှုများရှိခဲ့ပြီး လက်ရှိတွင် တပြည်နယ်လုံးနီးပါး ဖုန်းလိုင်းကြာရှည်ပြတ်တောက်နေခြင်း ဖြစ်သည်။
တချို့ဒေသများတွင်မူ မိုဘိုင်းဖုန်းလိုင်းများရရှိမှုရှိကြသော်လည်း ဖုန်းခေါ်ဆို၍မရသည့် အနေအထားမျိုးများလည်းရှိကြောင်း မြောက်ဦးနယ်ခံတစ်ဦးက ပြောသည်။
"ဒီဘက်နေရာတချို့မှာတော့ ဖုန်းလိုင်းရတာတွေရှိတယ်။ ဒါပေမယ့် ဖုန်းခေါ်မရဘူး။ ဖုန်းလိုင်းကတော့ တိုင်အပြည့်တက်နေတယ်။ ခေါ်ရင်ပြန်ကျသွားတယ်။ တစ်ချို့ဆို ဖုန်းလိုင်းရတယ်ဆိုပြီး အဝေးကြီးကနေ ပိုက်ဆံတွေအကုန်ခံပြီးလာကြတယ်။ ဖုန်းဆက်လို့ မရသွားရှာဘူး။ ဒီအတိုင်းကြာကြာ ပြတ်နေမှာကိုပဲ စိုးရိမ်နေရတယ်။" ဟု ပြောသည်။
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့မှာ တောင်ကုတ်၊ ဂွနှင့် အမ်းမြို့တို့၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြဆဲဖြစ်ပြီး ဒေသ၏ကုန်စည်စီးဆင်းရာ လမ်းကြောင်းများမှာလည်း ဆက်လက်ပိတ်ဆို့ခံထားကြရဆဲဖြစ်ကာ ဒေသနေသူများမှာ အဆိုပါအခက်ခဲများနှင့် မိုဘိုင်းဖုန်းလိုင်းပြတ်တောက်နေမှုအခြေနေကြား များစွာအခက်ခဲများဖြစ်ပေါ်လျှက်ရှိနေကြရသည်။
#WesternNews #WN #ရခိုင် #ဖုန်းလိုင်းပြတ်တောက် #တိုက်ပွဲပြင်းထန် #ဒေသခံပြည်သူများ #ဆက်သွယ်ရေးခက်ခဲနေကြ #တာဝါတိုင်းလက်နက်ကြီးကျပျက်စီး

👍20👎4👏3🔥2
Media is too big
VIEW IN TELEGRAM
■ မြေပုံက မွတ်ဆလင်ဒုက္ခသည်စခန်းတွင် အဟာရချို့တဲ့၍ သေဆုံးသူ အမျိုးသမီး ၃ ဦးထိရှိလာ
Western News| ဒီဇင်ဘာ ၄
#WesternNews #WN #မွတ်ဆလင်ဒုက္ခသည် #အစာအဟာရချို့တဲ့ #အမျိုးသမီးများသေဆုံး #မြေပုံမြို့နယ် #အကူအညီများလိုအပ်
YouTube: https://youtu.be/1OtF6DwWgio
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Western News| ဒီဇင်ဘာ ၄
#WesternNews #WN #မွတ်ဆလင်ဒုက္ခသည် #အစာအဟာရချို့တဲ့ #အမျိုးသမီးများသေဆုံး #မြေပုံမြို့နယ် #အကူအညီများလိုအပ်
YouTube: https://youtu.be/1OtF6DwWgio
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
👍11🔥2😢2👏1
■ ၂၀၂၅ မတ်လကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း စစ်ကောင်စီ ထုတ်ပြန်
Western News| ဒီဇင်ဘာ ၄
နိုင်ငံအနှံ့တိုက်ပွဲပြင်းထန်နေချိန် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းကို အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။
လာမည့် ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပပြုလုပ်သွားမည်ဟု စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် အသိပေးထားသည်။
မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီဝဗေဒ/ဘောဂဗေဒ စသည့် ဘာသာရပ်များကို အစဉ်လိုက်အတိုင်း ဖြေဆိုရမည်ဖြစ်ပြီး အချိန်က နံနက် ၉ နာရီမှ ၁၂ နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ မေ ၂၃ ရက်မှ ဇွန် ၅ ရက်အထိ ကျောင်းအပ်နှံသူ ၆၇၉၂၃၆၂ ဦး ရှိကြောင်း စစ်ကောင်စီက ဇွန် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ တက္ကသိုလ်ဝင်စာမေးပွဲမှာ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်အတွင်း ကျင်းပပြုလုပ်နိုင်ခြေ အလွန်နည်းသည်ဟု ရခိုင်ပညာရေးအသိုင်းအဝိုင်းထဲက တစ်ဦးက ပြောသည်။
"ကျနော်တို့ ရခိုင်မှာတော့ စစ်ကောင်စီ တက္ကသိုလ်ဝင်စာမေးပွဲက ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ တိုက်ပွဲတွေကြောင့် ကျောင်းသားတွေ ကျောင်းမတက်လိုက်ရဘူး။ စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့တွေမှာလည်း စစ်ရှောင်တွေ အရမ်းများတော့ ကျောင်းသားက မရှိသလောက်ပါပဲ။ ဒါပေမယ့် အဲဒီမြို့တွေလည်း တိုက်ပွဲ မကြာခင်ဖြစ်လာကြမှာဆိုတော့ တက္ကသိုလ်ဝင်စာမေးပွဲ မဖြစ်နိုင်သလောက်ပါပဲ” ဟု ပြောသည်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စသည့် မြို့ပေါ်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျေးလက်ဒေသများအားလုံးကို အာရက္ခတပ်တော် AA က ထိန်းချုပ်သိမ်းပိုက်ထားပြီဖြစ်သည်။
မောင်တော၊ တောင်ကုတ်၊ အမ်းနှင့် ဂွမြို့နယ်တို့တွင် ယနေ့အချိန်အထိ တိုက်ပွဲပြင်းထန်လျှက်ရှိပြီး အဆိုပါဒေသများတွင် အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ လုံးဝမရှိတော့သည့် နယ်မြေဖြစ်သွားကြပြီဖြစ်သည်။
ရခိုင်ပြည်အတွင်းက ကျန်မြို့နယ်များမှာမူ အာရက္ခတပ်တော် AA က ၂၀၂၄ အစောပိုင်းကာလများတွင် သိမ်းပိုက်ထားပြီးပြီလည်းဖြစ်သည်။
အလားတူ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ချင်းပြည်၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင်နီ စသဖြင့် ဒေသများတွင်လည်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတို့ နေ့စဉ်နှင့်အမျှ တိုက်ပွဲပြင်းထန်လျှက်ရှိနေပြီး မြို့တော်ကြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့မှာပင်လျှင် ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားလျှက်ရှိသည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့်လည်း မြန်မာနိုင်ငံအနှံ့ တိုင်းနှင့်ပြည်နယ်အားလုံးတွင် နေ့စဉ် ဗုံးအလုံးရေ ထောင်နှင့်ချီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ၏ တက္ကသိုလ်ဝင်စာမေးပွဲမှာ အလွန်စိုးရိမ်ဖွယ်ကောင်းကြောင်း သိရသည်။
#WesternNews #WN #စစ်ကောင်စီ #ဗုံးကြဲတိုက်ခိုက် #တက္ကသိုလ်ဝင်စာမေးပွဲ #မတ်လကျင်းပမည် #ပညာရေး

😁13👍8👏2❤1
■ ဘန်ကောက် ကားပစ္စည်းရုံတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် တစ်ဦး ထိုင်းဘတ် ၁၃,၀၀၀ တောင်းခံနေ၍ မြန်မာအလုပ်သမား ၄၀၀ ကျော် ဆန္ဒပြ
Western News| ဒီဇင်ဘာ ၄
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စမွန်ပကန်ခရိုင်ရှိ ကားပစွည်းထုတ်လုပ်ရေးစက်ရုံတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်အတွက်ဟုဆိုကာ တစ်ဦးလျှင် ထိုင်းဘတ် ၁၃၀၀၀ တောင်းခံနေ၍ မြန်မာအလုပ်သမား ၄၀၀ ကျော်ဆန္ဒပြကြကြောင်း အလုပ်သမားများက ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ ဘန်ကောက်မြို့၊ စမွန်ပကန်ခရိုင် စွယ်ပီတာအနီးရှိ CH AUTO PART ကုမ္ပဏီ၏ ကားပစွည်းထုတ်လုပ်ရေးရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၄၀၀ ကျော်ထံမှ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်အတွက် စက်ရုံကိုယ်စားလှယ်က တစ်ဦးလျှင် ထိုင်းဘတ် ၁၃၀၀၀ အထိ တောင်းခံနေသည်။
နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ကုန်ကျစရိတ်သည် ထိုင်းဘတ် ၈၅၀၀ ဝန်းကျင်သာ ကုန်ကျသော်လည်း ထိုင်းဘတ် ၁၃၀၀၀ အထိ တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။
ဆန္ဒပြရာတွင် ပါဝင်သည့် မြန်မာလုပ်သား တစ်ဦးက "သူတို့ကတော့ တောင်းတဲ့စျေး မပေးရင် အလုပ်ထုတ်မယ်လို့ခြိမ်းခြောက်ပါတယ်။ မြန်မာအလုပ်သမား ခေါင်းဆောင်ရယ် ထိုင်းရယ်ပေါင်းပြီး ဖြတ်စားဖို့လုပ်တာ။ တကယ့်ကုမ္ပဏီက မသိဘူး။ အောက်ခြေက ဖြတ်စားဖို့ လုပ်နေတာ မြန်မာဘက်က ဖြတ်စားဖို့ လုပ်နေတာက ချစ်ကိုလတ်၊ အဝမ် နဲ့ ထိုင်းလူမျိုးက နာမည်မသိဘူး"ဟု ပြောသည်။
လတ်တလောတွင် ညှိနှိုင်းခြင်း လုပ်ဆောင်ရန် ပြောဆိုထားသော်လည်း ဆက်လက်၍ မတရားကောက်ခံကာ ခြိမ်းခြောက်နေပါက ဆန္ဒပြမှုများ ဆက်တိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားများက ပြောဆိုကြသည်။
#WesternNews #WN #မြန်မာအလုပ်သမားများ #ထိုင်း #ဘန်ကောက် #နိုင်ငံကူးလက်မှတ် #သက်တမ်းတိုး #ငွေပိုတောင်း #ဆန္ဒပြ

👍23❤4👏3