Than Lwin Khet News
15.7K subscribers
2.98K photos
1.62K videos
4 files
3.64K links
အချိန်နှင့်တပြေးညီ သတင်းမှန်များတင်ဆက်ရန်
Download Telegram
မြစ်ကြီးနားမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်ကာ ဒေသခံအချို့ ပိတ်မိနေ
**
ထွယ်
ဇူလိုင် ၁၊ ၂၀၂၄။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြစ်ရေသည် စိုးရိမ်ရေမှတ် ကျော်လွန်ကာ ရပ်ကွက်တချို့တွင်ဒေသခံအချို့လည်းပိတ်မိနေဟု ဒေသခံများထံက သိရသည်။

****
Telegram - > https://t.me/ThanLwinKhetNews/4895
YouTube -> https://youtu.be/wUXdJYTpAwY?si=wEl68-owV0YdDt58
Website -> https://thanlwinkhet.net/?p=10641
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြားသတင်းများ
*******

သံလွင်ခက်
ဇူလိုင် ၁၊ ၂၀၂၄။

သံလွင်ခက်သတင်းဌာနက နေ့စဥ်တင်ဆက်နေကျဖြစ်တဲ့ မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြား သတင်းများ အစီအစဥ်မှာ ဒီကနေ့အတွက်တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ချောင်းဦးမြို့နယ်မှာ ခရီးသည်တင်ကားတွေ တိုက်ခိုက်ခံရမှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့လက်ချက်လို့ စစ်ကောင်စီထုတ်ပြန်တဲ့သတင်း
- ဆန်စပါးလုပ်ငန်းရှင် ၁၁ဦးကို စစ်ကောင်စီ ဖမ်းဆီးထားတဲ့အကြောင်း
- မိုးကုတ်မြို့နယ် ရွှေမျက်ဝန်းစခန်းကို TNLA သိမ်းပိုက်လိုက်တဲ့သတင်း
- တွင်းငယ်-မိုးမိတ်လမ်းပိုင်းကို PLAက ထိန်းချုပ်လာနိုင်တဲ့အကြောင်း
- ညောင်လေးပင်ခရိုင်မှာ ၆လအတွင်း စစ်ကောင်စီဘက်က ၂၇၀ ကျော်သေဆုံးခဲ့တဲ့ သတင်းတွေပဲဖြစ်ပါ တယ်။
****
Telegram - > https://t.me/ThanLwinKhetNews/4867
YouTube -> https://youtu.be/XcV_Evnxfdc
Website -> https://thanlwinkhet.net/?p=10560
Media is too big
VIEW IN TELEGRAM
လွတ်မြောက်ဖို့ လက်တကမ်းအကွာက အနောက်ဘက်တြိဂံဒေသ(ကရင်ဘာသာ)
*************
သံလွင်ခက်

ပြီးခဲ့တဲ့ရက်ပိုင်းမှာ အာရက္ခတပ်တော်AAက မောင်တောမြို့ပေါ် စစ်ဆင်ရေး စတင်တော့မယ်လို့ အတိအလင်း ကြေညာထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ မောင်တောမြို့ကိုသာ ထိန်းချုပ်နိုင်ခဲ့ရင် နှစ်နိုင်ငံနယ်စပ်ဒေသကို အလုံးစုံထိန်းချုပ်နိုင်မှုနဲ့အတူ ရွှေ့ပြောင်းဘင်္ဂလီရိုဟင်ဂျာကိစ္စ ဆွေးနွေးမှုအပိုင်းမှာ AAက အခရာဖြစ်လာမှာပါ။
ဒါ့အပြင် မောင်တောမြို့နယ်ကိုသာ သိမ်းပိုက်နိုင်ခဲ့ရင် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ကလွဲရင် ပြည်နယ်မြောက်ပိုင်း မြို့နယ်၈ခုလုံးဟာ စစ်ကောင်စီ ကင်းစင်တဲ့နယ်မြေ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။


***
Telegram - > https://t.me/ThanLwinKhetNews/4867
YouTube -> https://youtu.be/y3x31h_SujM
Website -> https://thanlwinkhet.net/?p=10560
ကော်သူးလေသစ်ပင်စိုက်လ (Kawthoolei Tree Plantation Month) အထိမ်းအမှတ်ပွဲ ကျင်းပ
***********

ဇူလိုင် ၂ ၊ ၂၀၂၄

ပျက်စီးလာတဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်အထောက်အကူ ပြုနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကော်သူးလေ သစ်ပင် စိုက်ပွဲအခမ်းအနားကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ဖလူးကျေးရွာအနီးမှာ မနေ့က ကျင်းပခဲ့ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း သစ်တောဖုန်းလွှမ်းမှု ပြန်လည်များပြားလာပြီး သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းမှုကို လျှော့ချနိုင်ဖို့ အတွက်ရည်ရွယ်ပြီး ဒီသစ်ပင်စိုက်ပွဲကို ကျင်းပရတာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်း အရုံး (KNU) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီသစ်ပင်စိုက်ပွဲကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော့ကရိတ်မြို့နယ်ဥက္ကဌ၊ ကော့ကရိတ်မြို့နယ်သစ် တောဌာနမှူး၊ ရပ်မိရပ်ဖတွေအပါအဝင် ရွာသူကျေးရွာသားများ စုပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲကို ပူးပေါင်းပါဝင်ခဲ့ကြပါ တယ်။

ဓါတ်ပုံ -ဖေငယ်/ သံလွင်ခက်။

****
Telegram- > https://t.me/ThanLwinKhetNews/4908
YouTube -> https://youtu.be/wUXdJYTpAwY?si=wEl68-owV0YdDt58
Website -> https://thanlwinkhet.net/?p=10665