Than Lwin Khet News
15.9K subscribers
2.97K photos
1.45K videos
4 files
3.47K links
အချိန်နှင့်တပြေးညီ သတင်းမှန်များတင်ဆက်ရန်
Download Telegram
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြားသတင်းများ
*******

သံလွင်ခက်
ဇွန် ၁၁၊ ၂၀၂၄။

သံလွင်ခက်သတင်းဌာနက နေ့စဥ်တင်ဆက်နေကျဖြစ်တဲ့ မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြား သတင်းများ အစီအစဥ်မှာ ဒီကနေ့အတွက်တင်ဆက်ပေးမယ့် သတင်းတွေကတော့

- မေလအတွင်း စစ်ကောင်စီဘက်က ၄၅ဦး အလင်းဝင်လာတဲ့ သတင်း
- တနိုင်းမြို့နယ်က စစ်ကောင်စီစခန်းတစ်ခုကို KIAသိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်း
- မတ္တရာမှာ စစ်ကောင်စီတပ်ရင်းမှူးလိုက်ပါလာတဲ့ကာ မိုင်းဆွဲခံရတဲ့သတင်း
- ဆင်ခေါင်းရွာမှာ စစ်ကောင်စီကြောင့် အရပ်သား ၁၄ဦး သေဆုံးခဲ့ရတဲ့အကြောင်း
- မြဝတီမှာ ကုန်သွယ်မှု အခက်အခဲကြောင့် ကုန်ဈေးနှုန်း မြင့်တက်နေတဲ့ သတင်းတွေပဲဖြစ်ပါ တယ်။

****
Telegram - > https://t.me/ThanLwinKhetNews/4767
YouTube -> https://youtu.be/N-M3tbDJlFc
Website -> https://thanlwinkhet.net/?p=10461
သာယာဝတီခရိုင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သယ်ဆောင်လာသည့် လက်နက်များ ဖမ်းဆီးခံရ
******

သံလွင်ခက်။
ဇွန် ၁၂ ၊ ၂၀၂၄။

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်က ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများ ဖမ်းဆီးခံခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

****
Telegram - > https://t.me/ThanLwinKhetNews/4775
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10478
ကချင်ပြည်နယ်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကို တစ်ရက်တည်းမှာပဲ KIA သိမ်းပိုက်
****

ထွယ်
ဇွန် ၁၂၊ ၂၀၂၄။

ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်၏ စခန်းကြီး တစ်ခုအပါအဝင် ကာကင်းစခန်းနှင့် တပ်စခန်းငယ် စုစုပေါင်း ၁၀ ခု ကို ကချင်လွတ်မြောက်ရေးတပ်မတော် - KIA နှင့် ပူးပေါင်းတပ်က ယမန်နေ့ တစ်နေ့တည်းမှာပင် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ - KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူက သံလွင်ခက်ကို ပြောသည်။

****
Telegram - > https://t.me/ThanLwinKhetNews/4776
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10486
ရခိုင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်၍ နှစ်ရက်အတွင်း ဒေသခံ ၁၂ ဦး ဒဏ်ရာရ
********

ခင်သရဖီဦး
ဇွန် ၁၂၊ ၂၀၂၄။

ရခိုင်ပြည်ရှိ ပေါက်တော၊ ​ကျောက်ဖြူ၊ မြေပုံမြို့နယ်တို့အား စစ်ကောင်စီက ဇွန်လ ၁၁ ရက်နေ့နှင့် ယနေ့ ဇွန်လ ၁၂ ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်း၊ Y-12 လေယာဉ်တို့ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံကျေးရွာသား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

****
Telegram - > https://t.me/ThanLwinKhetNews/4777
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10486
ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ အနုပညာဖန်တီးမှု လွတ်လပ်ခွင့်အပေါ် ကန့်သတ်ပိတ်ပင်မှုအား ဆန့်ကျင်ဆန္ဒပြ
**************

သံလွင်ခက်။
ဇွန် ၁၂ ၊ ၂၀၂၄။

ရန်ကုန်မြို့လယ်ရှိ သမ္မတရုပ်ရှင်ရုံအတွင်းတွင် စစ်ကောင်စီ၏ အနုပညာဖန်တီးမှုလွတ်လပ်ခွင့်အပေါ် ကန့်သတ်ပိတ်ပင်မှုများအား လူငယ်များက ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

****
Telegram - > https://t.me/ThanLwinKhetNews/4783
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10494