Than Lwin Khet News
16.3K subscribers
2.89K photos
1.01K videos
4 files
3.01K links
အချိန်နှင့်တပြေးညီ သတင်းမှန်များတင်ဆက်ရန်
Download Telegram
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြားသတင်းများ
*******

သံလွင်ခက်
ဇွန် ၅၊ ၂၀၂၄။

သံလွင်ခက်သတင်းဌာနက နေ့စဥ်တင်ဆက်နေကျဖြစ်တဲ့ မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြား သတင်းများ အစီအစဥ်မှာ ဒီကနေ့အတွက်တင်ဆက်ပေးမယ့် သတင်းတွေကတော့

- NLD ပါတီရဲ့ နာယက သူရဦးတင်ဦး ဈာပန ကျင်းပခဲ့တဲ့သတင်း
- ဆီဆိုင်ကနေဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်နေတဲ့အကြောင်း
- ကျောင်းအားလုံး စစ်ဘေးဒဏ်က ကင်းလွတ်ဖို့ KIO ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဂွမ်မော် ဆန္ဒပြုထားတဲ့သတင်း
- လေကြောင်းရန်ကြောင့် ပွဲလမ်းသဘင် မပြုလုပ်ကြဖို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ထားတဲ့အကြောင်း
- မင်္ဂလာဒုံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခု တိုက်ခိုက်ခံရတဲ့ သတင်းတွေပဲဖြစ်ပါ တယ်။

****
Telegram - > https://thanlwinkhet.net/?p=10368
YouTube -> https://youtu.be/ZPwkf2Bp7Q4
Website -> https://thanlwinkhet.net/?p=10368
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြားသတင်းများ
*******

သံလွင်ခက်
ဇွန်၆၊ ၂၀၂၄။

သံလွင်ခက်သတင်းဌာနက နေ့စဥ်တင်ဆက်နေကျဖြစ်တဲ့ မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြား သတင်းများ အစီအစဥ်မှာ ဒီကနေ့အတွက်တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ရှမ်းမြောက်က KIA ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားစတင်နေတဲ့သတင်း
- KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ထိခိုက်မှုရှိတဲ့အကြောင်း
- ရေဘေးသင့် ချီဖွေဒေသခံတွေ အကူအညီလိုအပ်နေတဲ့သတင်း
- NUG တောင်ပိုင်းတိုင်းစစ်ဒေသက တပ်သားအသစ် ၁၀၀၀နီးပါး မွေးထုတ်ပေးနိုင်တဲ့အကြောင်း
- ရွှေ့ပြောင်းဗီဇာကို ရန်ကုန်က ထိုင်းသံရုံးမှာ လျှောက်ထားနိုင်ပြီဆိုတဲ့ သတင်းတွေပဲဖြစ်ပါ တယ်။

***
Telegram - > https://thanlwinkhet.net/?p=10368
YouTube -> https://youtu.be/07iiVva_FEI
Website -> https://thanlwinkhet.net/?p=10368
Media is too big
VIEW IN TELEGRAM
တစ်ကျော့ပြန် ပိုမိုပြင်းထန်လာနိုင်တဲ့ ကရင်နီစစ်မျက်နှာ
*************************

ကောင်းချစ်အောင်
ဇွန် ၇၊ ၂၀၂၄။

စစ်ကောင်စီဟာ ရှမ်း-ကယားစပ်ကနေတဆင့် ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့မြို့တွေဆီကို အင်အား (၅၀၀) ခန့်ပါတဲ့ စစ်ကြောင်းနဲ့တဖြည်းဖြည်း ထိုးဖို့ လုပ်ဆောင်နေပါတယ်။

တစ်ဘက်မှာလည်း သုံးနှစ်သက်တမ်းသာရှိသေးတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ အင်အား တိုးချဲ့နေပြီး ပြည်နယ်တစ်ခုလုံး သိမ်းပိုက်နိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။

စစ်ကောင်စီဟာ ကရင်ပြည်နယ်မှာ နိုင်ငံတော်အဆင့်ရှိတဲ့ အောင်ဇေယျစစ်ဆင်ရေး၊ ကချင်ပြည်နယ်မှာ ဗလမင်းထင် စစ်ဆင်ရေးတွေ ဆင်နွှဲနေသလို ကရင်နီပြည်ထဲကိုလည်း စစ်ဆင်ရေးဆင်နွှဲလာနိုင်တဲ့အတွက် ကရင်နီတော်လှန်ရေး တပ်တွေနဲ့ ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အလားအလာရှိနေပါတယ်။


******
Telegram - > https://thanlwinkhet.net/?p=10368
YouTube -> https://youtu.be/apv7WL5Pb7U
Website -> https://thanlwinkhet.net/?p=10368
Media is too big
VIEW IN TELEGRAM
ပဋိပက္ခတွေကြားက ရှာဖွေနေရဆဲ ပညာရပ်ဝန်း (‌ရေဒီယို)
*************
သံလွင်ခက်
ဇွန် ၇၊ ၂၀၂၄။

မိုးရာသီအစ ဇွန်လရောက်ရင် မြန်မာကလေးငယ်တွေ စာသင်ခန်းဆီ အရောက်သွားဖို့
ခြေလှမ်းပြင်လေ့ရှိကြပါတယ်။
တူညီဝတ်စုံတွေ၊ မိုးကာ၊ ထီးတွေကိုယ်စီနဲ့ မိဘတွေရော၊ ကလေးတွေပါ နှစ်တစ်နှစ်ရဲ့ စာသင်နှစ်ကိုအမှီသွားကြချိန်ပါ။
နိုင်ငံရဲ့ ပဋိပက္ခတွေနဲ့ ဖြတ်သန်းနေရတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအချိန်ကာလမှာတော့ စာသင်ခန်းတွေဆီအရောက်သွားဖို့မှာတော့ အခက်တွေများစွာရှိနေကြပါတယ်။

ဓါတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှာင်နေရသော မြဝတီဒေသခံများ(သံလွင်ခက်)

*****
Telegram - > https://thanlwinkhet.net/?p=10368
YouTube -> https://youtu.be/hCFbZEgRQu8
Website -> https://thanlwinkhet.net/?p=10368
Media is too big
VIEW IN TELEGRAM
လက်နက်သံတွေကြားက မြန်မာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး (ရေဒီယို)
***********
သံလွင်ခက်
ဇွန် ၇၊ ၂၀၂၄။

ဇွန်လငါးရက်ဟာ အကြိမ် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပါတယ်။
ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ ငါတို့မြေ။ ငါတို့အနာဂါတ်။ငါတို့ဟာ ပြန်လည်ထူထောင်တဲ့ မျိုးဆက်ဖြစ်တယ်ဆိုတာပါ။

စစ်အာဏာသိမ်းခံ မြန်မာနိုင်ငံအတွက်တော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစကားလုံးဟာ
ဟန်ပြဇာတ်ရုပ်အဖြစ်နဲ့သာ ဖြတ်သန်းခဲ့ရပါတယ်။

ဓါတ်ပုံ - မိုခါမုန်တိုင်းရိုက်ခတ်မှုနောက်ဆက်တွဲ ရခိုင်ပြည်နယ် - မောင်ချေ

*****
Telegram - > https://thanlwinkhet.net/?p=10368
YouTube -> https://youtu.be/Q3Ywl-Moi9E
Website -> https://thanlwinkhet.net/?p=10368
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြားသတင်းများ
*******

သံလွင်ခက်
ဇွန်၇၊ ၂၀၂၄။

သံလွင်ခက်သတင်းဌာနက နေ့စဥ်တင်ဆက်နေကျဖြစ်တဲ့ မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြား သတင်းများ အစီအစဥ်မှာ ဒီကနေ့အတွက်တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ကရင်နီမြို့နယ် ၈ခုမှာ အုပ်ချုပ်ရေးယန္တရားဖွဲ့စည်းတဲ့သတင်း
- စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန်ဖို့ ညီနောင်မဟာမိတ်အဖွဲ့တွေ သတိပေးတဲ့အကြောင်း
- မူးယစ်ဆေးနဲ့ စစ်ကောင်စီထုတ်ကုန်တွေကို TNLAက ရှောင်တခင်စစ်ဆေးတဲ့သတင်း
- လမိုင်းလူငယ် ပရဟိတအဖွဲ့ဝင်တွေ ခံဝန်နဲ့ ပြန်လွတ်လာတဲ့အကြောင်း
- ပုလဲမြို့နယ် ပလဖအဖွဲ့ဝင်တစ်ဦး အသတ်ခံရမှုနဲ့ပတ်သတ်ပြီး ပြည်သူတွေ ဆန္ဒပြကြတဲ့ သတင်းတွေပဲဖြစ်ပါ တယ်။

****
Telegram - > https://thanlwinkhet.net/?p=10368
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10368
VPN ကန့်သတ်ခံရပြီးနောက် အင်တာနက်လူမှုကွန်ရက်ကတဆင့် စီးပွားရေးလုပ်ကိုင်နေသူများ အခက်တွေ့
*
(ဆိုရှယ်မီဒီယာပလက်ဖောင်းပြောင်း လုပ်ငန်းစရန် ပြင်ဆင်လာကြ)

စကားမောင်
ဇွန် ၇၊ ၂၀၂၄။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက VPN (Virtual Private Network) ဆော့ဝဲလ်များကို ကန့်သတ်လိုက်သည့်အတွက် ဖေ့ဘွတ်လူမှုကွန်ရက်မှတဆင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများ အခက်ခဲများကြုံတွေ့နေရပြီး အခြားသော လူမှုကွန်ရက်ပလက်ဖောင်းများသို့ ပြောင်းလဲအသုံးပြုနေကြရသည်ဟု အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်များထံက သိရသည်။


****
Telegram - > https://t.me/ThanLwinKhetNews/4752
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10368
ရခိုင်မှာ စစ်ကောင်စီက အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်နေဟု AA ဆို
********

ယမင်းဖူးပွင့်အောင်
ဇွန် ၈၊ ၂၀၂၄။

ရက္ခိုင်ပြည်တွင် စစ်ကောင်စီတပ်က ပြည်သူလူထုကို ဦးတည်ပြီး တိုက်ခိုက်မှုတွေလုပ်ဆောင်နေသည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ယနေ့ပြုလုပ်သည့် ULA/AA ၏ ကိုးကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

****
Telegram - > https://t.me/ThanLwinKhetNews/4754
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10368
ထားဝယ်မြို့နယ်တွင် စစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက်ခံရ
**********

သဇင်
ဇွန် ၈၊၂၀၂၄။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ် ကျောက်မဲတောင်ရဲစခန်းကတစ်ဆင့် ထားဝယ်မြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဗထူးတပ်မတော်က ယနေ့တွင် ထုတ်ပြန်သည်။

****
Telegram - > https://t.me/ThanLwinKhetNews/4755
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10368