Than Lwin Khet News
15.9K subscribers
2.97K photos
1.45K videos
4 files
3.47K links
အချိန်နှင့်တပြေးညီ သတင်းမှန်များတင်ဆက်ရန်
Download Telegram
သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား၊ ရေတပ်သင်္ဘောက လက်နက်ကြီးဖြင့်ပစ်ခတ်
*******

သဇင်
မေလ ၁၄၊၂၀၂၄။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ ရေတပ်သင်္ဘောက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများထံက သိရသည်။

***
Telegram - > https://t.me/ThanLwinKhetNews/4588
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9990
Media is too big
VIEW IN TELEGRAM
လားရာမတူတော့တဲ့ နယ်ခြားစောင့်တပ်တွေ
*******

ကောင်းချစ်အောင်
မေ ၁၅၊ ၂၀၂၄။

နဝတ/နအဖ အစိုးရလက်ထက်မှာ ၂၀၀၈ အခြေခံဥပဒေကိုအသက်သွင်းပြီးတဲ့နောက် စစ်အစိုးရအုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေး ကူးပြောင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ အဲဒီအချိန်တုန်းက အပစ်ရပ်ထားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကို စစ်တပ်ဩဇာခံနယ်ခြားစောင့်တပ် - BGF အဖြစ်ပြောင်းကြဖို့ ဖိအားပေးခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် BGF အဖြစ် ပြောင်းလဲရပ်တည်ခဲ့ကြတဲ့ အဖွဲ့တွေရှိခဲ့သလို ငြင်းဆန်ခဲ့တဲ့ မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် - MNDAA ကိုလည်း မြန်မာစစ်တပ်က အကြီးအကျယ် ထိုးစစ်ဆင် တိုက်ထုတ်ခဲ့ပါတယ်။

BGF အဖြစ်ပြောင်းလဲခဲ့တဲ့ အဖွဲ့အများစုဟာ စီးပွားရေးကိုပဲတစိုက်မတ်မတ်လုပ်ဆောင်ခဲ့တာ တွေ့ရပြီး ခုလက်ရှိ မှာဆိုရင်တော့ BGF တွေရဲ့ရပ်တည်ချက်တွေ လားရာတွေက ကွဲပြားလာနေပါတယ်။

*****
Telegram - > https://t.me/ThanLwinKhetNews/4588
YouTube -> https://youtu.be/UbFqiaBzPSk
Website -> https://thanlwinkhet.net/?p=9990
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြားသတင်းများ
*******

သံလွင်ခက်
မေ ၁၄၊ ၂၀၂၄။

သံလွင်ခက်သတင်းဌာနက နေ့စဥ်တင်ဆက်နေကျဖြစ်တဲ့ မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြားသတင်းများ
အစီအစဥ်မှာ ဒီကနေ့အတွက်တင်ဆက်ပေးမယ့် သတင်းတွေကတော့

- KIA စစ်ဦးစီးချုပ် ကွယ်လွန်သွားတဲ့သတင်း
- ကျောက်ဖြူမြို့နယ်မှာရှိတဲ့ တပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့သတင်း
- ကရင်နယ်ခြားစောင့်တပ်ကို သိမ်းသွင်းရမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေပြောဆိုတဲ့သတင်း
- PNO ပြည်သူ့စစ်က မိသားစုပိုင်ကုန်တင်ကား သိမ်းယူသွားတဲ့သတင်း
- ပုဂံတောင်ရွာက စစ်ကောင်စီစခန်းကို PDF တွေ သိမ်းပိုက်နိုင်ခဲ့တဲ့သတင်းတွေပဲဖြစ်ပါတယ်။

****
Telegram - > https://t.me/ThanLwinKhetNews/4588
YouTube -> https://youtu.be/J_tstjrV_10
Website -> https://thanlwinkhet.net/?p=9990
KIA စစ်ဦးစီးချုပ်စျာပန လိုင်ဇာတွင်ပြုလုပ်မည်
***

ထွယ်
မေ ၁၅၊ ၂၀၂၄။

ကချင်လွတ်လပ်ရေးတပ်မတော် - KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း ၏ စျာပနာကို မေလ ၁၆ ရက် မွန်း လွဲ ၁ နာရီတွင် လိုင်ဇာ၌ ကျင်းပပြုလုပ်သွားမည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော် ၏ လူမှုကွန်ရက်စာ မျက်နှာတွင် ယနေ့နံနက်က ဖော်ပြထားသည်။
Media is too big
VIEW IN TELEGRAM
TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦး နှင့် အင်တာဗျူး
******
သံလွင်ခက်
မေ ၁၅၊ ၂၀၂၄။

“၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း ကိုယ်ပိုင်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသီးသီးပေါ်ပေါက်လာခဲ့သလို သတင်းမီဒီယာကဏ္ဍကလည်း အရေးပါတဲ့နေရာရောက်လာတာတွေ့ရပါလိမ့်မယ်။

ကိုယ်ပိုင်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုထိန်းကျောင်း နေသလဲ။ တခြားဒေသက လာရောက်သတင်းယူမယ့် သတင်းထောက်တွေအပေါ် TNLA က ဘယ်လိုမူဝါဒမျိုး ပြဋ္ဌာန်းထားသလဲ. . . .? ဆိုတာတွေနဲ့ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ လွေးယေဦး ကို သံလွင်ခက် ကသွားရောက်မေးမြန်းထားပါတယ်။
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြားသတင်းများ
*******

သံလွင်ခက်
မေ ၁၅၊ ၂၀၂၄။

သံလွင်ခက်သတင်းဌာနက နေ့စဥ်တင်ဆက်နေကျဖြစ်တဲ့ မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြားသတင်းများ
အစီအစဥ်မှာ ဒီကနေ့အတွက်တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ကြေးနီစီမံကိန်း လုံးဝလက်မခံဘူးလို့ ထုတ်ပြန်လိုက်တဲ့သတင်း
- လောင်းလုံးမြို့နယ် ထွေ/အုပ်ရုံးအပါအဝင် နေရာ ၃ ခု တိုက်ခိုက်ခံရတဲ့သတင်း
- ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တဲ့သတင်း
- မြင်းခြံမြို့နယ် ရွာရှည်ရွာကို စစ်ကောင်စီကအကြမ်းဖက်ခဲ့တဲ့သတင်း
- KIA စစ်ဦးစီးချုပ်စျာပနာ လိုင်ဇာမြို့မှာကျင်းပမယ့်သတင်းတွေပဲဖြစ်ပါတယ်။

****
Telegram - > https://t.me/ThanLwinKhetNews/4588
YouTube -> https://youtu.be/gusP64q5vmo
Website -> https://thanlwinkhet.net/?p=9990
နမ့်ဆန်မြို့နယ်တွင်မီးလောင်၍ ပြည်သူ ၁ ဦးသေဆုံး
****

ယမင်းဖူးပွင့်အောင်
မေ ၁၆၊ ၂၀၂၄။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် မီးလောင်မှုကြောင့် ပြည်သူ ၁ ဦး မီးလောင်သေဆုံးပြီး နေအိမ် ၃ လုံးပြာကျပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။

****
Telegram - > https://t.me/ThanLwinKhetNews/4611
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=10016
ခြေသံလုံလုံနဲ့_အောင်ပွဲတွေရနေတဲ့_ဖာပွန်စစ်ဆင်ရေးkarenpodcast.wav
80.5 MB
ခြေသံလုံလုံနဲ့ အောင်ပွဲတွေရနေတဲ့ ဖာပွန်စစ်ဆင်ရေး (ကရင်ဘာသာ)
****

သံလွင်ခက်
ဧပြီ ၃၀၊ ၂၀၂၄။

ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၅ နယ်မြေမှာရှိတဲ့ တော်လှန် ရေးပူးပေါင်းတပ်တွေက ခရိုင်အဆင့်ရုံးစိုက်ရာမြို့ဖြစ်တဲ့ဖာပွန်မြို့ကို သိမ်း ပိုက်နိုင်ရေးအတွက် မတ်လ ၁၉ ရက်မှာ စစ်ဆင်ရေးတစ်ရပ် စတင်ဆင်နွှဲခဲ့ပါတယ်။
မတ်လ ၂၇ ရက်မှာတော့ တော်လှန်ရေးတပ်တွေက မြို့ကိုထိန်းချုပ်လိုက်ပြီး စစ်ကောင်စီတပ်တွေကတော့ မြို့ တောင်ဘက်မှာရှိတဲ့ အခြေချစစ်ဗျူဟာဆီခွာစစ်ဆင်ရင်း ခုခံနေရပါတယ်။
KNU တပ်မဟာ-၆နယ်မြေ မြဝတီမြို့ဘက်ကို နိုင်ငံတော်အဆင့်ထိုးစစ်တစ်ရပ်ဆင်နွှဲနေရတဲ့အတွက် စစ်ကောင်စီဟာ စစ်ရေးအရတဖြေးဖြေးအရေးနိမ့်လာတဲ့ ဖာပွန်စစ်မျက်နှာကိုတော့ စစ်ကူအင်အားမပို့ပေးနိုင်တော့တာကို တွေ့ရပါတယ်။
ဖာပွန်ဒေသမှာ စစ်ကောင်စီအင်အားဘယ်လောက်ရှိခဲ့လဲ. . .?
အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်မှာကတည်းက KNU က မြန်မာစစ်တပ်ကို ဘယ်လိုရာဇသံပေးခဲ့လဲ. . .
***
Telegram - > https://t.me/ThanLwinKhetNews/4611
YouTube -> https://youtu.be/0CS2eU044GE