ရှမ်းတောင်တွင် ရက်ပေါင်း ၁၄၀ အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ အရပ်သား ၇၇ ဦးသေဆုံးပြီး ငါးသောင်းကျော် စစ်ရှောင်နေရ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့မှ ဇွန်လ (၈) ရက်နေ့အထိ ရက်ပေါင်း (၁၄၀) အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ အရပ်သား (၇၇)ဦး သေဆုံးခဲ့ပြီး (၁၀၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူဦးရေ ငါးသောင်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း Pa-O Youth Organization(PYO)၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။
အရပ်သား သေဆုံးမှုအများစုမှာ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့်ဖြစ်ပြီး စုစုပေါင်း (၃၄)ဦး သေဆုံးခဲ့ကာ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့များ ဖမ်းဆီးစစ်ဆေးခံရစဉ် သေဆုံးခဲ့သော အရပ်သားဦးရေမှာ ဒုတိယအများဆုံးအဖြစ် (၂၄) ဦး ရှိကြောင်း သိရသည်။
သေဆုံးမှုဖြစ်စဉ်များသည် ဖေဖော်ဝါရီလတွင် အမြင့်မားဆုံးဖြစ်ခဲ့ပြီး မေလဝက်လောက်မှစတင်ကာ ယခုလ ဇွန်လ ဒုတိယအပတ်ကာလအတွင်း ဒေသအခြေအနေအနည်းငယ်တည်ငြိမ်၍ အရပ်သားများနေရပ်သို့ပြန်လာရာ မြေမြှုပ်မိုင်းနှင့် ကြွင်းကျန်လက်နက်များ ပေါက်ကွဲထိမှန်၍ သေဆုံးသည့်ဖြစ်ရပ်များ အများစုဖြစ်ပွားနေကြောင်း သိရသည်။
အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုအများစုမှာလည်း စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး စုစုပေါင်း (၇၆) ဦး အထိရှိ၍ မြေမြှုပ်မိုင်းနှင့် စစ်ပွဲကြွင်းကျန်လက်နက်များ ပေါက်ကွဲထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ ဒုတိယအများဆုံးအဖြစ် (၁၇) ဦး ရှိကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများတွင် ကလေးငယ် (၁၇) ဦး ပါဝင်ပြီး (၂) ဦးသည် မိုင်းနင်းမိ၊ (၂) ဦးသည် ကြွင်းကျန်လက်နက်များကြောင့်နှင့် ကျန် (၁၃) ဦးသည် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းတောင်စစ်ပဋိပက္ခ ရက်ပေါင်း (၁၄၀) အတွင်း ထိခိုက်ပျက်စီးခဲ့ရသည့် အရပ်သား အဆောက်အအုံပေါင်း (၇၀၈) ခု ရှိခဲ့ပြီး အများစုမှာ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့်ဖြစ်၍ ထိုအထဲတွင် လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း နှင့် ဘာသာရေးအဆောက်အအုံများလည်း ပါဝင်ကြောင်းသိရသည်။
ယခုလက်ရှိအချိန်အထိ ရှမ်းတောင်ဒေသတွင် စစ်ဘေးရှောင်ပြည်သူ ငါးသောင်းကျော် (၅၃,၄၀၀) နှင့် အထက်ရှိနေပြီး တချို့တိုက်ပွဲအနည်းငယ် တည်ငြိမ်သည့်ဒေသများတွင် စိုက်ပျိုးရေးရာသီရောက်လာသည်နှင့်အမျှ ဒေသအခြေအနေပေါ်မူတည်ပြီး စိုက်ပျိုးရေးပြန်လုပ်ကိုင်လိုက် စစ်ရှောင်လိုက်လုပ်၍ နေရကြောင်း သိရသည်။
စစ်ဘေးရှောင်များသည် ကရင်နီပြည်မှ အများဆုံးဖြစ်ကာ ဆီဆိုင်မြို့နယ်မှ အများစု စစ်ဘေးတိမ်းရှောင်နေရပြီး တခြားမြို့နယ်များဖြစ်သည့် ပင်လောင်း၊ ညောင်ရွှေ၊ တောင်ကြီးနှင့် ဟိုပုံးတို့တွင် စစ်ဘေးတိမ်းရှောင်သူများ ခိုလှုံလျှက်ရှိကြောင်း သိရသည်။
ကရင်နီပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူများမှာ လက်ရှိတွင် ပြန်လည်တိုးလာနေပြီး စစ်ဘေးရှောင်ပြည်သူများအတွက် အခြေခံလိုအပ်ချက်များနှင့်ပက်သက်ပြီး အရေးပေါ်လိုအပ်ချက်များရှိနေကြောင်း သိရသည်။
News : https://www.tachileik.net/mm/news/36297
#TachileikNewsAgency
Photo: Pa-O Youth Organization

ညောင်ရွှေတိုက်ပွဲအတွင်း သေဆုံးတပ်သားများကို စစ်ကောင်စီ အလောင်းလာမကောက်၍ ကာကွယ်ရေးတပ်များ ကောက်ယူသင်္ဂြိုလ်ပေးနေရ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကို စွန့်ပစ်သွားသဖြင့် တော်လှန်ရေးတပ်များက ကောက်ယူသင်္ဂြိုလ်ပေးနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလက ညောင်လေးပင်နှင့် ရေပူရွာကြား၌ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ သေဆုံးသွားသော စစ်ကောင်စီတပ်သားရုပ်အလောင်းများကို ယနေ့ ဇွန်လ (၁၆)ရက်နေ့တွင် ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းအထူးစစ်ဆင်ရေးအဖွဲ့တို့က ပူးပေါင်းရှင်းလင်းခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် (၂)လကျော်ကြာသည်အထိ အလောင်းလာရောက်ကောက်ယူခြင်းမရှိသည့်အတွက် ပူးပေါင်းအဖွဲ့များက ကောက်ယူ သင်္ဂြိုလ်ပေးခဲ့ရခြင်းဖြစ်သည်ဟု ပျားစစ်ကြောင်းက ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တပ်သား(၄၀)ကျော် သေဆုံးသည်ဟု သိရသည်။
News : https://www.tachileik.net/mm/news/36299

ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *
ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းမှ သတင်းထုတ်ပြန်သည်။
ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းအုပ်စု အုပ်ချုပ်ရေးမှူး ပွားသီး အား ၂၀၂၄ခုနှစ် ဇွန်လ (၁၃) ရက်နေ့ ညနေ (၆) နာရီခန့်တွင် သဖန်းကိုင်းရွာနှင့် အင်းငါးခွသကြားစက်လမ်းခွ၌ ပစ်ခတ်ရှင်းလင်းခဲ့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ပျူစောထီး အပတ်စဉ် (၁) သင်တန်းဆင်းတစ်ဦးဖြစ်ပြီး စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် စစ်သားစုဆောင်းပေးနေသူတစ်ဦးဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆိုသည်။
ပြီးခဲ့သည့် မေလမှ ယခု ဇွန်လဝက်အတွင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြည်ခရိုင်အတွင်း စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး (၅) ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ပြီး ၊ ဆက်လက်လုပ်ကိုင်နေသည့် အုပ်ချုပ်ရေးမှူးများကို အရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ကြို့ပင်ဝိုင်းအုပ်စု အုပ်ချုပ်ရေးမှူး ပွားသီး၏ ရှေ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အုပ်ချုပ်ရေးမှူး ညွှန့်စိုးကိုလည်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
News : https://www.tachileik.net/mm/news/36300

တာချီလိတ်မှ ကျိုင်းတုံသွားသည့် ဆီဘောက်ဆာယာဉ် လမ်းတွင်တိမ်းမှောက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင်လာသော ဆီဘောက်ဆာယာဉ်တစ်စီး ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၆)ရက်နေ့ နံနက်ပိုင်းက တိမ်းမှောက်ကြောင်း သိရသည်။
တာချီလိတ်မှ ကျိုင်းတုံသို့ထွက်လာသည့် Cheng Long အမျိုးအစား (၂၂)ဘီး ဆီဘောက်ဆာယာဉ်သည် ကျိုင်းတုံမြို့နယ် ပန်တောင်းရွာအနီး မိုင်တိုင်အမှတ် (၃၁/၄)နှင့် (၃၁/၅)အကြားတွင် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆီဘောက်ဆာယာဥ်သည် လမ်းချော်၍ လမ်း၏ညာဘက်ခြမ်းသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးလောင်မှုမဖြစ်စေရန် လုပ်ဆောင်ခဲ့ရသည်ဟု သိရသည်။
News : https://www.tachileik.net/mm/news/36301

အိုးဘိုထောင်မှ နိုင်ကျဉ်း ၇၀ ကျော်ကို မကွေးနှင့် မြင်းခြံထောင်များသို့ ပြောင်းရွှေ့
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *
မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၇၀) နှင့် မူးယစ်မှု (၃)ဦးကို နှစ်ယောက်တစ်တွဲ ခြေကျင်းခတ်၍ မကွေးနှင့် မြင်းခြံအကျဉ်းထောင်များသို့ ထောင်ပြောင်းလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ (၁၅)ရက်နေ့ နံနက် (၆)နာရီဝန်းကျင်တွင် မြင်းခြံအကျဉ်းထောင်သို့ နိုင်ငံရေးအကျဉ်းသားအချို့ကို ပို့ဆောင်ခဲ့ပြီး ယင်းနေ့ နံနက်(၁၁)နာရီဝန်းကျင်တွင် မကွေးအကျဉ်းထောင်သို့ ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို ပို့ဆောင်ထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။
ထောင်မပြောင်းရွှေ့မီ ဇွန်လ(၇)ရက်နေ့တွင် PPNM က မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို လူဦးရေ(၅၀)သာ ပုံမှန်ထားလေ့ရှိသည့်အခန်းများအတွင်း လူဦးရေ(၁၀၀)ကျော်ခန့်ထားနေကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ထောင်အာဏာပိုင်များ၏ အကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ထောင်အာဏာပိုင်များ၏ လာဘ်စားမှုများကို စောင့်ကြည့်ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။
ထုတ်ပြန်ပြီး ဇွန်လ(၈)ရက်နေ့တွင် အကျဉ်းဦးစီးဝန်ထမ်းအမျိုးသမီး အိနွယ်ဦး (၁ ပွင့်)၊ ဒေါ်မြင့်မြင့်လှိုင်နှင့် ဒေါ်ခင်ပပလှိုင် တို့ကို အလုပ်မှထုတ်ပယ်ခြင်းနှင့် သုံးပွင့်(ဦးစီးအရာရှိ)တို့ကို ရာထူးလျှော့ချ၍ ထောင်ပြောင်းဖြင့် အပြစ်ပေးခြင်းတို့ကို လုပ်ဆောင်ခံရသည်ဟု သိရသည်။
ထို့အပြင် ထောင်ပိုင် အောင်မျိုးချွန်ကို လွိုင်ကော်အကျဉ်းထောင်၏ ထောင်ပိုင်အဖြစ် ပြောင်းရွှေ့ထမ်းဆောင်စေခဲ့ပြီး လက်ရှိ မန္တလေးအိုးဘိုအကျဥ်းထောင်တွင် ထောင်ပိုင်အသစ် သိန်းဇော်မင်းဆိုသူ အုပ်ချုပ်နေကြောင်း သိရသည်။
News : https://www.tachileik.net/mm/news/36302

တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ် လုယက်သည့် နောက်တစ်ဖွဲ့ကို ထပ်မံ ဖမ်းမိ
* * * * *
ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်များ နေ့စဉ် ဖြစ်ပွားနေသည့် တာချီလိတ်မြို့ တွင် ဆိုင်ကယ်လုယက်သည့် နောက်ထပ် တစ်ဖွဲ့ကို ထပ်မံ ဖမ်းမိကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း တော်ကော့ဘုန်းကြီးကျောင်းအနီးတွင် ၂၀၂၄ခုနှစ် ဇွန်လ(၁၅)ရက်နေ့ နံနက်(၂)နာရီခွဲဝန်းကျင်အချိန်က ဓါးဖြင့် ခုတ်ပြီးဆိုင်ကယ် လုယက်သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားခံ (၃)ဦး အနက် (၂)ဦးကို ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ(၁၅)ရက်နေ့ နံနက်(၂)နာရီခွဲဝန်းကျင်အချိန်က ဝိန်းကျောက်ရပ်ကွက်အတွင်း တော်ကော့ဘုန်းကြီးကျောင်းအနီးတွင် ကျော်ဇေယျာဟိန်း၊ သန်းရွှေ နှင့် သန်းဦးတို့ (၃)ဦး စီးလာသည့် ဆိုင်ကယ်အား လူ(၃)ဦးမှ ဓါးဖြင့် လှမ်းခုတ်ပြီး ဆိုင်ကယ်လုယက်ခြင်း ဖြစ်သည်။
ဓါးဖြင့် ခုတ်ခံရမှုကြောင့် ဆိုင်ကယ်စီးလာသည့် (၃)ဦးအနက် သန်းဦး ၏ လက်တွင် ဓါးဒဏ်ရာ (၃)ချက်၊ ကျော်ဇေယျာဟိန်း၏ လက်တွင် ဓါးဒဏ်ရာ (၂)ချက် ရရှိသွား၍ တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တာချီလိတ်ရဲတပ်ဖွဲ့က ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယက်သူများကို လိုက်လံရှာဖွေ ဖမ်းဆီးရာ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဝမ်မိုင်ရွာအတွင်း၌ ဇွန်လ(၁၅)ရက်နေ့မှာပင် သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ် လုယက်သူများမှာ သားညီ၊ ပြည့်စုံမောင်(ခ)အာနိုး နှင့် မောရှည်တို့ဖြစ်ပြီး လက်ရှိတွင် မောရှည်မှာ ထွက်ပြေး တိမ်းရှောင်နေသည့်အတွက် ပြည့်စုံမောင်(ခ)အာနိုး နှင့် သားညီတို့ (၂)ဦးကိုသာ ဖမ်းဆီးရမိထားကြောင်း သိရသည်။
ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယက်သည့် အဖွဲ့များကို ဖမ်းဆီးရရှိမှုအနေဖြင့် ဓါးဖြင့် ခုတ်သည့်အပြင် သေနတ်ဖြင့်ပါ ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်လေ့ရှိသည့် အဖွဲ့ခေါင်းဆောင် ချဉ်ငံစပ်(ခ)စိုးမိုးအောင်၊ ဖိုးသား နှင့် ကိုကိုလတ်(ခ)ဖက်တီးတို့ကို ဆိုင်ကယ်တွင် တပ်ဆင်ထားသည့် GPS ကနေ တဆင့် ရှာဖွေပြီး ၂၀၂၄ခုနှစ် ဇွန်လ(၁၄)ရက်နေ့က ပစ်ခတ် ဖမ်းဆီးရမိသည်လည်း ရှိသည်။
ယခု ဇွန်လ၏ ဒုတိယပတ်အတွင်း ဓါးဖြင့်ခုတ်ခံရပြီး ဆိုင်ကယ် လုခံရသည့် ဆိုင်ကယ် ပိုင်ရှင် လူနာအချို့မှာ ရရှိထားသည့် ဓါးခုတ်ဒဏ်ရာကြောင့် တာချီလိတ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြရသည်။
ကွင်းဆက်တရားခံ ဖော်ထုတ်ရေးနှင့် ပတ်သက်၍လည်း တာချီလိတ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် ဆိုင်ကယ်လုယက်သည့်အဖွဲ့များကို သေချာ စစ်ဆေးပြီး ပါဝင်ပတ်သက်သူများနှင့် ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေသခံအချို့က လူမှုကွန်ရက်(facebook)တွင် မှတ်ချက်များ ရေးသားထားကြသည်ကိုလည်း တွေ့ရသည်။
News: https://www.tachileik.net/mm/news/36303
#TachileikNewsAgecny

Tachileik News Agency
တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ် လုယက်သည့် နောက်တစ်ဖွဲ့ကို ထပ်မံ ဖမ်းမိ
ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်များ နေ့စဉ် ဖြစ်ပွားနေသည့် တာချီလိတ်မြို့ တွင် ဆိုင်ကယ်လုယက်သည့် နောက်ထပ် တစ်ဖွဲ့ကို ထပ်မံ ဖမ်းမိကြောင်း သိရသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း တော်ကော့ဘုန်းကြီးကျောင်းအနီးတွင် ၂၀၂၄ခုနှစ်…
ရေး-ထားဝယ် လမ်းပိုင်းတွင် ကင်းပုန်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရေး-ထားဝယ်လမ်းပိုင်းတွင် ကင်းပုန်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း Dawei Guerrilla Revolutionary Force-DGRF မှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ရေး-ထားဝယ် လမ်းပိုင်းတနေရာဖြစ်သည့် ဇဟာကျေးရွာနှင့် မောမယ်ရှောင်ကျေးရွာအကြား တံတားဖြူအနီးတွင် ကင်းပုန်းလာချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဇွန်လ (၁၅) ရက်နေ့ မနက် (၁၀) နာရီခန့်တွင်တစ်ကြိမ် ၊ (၁၀) နာရီခွဲခန့်တွင် တစ်ကြိမ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား Dawei Guerrilla Revolutionary Force–DGRF ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ (ထားဝယ်-ပ.က.ဖ)၊ ဥဩစစ်ကြောင်း၊ ရေဖြူမြို့နယ် (ပ.က.ဖ) DNLA နှင့် ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (PPDF) အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၄) ရက်နေ့ကလည်း ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူပိုင်ပစ္စည်းများ ခိုးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Dawei Guerrilla Revolutionary Force–DGRF အဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
News : https://www.tachileik.net/mm/news/36304

ဆီဆိုင်မြို့နယ်တွင် ဒေသခံတစ်ဦး စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *
ဆီဆိုင်မြို့နယ်တွင် ဒေသခံတစ်ဦး အများပြည်သူသွားလာသည့်လမ်းပေါ်တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ ထောင်ထားခဲ့သည့် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ ( ၁၆ ) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်ရင်းကျေးရွာနေ ဒေသခံတစ်ဦးသည် ရွာအရှေ့ဘက်ရှိ ဖုန်းလိုင်းမိသောနေရာသို့ ဖုန်းသွားဆက်ရာမှ အပြန်တွင် အများပြည်သူသွားလာသည့်လမ်းပေါ် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယခင်ကလည်း နောင်ရင်းကျေးရွာသားတစ်ဦးသည် ရေသွားချိုးရာမှ ပြန်လာစဉ် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၆) ရက်နေ့ကလည်း ဆီဆိုင်မြို့ မြကန်သာရပ်ကွက်မှ ဒေသခံတစ်ဦး စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး သေဆုံးခဲ့ရကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ၂၀၂၄ခုနှစ် ဇန်နဝါရီလ ( ၂၁) ရက်နေ့မှ ဇွန်လ (၈)ရက်နေ့အထိ ရက်ပေါင်း (၁၄၀) အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ပွဲကြွင်းကျန်လက်နက်များပေါက်ကွဲရာမှ ထိခိုက်ဒဏ်ရာရရှိသည့် အရပ်သား (၁၇)ဦး ရှိပြီဖြစ်ပြီး ခြံသွားလမ်း၊ ပျက်စီးနေသည့် အိမ်အပျက်အစီးများနှင့် လယ်ထွန်သည့်လယ်ကွင်းများ စသည့်နေရာများတွင် အခင်းဖြစ်ပွားခဲ့ကြောင်း Pa-O Youth Organization ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။
News : https://www.tachileik.net/mm/news/36305

မောင်တောမြို့မှ အမြန်ဆုံးထွက်ခွါကြရန် AA သတိပေး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *
ရခိုင်ပြည်နယ် မောင်တောမြို့ဒေသခံများအနေဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ (၁၆)ရက် ည (၉)နာရီအချိန်မှစတင်ပြီး မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် အာရက္ခတပ်တော် (AA)က အသိပေးထုတ်ပြန်လာသည်။
မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးနီးပါးအား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်၍ အပြီးသတ် သိမ်းပိုက်ထားပြီးသည့်အချိန်တွင် မောင်တောမြို့နှင့် မောင်တောမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကို ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီသည် မောင်တောမြို့အား ၎င်းတို့၏ စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ လက်ကျန်စခန်းများ အားလုံးကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် မောင်တောမြို့သူမြို့သားများအနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန် သတိပေးထားသည်။
News : https://www.tachileik.net/mm/news/36306
#TachileikNewsAgency
Photo:AA Info Desk

တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ် လုယက်သည့် နောက်တစ်ဖွဲ့ထဲက ထွက်ပြေးနေသူ တစ်ဦးကို ထပ်မံ ဖမ်းမိ
* * * * *
တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယက်သည့် အဖွဲ့များအနက် နောက်ထပ်တစ်ဖွဲ့ကို ထပ်မံဖမ်းမိရာ ထွက်ပြေးလွတ်မြောက်နေသည့် ကျန်ရှိ တစ်ဦးကိုလည်း ထပ်မံ ဖမ်းမိကြောင်း သိရသည်။
၂၀၂၄ခုနှစ် ဇွန်လ(၁၅)ရက်နေ့ နံနက်(၂)နာရီခွဲဝန်းကျင်အချိန်က ဝိန်းကျောက်ရပ်ကွက်အတွင်း တော်ကော့ဘုန်းကြီးကျောင်းအနီးတွင် ကျော်ဇေယျာဟိန်း၊ သန်းရွှေ နှင့် သန်းဦးတို့ (၃)ဦး စီးလာသည့် ဆိုင်ကယ်အား ဓါးရှည်များ ကိုင်ဆောင်ထားသည့် သားညီ၊ ပြည့်စုံမောင်(ခ)အာနိုး နှင့် မောရှည်(ခ)ကျိုင်းခမ်းလှ တို့ (၃)ဦးက ဓါးဖြင့် လှမ်းခုတ်ပြီး ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်ထဲက လုယက်သူများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။
ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ် လုယက်သည့် သားညီ၊ ပြည့်စုံမောင်(ခ)အာနိုး နှင့် မောရှည်(ခ)ကျိုင်းခမ်းလှ တို့ (၃)ဦးအနက် သားညီ နှင့် ပြည့်စုံမောင်(ခ)အားနိုး တို့ (၂)ဦးကို တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဝမ်မိုင်ရွာတွင် ဇွန်လ(၁၅)ရက်နေ့မှာပင် ဖမ်းမိသော်လည်း ကျန်ရှိသည့် မောရှည်(ခ)ကျိုင်းခမ်းလှမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ဆက်လက်၍ ဟောင်လိတ်ရဲတပ်ဖွဲ့က ထွက်ပြေးလွတ်မြောက်နေသည့် မောရှည်(ခ)ကျိုင်းခမ်းလှအား ဖမ်းမိရေးအတွက် ဆက်လက် စုံစမ်းရှာဖွေရာ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဝမ်မိုင်ရွာတွင် မောရှည်(ခ)ကျိုင်းခမ်းလှအား ဇွန်လ(၁၆)ရက်နေ့ ညနေပိုင်းအချိန်က ထပ်မံ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
"ထွက်ပြေးနေတဲ့ တရားခံ မောရှည်ကိုလည်း ဖမ်းမိပါပြီ။ သူ့နားက နောက်ထပ် ဆိုင်ကယ်တစ်စီးနဲ့အတူ ဓါးရှည်တစ်ချောင်းလဲ ထပ်ပြီး သိမ်းဆည်းရမိပါတယ်"ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။
ဝိန်းကျောက်ရပ်ကွက်အတွင်း တော်ကော့ဘုန်းကြီးကျောင်းအနီးတွင် ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်တွင် ဆိုင်ကယ်စီးလာသည့် (၃)ဦးအနက် သန်းဦး ၏ လက်တွင် ဓါးဒဏ်ရာ (၃)ချက်၊ ကျော်ဇေယျာဟိန်း၏ လက်တွင် ဓါးဒဏ်ရာ (၂)ချက် ရရှိသွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားခံများဖြစ်သည့် သားညီ၊ ပြည့်စုံမောင်(ခ)အာနိုး နှင့် မောရှည်(ခ)ကျိုင်းခမ်းလှ တို့ (၃)ဦးကို အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ်ကနေ စပြီး ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ် လုယက်သူများကို ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၄ခုနှစ် ဇွန်လ(၁၄)ရက်နေ့က ဆိုင်ကယ်လုသည့် အဖွဲ့ခေါင်းဆောင် ချဉ်ငံစပ်(ခ)စိုးမိုးအောင်၊ ဖိုးသား နှင့် ကိုကိုလတ်(ခ)ဖက်တီးတို့ကို သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးရမိပြီးနောက် ဇွန်လ(၁၅)ရက်နေ့ နှင့် ဇွန်လ(၁၆)ရက်နေ့တို့တွင်လည်း နောက်ထပ် တစ်ဖွဲ့ဖြစ်သည့် သားညီ၊ ပြည့်စုံမောင်(ခ)အာနိုး နှင့် မောရှည်(ခ)ကျိုင်းခမ်းလှ တို့ (၃)ဦးတို့ကို ထပ်မံ ဖမ်းမိခြင်း ဖြစ်သည်။
ဇွန်လ၏ ပထမပတ်အတွင်းကလည်း ဆိုင်ကယ်ခိုးသည့်အဖွဲ့နှင့် သူခိုးလက်ခံများဖြစ်သည့် ပိုင်သွင်ဦး (ခ) ပိုင်ပိုင် အပါအဝင် ဇွဲသက်ပိုင်(ခ)ငဇွဲ ၊ ရဲဟိန်းထွဋ် (ခ)ပေါက်ခေါ ၊ သန်းဆွေ (ခ)ဟိန်းစိုး နှင့် စိုင်းသူရအောင် တို့(၅)ဦးကိုလည်း ခိုးရာပါ ဆိုင်ကယ် (၂၁)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
တာချီလိတ်မြို့သို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး အသစ်အဖြစ် ဒုရဲမှူးကြီး ချမ်းမြေ့ဝင်း ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဇွန်လ၏ (၁၆)ရက်တာ ကာလအတွင်း ဆိုင်ကယ် သူခိုးများနှင့် ဓါးဖြင့်ခုတ်ပြီး လုယက်သူ စုစုပေါင်း (၁၁)ဦးတို့ကို ဖမ်းဆီးရမိထားပြီး သက်သေခံ ဆိုင်ကယ် စုစုပေါင်း (၂၅)စီးကိုလည်း သိမ်းဆည်းရမိကာ တာချီလိတ်မြို့မရဲစခန်း နှင့် ဟောင်လိတ်နယ်မြေရဲစခန်းတို့တွင် ဆိုင်ကယ်များကို သိမ်းဆည်းထားရှိကြောင်း သိရသည်။
"တာချီလိတ်မှာက ရိုးရိုး ခိုးတဲ့ အဖြစ်ကနေ ပေါ်ပေါ်ထင်ထင် ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ်လုယက်တာတွေက နေ့စဉ်လိုလို ကြားနေရတယ်။ အခု ဒီလထဲမှာ ဖမ်းမိတာတွေရှိလာတော့ အရင်ကထက် စာရင် အတော်ကောင်းတဲ့ ရလာဒ်လို့ ပြောရမလိုပါပဲ။ တခု အကြံပြုချင်တာက အခုလို လုယက်မှု နေ့စဉ်နီးပါး ဖြစ်ပွားနေတဲ့ တာချီလိတ်မြို့မှာ ဒေသခံ တွေအနေနဲ့ အရေးပေါ် ဖုန်းဆက်အကြောင်းကြားနိုင်မဲ့ ခရိုင်၊မြို့နယ်၊မြို့မ နဲ့ ဟောင်လိတ်၊ ဝမ်ပုံ စတဲ့ ရဲတပ်ဖွဲ့တွေရဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်တွေကို အသိပညာပေးပွဲတွေကနေ ဖြစ်စေ မီဒီယာတွေကနေ ဖြစ်စေ ဟိုးအရင်လို ချပြပေးထားနိုင်ရင် ကောင်းတယ်။ ရဲစခန်းကို သွားတိုင်တာထက် ဖုန်းဆက်အကြောင်းကြားတာက ပိုလွယ်ကူစေတာပေါ့၊ တခုခုဆို ဖုန်းဆက် အကြောင်းကြားလို့ လွယ်တာပေါ့ဗျာ။ ဒီအစီအစဉ်ကိုလည်း တာချီလိတ်ခရိုင် ရဲမင်းကြီးအနေနဲ့လည်း လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်"ဟု Tachileik News Agency ၏ သတင်းရင်းမြစ်ဖြစ်သည့် အမည်မဖော်လိုသည့် မြို့မိမြို့ဖ တစ်ဦးက အကြံပြု ပြောဆိုသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မြို့များအနက် တာချီလိတ်မြို့ နှင့် ကျိုင်းတုံမြို့တို့တွင် ဆိုင်ကယ်လုယက်မှုများ အဖြစ်များဆုံး ဖြစ်သည်။
News: https://www.tachileik.net/mm/news/36307