Tachileik News Agency
25.5K subscribers
51.4K photos
204 videos
2 files
14.4K links
Tachileik News Agency (TNA) is an independent media and web – based source of daily news.
Download Telegram
စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် သံတွဲမြို့နယ်အတွင်း ဆင်ခေါင်းရွာမှ သေဆုံးသွားသည့် အရပ်သားစာရင်း AA ထုတ်ပြန်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *


ရခိုင်ပြည်နယ် သံတွဲမြို့၊ ဆင်ခေါင်းကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီး အပါအဝင် ဒရုန်းနှင့် လေယာဉ်များ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးသွားသော အရပ်သားများစာရင်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၁၀)ရက်နေ့တွင် ထုတ်ပြန်လာသည်။

AA ၏ ထုတ်ပြန်ချက်တွင် သေဆုံးသူ အရပ်သား (၁၄)ဦးပါဝင်ပြီး ကျေးရွာထဲတွင် မေးမြန်းအတည်ပြုနိုင်ရန် အရပ်သားမရှိသဖြင့် အတည်မပြုနိုင်သော သေဆုံးသူ အရေအတွက်များ ကျန်ရှိနေကြောင်းလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် ဒဏ်ရာရသူ(၂၄)ဦးရှိပြီး အိမ်ခြေ(၁၀၀)ကျော် ပျက်စီးသွားသည်ဟု ဆိုသည်။

ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ၂၀၂၄ ခုနှစ် ‌ဇွန်လ (၄)ရက်နေ့တွင် ကြည်း၊ ရေ၊ လေဖြင့် တိုက်ခိုက်ရာ တစ်ရွာလုံးနီးပါး ပျက်စီးပြီး အလောင်းပင် မကောက်နိုင်ဘဲ ဒေသခံများ ထွက်ပြေးခဲ့ရသည်။

"အိမ်တွေလည်း ဖောက်ထွင်းခံထားရပါတယ်။ သေသူအရေအတွက်ကတော့ များပါတယ်။ လက်ရှိ (၆၄)ဦးကို မြှုပ်နှံလိုက်ပါပြီ။ ပျက်စီးမှုများတာက ဆလီကုန်းပိုင်း၊ မော်ဖျားပိုင်း၊ ရခိုင်စုဖက်တွေပါ။ သေဆုံးသူထပ်ရှိနိုင်ပါတယ်။ အဲဒီဘက်ကို နေဗီက ထပ်ပစ်ခတ်နေတာကြောင့် သွားမရတာပါ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောဆိုထားသည်။

စစ်ကောင်စီတပ်သည် ယင်းနေ့ နံနက်ပိုင်းကစတင်၍ ဆင်ခေါင်းရွာကို ကြည်း၊ ရေ၊ လေဖြင့် တနေကုန် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများမှာ သဗြုချိုင်ရွာ၊ တောင်ကုတ်မြို့နှင့် ကင်းမော်၊ သံတွဲမြို့များသို့ ထွက်ပြေးခဲ့ရသည်။

#TachileikNewsAgency
ကျိုင်းတုံမြို့တွင် စားသောက်ဆိုင်က အပြန် လမ်း၌ စကားများ ရန်ဖြစ်ပြီး ဓါးဖြင့် ထိုးခံရမှုကြောင့် ရဲတပ်ကြပ်ကြီး တစ်ဦး သေဆုံး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်စီးလာသည့် အဖွဲ့နှင့် ကားစီးလာသည့် အဖွဲ့တို့ အပြန်အလှန် စကားများရန်ဖြစ်ရာမှ ဓါးထိုးမှုဖြစ်ပွားခြင်းကြောင့် ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၄ခုနှစ် ဇွန်လ(၉)ရက်နေ့ ည(၁၂)နာရီ မထိုးမီအချိန်က ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်တွင်းရှိ ရွှေနဂါးစားသောက်ဆိုင် ကနေ ဇင်မျိုးထွန်း၊ မင်းဇော်ထွန်း နှင့် စိုင်းဝေထွန်းတို့ (၃)ဦးသည် ဆိုင်ကယ်(၂)စီးဖြင့် မောင်းကာ နေအိမ်ရှိရာ ဝေါခုတ်ကျေးရွာသို့ ပြန်လာစဉ် လမ်း၌ Toyota Crown အဖြူရောင် အမျိုးအစား ကား နှင့် Toyota Wish ကားတို့သည် ၎င်းတို့၏ အရှေ့တွင် ဖြတ်၍ ပိတ်ရပ်ကြောင်း သိရသည်။

ယင်းသို့ လျှပ်တပြတ် ပိတ်ရပ်မှုကြောင့် ဆိုင်ကယ်(၂)စီးစလုံးမှာ လဲကျသွားပြီးနောက် ကားပေါ်ကနေ အမျိုးသား(၃)ဦးဆင်းလာပြီး ထိုးကြိတ်ရိုက်နှက်ပြီးနောက် ဓါးဖြင့်ထိုးရာ မင်းဇော်ထွန်း ဆိုသူတွင် ဓါးဒဏ်ရာရရှိသွား၍ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

ဆိုင်ကယ်စီးလာသည့် (၃)ဦးအနက် တစ်ဦးမှာ သေဆုံးသွားပြီး ကျန်(၂)ဦးမှာ ဒဏ်ရာအချို့ရရှိသွားကြောင်းနှင့် ဓါးနှင့်ထိုးသွားသည့် အဖွဲ့မှာလည်း ထွက်ပြေးလွတ်မြောက် နေလျှက်ရှိကြောင်း သိရသည်။

သေဆုံးသွားသူမှာ နေပြည်တော်တွင် တာဝန်ကျနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး မင်းဇော်ထွန်း ဖြစ်ပြီး ၎င်းသည် ကျိုင်းတုံသို့ ခွင့်ခေတ္တ ပြန်လာသူဖြစ်ကြောင်း သိရသည်။

"ညက ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆိုင်ကယ်က ကားကို ကျော်တက်တော့ နှစ်ဖက်စလုံးက မူးနေပြီး စကားများ ရန်ဖြစ်တာလို့လည်း ပြောနေကြတယ်။ ဖြစ်စဉ် အတိအကျရယ်တော့ သေချာမသိဘူး။ သေချာတာကတော့ တရားခံတွေကို အခုထိ မိသံမကြားသေးဘူး"ဟု ကျိုင်းတုံဒေသခံ တစ်ဦးက Tachileik News Agency သို့ ဇွန်လ(၁၀)ရက်နေ့တွင် ပြောသည်။

ကျိုင်းတုံမြို့တွင် ၂၀၂၁ခုနှစ် မတိုင်မီက ခိုးဆိုးလုယက်မှုများနှင့် ယခုလို ခိုက်ရန်ဖြစ်ပွားမှုများ အလွန်နည်းပါးသော်လည်း ၂၀၂၁ အလွန် စစ်တပ်အာဏာသိမ်းထားသည့် နောက်ပိုင်းတွင် ခိုးဆိုးလုယက်မှုများမှာ တာချီလိတ်မြို့ကဲ့သို့ ဖြစ်ပွားလာနေကြောင်းလည်း သိရသည်။

News: https://www.tachileik.net/mm/news/36232

#TachileikNewsAgency
ဝိုင်းမော်မြို့ကို စစ်ကောင်စီ လက်နက်ကြီးနှင့်ပစ်နေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ကချင်ပြည်နယ် ဝိုင်းမော်မြို့ကို ယနေ့ ၂၀၂၄ ခုနှစ် ‌ဇွန်လ (၁၀)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မြစ်ကြီးနားအဝင်ရှိ စစ်ကောင်စီတပ်ရင်းများက ဝိုင်းမော်မြို့တွင်းကို ယနေ့ မနက်ပိုင်းကစတင်ပြီး ယခုညပိုင်းအထိ လက်နက်ကြီးနှင့် ဝိုင်းပစ်နေကာ ဝိုင်းမော်မြို့ဘက်မှလည်း အဆိုပါတပ်ရင်းများအား လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်၍ တပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲခြင်းများရှိကြောင်း သိရသည်။

"အမြောက်တွေ ပတ်ချာလည်ကနေထုနေတာ။ စက်ကြီး၊ စက်လတ် တွေနဲ့ပါပစ်နေတာ။ တပ်ပတ်လည်က ပစ်နေတာပဲ သိရတာ။ ဝိုင်းမော် ရွှေညောင်ပင်ဘက်လို့ပြောတာပဲ။ သေချာတော့ မသိရဘူး။" ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေသဖြင့် နေအိမ်များပင် တုန်ခါသည်အထိ ဖြစ်ပွားခဲ့ပြီး အခြေအနေအသေးစိတ်ကိုမူ မသိရပါ။

"ဝိုင်းမော်နဲ့က တစ်ဖက်ကမ်းပဲဆိုတော့ လက်နက်ကြီးနဲ့ပစ်နေတာကို သိရတာပေါ့။ သေနတ်သံတွေလည်း ဆူညံနေတာပဲ။"ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

ယနေ့ ညနေပိုင်းကလည်း စစ်ကောင်စီတပ်သည် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန် ခါနန်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းကို ဒရုန်းနဲ့ဗုံးကြဲရာ ဘုရားကျောင်းဆောင် ပျက်စီးသွားသည်ဟု သိရသည်။

News : https://www.tachileik.net/mm/news/36233

#TachileikNewsAgency
Please open Telegram to view this post
VIEW IN TELEGRAM
မေလအတွင်း အာဏာသိမ်းစစ်ကောင်စီကို စွန့်ခွာကာ ဗိုလ်မှူး (၃) ဦးအပါအဝင် တပ်သားနှင့်ရဲ (၄၅) ဦး ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများ သို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ် မေလအတွင်း တပ်သားနှင့်ရဲ (၄၅) ဦး ပြည်သူ့ရင်ခွင်ခိုလှုံအလင်းဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ယနေ့ ဇွန်လ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အရာရှိအဆင့် ဗိုလ်မှူး (၃)ဦး၊ ဗိုလ်ကြီး (၁)ဦး၊ ဗိုလ် (၁) ဦးနှင့် ဒုရဲအုပ် (၁)ဦး အပါအဝင် တပ်သားနှင့်ရဲ (၄၅)ဦး အာဏာသိမ်းစစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်း လာခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ (၄၅) ဦးတွင် လက်နက်နှင့်တကွ အလင်းဝင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မေလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်လာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၂၄)လက်နှင့် ခဲယမ်း မီးကျောက်များရရှိခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တိုက်တွန်း အသိပေးထားသည်။

News : https://www.tachileik.net/mm/news/36235

#TachileikNewsAgency
မုဒုံတွင် စစ်ကောင်စီကားတစ်စီး ပစ်ခတ်ခံရကာ အရာခံဗိုလ်တစ်ဦးသေဆုံး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စစ်ကောင်စီကားတစ်စီးကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိကြောင်း မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ထံမှ သိရသည်။

မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာ မော်လမြိုင်-သံဖြူဇရပ်လမ်းမတွင် ၂၀၂၄ခုနှစ် ဇွန်လ(၉)ရက်နေ့က အိမ်စီးကားဖြင့်လာသည့် အမှတ်(၃၁၈)အမြောက်တပ်ရင်းမှ စစ်ကောင်စီတပ်သားများကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး)အဖွဲ့က ပစ်ခတ်ရာ အရာခံဗိုလ် တင်ဝင်း သေဆုံးပြီး လက်နက်တစ်လက် သိမ်းဆည်းရရှိသည်ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး)အဖွဲ့၏ ပစ်ခတ်မှုကြောင့် အရာခံဗိုလ်တင်ဝင်းသည် ကျည်ထိမှန်သေဆုံးပြီး ကားပေါ်မှ ပြုတ်ကျခဲ့ကာ ၎င်း၏သေနတ်ကိုလည်း သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က အလောင်းလာမကောက်ကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/36237

#TachileikNewsAgency
Photo : New Mon State Party-AD
ရန်ကုန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လုပ်ကြံရန် ကြံစည်ဟု စွပ်စွဲကာ လူ ၉ ဦးကို စစ်ကောင်စီ ဖမ်းဆီး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရန်ကုန်မြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လုပ်ကြံရန် ကြံစည်သည်ဟုစွပ်စွဲကာ လူ(၉)ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီသတင်းဌာနများက ၂၀၂၄ခုနှစ် ဇွန်လ(၁၀)ရက်နေ့က ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ရန်ကုန်(UG)အဖွဲ့ဝင်များဖြစ်ပြီး ၂၀၂၄ခုနှစ် ဇွန်လ(၈)ရက်နေ့တွင် သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲတက်ရောက်မည့် စစ်ခေါင်းဆောင်ကို (၁၀၇)မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်နေသူများဖြစ်သည်ဟု စစ်ကောင်စီသတင်းဌာနများက စွပ်စွဲဖော်ပြသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၁)ရပ်ကွက် သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းအတွင်းရှိ သစ်သားလိုင်းခန်း အဟောင်း၌ စိန်ကြီး(ခ)အောင်ထွေး (၂၆)နှစ်၊ ချိုကြီး(ခ)ဟိန်းထက်အောင် (၁၈)နှစ်၊ မင်းသူ (၃၀)နှစ်၊ မောင်ဟိန်း (၂၄)နှစ်၊ အောင်သူရထွန်း (၂၅)နှစ်၊ ပြည့်ဖြိုးဇော် (၁၈)နှစ်နှင့် ထက်အာကာလင်း (၂၆)နှစ်တို့ (၇)ဦးအား (၁၀၇) မမရှော့တိုက်ဒုံး (၂) လုံး ၊ ဖြူးစ် (၂)ခု၊ လက်ပစ်ဗုံး (၂)လုံး၊ ဘတ္ထရီအိုး (၂)လုံး၊ ဝါယာကြိုးခွေ (၄)ခွေနှင့် အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဇွန်လ(၉)ရက်နေ့တွင် ရှော့တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင်(၃၈)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂)ရပ်ကွက်၊ သဇင်လမ်း၊ အမှတ်(၉၃)နေအိမ်မှ လည်းကောင်း၊ ဇာနည်အောင် (ခ)ကိုဇာ (၃၂)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂)ရပ်ကွက်၊ ဗန္ဓုလလမ်း၊ အမှတ်(၁၁၁) နေအိမ်မှ (၁၀၇) မမ ရှော့တိုက်ဒုံးတစ်လုံး၊ ဖြူးစ်တစ်ခုတို့ဖြင့်လည်းကောင်း ဖမ်းဆီးရမိသည်ဟု ဆိုသည်။

News : https://www.tachileik.net/mm/news/36238

#TachileikNewsAgency