Tachileik News Agency
25.9K subscribers
52K photos
206 videos
2 files
14.6K links
Tachileik News Agency (TNA) is an independent media and web – based source of daily news.
Download Telegram
ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စားနပ်ရိက္ခာအခက်အခဲဖြစ်နေသူများကို AA ထောက်ပံ့
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသူများအား အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်း၍ HDCO/ULAတို့က သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ယနေ့ ၂၀၂၄ ခုနှစ် မေလ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပလက်ဝမြို့နယ် ပလက်ချောင်းထဲ၌ရှိနေသော တွီကင်းဝကျေးရွာ၊ ဘောင်ကူဝကျေးရွာ၊ အထက်ဘောင်ဝီ‌ကျေးရွာ၊ အောက်ဘောင်ဝီကျေးရွာ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်လက်အင်္ဂါ ချွတ်ယွင်းနေသူများအပါဝင် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် သွားရောက်ကူညီခဲ့သည်ဟု သိရသည်။

ထို့အပြင် ဧပြီလ (၂၅)ရက်နေ့တွင်လည်း ပလက်ဝဒေသရှိ ကြက်ဥဝ‌ကျေးရွာ၊ ပလက်ချောင်းကျေးရွာတို့ရှိ စစ်ရှောင်ပြည်သူ အိမ်ထောင်စု (၇၀)အတွက် (Hygiene kit ၇၀) အသုံးအဆောင်ပစ္စည်းများကို HDCOမှ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သက်ကြီးရွယ်အိုများနှင့် စားဝတ်နေရေး အခက်အခဲဖြစ်နေသူများအား လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)မှ စားနပ်ရိက္ခာ အပူတပြင်းလိုအပ်နေသည့် အိမ်ထောင်စု (၄၁)စုအတွက် ဆန်အိတ်(၂၀)ကို ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

News : https://www.tachileik.net/mm/news/35789

#TachileikNewsAgency
Photo: Humanitarian and Development Coordination Office
ရက်(၁၀၀)ကျော်ဆက်တိုက် တိုက်ပွဲဝင်ခဲ့ရသည့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း ယော PDF ထုတ်ပြန်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

နွေဦးသမိုင်းတွင် မေ့မရနိုင်သည့် ရက်(၁၀၀)ကျော်ဆက်တိုက် တိုက်ပွဲဝင်ခဲ့ရသည့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း ယနေ့ ၂၀၂၄ခုနှစ် မေလ (၂)ရက်နေ့တွင် ယောကာကွယ်ရေးတပ်-YDFမှ ထုတ်ပြန်ကြေညာခဲ့သည်။

ကျင်းဒွေးမြို့သိမ်းတိုက်ပွဲ၏ အောင်မြင်မှုသည် ချင်းလူမျိုးများအပါအဝင် မဟာမိတ်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ဘုံရန်သူကို မျက်ခြေမပျက် ခြေမှုန်းနိုင်ရေးဆိုသည့် ဦးတည်ချက်ဖြင့် ညီညွတ်ရေးတည်ဆောက်နိုင်မှုမှ ရရှိလာသည့် စုပေါင်းခွန်အားကြောင့်ဖြစ်သည်မှာ ယုံမှားသံသယဖြစ်စရာမလိုကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့စခန်းအား ချင်းညီနောင်စစ်ဆင်ရေးအဖြစ် သတ်မှတ်ပြီး PDF၊ YDF၊ GZA၊ LPDF တပ်ဖွဲ့များပူးပေါင်း၍ အာရက္ခတပ်တော်၏ အကူအညီနှင့်အတူ အရှိန်အဟုန်မြှင့် တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီလ (၂၉)ရက်နေ့တွင် စခန်းတစ်ခုလုံးအား သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

ကျင်ဒွေးမြို့သည် ချင်းပြည်နယ် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း စသည့် ပြည်နယ်နှင့် တိုင်းသုံးခုကြားတွင်တည်ရှိနေရာ စစ်ရေးမဟာဗျူဟာအရ အရေးပါပြီး စစ်ကောင်စီဘက်မှ အလွယ်တကူလက်မလွှတ်ရရေးအတွက် အပြင်းအထန် ကြိုးစားကာကွယ်ခဲ့သည့် မြို့တစ်မြို့လည်းဖြစ်သည်။

News : https://www.tachileik.net/mm/news/35790

#TachileikNewsAgency
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီဂိတ်ကို ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့အင်အား (၁၆) ဦးခန့်ဖြင့် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီဂိတ်ကို ၂၀၂၄ခုနှစ် မေလ (၁)ရက်နေ့ နံနက်(၇)နာရီခန့်တွင် ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း၊ ရေဦး PDFမှ သတင်းထုတ်ပြန်သည်။

မေလ (၁)နေ့ နံနက်ပိုင်းတွင် ရေဦးမြို့ ဒီပဲယင်းလမ်းအထွက်ရှိ စစ်ကောင်စီ တပ်ကြပ် စိုးမိုးအောင်နှင့် တပ်သား ၁၅ ဦး ဆက်ကြေးကောက်နေသည့် ဂါဝီဂိတ်နေရာသို့ ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၃ ဦး ဒဏ်ရာများစွာဖြင့် သေဆုံးနိုင်ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

News : https://www.tachileik.net/mm/news/35791

#TachileikNewsAgency
စစ်အုပ်စုထုတ် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေသော TNLA ရဲဘော်များအား ပြစ်ဒဏ်ပေး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသရှိ မွေးနေ့ပွဲပါတီတစ်ခုတွင် တားမြစ်ကန့်သတ်ထားသော စစ်အုပ်စုထုတ် မြန်မာဘီယာကို သောက်သုံးခဲ့သော ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(TNLA)မှ တပ်ဖွဲ့ဝင်များအား အပြစ်ပေးအရေးယူထားကြောင်း TNLA ထံမှ သိရသည်။

၂၀၂၄ ခုနှစ် မေလ (၂)ရက်နေ့တွင် တားမြစ်ထုတ်ကုန် မြန်မာဘီယာ သောက်သုံးနေသော ရဲဘော်များအား ကြိမ်ဒဏ် (၁၀)ချက်၊ အလုပ်ကြမ်း (၁)လနှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံနှင့် ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့သည်ဟု ဆိုသည်။

ထို့ပြင် TNLA အုပ်ချုပ်နယ်မြေ မြို့(၇)မြို့ နှင့် စစ်ဒေသတွင် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများ ရောင်း‌ဝယ်စားသုံနေသာသူများ တွေ့ရှိပါက ထုတ်ပြန်ချက်ပါ အမိန့်အတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ အမြစ်ပျက် ကျဆုံးရန် စစ်ကောင်စီ၏ အရေးပါသော စီးပွားရေးမဏ္ဏိုင်ပြိုလှဲရန်နှင့် စစ်ကောင်စီ ဝင်ငွေလမ်းကြောင်းများကို ပိတ်ပင်ရန် ရည်ရွယ်ပြီး TNLAမှ စစ်ကောင်စီထုတ်ကုန်များ ရောင်းဝယ်စားသုံးခြင်း မပြုလုပ်ရန် ထုတ်ကုန်များအား ပိတ်ပင်တားမြစ်ထားခြင်း ဖြစ်သည်။

၂၀၂၁ခုနှစ်၊ ဇွန်လ(၁၅)ရက်တွင် TNLAမှ စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်း၀ယ်စားသုံးခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ၄င်းအမိန့်ထုတ်ပြန်ချက်အတိုင်း တားမြစ်ကုန်ထုတ်ပစ္စည်း ရောင်းဝယ်သူများကိုတွေ့ရှိပါက အကြိမ်ကြိမ် သတိပေးမှုပြုလုပ်ပြီးမှ ထုတ်ကုန်များကို ရောင်းသူဆိုင်ရှင် အများရှေ့တွင် ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။

News : https://www.tachileik.net/mm/news/35792

#TachileikNewsAgency
Photo: PSLF/TNLA News
စစ်ကောင်စီတပ်နှင့် PNO တို့ သဘက်ချောင်းကူးတံတားကို ဖျက်ဆီး၊ ရွှေတဂူဘုရားဝင်းကို ဒရုန်းဗုံးချသဖြင့် ပျက်စီးသွား
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခ္ငင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်စကာကျေးရွာနှင့် ရွှေတဂူဘုရားအနီးရှိ သဘက်ချောင်းတံတားကို စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ၂၀၂၄ခုနှစ် မေလ (၁)ရက်နေ့ နံနက်ပိုင်းတွင် မိုင်းဖောက်ဖျက်ဆီးခဲ့သဖြင့် တံတားမီးလောင်ပျက်စီးသွားကြောင်း PNLAထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် ရွှေတဂူဘုရားအနီးတွင်ရှိသည့် သဘက်ချောင်းကူးတံတားကို မိုင်းဖြင့်လာရောက်ဖောက်ခွဲသည့်အပြင် တံတားကို ဒရုန်းဖြင့်ဗုံးကြဲချခြင်းကြောင့် တံတားပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရွှေတဂူဘုရားဝင်းအတွင်း၌လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဘုရားစေတီများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

အဆိုပါနေရာများအား ဖျက်ဆီးသည့် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ သွားရောက်တိုက်ခိုက်ရာ (၈)ဦးထက်မနည်းသေပြီး အလောင်း(၂)လောင်း ကျန်ရှိခဲ့ကာ ခဲယမ်းကျည်ဆံအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီနှင့် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်များက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲခြင်းတို့ကြောင့် သဘက်ကျေးရွာအုပ်စုရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ(၂၇)ရက်နေ့တွင်လည်း စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် သဘက်ကျေးရွာအုပ်စု ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်။

News : https://www.tachileik.net/mm/news/35793

#TachileikNewsAgency
Photo: PNLA News & Info
တရုတ်တောင်ပိုင်းအတွင်း အဝေးပြေးလမ်းပိုင်းတွင် မြေပြိုကျမှုကြောင့် သေဆုံးသူ (၄၈) ဦးအထိ မြင့်တက်လာ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်အတွင်း မိန်သာ့မြို့ရှိ မိန်ကျိုး - သာ့ဖူအဝေးပြေးလမ်းပိုင်း တစ်နေရာ မြေပြိုကျမှုကြောင့် မော်တော်ယာဥ်များ လမ်းဘေးသို့ ထိုးကျသွားခဲ့သည့် ဖြစ်ရပ်အတွင်း သေဆုံးသူ (၄၈) ဦးအထိ မြင့်တက်လာကြောင်း တရုတ်အစိုးရမီဒီယာက ၂၀၂၄ ခုနှစ် မေလ (၂) ရက်နေ့တွင် ပြောသည်။

မေဒေးနေ့ (မေလ ၁ ရက်) အလုပ်ပိတ်ရက်တွင် လူဦးရေ သန်းနှင့်ချီ ခရီးသွားလာကြစဥ် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အစောပိုင်း သတင်းများတွင် အမြန်လမ်းပိုင်း ပြိုကျမှုကြောင့် လူ (၃၆) ဦး သေဆုံးခဲ့ပြီး အခြား လူ (၃၀) ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပြီး ယခုအခါ သေဆုံးသူ အရေအတွက် သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။

ကွမ်တုန်းပြည်နယ်အတွင်း မိန်ကျိုး - သာ့ဖူအဝေးပြေးလမ်းတွင် ၂၀၂၄ ခုနှစ် မေလ (၁) ရက်နေ့ နံနက် (၂) နာရီ (၁၀) မိနစ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမြန်လမ်း၏ အရှည် (၁၇.၉) မီတာရှိ လမ်းပိုင်း ပြိုကျသွားခဲ့ပြီး မော်တော်ယာဥ် (၂၃) စီး လမ်းဘေးထိုးကျသွားခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြထားသည်။

အမြန်လမ်းပိုင်း ပြိုကျခဲ့သည့် မိန်သာ့မြို့မှာ ဧပြီလကုန်ပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မိုးသီးကြွေမှုများ ဆိုးရွားစွာ ကြုံတွေ့နေရသည့် တရုတ်တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်ရှိ ဧရိယာများအနက် တစ်ခုဖြစ်သည်။

ဂွမ်ဒေါင်းပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အန္တရာယ်ရှိသော ရွှံ့နွံပြိုကျမှု၊ နေအိမ်များ ရေနစ်မြုပ်မှုနှင့် တံတားများ ပျက်စီးမှုတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

News: https://www.tachileik.net/mm/news/35794

#TachileikNewsAgency
Source: Bangkok Post, Reuters
Photo: Weibo, 逍遥刘杰 ( Weibo ), Xinhua