Tachileik News Agency
26.5K subscribers
53.2K photos
206 videos
2 files
15K links
Tachileik News Agency (TNA) is an independent media and web – based source of daily news.
Download Telegram
မန္တလေး PDF ထံ စစ်ကောင်စီတပ်သား တစ်ဦး အလင်းဝင်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး PDF)ထံသို့ စစ်ကောင်စီတပ် ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ ၂၀၂၄ခုနှစ် ဖေော်ဝါရီလ (၉)ရက်နေ့က အလင်းဝင်လာကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားသည် MA 3 တစ်လက်၊ ကျည်ဘောက် (၃)ခု၊ ကျည် (၂၅၀)ဖြင့် အလင်းဝင်ရောက်လာသဖြင့် ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့သည်ဟု သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ ပြည်သူလူထုဘက်သို့ရပ်တည်၍ အလင်းဝင်ရောက်လိုသော စစ်ကောင်စီတပ်သားများအား နွေးထွေးလုံခြုံစွာလက်ခံနေသည်ဟု ထုတ်ပြန်ထားသည်။

News: https://www.tachileik.net/mm/news/35030

#TachileikNewsAgency
Photo: မန္တလေး PDF
တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီး အပါအဝင် ကျေးရွာချင်းဆက်လမ်းများကို ယာယီပိတ်မည်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *


ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဆိုက်ခေါင်မှ ဆီဆိုင်မြို့သို့ ဆက်သွယ်သည့် ပြည်ထောင်စုကားလမ်းမကြီးအား ယာယီပိတ်ထားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( PNLA ) က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် သတင်းထုတ် ပြန်သည်။

ဆိုက်ခေါင်အနီးတဝိုက်မှ ဆီဆိုင်မြို့တွင်းသို့သွားသည့် ပြည်ထောင်စုလမ်းမကြီး၏ အရှေ့ဘက်ခြမ်း နှင့် အနောက်ဘက်ခြမ်းများကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းငယ်များ၊ နမ်းတဘက်ချောင်း အနောက်ဘက်ရှိ ကက္ကူမှ ဆီဆိုင်မြို့ အနောက်ဘက်ရှိ နမ်းတဘက်ချောင်း အနောက်ဘက်ဒေသများကို ဆက်သွယ်ထားသော တောလမ်းများကိုလည်း ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စစ်ရေးအခြေအနေအတွင်း မလိုလားအပ်သည့် ထိခိုက်မှူများ မဖြစ်ပေါ်စေရေး ယင်းလမ်းကြောင်းများကို အသုံးပြုသွားလာခြင်းများ မပြုကြသေးရန် အထူးအသိပေးထားပြီး သွားလာ၍ သင့်သော်သော အခြေအနေသို့ ရောက်ရှိပါက ပြန်လည် ထုတ်ပြန် အသိပေးသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် ဇန်ဝါရီလ (၂၂)ရက်နေ့မှ ယနေ့အထိ ဆီဆိုင်မြို့နှင့် အနီးတဝိုက်ရှိကျေးရွာများတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီနှင့် အပေါင်းအပါများသည် လက်နက်ကြီးများ လေယာဉ်များဖြင့် ပအိုဝ်းဒေသကို နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိ ခိုက်သေဆုံးခြင်းများရှိနေသည်။

News: https://www.tachileik.net/mm/news/35031

#TachileikNewsAgency
ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့၏ စစ်ကြောင်းနှင့် ထိပ်တိုက်တိုးမိသည့် ဒေသခံ (၂)ဦး ဖမ်းဆီး သတ်ဖြတ်ခံရ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်ငုတ်တိုရွာမှ ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် သတ်ဖြတ်သွားကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကန့်ဘလူမြို့နယ်၊ ချပ်ကြီးပျူအထိုင်စခန်းမှ ထွက်လာသော စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ်ရင်း(၃၆၁)နှင့် ၅၅၀ ဆရာတော်ဟု အမည်ခံထားသည့် ကန့်ဘလူပြည်သူ့စစ်ခေါင်းဆောင်(ပျူစောထီး) လက်နက်ကိုင် သင်္ကန်းဝတ် ဝါသဝ ဦးဆောင်သည့် ပျူစောထီးအင်အား(၁၅၀)ဝန်းကျင်ပါသည့် စစ်ကြောင်းနှင့်တိုးသည့် အင်ငုတ်တိုရွာမှ အသက်(၄၅)နှစ်အရွယ် ဦးသိန်းမြင့်နှင့် အသက်(၂၉)နှစ်အရွယ် ကိုချိုသန်း(ခ)ရွှေအိုးစည်တို့ (၂)ဦးအား ဖမ်းဆီးသတ်ဖြတ်သွားကြောင်း သိရသည်။

၎င်းစစ်ကောင်စီ စစ်ကြောင်းသည် ဖေဖော်ဝါရီလ(၉)ရက်နေ့ကလည်း တောင်ပေကုန်းရွာမှ အရှေ့ဘက်သို့ စစ်ကြောင်းထိုးထွက်ခွါလာပြီး ရှမ်းကုန်းရွာဘက်မှတဆင့် ချပ်ကြီးရွာပျူအထိုင်စခန်းသို့ ရောက်ရှိကာ ယနေ့တွင် ချပ်ကြီးရွာပျူစောထီးအထိုင်စခန်းမှ ပြန်လည်ထွက်ခွါလာပြီး အင်ငုတ်တိုရွာအနီး၌ တပ်ဖျောက်ကာ ချပ်သင်းရွာအနီးသို့ ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါရွာသည် ယခင်ကတည်းကပင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးမီးရှို့ကြသဖြင့် ဒေသခံများတိမ်းရှောင် ပြောင်းရွေ့နေကြခြင်းဖြစ်ပြီး ညပိုင်းတွင် ဒေသခံတချို့ အိမ်ပြန်အိပ်ရာက စစ် ကောင်စီတပ်နှင့်တိုးကာ ဖမ်းဆီးသတ်ခံရခြင်းဖြစ်ကြောင်း သိရ သည်။

အင်ငုတ်တိုရွာသည် ၂၀၂၂ခုနှစ် ဧပြီလနှင့် ဩဂုတ်လတို့တွင် နှစ်ကြိမ်တိုင်မီးရှို့ခံထားရပြီး နေအိမ်(၁၅၇)လုံးအထိ မီးလောင် ပျက်ဆီးဆုံးရှုံးခဲ့ရသည့် ကျေးရွာဖြစ်သည်။

News: https://www.tachileik.net/mm/news/35032

#TachileikNewsAgency
MNDAA က အုပ်ချုပ်မှုဒေသအတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ပယ်ဆောက်ချိန် မိသားစု၏ အကြီးစား မူးယစ်ဆေးဝါးထုတ်လုပ်သည့် နေရာကို ရှာဖွေ တွေ့ရှိ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဖြင့် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည့် ရှမ်းပြည်နယ်အထူးဒေသ (၁)၊ ကိုးကန့်ဒေသတွင် MNDAA က ၎င်းတို့၏ အုပ်ချုပ်မှုဒေသအတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ခြင်းများအတွက် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် ပယ်(ပယ်ဆောက်ချိန်)မိသားစု၏ မူးယစ်ဆေးဝါးထုတ်လုပ်ရေး ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိ၍ သက်သေအထောက်အထား ပစ္စည်းများအဖြစ် တရုတ်အစိုးရကို လွှဲပြောင်းပေးလိုက်ကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ၏ ပထမပတ်အတွင်း ပယ်ဆောက်ချိန် မိသားစုနှင့်ဆက်စပ်သည့် နေရာများ အပါအဝင် နေရာတော်တော်များများကို အကြီးစားနယ်မြေရှင်းလင်းရေးများ ပြုလုပ်စဉ် မြေကြီးအတွင်း မြှုပ်နှံထားသည့် စိတ်ကြွရူးသွပ်ဆေး၊ ရေခဲ၊ အီးဖဒရင်း၊ ဆိုဒီယမ် အက်ဆစ်ထရီဟိုက်ဒရိတ် အများအပြား အပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဆေးဝါးများနှင့် ဆက်ပစ္စည်းများကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ အကြီးအစားပြုလုပ်ပြီး သိုဝှက်ထားသည့်နေရာကို သဲလွန်စရရှိပြီးနောက် အထူးအဖွဲ့ ဖွဲ့စည်းပြီး ရှာဖွေမှုများ ပြုလုပ်ရာက ယခုလို တွေ့ရှိရခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် အလုံးစုံရှာဖွေတွေ့ရှိရပြီးနောက် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် MNDAA ၏ အထူးအုပ်ချုပ်ရေး ရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုအဖြစ် အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် ပယ်ဆောက်ချိန်နှင့် ၎င်း၏ သားဖြစ်သူ ပယ်ရင်ချန် တို့နှင့် ဆက်နွယ်ပြီး အွန်လိုင်းလိမ်လည်လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသူ (၂၈)ဦး အပါအဝင် ဖမ်းဆီးရမိသူများကို လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

ကျားဖြန့်လုပ်ငန်း(ခေါ်)အွန်လိုင်းငွေလိမ်လည်မှုဖြင့် တရုတ်နိုင်ငံက ဝရမ်းထုတ်ထားသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌဟောင်း ပယ်ဆောက်ချိန်အပါ (၁၀)ဦးကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့ ညပိုင်းတွင် နေပြည်တော်မှတဆင့် တရုတ်နိုင်ငံတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်လိုက်ပြီးနောက် ၎င်းတို့ နေထိုင်ခဲ့သည့် ဒေသအတွင်း၌ MNDAA ၏ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက အဖွဲ့များ ဖွဲ့စည်းပြီး နယ်မြေရှင်းလင်း ရှာဖွေမှုများ ပြုလုပ်ရာက ယခုလို ရှာဖွေ တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

News: https://www.tachileik.net/mm/news/35033


#TachileikNewsAgency
Photo: The Kokang
တိုက်ပွဲအတွင်း စွန့်ခွာ သေဆုံး ထွက်ပြေးသူများလာသည့် စစ်ကောင်စီတပ်က အင်အားတိုးချဲ့ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ပြဌာန်းလိုက်ကြောင်း ကြေညာလာသည်။

#TachileikNewsAgency
ဇရပ်ကြီးမြို့ တိုက်ပွဲအတွင်း စစ်ဆင်ရေး ရည်မှန်းချက်များ အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သော်လည်း တော်ဝင်ဒေါင်းစစ်ကြောင်း၏ တပ်ဖွဲ့ဝင် (၄)ဦး ကျဆုံး ခဲ့ရ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင် KNLA ဦးဆောင်သော မဟာမိတ်တပ်များနှင့်အတူ ပူးပေါင်း ပါဝင်ကာ စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် တော်ဝင်ဒေါင်းစစ်ကြောင်း ( Royal Peacock Column P-29913 )က တိုက်ပွဲအတွင်း ၎င်းတို့၏ တပ်ဖွဲ့ဝင်(၄)ဦး ကျဆုံးခဲ့ရကြောင်း ယနေ့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ဇရပ်ကြီးမြို့တွင် စစ်ကောင်စီတပ်၏ စခန်းများအား ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်အစောပိုင်းကစပြီး စစ်ရေးဖော်ဆောင်ရာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် သာလွန်အင်အားသုံးကာ ခုခံတိုက်ခိုက်ခဲ့သော်လည်း မဟာမိတ်ပူပေါင်းတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်၏ ခလရ(၇၃) အပါအဝင် စစ်ဆင်ရေးရည်မှန်းချက်များကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ အပါအဝင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုများရှိခဲ့သလို ပြည်သူပိုင်အဆောက်အုံများလည်း ပျက်စီးခဲ့ရသည့်အပြင် တော်ဝင်ဒေါင်းစစ်ကြောင်း၏ တပ်ဖွဲ့ဝင်များဖြစ်သည့် ရဲဘော်မင်းခန့်၊ ရဲဘော်သီဟ၊​ ရဲဘော်ဘီးကြဲ နှင့် ရဲဘော် စာကလေးတို့သည် တိုက်ပွဲအတွင်း ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း တိုင်းပြည်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အသက်များ မြင့်မြတ်စွာပေးလှူခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။


အာဏာသိမ်းစစ်ကောင်စီ၏ တပ်သည် ဖေဖော်ဝါရီလ(၁၀)ရက်နေ့အထိ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ၏ နေအိမ်များကို လေကြောင်း အပါအဝင် လက်နက်ကြီးများဖြင့် နေ့စဉ် ရမ်းသမ်းပစ်ခတ်နေလျှက်ရှိကြောင်း သိရသည်။

News: https://www.tachileik.net/mm/news/35034

#TachileikNewsAgency
Photo: Royal Peacock Column-P 29913
နိုင်ငံရေးပါတီများ စစ်ကောင်စီ၏ လက်ကိုင်တုတ်များအဖြစ် သွတ်သွင်းအသုံးချခြင်းမှ ရုန်းထွက်ကြရန် NUG တိုက်တွန်း
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

နိုင်ငံရေးပါတီများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေး နှင့် လက်ကိုင်တုတ်များအဖြစ် သွတ်သွင်း အသုံးချခြင်းမှ ရုန်းထွက်ကြရန် အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG)က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ တွင် သတိပေးတိုက်တွန်းလိုက်သည်။

အာဏာသိမ်း စစ်‌ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းတို့ တရားမဝင် ပြဌာန်းထားသည့် ဥပဒေအရ မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နိုင်ငံရေးပါတီများအနေဖြင့် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူများအား သတင်းပေးပို့ရန်ပြောကြားခဲ့သည်ဟု ဆိုသည်။

စစ်ခေါင်းဆောင်၏ ပြောကြားချက်သည် အဆိုပါ နိုင်ငံရေးပါတီများ၏ နိုင်ငံရေးရာလုပ်ငန်းတာဝန်များကို အသိအမှတ်ပြုခြင်း မရှိသည့်အပြင် နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ပါတီဝင်များကို အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေးများသဖွယ် အသုံးပြုရန် ကြိုးပမ်းနေခြင်း၊ အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေးစနစ်အမည်ခံ လက်ကိုင်တုတ်များအဖြစ် အသုံးပြုရန် ရည်ရွယ်ခြင်း၊ ဒီမိုကရေစီကို ပုံဖျက်သည့် သမိုင်းတရားခံ ပါတီများအဖြစ် သွတ်သွင်းခြင်းဖြစ်သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်အုပ်စုမှ ဖွဲ့စည်းထားသော အတုအယောင် ရွေးကောက်ပွဲကော်မရှင်ထံတွင် နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ပါတီဝင်များအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ငန်းများတွင် သတင်းပေးများအဖြစ် ပါဝင်ဆောင်ရွက်၍ ပြည်သူ့သစ္စာ ဖောက်ဘဝဖြစ်နေရခြင်း၊ အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်ရေးယန္တရားအတွင်း အစိတ်အပိုင်းအဖြစ် ပါဝင်သွားနိုင်ခြင်း၊ သမိုင်းတရားခံ ဖြစ်နေရခြင်းတို့မှ လွတ်မြောက်ရေးအတွက် နိုင်ငံရေးပါတီများ အဖြစ်မှ မှတ်ပုံတင်မှု ရုတ်သိမ်းခြင်း၊ ပါတီဝင်များအဖြစ်မှ နှုတ် ထွက်ခြင်း၊ ကင်းကွာပါတီဝင်များအဖြစ် ပြုမူနေထိုင်ခြင်းတို့ ပြုလုပ်ကာ နိုင်ငံရေးဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ကြရန် သတိပေးတိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

News: https://www.tachileik.net/mm/news/35035

#TachileikNewsAgency
စစ်အာဏာရှင်ဟောင်း ပြဌာန်းခဲ့သည့် ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အာဏာသိမ်းစစ်ခေါင်းဆောင် အသက်သွင်း
https://www.tachileik.net/mm/news/35036
* * * * *

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဌာန်းခဲ့သည့် ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလက်တွေ့အသုံးချရန်အတွက် ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် အဆိုပါ ဥပဒေကို အာဏာတည်သည့် နေ့ရက်အဖြစ် သတ်မှတ်ကာ ကြေညာလာသည်။

၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေကို အခန်း(၉)ခန်း ဖြင့် ပြဌာန်းထားပြီး ပြည်သူ့စစ်မှုထမ်းရမည့် ကာလ၊ အသက်အရွယ်သတ်မှတ်ချက် နှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များ စသည့် ပြဌာန်းချက်များကို ယခုဖော်ပြပါ အကြောင်းအရာများတွင် သေချာလေ့လာနိုင်မည်ဖြစ်ပါသည်။

ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်များအနေဖြင့် အမျိုးသားဖြစ်လျှင် အသက် (၁၈) နှစ် ပြည့်ပြီး၍ အသက် (၃၅) နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် (၁၈)နှစ် ပြည့်ပြီး၍ အသက် (၂၇) နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် (၁၈) နှစ် ပြည့်ပြီး၍ အသက် (၄၅) နှစ် မပြည့်သေးသော နိုင်ငံသားကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် (၁၈)နှစ် ပြည့်ပြီး၍ အသက် (၃၅)နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း အသီးသီး သတ်မှတ်ထားသည်ကို တွေ့ရသည်။

ပြည်သူ့စစ်မှုထမ်းရမည့် သူများအနေဖြင့် အနည်းဆုံး (၂)နှစ်ကနေ (၅)နှစ်အထိ ထမ်းဆောင်ရမည်ဖြစ်ပြီး မလိုက်နာသူများကို ထောင်ဒဏ် (၅)နှစ်အထိ ချမှတ်နိုင်ကြောင်းလည်း ပြဌာန်းထားသည်။

PDF file ယူရရန် -
https://www.tachileik.net/sites/tachileik.net/files/media/act.pdf

#TachileikNewsAgency
စစ်အာဏာရှင်ဟောင်း ပြဌာန်းခဲ့သည့် ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အာဏာသိမ်းစစ်ခေါင်းဆောင် အသက်သွင်း
https://www.tachileik.net/mm/news/35036
* * * * *

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဌာန်းခဲ့သည့် ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလက်တွေ့အသုံးချရန်အတွက် ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် အဆိုပါ ဥပဒေကို အာဏာတည်သည့် နေ့ရက်အဖြစ် သတ်မှတ်ကာ ကြေညာလာသည်။

၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေကို အခန်း(၉)ခန်း ဖြင့် ပြဌာန်းထားပြီး ပြည်သူ့စစ်မှုထမ်းရမည့် ကာလ၊ အသက်အရွယ်သတ်မှတ်ချက် နှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များ စသည့် ပြဌာန်းချက်များကို ယခုဖော်ပြပါ အကြောင်းအရာများတွင် သေချာလေ့လာနိုင်မည်ဖြစ်ပါသည်။

ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်များအနေဖြင့် အမျိုးသားဖြစ်လျှင် အသက် (၁၈) နှစ် ပြည့်ပြီး၍ အသက် (၃၅) နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် (၁၈)နှစ် ပြည့်ပြီး၍ အသက် (၂၇) နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် (၁၈) နှစ် ပြည့်ပြီး၍ အသက် (၄၅) နှစ် မပြည့်သေးသော နိုင်ငံသားကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် (၁၈)နှစ် ပြည့်ပြီး၍ အသက် (၃၅)နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း အသီးသီး သတ်မှတ်ထားသည်ကို တွေ့ရသည်။

ပြည်သူ့စစ်မှုထမ်းရမည့် သူများအနေဖြင့် အနည်းဆုံး (၂)နှစ်ကနေ (၅)နှစ်အထိ ထမ်းဆောင်ရမည်ဖြစ်ပြီး မလိုက်နာသူများကို ထောင်ဒဏ် (၅)နှစ်အထိ ချမှတ်နိုင်ကြောင်းလည်း ပြဌာန်းထားသည်။

PDF file ရယူရန် -
https://www.tachileik.net/sites/tachileik.net/files/media/act.pdf

#TachileikNewsAgency
အလိုမတူဘဲ စစ်ကောင်စီတပ်၏ ဖိအားကြောင့် စစ်ထဲဝင်ရပါက အမြန်ဆုံး ဆက်သွယ်အကြောင်းကြားလာရန် ပြည်သူ့ရင်ခွင်က အသိပေး
* * * * *



အာဏာသိမ်းစစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် အလိုမတူဘဲ စစ်ထဲ ဝင်သွားရသူများအနေဖြင့် ပြည်သူ့ရင်ခွင် - People's Embrace ကို အမြန်ဆုံး ဆက်သွယ် အကြောင်းနိုင်ရန် အသိပေးထားရှိသည်။



"အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြုပြဌာန်းလိုက်တယ်လို့ ဆိုလာပါတယ်။ အကြောင်းကြောင်းကြောင့် ရှောင်လွှဲမရဘဲ စစ်တပ်ထဲ ရောက်သွားခဲ့ရင် အမြန်ဆုံး ပြည်သူ့ရင်ခွင် - People's Embrace ကို ဆက်သွယ်နိုင်ပါတယ်၊ စသိရကတည်းက အကြောင်းကြားထားနိုင်ရင် ပိုကောင်းပါတယ်။ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရန် ကူညီဖို့ ပြည်သူ့ရင်ခွင်က အမြဲအဆင်သင့်ရှိပါတယ်"ဟု ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ညပိုင်းတွင် အသိပေးထားရှိသည်။



ပြည်သူ့ရင်ခွင် - People's Embrac ၏ ( https://www.facebook.com/PeoplesEmbrace ) Facebook စာမျက်နှာကနေ သော်လည်းကောင်း Telegram ကနေ @MyanmarPeople ဟု ( https://t.me/MyanmarPeople )ရိုက်ရှာ၍ ဆက်သွယ်လာနိုင်ကြောင်း အသိပေးထားရှိသည်။


စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဌာန်းခဲ့သည့် ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလက်တွေ့အသုံးချရန်အတွက် ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် အဆိုပါ ဥပဒေကို အာဏာတည်သည့် နေ့ရက်အဖြစ် သတ်မှတ်ကာ ကြေညာလာသည်။



#TachileikNewsAgency