Telegram မှာပြိုင်ဘက်ကင်းမဲ့ခဲ့ဖူးတဲ့ Debater တယောက်၊ ဘယ်သူ့ကိုမှမတောင်းပန်ခဲ့ဖူးတဲ့လူတယောက်က မိန်းကလေးတယောက်ကို အချစ်အတွက်အကြိမ်ပေါင်းများစွာ တောင်းပန်ခဲ့ဖူးတယ်။💥
💔 I miss my "Ego"💔
#KoKoKaran
#KoKoKaran
Please open Telegram to view this post
VIEW IN TELEGRAM
💔6😢4✍2🔥2🤝2
Forwarded from Rem
အလှအပကိုမာနနဲ့လွှမ်းခြုံထားတဲ့ မိန်းမပျိုတစ်ဦးရဲ့ နှုတ်ခမ်းဖျားမှာ ရက်စက်မှု နဲ့မငဲ့ကွက်မှုတွေက ဇာတ်တိုက်ထားသလိုပဲ
❤🔥4💯3❤2👏1💔1
Please open Telegram to view this post
VIEW IN TELEGRAM
ငနေ :
ဟက်ကောင်မ နင်ဘာတေသုံးတုန်း
Aura :
ငါကတော့ ဒီဟာလေးတွေသုံးတယ်အေ
ငနေ :
ဟယ် စုံနေတာ ငါလဲဝယ်မယ်။
#DirectorKaran
ဟက်ကောင်မ နင်ဘာတေသုံးတုန်း
Aura :
ငါကတော့ ဒီဟာလေးတွေသုံးတယ်အေ
ငနေ :
ဟယ် စုံနေတာ ငါလဲဝယ်မယ်။
#DirectorKaran
အတ္တကြီးတာတော့မဟုတ်ဘူး ငါထုတ်တဲ့အရာတွေကိုလိုက် debate ပြီးဆရာကြီးလုပ်နေတာမြင်ရင်ဝင်တီးချင်တာ🤍
#KoKoKaran
#KoKoKaran
Please open Telegram to view this post
VIEW IN TELEGRAM
ယောက်ကျားကောင်းတစ်ယောက်ဆိုတာ ဘက်မလိုက်ရဘူး ယောက်ကျားတယောက်မှာစောင့်ထိန်းယူရတဲ့စည်းမျဉ်းစည်းကမ်းတွေရှိတယ် အဲ့တာတွေကိုတရားသေကြီးဖော်ပြထားတယ်လို့တော့မထင်နဲ့ မင်းဟာယောက်ကျားတယောက်ဆိုရင် ဘယ်နေရာမှာဘယ်လိုဆူံးဖြတ်သင့်လဲဆိုတာသိမှာပဲ မင်းချစ်တဲ့သူတွေကိုကာကွယ်ရမယ် မင်းရဲ့လုပ်ဆောင်နိုင်စွမ်းကိုအသုံးဝင်တဲ့နေရာမှာချပြရမယ် ရှေးလူကြီးတွေက ကိစ္စတခုခုကို ပလောင်းပလဲပြောရင် မိန်းမပါးစပ်လို့ပြောကြတယ် ဘာလို့ဆို ယောက်ကျားတွေက ပလောင်းပလဲ ဟိုပြောဒီပြောမပြောဘူးလို့ ဆိုလိုလို့ပဲ ကိုယ်ချစ်တဲ့သူကိုတောင်မကာကွယ်နိုင်တဲ့ယောက်ကျားတယောက်က ဘယ်လိုယောက်ကျားစစ်မာလဲ ကိုယ့်လူကိုယ်ကာတတ်တဲ့ယောက်ကျားကို ယောက်ကျားကောင်းလို့ခေါ်တယ် ဒါမဲ့ကိုယ့်ညီအကိုလိုခင်တဲ့သူရဲ့ဇနီးချစ်သူကိုဆဲတာ လေးစားမှုမပြုတာကယောက်ကျားကောင်းမဟုတ်ဘူး လေးစားမှုမပြုရင်နေ မစော်ကားမိစေနဲ့ ယောက်ကျားကောင်းဆိုတာဘယ်တော့မှပြသနာကိုသွေးပူနေတဲ့အချိန်မဖြစ်တတ်ဘူး အခါအခွင့်ကိုစောင့်ပီး သွေးအေးအေးနဲ့ပဲ အနိုင်ယူတတ်တယ် ကိုယ့်ကိုကိုယောက်ကျားကောင်းလို့သက်မှတ်ရင် ငါရေးထားတာနဲ့ကိုက်ညီရဲ့လား ကြည့်ကြပေါ့ကွာ😂
#Karan
#Karan
❤🔥7❤5🔥4🏆2 2👏1💯1
Forwarded from S͟u͟p͟p͟o͟r͟t͟!
တွယ်တာမိသွားမှာကို ကျွန်တော် ကြောက်တယ် ။
သံယောဇဉ်ဆိုတာကို သိလားတဲ့ ….သိပ်သိတာပေါ့ဗျာ ။ ပြီး
တော့ တွယ်ငြိမိသွားရင် ဘယ်လောက်ထိ ဖြတ်ရခက်လဲဆို
တာကိုလဲ ကျွန်တော် သိတယ် ။ ပြီးတော့လေ …. အဲ့ဒီ သံ
ယောဇဉ်တွေကို ကြောက်လို့ တစ်ယောက်တည်း ရှောင်
ပုန်းနေမိတဲ့ လူတစ်ယောက်အနေနဲ့ တွယ်တာမိသွားမှာ
ကျွန်တော် ကြောက်နေတာ ။
ကျွန်တော်က ချန်ထားခံရမှာကို အရမ်းကြောက်တာ ဖြစ်
သလို ကိုယ်ဂရုစိုက်သလို ဂရုမစိုက်မှာကိုလဲ ကြောက်နေမိ
တာ ။ အတွေးများတတ်တယ် ပြီးတော့ တစ်ခုခုဆို စိတ်နှစ်
ထားတတ်တယ် ။ ဒါကြောင့်ပဲ ဘယ်အရာကိုမှ မတွယ်တာ
မိအောင် နှစ်တွေ အကြာကြီးနေတာပေါ့။ ဘယ်သူမှ
ရှိလဲ ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဘယ်သံယောဇဉ်မျိုးကမ
ဆို ကျွန်တော် ရှောင်ပုန်းနေခဲ့တာ ။ ကျွန်တော့်ရဲ့ ကမ္ဘာ
မှာ စာအုပ်လေးတစ်အုပ်ရှိမယ် ပြီးတော့ ဘောပင်လေးတစ်
ချောင်းရှိမယ် အခါအခွင့်သင့်လို့ ကော်ဖီလေးတစ်ခွက်ရှိမယ်
ဆိုရင် ပြည့်စုံပြီဆိုပြီးပဲ နေခဲ့တာ ။
တစ်ချိန်တုန်းက သိပ်ကို တွယ်တာခဲ့ဖူးတာပေါ့ … ပြီးတော့
သိပ်လဲ နာကျင်ခဲ့ရဖူးတယ်လေ ။ ဒါကြောင့်ပဲ ဆင်ခြင်နေ
တာပါ … ကျွန်တော့်ကြောင့် နောက်ထပ် ဘယ်သူ့ကိုမှ မ
နာကျင်စေချင်တော့သလို ကျွန်တော်ကိုယ်တိုင်ကလဲ မ
နာကျင်ချင်တော့ဘူး ။ မျက်တောင်ခတ်တာလေးအစ ငေး
မယ် … နှုတ်ခမ်းလေး ညွှတ်ပြီး သွားတက်လေးပေါ်လာ
တာလေးကို ခိုးကြည့်မယ် ။ ပြီးတော့ စကားပြောခွင့်ရှိတဲ့
အခါ စကားပြောကြတာပေါ့ ။ ဆံပင်တွေ မျက်နှာပေါ်ကျနေ
တဲ့ သပ်တင်ပေးချင်တဲ့ စိတ်ပဲရှိတာပါ တကယ်တမ်းကျ
ကျွန်တော် အဲ့လောက် မနီးရဲသေးဘူး ။
ခင်ဗျားအနားရှိနေရရင် ပျော်နေတတ်သလို ခင်ဗျားချော့
သိပ်ရင် အိပ်ချင်ချင် မအိပ်ချင်ချင် ဇွတ်အိပ်တတ်တဲ့ ကလေး
လေ .. မတော်တဆ တွေ အများကြီး မတွေးချင်တော့
တာရယ် ပြီးတော့ အများကြီး တောင့်တလိုက်ရင် ခင်ဗျား
ပင်ပန်းမှာစိုးတာရယ်ကြောင့်သာ ပျော်ပါတယ်ဆိုတဲ့စကားနဲ့
မျှော်နေတာတွေကို မပြောဖြစ်ခဲ့တာပါ ။
ကျွန်တော်လေ … ပျော်ရွှင်ခြင်းတွေကို မသိတာကြာ
ပြုံးရယ်ခြင်းတွေ မရှိတာလဲကြာပြီ ။ ပြီးတော့ .
တစ်စုံတစ်ယောက်ကြောင့် ပျော်ရခြင်းတွေ မရှိတာ ပို့လို့
တောင် ကြာပြီ ။ ဒါပေမယ့်ဗျာ … တချို့ စကားလုံးတွေက
ပြောပြီးသွားမှ စတာပါဆိုတဲ့ စကားလုံးနဲ့ ပြန်ပြီးထိန်းသိမ်း
လိုက်တာပဲ ကောင်းပါတယ် ။ မင်းပြောခဲ့ဖူးတဲ့ စကားလိုပဲ
သံယောဇဉ်ဆိုတာ ရစ်နှောင်မိပြီးသွားရင် ဖြတ်ရခက်သလို
ကျွန်တော် တွယ်တာမိသွားရင်လဲ မင်း ဒီထက် ပိုပင်ပန်းရ
မယ် ။
မင်းအနားမှာရှိရင် ပျော်ပါတယ်ဆိုတဲ့ အတွေးကိုပဲ သိမ်းထား
မယ် … သွားတက်လေးကို ခိုးပြီးငေးမယ် ကိုယ်လှုပ်လို့ ပြုံးရီ
သွားတာလေးနဲ့ ပျော်အောင်နေမယ် ။ တစ်ခါတစ်လေ .. ကို
ယ့်အတွေးနဲ့ကိုယ် ငေးပြီး တိတ်သွားတဲ့မင်းကို မနှောင့်ယှက်
ပဲနေမယ်လေ …
ကျွန်တော့်ကြောင့် တစ်စုံတစ်ယောက်နာကျင်သွားရမှာ သိပ်
ကြောက်သလို တွယ်တာမိသွားမှာကိုလဲ ကျွန်တော် ကြောက်
တယ် ။ မင်းကို မယုံကြည်တာတော့ ဘယ်ဟုတ်ပါ့မလဲ ကံ
တရားကို အလုံးစုံ မယုံကြည်ရဲတော့တာပါ ။ အမြဲတမ်းရှိနေ
ချင်တယ်ဆိုတဲ့ စိတ်ကူး အများကြီးကိုမှ ချိုးနှိမ်ပြီး … မင်း
ပေးသလောက်ပေါ့ဆိုတဲ့ အတွေးနဲ့ပဲ ရပ်နေခဲ့မိတော့တာ
လေ ။
ဒါပေမယ့် … ကျွန်တော် တွယ်တာမိသွားမှာကြောက်တယ်
ဆိုတဲ့စကားဟာ အရာရာ လွန်သွားပြီးမှ ထွက်လာတဲ့ စကား
မှန်း မင်းကို မသိစေချင်ခဲ့ပါဘူး ။ မင်းပင်ပန်းမှာစိုးတယ် ပြီး
တော့ ရနေတဲ့အရာလေးတွေ ဆုံးရှုံးသွားမှာစိုးတယ် ။ ပြီး
တော့လေ မတော်တဆများဆိုပြီး … မင်းမရှိတော့ရင်လို့များ
တွေးမိရင် သက်ပြင်းတွေ အကြိမ်ကြိမ် သက်ပြင်းတွေချပြီး
အရာရာက ဝေဝါးသွားရတာမျိုးပေါ့ ။
မင်းသိရဲ့လားလို့ … မေးချင်သလို မင်းမသိအောင်လဲ ထား
ချင်တယ် ။ ဘာလို့လဲဆိုတဲ့ မေးခွန်းတွေ များရင် တဖြေးဖြေး
ဖြေရတာ ပင်ပန်းလာတတ်တာပဲ မဟုတ်လား ။ လူတစ်
ယောက်က အရမ်းတွယ်ကပ်နေမိရင် တဖြေးဖြေး မွန်းကျပ်
တတ်တာပဲ မဟုတ်လား ပြီးတော့လေ အလိုက်မသိပါများရင်
တစ်ခါတစ်လေကျ စိတ်ကုန်သွားတတ်တာပဲ မဟုတ်လား ။
ကျွန်တော်ကလေ တွယ်တာမိသွားရင် … တစ်ခါတစ်လေကျ
တော့ တဇွတ်ထိုးဆန်တတ်တာ ကျွန်တော့်အကြောင်း
ကျွန်တော်သိတယ် ။
နည်းနည်းလေး မျက်စိအောက်က ပျောက်သွားရင် ဘာလို့
လဲဆိုတဲ့ မေးခွန်းတွေနဲ့
အတွေးတွေများနေတတ်တာ ။ ။ ပြီး
တော့လေ ခင်ဗျား နားငြီးသွားအထိ စကားတွေ ပြောနေမိ
တာ ။ ကျွန်တော်ကလေ ဆုံးရှုံးခဲ့ဖူးတော့ ပျောက်ရှသွားမှာ
စိတ်နဲ့ ကျွန်တော် နေရာတကာကို အရိပ်တကြည့်ကြည့်နဲ့
စိုးရိမ်ကြောင့်ကျနေမိမှာစိုးတယ် ။ မင်း မွန်းကျပ်မှာပေါ့ ပြီး
တော့ ပင်ပန်းမှာပေါ့ ။
ဒါကြောင့်ပဲ တွယ်တာမိမှာကြောက်တယ်ဆိုတဲ့ စကားကို
သုံးပြီး တွယ်တာမိသွားတဲ့စိတ်ကို အတတ်နိုင်ဆုံး မင်းမသိ
အောင် သိမ်းထားနေမိတာပါ ။ မင်းကိုတော့ ယုံပါတယ် ကံ
တရားကို အလုံးစုံ မယုံကြည်ရဲတော့တာ ။ ပြီးတော့ .. ကိုယ့်
စိတ်ကိုယ်ကိုယ် အသိဆုံးမို့ ကိုယ့်ကိုယ်ကိုယ်ပဲ အပင်ပန်းခံ
နေမိတော့တာ ။
။
❤4👍1👌1🍓1
• Process Philosophy - ဖြစ်စဉ် ဒဿန
• စီးဆင်းနေသော လက်တွေ့ဘဝကို မြင်ခြင်း
ပတ်ဝန်းကျင်ကို တစ်ချက်လောက် ကြည့်လိုက်ပါ။ ကျွန်တော်တို့ဟာ တည်ငြိမ်နေတဲ့၊ ပုံသေသတ်မှတ်ထားတဲ့ အရာဝတ္ထုတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်နေတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ သစ်ပင်တစ်ပင်က သစ်ပင်ပဲ၊ မြစ်တစ်စင်းက မြစ်တစ်စင်းပဲလို့ မြင်ကောင်းမြင်ပါလိမ့်မယ်။ ဒါပေမဲ့ Process Philosophy (ဖြစ်စဉ် ဒဿန) ကတော့ ဒီအမြင်ကို ပြောင်းပြန်လှန်လိုက်တာပါ။ ဒီဒဿနက "အရာရာတိုင်းဟာ အမြဲတမ်း ပြောင်းလဲနေတယ်၊ တည်ငြိမ်နေတာ မရှိဘူး" လို့ဆိုပါတယ်။
ကျွန်တော်တို့ မြင်နေရတဲ့ တည်ငြိမ်တယ်လို့ ထင်ရတဲ့ အရာတွေဟာလည်း အမှန်တကယ်တော့ အမြဲတမ်း စီးဆင်းနေတဲ့ ဖြစ်စဉ်တွေရဲ့ ရလဒ်ပဲလို့ မြင်ပါတယ်။
• ဒါဆို ဘယ်သူက ဒီလို အတွေးအခေါ်ကို ပထမဆုံး စပြီး တင်ပြခဲ့တာလဲ
ရိုးရှင်းစွာပြောရရင် ရှေးဟောင်းဂရိမှ စတင်ခဲ့တဲ့ အတွေးအမြင်တစ်ခုပါ။ Process Philosophy ရဲ့ အဖေလို့ တင်စားနိုင်သူကတော့ ရှေးဟောင်းဂရိ တွေးခေါ်ပညာရှင် Heraclitus (ဟီရာကလီတစ်) ဘီစီ ၅၃၅ - ၄၇၅ ခန့်လောက်ကပါ တော်တော်ရှေးကျပါတယ်။ သူကနေပြီးတော့ အရာရာတိုင်းရဲ့ အခြေခံက "ပြောင်းလဲခြင်း" နဲ့ "စီးဆင်းခြင်း" ပဲလို့ ယုံကြည်ခဲ့ပါတယ်။
Heraclitus ရဲ့ နာမည်ကျော်စကားကတော့ "လူတစ်ယောက်ဟာ မြစ်တစ်စင်းတည်းကို နှစ်ခါဆင်းလို့ မရဘူး၊ ဘာလို့လဲဆိုတော့ သူလည်း ပြောင်းလဲနေတယ် မြစ်ရေလည်း ပြောင်းလဲနေလို့ပဲဆိုတဲ့ (You cannot step into the same river twice, for both you and the river are constantly changing) စကားပါပဲ
အဲ့စကားကို နက်နက်နဲနဲ စဉ်းစားကြည့်ပါ သင် မြစ်ထဲ ခြေချလိုက်တဲ့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာ ရေတွေက အသစ်တွေ ဖြစ်နေပါပြီ။ ရေဟောင်းတွေက စီးဆင်းသွားပြီ။ ဒါဆို မြစ်က "မြစ်" အဖြစ် ဘယ်လိုတည်ရှိနေနိုင်သေးတာလဲ။ Heraclitus အတွက်တော့ မြစ်ဆိုတာ ရေတည်ငြိမ်နေတာမဟုတ်ဘဲ "အမြဲစီးဆင်းနေတဲ့ ရေရဲ့ ဖြစ်စဉ်" သာ ဖြစ်ပါတယ်။
သင်ကိုယ်တိုင်ကရော သင်ဟာလဲ စက္ကန့်တိုင်းမှာ ဆဲလ်အသစ်တွေ ဖြစ်ပေါ်နေပြီး ဆဲလ်ဟောင်းတွေ သေဆုံးနေပါတယ်။ သင့်ရဲ့ အတွေးတွေ၊ ခံစားချက်တွေ၊ အသိပညာတွေလည်း အမြဲတမ်း ပြောင်းလဲနေပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က သင်နဲ့ အခုသင်ဟာ အတူတူပဲလား။ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ မတူတော့ပါဘူး။ ဒါဆို သင်က "သင်" အဖြစ် ဘယ်လိုတည်ရှိနေနိုင်သေးတာလဲ။ Heraclitus အတွက်တော့ သင်ဟာလည်း "အမြဲတမ်း ပြောင်းလဲနေတဲ့ လူသားတစ်ယောက်ရဲ့ ဖြစ်စဉ်" သာ ဖြစ်ပါတယ်။
နောက်ပြီး Heraclitus က "မီး" ကို ဒီပြောင်းလဲခြင်းရဲ့ သင်္ကေတအဖြစ် မြင်ခဲ့ပါတယ်။ မီးဟာ အရာဝတ္ထုတွေကို ပြောင်းလဲစေသလို၊ ကိုယ်တိုင်လည်း အမြဲတမ်း လှုပ်ရှားပြောင်းလဲနေပါတယ်။ ဒါဟာ လောကကြီးရဲ့ အခြေခံသဘောတရားပဲလို့ Heraclitus က ဆိုလိုတာပါ။
သူက "ပဋိပက္ခ" ကိုလဲလည်း လောကကြီးကို ရှေ့ဆက်ဖြစ်တည်စေတဲ့ အင်အားဖြစ်တယ်လို့ မြင်ပါတယ်။ အရာအားလုံးဟာ ပြောင်းလဲခြင်းနဲ့ ပဋိပက္ခတွေကနေတဆင့် ဟန်ချက်ညီညီ ဆက်လက်ဖြစ်တည်နေတာပါ။ ဥပမာ - နေ့နဲ့ည၊ ပူခြင်းနဲ့အေးခြင်း၊ အကောင်းနဲ့အဆိုး စသဖြင့်။ ဒါတွေဟာ ဆန့်ကျင်ဘက်ဖြစ်ပေမယ့် တစ်ခုနဲ့တစ်ခု ဆက်နွယ်ပြီး အတူတကွ တည်ရှိနေကြတာပါ။
Heraclitus ရဲ့ အတွေးအခေါ်တွေက နှစ်ပေါင်း ၂၅၀၀ ကျော်ကြာတဲ့အထိ အသိအမှတ်ပြုခြင်းခံခဲ့ရပြီးတော့ ခေတ်သစ် Process Philosophy အတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ Alfred North Whitehead လိုမျိုး ၂၀ ရာစုရဲ့ ထင်ရှားတဲ့ ဒဿနိကပညာရှင်တစ်ဦးကလည်း ဒီအယူအဆကို ဆက်လက်ချဲ့ထွင်ခဲ့ပါတယ်။ ဒါကိုတော့ ဆက်လက်ပြီး Part 2 မှာပြောပြပေးသွားပါမယ်။
#Akira

❤🔥3❤2🔥2🎉1😎1