ဟိုးရှေးရှေးတုန်းကတနေရာမှာနာမည်မရှိတဲ့မကောင်းဆိုးဝါးရှိခဲ့ပါတယ်။ မကောင်းဆိုးဝါးက နာမည်လိုချင်သထက် လိုချင်လွန်းပေမယ့်မတတ်သာခဲ့ပါဘူး၊ ဒီလိုနဲ့မကောင်းဆိုးဝါးဟာ ခရီးထွက်ပြီးနာမည်ရှာဖို့ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်ကမ္ဘာကြီးကကျယ်ပြောတာကြောင့် မကောင်းဆိုးဝါးဟာ နှစ်ကိုယ်ခွဲပြီးရှာဖို့ဆုံးဖြတ်ခဲ့ပါတယ်၊၊ တစ်ကောင်က အရှေ့အရပ်ဆီ၊ နောက်တစ်ကောင်က အနောက်အရပ်ဆီ။ အရှေ့ဘက်ကိုသွားခဲ့တဲ့မကောင်းဆိုးဝါးဟာရွာတစ်ရွာကိုရှာတွေ့ခဲ့ပါတယ်။ ရွာအဝင်ဝမှာ ပန်းပဲဆရာတစ်ယောက်ရှိနေခဲ့တယ်။ "ပန်းပဲဆရာဦးလေးကြီး ကျွန်တော့်ကိုနာမည်လေးပေးပါလားဗျ" "နာမည်ပါဆိုပေးလို့ရမလား" "နာမည်ပေးပေးမယ်ဆိုရင်ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ဦးလေးရဲ့ကိုယ်တွင်းထဲဝင်ပြီးသန်မာလာအောင်လုပ်ပေးပါ့မယ်" "တကယ်လားသန်မာလာမယ်ဆိုရင်နာမည်ကိုပေးမယ်"။ မကောင်းဆိုးဝါးဟာ ပန်းပဲဆရာရဲ့ကိုယ်တွင်းထဲကိုဝင်သွားခဲ့တယ်။ မကောင်းဆိုးဝါးဟာ ပန်းပဲဆရာ Ottoဖြစ်လာခဲ့တယ်။ ပန်းပဲဆရာottoဟာတရွာလုံးမှာအသန်မာဆုံးပေါ့။ ဒါပေမယ့်တနေ့မှာတော့ "ကျွန်တော့်ကိုကြည့်ပါ၊ ကျွန်တော့်ကိုကြည့်ပါ၊ကျွန်တော့်ကိုယ်တွင်းက မကောင်းဆိုးဝါးကဒီလောက်တောင်ကြီးလာနေပြီ"၊ ကျွတ်ကျွတ်!!!?ကျွပ်ကျွပ်?! ဂျွတ်ဂျွတ်?!! ဂလု!?!။ ဗိုက်ဆာလာတဲ့မကောင်းဆိုးဝါးဟာ Otto ကိုအတွင်းကနေစားပစ်လိုက်ပါတယ်။ မကောင်းဆိုးဝါးဟာ နောက်တဖန်နာမည်မရှိတဲ့မကောင်းဆိုးဝါးပြန်ဖြစ်သွားပါတယ်။ ဖိနပ်ဆရာ Hans ကိုယ်တွင်းကိုဝင်ခဲ့သော်လည်း ကျွတ်ကျွတ်!!!?ကျွပ်ကျွပ်?! ဂျွတ်ဂျွတ်?!! ဂလု!?! တဖန်နာမည်မရှိတဲ့မကောင်းဆိုးဝါးဖြစ်သွားပြန်ပါတယ်။ မုဆိုး Thomas ရဲ့ကိုယ်တွင်းကိုဝင်ခဲ့သော်လည်း ကျွတ်ကျွတ်!!!?ကျွပ်ကျွပ်?! ဂျွတ်ဂျွတ်?!! ဂလု!?!။ တဖန်နာမည်မရှိတဲ့မကောင်းဆိုးဝါးဖြစ်သွားပြန်ပါတယ်။ မကောင်းဆိုးဝါးဟာရဲတိုက်ထဲကိုဝင်ပြီးနာမည်ကောင်းရှာဖို့ကြိုးစားခဲ့တယ်။ ရဲတိုက်ထဲမှာရောဂါသည်ကောင်လေးတစ်ဦးရှိနေခဲ့တယ်။ "မင်းရဲ့နာမည်ကိုပေးရင် မင်းကိုသန်မာအောင်လုပ်ပေးမယ်" "ရောဂါပျောက်ပြီးသန်မာလာမယ်ဆိုရင် နာမည်ကိုပေးမယ်"။ မကောင်းဆိုးဝါးဟာ ကောင်လေးကိုယ်တွင်းထဲကိုဝင်သွားခဲ့တယ်။ ကောင်လေးဟာ အင်မတန်ကျန်းမာလာခဲ့ပါတယ်။ ဘုရင်ကြီးကဝမ်းမြောက်တာပေါ့၊ မင်းသားလေးကကျန်းမာလာပြီ၊ မင်းသားလေးက ကျန်းမာလာပြီကိုး။ မကောင်းဆိုးဝါးဟာကောင်လေးရဲ့နာမည်ကိုအလွန်သဘောကျပါတယ်။ ရဲတိုက်မှာနေရတာကိုလည်းသဘောကျပါတယ်။ ဒါကြောင့်ဗိုက်ဆာပေမယ့်လည်းသည်းခံနေခဲ့ပါတယ်။ နေ့တိုင်းနေ့တိုင်းဗိုက်ကတဂွီဂွီမည်လည်း သည်းခံခဲ့ပါတယ်။ ဒါပေမယ့်အလွန်အမင်းဗိုက်ဆာလာတာကြောင့် "ကျွန်တော့်ကိုကြည့်ပါ၊ ကျွန်တော့်ကိုကြည့်ပါ၊ကျွန်တော့်ကိုယ်တွင်းက မကောင်းဆိုးဝါးကဒီလောက်တောင်ကြီးလာနေပြီ"ဆိုပြီး ကောင်လေးဟာ ဘုရင်ကိုရောအစေခံအားလုံးကိုရော စားပစ်လိုက်ပါတယ်၊ ကျွတ်ကျွတ်!!!?ကျွပ်ကျွပ်?! ဂျွတ်ဂျွတ်?!! ဂလု!?!။ ဘယ်သူမှမရှိတော့လို့ကောင်လေးဟာခရီးထွက်ခဲ့ပါတယ်။ တစ်ရက်ပြီးတစ်ရက်ဆက်တိုက်လျှောက်ခဲ့ရင်း တစ်ရက်မှာ ကောင်လေးဟာ အနောက်ဘက်ဆီခရီးသွားခဲ့တဲ့ မကောင်းဆိုးဝါးကိုပြန်တွေ့ခဲ့ပါတယ်။ ကောင်လေးက "နာမည်ရလာပြီ သိပ်ကောင်းတဲ့နာမည်ပဲ" အနောက်ဘက်ဆီသွားခဲ့တဲ့မကောင်းဆိုးဝါးကပြောလိုက်ပါတယ်။ "နာမည်မလိုပါဘူး၊ နာမည်မရှိတောင်ပျော်ပါတယ် ငါတို့ကနာမည်မရှိတဲ့မကောင်းဆိုးဝါးတွေပဲဟာ"။ ကောင်လေးဟာအနောက်ဘက်ကိုခရီးသွားခဲ့တဲ့မကောင်းဆိုးဝါးကို စားပစ်လိုက်ပါတယ်။ နောက်ဆုံးမှာနာမည်ရခဲ့ပေမယ့် နာမည်ကိုခေါ်ပေးမယ့်လူတွေကတော့မရှိတော့ပါဘူး။ .......... တဲ့ သိပ်ကောင်းတဲ့နာမည်လေးပဲကို။
3😭7👏3😢3🎉2❤1😈1
တစ်ခါက သူဌေးတစ်ယောက်ဟာ လုပ်ငန်းကိစ္စနဲ့ခရီးသွားရင်း လုယက်တိုက်ခိုက်ခံရပါသတဲ့၊၊ လုယက်တိုက်ခိုက်သူဟာ သူဌေးရဲ့ပါလာသမျှကိုတောင်းတာပေါ့၊ အဲ့အချိန်မှာ ခရီးသွားဟန်လွှဲရွာသားတစ်ယောက်ကရောက်လာတယ်၊၊ ရွာသားဟာလုယက်သူကိုအနိုင်ပိုင်းတိုက်ခိုက်ပြီးပစ္စည်းတွေကိုအရယူနိုင်ခဲ့တာပေါ့၊ ရွာသားဟာ သူဌေးကိုပစ္စည်းပြန်ပေးခဲ့တယ်၊ ဒါပေမယ့်ရွာသားကလည်လည်ဝယ်ဝယ်ရှိသူမဟုတ်ပဲ သူဌေးရဲ့နာရီကိုမျက်စိကျနေခဲ့တယ်၊ ဒါကြောင့်နာရီကိုသူဌေးဆီကတောင်းခဲ့တယ်၊ သူဌေးဟာအဲ့နာရီကိုပေးရင်ရွာသားအတွက်အကျိုးရှိမှာမဟုတ်မှန်းသိတယ် အဲ့တော့ အဲ့နာရီကိုရွာသားအကျိုးရှိတဲ့နေရာမှာအသုံးချနိုင်ဖို့ရွာသားကိုစေသနာဇောနဲ့ manipulate လိုက်တယ်၊ ရွာသားကနာရီကလက်တံလှုပ်ရှားနေတဲ့အတွက် အသက်ရှိနေတယ်လို့ထင်ခဲ့တယ်၊ နာရီကသံပတ်ပေးရတဲ့အမျိူးအစားပါ၊ သံပဝာ်မပေးရင်ရပ်သွားရောတဲ့..၊ သူဌေးကရွာသားကိုအဲ့နာရီဟာမကြာခင်သေတော့မဲ့နာရီဖြစ်တယ်၊ တကယ်လို့နာရီသေသွားခဲ့ရင် သုခလမ်းကလူတစ်ယောက်ကိုသွားရောင်းပါဆိုပြီးလမ်းညွှန်ခဲ့တယ်၊ရောင်းတဲ့အခါနာရီကသေနေတာမဟုတ်ပဲအိပ်နေတာဖြစ်ကြောင်း ထိုအရောင်းသမားကိုရှင်းပြခိုင်းတယ်၊ ရွာသားဟာနောက်၂ရက်နေတော့နာရီရပ်သွားတဲ့အတွက် နာရီကိုသွားရောင်းဖို့လုပ်ခဲ့တယ်၊ သုခလမ်းကလူကိုနာရီကသေနေတာမဟုတ်ပဲအိပ်နေတာဆိုပြီးတော့ပေါ့၊ သုခလမ်းကလူကလဲ ဈေးကို၃ဆလောက်နိမ်ပြီးဝယ်လိုက်တယ်၊၊ သူဌေးကအဲ့လိုပြောပြီးလာရောင်းမဲ့သူလာမယ်လို့ပြောပြီးသား၊ ဒါပေမယ့်နာရီကိုဘယ်သူမှလာမရောင်းပါဘူးလို့လိမ်ပြောခဲ့တယ်၊ သူဌေးဟာအဲ့စကားကိုကြားပြီးရွာသားကသံပတ်ပေးနည်းသိသွားတယ်လို့ထင်ခဲ့ပြီးကိုယ့်အသက်သခင်ကိုလိမ်ညာခဲ့မိတဲ့အတွက်နောင်တရနေခဲ့တယ်၊ ရွာသားဟာဈေးသည်ကိုနာရီသေကြီးလိမ်ရောင်းခဲ့တယ်ဆိုတဲ့အသိနဲ့နောင်တရနေခဲ့တယ်၊ဈေးသည်ကတော့ရိုးသားတဲ့ရွာသားနဲ့သူဌေးကြီးကိုဘာမဟုတ်တဲ့ငွေလေးအတွက်လိမ်ညာခဲ့မိတဲ့အတွက်နောင်တရနေခဲ့တယ်၊၊ ဒီဇာတ်လမ်းလေးရဲ့အဆုံးမှာ လူလိမ်သုံးယောက်ဟာ ကိုယ့်ကိုကိုအပြစ်ရှိသူအဖြစ်ခံယူရင်းဘဝတစ်လျှောက်ကိုနေထိုင်သွားလေသတဲ့၊၊
1❤6⚡5😎3💔2😘2😭1
What's existence?
ဟိုးရှေးရှေးတုန်းကတနေရာမှာနာမည်မရှိတဲ့မကောင်းဆိုးဝါးရှိခဲ့ပါတယ်။ မကောင်းဆိုးဝါးက နာမည်လိုချင်သထက် လိုချင်လွန်းပေမယ့်မတတ်သာခဲ့ပါဘူး၊ ဒီလိုနဲ့မကောင်းဆိုးဝါးဟာ ခရီးထွက်ပြီးနာမည်ရှာဖို့ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်ကမ္ဘာကြီးကကျယ်ပြောတာကြောင့် မကောင်းဆိုးဝါးဟာ န…
ငြိမ်းချမ်းရေးနတ်ဘုရားကအလုပ်များပါတယ်။ မှန်ကြည့်ချိန်တောင်မရပဲ နေ့တိုင်းတံပိုးကိုမှုတ်ပါတယ်။ ငြိမ်းချမ်းရေးနတ်ဘုရားရဲ့တံပိုးသံဟာအားလုံးကိုပျော်ရွင်စေပါတယ်။ ငြိမ်းချမ်းရေးနတ်ဘုရားကအလုပ်များပါတယ်။ မှန်ကြည့်ချိန်တောင်မရပဲမှော်ဝင်ရေကို ကြဲဖြန့်ပါတယ်။မှော်ဝင်ရေက အစိမ်းရောင်တောင်တန်းများကို ဖန်တီးပြီး လယ်ယာတွေကိုပွင့်သီးစေပြီး ပန်းဥယျာဉ်တွေကို ဖြစ်ပေါ်စေပါတယ်။ ငြိမ်းချမ်းရေးနတ်ဘုရားကအလုပ်များပါတယ်။ မှန်ကြည့်ချိန်တောင်မရပဲ အားလုံးကိုနာမည်ပေးခဲ့ပါတယ်။ "မင်းနာမည်က Otto" "မင်းနာမည်က Hans" "မင်းနာမည်က Thomas" "မင်းနာမည်က ....... "တဲ့ နောက်ဆုံးနာမည်ပေးခံရသူဟာကျေးဇူးတုံ့ပြန်ဖို့ ဦးထုပ်ကို ငြိမ်းချမ်းရေးနတ်ဘုရားဆီ ပေးလိုက်ပါတယ်။ နတ်ဘုရားဟာပျော်ရွှင်သွားတယ်။ ထိုဦးထုပ်ကိုဆောင်းထားတဲ့ သူ့ကိုယ်သူမြင်ချင်တာကြောင့် ပထမဆုံးအကြိမ် မှန်ရှေ့မှာရပ်လိုက်ပါတယ်။ ဒါပေမယ့် မှန်မှာထင်ဟပ်နေတာက မိစ္ဆာဖြစ်နေခဲ့တယ်။ မိစ္ဆာကပြောလိုက်ပါတယ်။ "မင်းကငါ ငါကမင်း ဘယ်လိုလုပ်ရမလဲ" ဒီမိစ္ဆာရှိနေရင် အားလုံးအေးအေးချမ်းချမ်းမနေနိုင်ဘူး ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ"။ ဒုက္ခရောက်နေတဲ့နတ်ဘုရားဟာ မိမိကိုယ့်ကို အဆုံးစီရင်လိုက်ပါတယ်။ သူဟာ ဒီအေးချမ်းသောနေရာမှတစ်ဦးထဲသောတန်ခိုးရှင်ဖြစ်တာကြောင့် သူ့ရဲ့လိုချင်တပ်မက်စိတ် ပထမဆုံးဖြစ်လာချိန်မှာပဲ ကိုယ့်ကိုကိုအဆုံးသတ်ခဲ့ပါသတဲ့....
1❤8🥰6👌3😁2⚡1😭1
မတည်မြဲခြင်း
နှစ်ဆယ်ရာစုခေတ်သို့ အဝင်တွင်၊ အထူးသဖြင့် ပထမကမ္ဘာစစ်ကြီး အပြီးတွင် လူတို့အတွင်း အသိတစ်မျိုးအသစ် ပေါ်ထွက်လာခဲ့သည်။ ထိုအသိသည် သေခြင်းတရားနှင့် ဆက်စပ်နေသည့် အသိဖြစ်ပြီး၊ သေခြင်းတရားသည် မလွဲမရှောင်နိုင်သည့် အမှန်တရားကြီးဖြစ်ကြောင်းကို အရင်ထက် ပိုမိုသိမြင်လာကြသည်။ လူတို့သည် များစွာသောအဓိကအဆက်အသွယ်များ၊ မိသားစု၊ မိတ်ဆွေများ၊ အိမ်နီးချင်းများကို စစ်ပွဲကြောင့်ဆုံးရှုံးသွားခဲ့ကြသဖြင့် မိမိဘဝ၏ မတည်မြဲမှု၊ အဓိပ္ပာယ်မဲ့ခြင်းတို့ကို ပိုမိုရှင်းလင်းစွာ ခံစားသိမြင်လာကြသည်။
စစ်ပွဲသည် လူသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတို့ကိုသာ မပျက်စီးစေသည့်အပြင် လူ့အတွင်းပိုင်းစဉ်းစားပုံအယူအဆများကိုပါ အပြည့်အဝ လှုပ်ရှားစေခဲ့သည်။ အနာဂတ်အပေါ် ယုံကြည်မှု၊ အိပ်မက်များ၊ တည်မြဲသည့်အဓိပ္ပာယ်ရှိသည်ဟူသည့် အယူအဆများကို ထိခိုက်ပျက်စီးစေခဲ့ပြီး လူသားများသည် လူသားတို့၏ကိုယ်တွင်းတရားကို ရင်ဆိုင်သိမြင်စေခဲ့သည်။ အယူသီးမှုနဲ့ယုံကြည်မှုများပါ ပျောက်ကွယ်သင့်သလောက်ပျောက်ကွယ်လာခဲ့ပြီး အတွေးအမြင်များပွင့်လင်းမြင်သာလာကြသည်။
ထိုကဲ့သို့ အတွေ့အကြုံများကြောင့် အနုပညာ၊ စာပေဆန်းသစ်မှုများ၊ အတ္ထုပ္ပတ္တိစာပေများတွင်ပါ လူ့ဘဝ၏ အလွန်မတည်မြဲသည့် သဘောကို ထင်ဟပ်ဖော်ပြလာကြသည်။ အထူးသဖြင့် အနာဂတ်သို့ အလားတူ မျှော်လင့်ခြင်းမရှိသော အတွေးများ၊ နတ္ထိဝါဒ(Nihilism)၊ အတ္တအမှန်ဝါဒအယူအဆ (Existentialism) များ ပေါ်ထွက်လာပြီး လူ့ဘဝကို နက်နက်ရှိုင်းရှိုင်း အဓိပ္ပာယ်ဖန်တီးလိုသည့် စဉ်းစားပုံများ ပိုမိုပြင်းထန်လာခဲ့သည်။
ပထမကမ္ဘာစစ်ကြီးနှင့်ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် လူသားတို့သည် သေခြင်းတရားကို အနီးကပ်ခံစားရခြင်းကြောင့် မိမိတို့ဘဝ၏ တန်ဖိုးနှင့် အဓိပ္ပာယ်ကို ပြန်လည်ဆွေးနွေးရန်၊ ပြန်လည်တန်ဖိုးထားရန် လိုအပ်ကြောင်းသိမြင်လာကြသည့်အပြင်၊ ငြိမ်းချမ်းခြင်းနှင့် လူ့ဘဝအပေါ် သက်သာချင်စိတ်၊ အဓိပ္ပာယ်ရှာဖွေရန် စိတ်ကူးများ ပိုမိုချဲ့ထွင်လာခဲ့ကြသည်။
သို့သော်နယ်ပယ်တိုင်းတွင်ဘာသာရေးကဆက်စပ်နေဟန်ရှိသလို ဘာသာရေးကပင်လူတို့၏ အတွေးအခေါ်ကိုပြောင်းလဲစေပြန်သည်။ အနောက်တိုင်းခေတ်ဒဿနိကဗေဒများနဲ့ ဂရိဒဿနိကဗေဒများကို စစ်ပွဲများကပိုမိုထင်ရှား၍သရုပ်ပေါ်လာစေသကဲ့သို့အယူအဆသစ်များအတွေးအခေါ်အသစ်များကိုပင်ပေါ်ထွက်လာစေသည်။ သို့သော်အရာအားလုံးသည်မတည်မြဲခြင်းတရားကိုကျွန်တော်တို့အာရှနိုင်ငံတစ်ချို့သည်လွန်ခဲ့သောနှစ်၂၅၀၀လောက်ကပင်သိရှိခဲ့ပြီဖြစ်သည်။သို့သော်ဤအယူအဆများကိုဆက်လက်လက်ဆင့်ကမ်းရန်လိုအပ်ပေလိမ့်မည်။

❤🔥9❤5🍓4👏1🥱1💯1⚡1😭1🤓1🗿1
I don’t wanna fall asleep. I don’t wanna pass away. I’ve been thinking about our future because I never see your face. I don’t know why that is happened, but I probably deserve it. I try to do my best, but You know that I’m not perfect. I’ve been praying for forgiveness. You’ve been praying for my health when I leave this earth. Hopefully you find someone else cause. Yeah, we still young. There’s so much. We haven’t done. Getting married to start a family watch your husband with the son. I wish you will be me, but I will make it out to bed. I hope I go to heaven, so I see you once again. My life was kind of short, but I got some money. Blessings, Happ. You are mine. It sucks. That is so landing. Don’t stay away for too long. Don’t go to bed
❤10⚡4🥰3👏2🍓2😁1🎉1🏆1🗿1😎1
This media is not supported in your browser
VIEW IN TELEGRAM
10 songs in 1 beat
( Die with a smile)
( Die with a smile)
❤7❤🔥5🔥5😁2🙈1
"What is atheist''
Atheism ဆိုတာကို မယုံမှုဆိုပြီးသာလျှင်ထင်မိတတ်ပေမဲ့ အမှန်တကယ်တော့ အဲ့ဒါဟာ စိတ်အတွင်းမှာအနက်ရှိတဲ့သဘောတရားတစ်ခုပဲ။ အချို့လူတွေက ဘုရားရှိတယ်လို့ ယုံကြည်ကြသလို Atheist တို့ကတော့ “ဘုရားရှိတယ်ဆိုတာ သက်သေအထောက်အထားမရှိတဲ့အကြောင်းအရာ” လို့ထင်ကြတယ်။ ဒါပေမဲ့ သူတို့ဟာ ဘုရားကိုမုန်းတာမဟုတ်ဘဲ “အကြောင်းအရင်းမရှိတာနဲ့အတူ မယုံနိုင်ဘူး” လို့ပဲယူဆကြတယ်။ ဘုရားမရှိဘူးဆိုတာက ဗျာမဲ့မဟုတ်ဘဲ သဘောတရားနဲ့အခြေခံထားတာတောင်ရှိတယ်။
သူတို့တွေးပုံကိုပြောရရင် ဗုဒ္ဓဘာသာမှာ “သံသရာ” “ကမ္မ” “အကြောင်းအရာရှိခြင်း” ဆိုတဲ့သဘောရှိသလိုပဲ Atheist တို့မှာလည်း “အရာရှိတယ်ဆိုရင် သက်သေအထောက်အထားရှိဖို့လိုတယ်” ဆိုတဲ့သဘောရှိတယ်။ သူတို့အတွက် စကြဝဠာက ဘုရားတစ်ပါးဖန်တီးတာမဟုတ်ဘဲ သဘာဝတရားအတိုင်းဖြစ်လာတာ။ အဲ့တာကို Big Bang လို့ခေါ်ကြတယ်။ သက်တမ်းအရာတွေအားလုံးဟာ သဘာဝတရားအတိုင်း ပေါ်ပေါက်ပြီး ပျက်သွားတာ။ မည်သူမှ မထိန်းနိုင်၊ မစီမံနိုင်။ ဘုရားမရှိဘဲ သဘာဝပဲအင်အားရှိတယ်လို့ယူဆကြတယ်။ ဒါကြောင့်သူတို့အတွက် “ဘဝ” ဆိုတာဟာ သဘာဝအတွင်းက တစ်ခဏတန်ခိုးတစ်ခု။ မသေမီအထိသာရှိတာ။ သေပြီဆိုတာနဲ့ ပြီးသွားတာ။ ပြန်လည်မွေးဖွားခြင်းမရှိဘူး။ ဒါကြောင့်သူတို့က ယနေ့ဘဝတစ်ခုပဲ အဓိပ္ပာယ်ရှိတယ်။ ဒါကိုတန်ဖိုးထားဖို့ပဲလိုတယ်။
ဘုရားမယုံတဲ့သူဆိုတာ အကြမ်းဖက်တဲ့သူ မဟုတ်။ အမှန်တကယ်တော့ တချို့ Atheist တွေက နတ်ဘာသာဝင်တွေထက်တောင် စည်းကမ်းပိုကောင်းတယ်။ သူတို့က “ကောင်းမှု” ကို ဘုရားကြည့်နေတာကြောင့်မလုပ်ဘဲ “ကောင်းတာကောင်းမို့လုပ်တယ်” ဆိုတဲ့သဘောနဲ့နေကြတယ်။ ဘုရားမရှိဘဲလည်း လူ့အဖော်အဖော်အတွက် မှန်ဖို့၊ တာဝန်ရှိဖို့၊ မနာကျင်ဖို့၊ ကူညီဖို့၊ တန်ဖိုးရှိတဲ့ဘဝဖြစ်ဖို့ ကြိုးစားကြတယ်။ သူတို့အတွက် ကျင့်ဝတ်ဆိုတာ ဘုရားမကောက်ထားတဲ့သက်တမ်းတရားတစ်ခုပဲ။ လူ့ဘဝအတွက်တန်ဖိုးရှိအောင်နေဖို့နဲ့ပဲ။
Atheist တစ်ယောက်အနေနဲ့ ဘဝကိုကြည့်တဲ့အမြင်က “ဘုရားပေးတာ” မဟုတ်ဘဲ “ကိုယ်တိုင်ဖန်တီးတာ” ဖြစ်တယ်။ ဘဝအဓိပ္ပာယ်ဆိုတာ ကိုယ်နဲ့ပတ်သက်သူတွေအတွက်တန်ဖိုးရှိအောင်လုပ်ဖို့။ ကိုယ်နေရာမှာအဓိပ္ပာယ်ရှိအောင်နေဖို့။ သူတို့အတွက် ဘဝအဆုံးမှာ ဘုရားဆီသွားမယ်ဆိုတဲ့စိတ်မျှမရှိဘူး။ ဒါပေမဲ့ သေမီအထိ သက်တမ်းအနေနဲ့ ရှင်သန်နေတတ်ဖို့၊ တန်ဖိုးရှိအောင် အသုံးချဖို့။ သူတို့အတွက် “နတ်မရှိတာ” ဆိုတာ စိုးရိမ်ဖွယ်မဟုတ်ဘဲ လွတ်လပ်ခြင်းဖြစ်တယ်။ သူတို့က မသိတာကို မသိတာအဖြစ်လက်ခံတယ်။ မသိတာကို ဘုရားနဲ့ဖြည့်ဖို့မလိုဘူး။ အဲ့တာကို သိသိချင်ချင်နဲ့ရှာဖွေမယ်။ မသိတာကိုလက်ခံတာပဲသူတို့အတွက် ဉာဏ်ရှိခြင်း။
Atheism က ထုံးစံ၊ အထွေထွေယုံကြည်မှုတွေနဲ့တောင်မဆန်ခိုက်ဘူး။ အဲ့တာအကြောင်းကြောင့် သက်တမ်းအရာတွေအပေါ် ပိုသိလိုတယ်။ သိပ္ပံနဲ့ပေါင်းတယ်။ Stephen Hawking, Carl Sagan, Richard Dawkins တို့လိုပညာရှင်တွေက Atheist ဖြစ်ကြပြီး စကြဝဠာနဲ့သက်တမ်းကို သဘာဝအတိုင်းရှင်းပြကြတယ်။ သူတို့ပြောတာက “သက်တမ်းရှိတာဆိုရင် သက်သေအထောက်အထားရှိဖို့လိုတယ်။ မရှိရင် မယုံကြည်ပါ။ ဒါပေမဲ့ မနာတော၊ မစိုးရိမ်ပါ။ မသိတာကိုလက်ခံပြီး သဘာဝအတိုင်းနေလို့ရတယ်” ဆိုတာ။ ဒီလိုပဲ သူတို့အတွက် နတ်မရှိခြင်းဟာ အေးချမ်းမှုဖြစ်တယ်။
Atheist တို့အနေနဲ့ ဘုရားမရှိခြင်းနဲ့စတယ်။ ဒါပေမဲ့ သဘာဝနဲ့အညီ နေနိုင်တဲ့သဘောတရားနဲ့ဆုံးတယ်။ သူတို့အတွက် ဘုရားမရှိတာနဲ့အတူ တန်ဖိုးမရှိတာမဟုတ်ဘဲ “ကိုယ်သက်တမ်းကိုတန်ဖိုးထားခြင်း” ဖြစ်တယ်။ သူတို့ပြောတာက “ငါဘုရားမယုံဘူး။ ဒါပေမဲ့ ငါလူ့သဘောနဲ့ကောင်းမှုကိုယုံတယ်။ ဘဝကိုအဓိပ္ပာယ်ဖြစ်အောင်လုပ်မယ်။ နတ်မရှိလည်း ငါ့စိတ်အေးချမ်းနိုင်တယ်” လို့ပဲ။ ဒါပဲ Atheism ရဲ့အနစ်သာရ။ မယုံခြင်းနဲ့စတယ်၊ သဘောတရားနဲ့ဆုံးတယ်။

1❤10🏆5❤🔥3👍2🎉1
မမရဲ့ပိုင်ဆိုင်ထားတဲ့မျက်လုံးနဲ့အပြုံးတွေက ကျွန်တော့်ကိုတစ်သက်လုံးချုပ်ကိုင်လွှမ်းမိုးနိုင်သလို နွားလိုကျွဲလိုစေခိုင်းစေနိုင်တဲ့အစွမ်းလဲရှိပါတယ်၊ ဒါပေမယ့်ကျွန်တော်က မမခိုင်းတဲ့အတိုင်းလုပ်မဲ့ယောင်္ကျားမျိုးမဟုတ်ပဲ မမ မခိုင်းခင်ကတည်းကကြိုတင်လုပ်ကိုင်ထားနိုင်တဲ့ယောင်္ကျားမျိုးဖြစ်ပါတယ်။
မင်းလူ။
Audio by Karan
မင်းလူ။
Audio by Karan
❤21❤🔥10🎉7👏2🍓2💘2👌1🗿1