What's existence?
231 subscribers
63 photos
59 videos
8 links
Download Telegram
An idea of a person

ကိုယ်ချစ်တဲ့ကောင်မလေးပဲဖြစ်ဖြစ် ကောင်လေးပဲဖြစ်ဖြစ် သူတို့ရဲ့ပတ်သတ်ပြီးစဉ်းစားကြည့်လိုက်ရင် ကိုယ်က သူ့ကိုတစ်ကယ်ချစ်တာလား သူနဲ့ပတ်သတ်ပြီးတွေးတောထားတဲ့အရာတွေကိုချစ်တာလားသိဖို့လိုအပ်တယ် ပြောရရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့‌ချစ်တဲ့သူတွေနဲ့ပတ်သတ်ပြီး စစချင်းစိတ်ကူးယဉ်တယ် သူက ဘယ်လိုပုံစံမျိူးရှိတယ်သူတို့နဲ့ဘယ်သွားမယ် ဘာလုပ်မယ် သူနဲ့ဘယ်လိုဘဝကိုဖန်တီးမယ် တဖက်လူတွေနဲ့ပတ်သတ်ပြီးမျှော်မှန်းထားတဲ့ပုံစံတစ်ခုပေါ့ ဒါတွေကို an idea of a person လို့ခေါ်တယ် ဒါတွေက အချစ်စစ်မဟုတ်ပါဘူး ကိုယ့်ရဲ့စိတ်ထဲကလာတဲ့အတွေးအခေါ်တစ်ခုသက်သက်ပဲဖြစ်ပါတယ် လူတွေက ဒီလို idea တစ်ခုခုကိုချစ်မိသွားပြီးသူစိတ်ကူးပုံဖော်ထားတဲ့သူနဲ့တွဲလိုက်တယ် ၃လ၊၄လလောက်အကြာမှာ ကိုယ်တွဲလိုက်တဲ့သူက ကိုယ်မျှော်မှန်းထားသလိုမဟုတ်ပဲ တခြားစီဖြစ်နေတတ်တယ် အဲ့အခါ တစ်ချို့လူတွေကတော့ သူတို့ပြောင်းလဲလာမလားဆက်တွဲကြည့်တယ် တစ်ချို့က ကိုယ့်ပါတနာကို အတင်းကြီးပြောင်းလဲဖို့ကြိုးစားကြတယ် တစ်ချိူ့ကတော့လမ်းခွဲလိုက်ကြတယ် ဒီပြသနာကိုလူတိုင်းကြားဖူးကြမှာပါ relationship တစ်ခုမှာတစ်ယောက်နဲ့တစ်ယောက် ပြောင်းလဲဖို့လုပ်တယ်ဆိုတာက ပြသနာကဒီ an Idea of a person ပဲ သူတို့နဲ့ပတ်သတ်ပြီး ကိုယ်ဖန်တီးထားတဲ့ perception ကလုံးဝတခြားစီဖြစ်နေတတ်တာပေါ့ နောက်တော့ တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်တယ် ရန်ဖြစ်တယ် မုန်းတယ် ဒါမျိုးတွေဖြစ်လာတာပေါ့ အဲ့လိုတဖက်လူကိုအပြစ်မတင်ခင် တကယ်တွေးသင့်တာက တဖက်လူကပြသနာလား ဒါမှမဟုတ် သူတို့နဲ့ပတ်သတ်ပြီး idea တွေ စိတ်ကူးယဉ်မှုတွေနဲ့ မျှော်လင့်ချက်တွေကိုဖန်တီးမိတဲ့ မိမိကိုယ်တိုင်က ပြသနာလားဆိုတာကိုဝေဖန်သုံးသပ်သင့်ပါတယ်။
🥰9❤‍🔥5❤3💯2🔥1😈1
@Felix234510 scammer ဂရုစိုက်ပါ 2သောင်းပါသွားပါပြီ လိုက်မဝယ်ကြပါနဲ့ seller စစ်စစ်မဟုတ်ပါဘူးဗျ။
❤6❤‍🔥3😘2🔥1💘1
What's existence? pinned Deleted message
❤10😁5⚡3👌2😘1
ငါတို့က villain တွေပဲ
ရယ်ရတယ် ဟာသမဟုတ်ဘူး
ငါ့လိုအမှောင်သခင်ကိုလည်း
Hero ဖြစ်ခွင့်ပေးပါ
ဖြစ်ခွင့်မပေးတဲ့ ဘုရားတိုင်းကိုသတ်မယ်
သူမကိုတော့ ကျွန်တော်မျိုးအပိုင် စီမံ
အရှင်စေ‌တန် အချစ်ဆိုသည့်အရာ
စစ်မှန်တဲ့အရာကို ကျွန်ုပ်ခံစားဖူးလို၏
ကျွန်ုပ်အားပေးသနားတော်မူပါ။
❤7🥰4💯3😁2⚡2😘1
ဆရာအောင်ချိမ့်ပြောသလို မတော်တဆရထားများလွဲခဲ့ရင် ကျွန်တော်ပြေးမလိုက်တော့ပါဘူးဗျ ကျန်ခဲ့မှန်းသိရင် ချစ်ရသူက ပြန်လာခေါ်မှာပဲလေ။
👍7👏4🎉3⚡3😁1🙈1
This media is not supported in your browser
VIEW IN TELEGRAM
ဒါမျိုးအချစ်ရော ဒီကမ္ဘာ‌မှာရှိသေးရဲ့လား.
❤‍🔥8❤5⚡3🗿2🏆1
This media is not supported in your browser
VIEW IN TELEGRAM
ဖြစ်နိုင်ရင်ချစ်ရသူရဲ့ လက်ကိုကိုင်ရင်း ဘုရားတွေဖူးချင်တယ်။
❤7😁5👍2👌1💘1
Ma May Nae
Yair Yint Aung, X Box
မမေးနဲ့
❤‍🔥7❤4🏆3🙈2🗿2
This media is not supported in your browser
VIEW IN TELEGRAM
အသဲကွဲတဲ့သူတွေကို အခမဲ့ကုသပေးပါတယ်။
❤‍🔥6🔥5😁3😘3👍2
This media is not supported in your browser
VIEW IN TELEGRAM
ခေတ်မြိုခံရသောလူငယ်
❤7🥰6😁4🗿3👍2🙈1
This media is not supported in your browser
VIEW IN TELEGRAM
ဒီtiktokက မမအသံကိုခိုက်နေပြီ😭
❤‍🔥10🔥5❤3🎉3🥰1😎1
This media is not supported in your browser
VIEW IN TELEGRAM
အသံနဲ့တင်အတွေးတွေအိမ်မက်တွေကို အပိုင်သိမ်းယူနိုင်သူလေး💔
❤‍🔥6❤3👍2🥰1😁1
This media is not supported in your browser
VIEW IN TELEGRAM
She often talks about me.i mean my ex😂 she think I'm devil. The evil is within us. 😂
🗿5🔥3👍1⚡1🏆1
ကြောင်တွေမှာအသက်ကိုးချောင်းရှိသလို ငါ့မှာလဲနှလုံးသားကိုး‌ခုရှိရင် မင်းဆီမှာပဲကိုးခါတိုင်တိုင်ကျရှုံးမယ်။

-Karan
❤7🥰5🗿2🎉1😈1
တစ်ယောက်ရင်ထဲတစ်ယောက်
ထည့်ထားရုံနဲ့ မပြီးသေးဘူး
စောင့်နေစေချင်တဲ့အခါ
ရောက်အောင်လာမှာပါဆိုတဲ့
ယုံကြည်ချက်မျိုး ပေးထားဖို့လိုတယ်။
လှမ်းလာစေချင်တဲ့အခါ
စောင့်နေပါတယ်ဆိုတဲ့
သဲလွန်စလေးပေးထားဖို့လိုပါတယ်။
1❤7❤‍🔥4⚡3👍2👏1🎉1🗿1
ဟိုးရှေးရှေးတုန်းကတနေရာမှာနာမည်မရှိတဲ့‌မကောင်းဆိုးဝါးရှိခဲ့ပါတယ်။ မကောင်းဆိုးဝါးက နာမည်လိုချင်သထက် လိုချင်လွန်းပေမယ့်မတတ်သာခဲ့ပါဘူး၊ ဒီလိုနဲ့မကောင်းဆိုးဝါးဟာ ခရီးထွက်ပြီးနာမည်ရှာဖို့ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်ကမ္ဘာကြီးကကျယ်ပြောတာကြောင့် မကောင်းဆိုးဝါးဟာ နှစ်ကိုယ်ခွဲပြီးရှာဖို့ဆုံးဖြတ်ခဲ့ပါတယ်၊၊ တစ်ကောင်က အရှေ့အရပ်ဆီ၊ နောက်တစ်ကောင်က အနောက်အရပ်ဆီ။ အရှေ့ဘက်ကိုသွားခဲ့တဲ့မကောင်းဆိုးဝါးဟာရွာတစ်ရွာကိုရှာတွေ့ခဲ့ပါတယ်။ ရွာအဝင်ဝမှာ ပန်းပဲဆရာတစ်ယောက်ရှိနေခဲ့တယ်။ "ပန်းပဲဆရာဦးလေးကြီး ကျွန်တော့်ကိုနာမည်လေးပေးပါလားဗျ" "နာမည်ပါဆိုပေးလို့ရမလား" "နာမည်ပေးပေးမယ်ဆိုရင်ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ဦးလေးရဲ့ကိုယ်တွင်းထဲဝင်ပြီးသန်မာလာအောင်လုပ်ပေးပါ့မယ်" "တကယ်လားသန်မာလာမယ်ဆိုရင်နာမည်ကိုပေးမယ်"။ မကောင်းဆိုးဝါးဟာ ပန်းပဲဆရာရဲ့ကိုယ်တွင်းထဲကိုဝင်သွားခဲ့တယ်။ မကောင်းဆိုးဝါးဟာ ပန်းပဲဆရာ Ottoဖြစ်လာခဲ့တယ်။ ပန်းပဲဆရာottoဟာတရွာလုံးမှာအသန်မာဆုံးပေါ့။ ဒါပေမယ့်တနေ့မှာတော့ "ကျွန်တော့်ကိုကြည့်ပါ၊ ကျွန်တော့်ကိုကြည့်ပါ၊ကျွန်တော့်ကိုယ်တွင်းက မကောင်းဆိုးဝါးကဒီလောက်တောင်ကြီးလာနေပြီ"၊ ကျွတ်ကျွတ်!!!?ကျွပ်ကျွပ်?! ဂျွတ်ဂျွတ်?!! ဂလု!?!။ ဗိုက်ဆာလာတဲ့မကောင်းဆိုးဝါးဟာ Otto ကိုအတွင်းကနေစားပစ်လိုက်ပါတယ်။ မကောင်းဆိုးဝါးဟာ နောက်တဖန်နာမည်မရှိတဲ့မကောင်းဆိုးဝါးပြန်ဖြစ်သွားပါတယ်။ ဖိနပ်ဆရာ Hans ကိုယ်တွင်းကိုဝင်ခဲ့သော်လည်း ကျွတ်ကျွတ်!!!?ကျွပ်ကျွပ်?! ဂျွတ်ဂျွတ်?!! ဂလု!?! တဖန်နာမည်မရှိတဲ့မကောင်းဆိုးဝါးဖြစ်သွားပြန်ပါတယ်။ မုဆိုး Thomas ရဲ့ကိုယ်တွင်းကိုဝင်ခဲ့သော်လည်း ကျွတ်ကျွတ်!!!?ကျွပ်ကျွပ်?! ဂျွတ်ဂျွတ်?!! ဂလု!?!။ တဖန်နာမည်မရှိတဲ့မကောင်းဆိုးဝါးဖြစ်သွားပြန်ပါတယ်။ မကောင်းဆိုးဝါးဟာရဲတိုက်ထဲကိုဝင်ပြီးနာမည်ကောင်းရှာဖို့ကြိုးစားခဲ့တယ်။ ရဲတိုက်ထဲမှာရောဂါသည်ကောင်လေးတစ်ဦးရှိနေခဲ့တယ်။ "မင်းရဲ့နာမည်ကိုပေးရင် မင်းကိုသန်မာအောင်လုပ်ပေးမယ်" "ရောဂါပျောက်ပြီးသန်မာလာမယ်ဆိုရင် နာမည်ကိုပေးမယ်"။ မကောင်းဆိုးဝါးဟာ ကောင်လေးကိုယ်တွင်းထဲကိုဝင်သွားခဲ့တယ်။ ကောင်လေးဟာ အင်မတန်ကျန်းမာလာခဲ့ပါတယ်။ ဘုရင်ကြီးကဝမ်းမြောက်တာပေါ့၊ မင်းသားလေးကကျန်းမာလာပြီ၊ မင်းသားလေးက ကျန်းမာလာပြီကိုး။ မကောင်းဆိုးဝါးဟာကောင်လေးရဲ့နာမည်ကိုအလွန်သဘောကျပါတယ်။ ရဲတိုက်မှာနေရတာကိုလည်းသဘောကျပါတယ်။ ဒါကြောင့်ဗိုက်ဆာပေမယ့်လည်းသည်းခံနေခဲ့ပါတယ်။ နေ့တိုင်း‌နေ့တိုင်းဗိုက်ကတဂွီဂွီမည်လည်း သည်းခံခဲ့ပါတယ်။ ဒါပေမယ့်အလွန်အမင်းဗိုက်ဆာလာတာကြောင့် "ကျွန်တော့်ကိုကြည့်ပါ၊ ကျွန်တော့်ကိုကြည့်ပါ၊ကျွန်တော့်ကိုယ်တွင်းက မကောင်းဆိုးဝါးကဒီလောက်တောင်ကြီးလာနေပြီ"ဆိုပြီး ကောင်လေးဟာ ဘုရင်ကို‌ရောအစေခံအားလုံးကိုရော စားပစ်လိုက်ပါတယ်၊ ကျွတ်ကျွတ်!!!?ကျွပ်ကျွပ်?! ဂျွတ်ဂျွတ်?!! ဂလု!?!။ ဘယ်သူမှမရှိတော့လို့ကောင်လေးဟာခရီးထွက်ခဲ့ပါတယ်။ တစ်ရက်ပြီးတစ်ရက်ဆက်တိုက်လျှောက်ခဲ့ရင်း တစ်ရက်မှာ ကောင်လေးဟာ အနောက်ဘက်ဆီခရီးသွားခဲ့တဲ့ မကောင်းဆိုးဝါးကိုပြန်တွေ့ခဲ့ပါတယ်။ ကောင်လေးက "နာမည်ရလာပြီ သိပ်ကောင်းတဲ့နာမည်ပဲ" အနောက်ဘက်ဆီသွားခဲ့တဲ့မကောင်းဆိုးဝါးကပြောလိုက်ပါတယ်။ "နာမည်မလိုပါဘူး၊ နာမည်မရှိတောင်ပျော်ပါတယ် ငါတို့ကနာမည်မရှိတဲ့မကောင်းဆိုးဝါးတွေပဲဟာ"။ ကောင်လေးဟာအနောက်ဘက်ကိုခရီးသွားခဲ့တဲ့မကောင်းဆိုးဝါးကို စားပစ်လိုက်ပါတယ်။ နောက်ဆုံးမှာနာမည်ရခဲ့ပေမယ့် နာမည်ကိုခေါ်ပေးမယ့်လူတွေကတော့မရှိတော့ပါဘူး။ .......... တဲ့ သိပ်ကောင်းတဲ့နာမည်လေးပဲကို။
3😭7👏3😢3🎉2❤1😈1
တစ်ခါက သူဌေးတစ်ယောက်ဟာ လုပ်ငန်းကိစ္စနဲ့ခရီးသွားရင်း လုယက်တိုက်ခိုက်ခံရပါသတဲ့၊၊ လုယက်တိုက်ခိုက်သူဟာ သူဌေးရဲ့ပါလာသမျှကိုတောင်းတာပေါ့၊ အဲ့အချိန်မှာ ခရီးသွားဟန်လွှဲရွာသားတစ်ယောက်ကရောက်လာတယ်၊၊ ရွာသားဟာလုယက်သူကိုအနိုင်ပိုင်းတိုက်ခိုက်ပြီးပစ္စည်းတွေကိုအရယူနိုင်ခဲ့တာပေါ့၊ ရွာသားဟာ သူဌေးကိုပစ္စည်းပြန်ပေးခဲ့တယ်၊ ဒါပေမယ့်ရွာသားကလည်လည်ဝယ်ဝယ်ရှိသူမဟုတ်ပဲ သူဌေးရဲ့နာရီကိုမျက်စိကျနေခဲ့တယ်၊ ဒါကြောင့်နာရီကိုသူဌေးဆီကတောင်းခဲ့တယ်၊ သူဌေးဟာအဲ့နာရီကိုပေးရင်ရွာသားအတွက်အကျိုးရှိမှာမဟုတ်မှန်းသိတယ် အဲ့တော့ အဲ့နာရီကိုရွာသားအကျိုးရှိတဲ့‌နေရာမှာအသုံးချနိုင်ဖို့ရွာသားကိုစေသနာဇောနဲ့ manipulate လိုက်တယ်၊ ရွာသားကနာရီကလက်တံလှုပ်ရှားနေတဲ့အတွက် အသက်ရှိနေတယ်လို့ထင်ခဲ့တယ်၊ နာရီကသံပတ်ပေးရတဲ့အမျိူးအစားပါ၊ သံပဝာ်မပေးရင်ရပ်သွားရောတဲ့..၊ သူဌေးကရွာသားကိုအဲ့နာရီဟာမကြာခင်သေတော့မဲ့နာရီဖြစ်တယ်၊ တကယ်လို့နာရီသေသွားခဲ့ရင် သုခလမ်းကလူတစ်ယောက်ကိုသွားရောင်းပါဆိုပြီးလမ်းညွှန်ခဲ့တယ်၊ရောင်းတဲ့အခါနာရီကသေနေတာမဟုတ်ပဲအိပ်နေတာဖြစ်ကြောင်း ထိုအရောင်းသမားကိုရှင်းပြခိုင်းတယ်၊ ရွာသားဟာနောက်၂ရက်နေတော့နာရီရပ်သွားတဲ့အတွက် နာရီကိုသွားရောင်းဖို့လုပ်ခဲ့တယ်၊ သုခလမ်းကလူကိုနာရီကသေနေတာမဟုတ်ပဲအိပ်နေတာဆိုပြီးတော့ပေါ့၊ သုခလမ်းကလူကလဲ ဈေးကို၃ဆလောက်နိမ်ပြီးဝယ်လိုက်တယ်၊၊ သူဌေးကအဲ့လိုပြောပြီးလာရောင်းမဲ့သူလာမယ်လို့ပြောပြီးသား၊ ဒါပေမယ့်နာရီကိုဘယ်သူမှလာမရောင်းပါဘူးလို့လိမ်ပြောခဲ့တယ်၊ သူဌေးဟာအဲ့စကားကိုကြားပြီးရွာသားကသံပတ်ပေးနည်းသိသွားတယ်လို့ထင်ခဲ့ပြီးကိုယ့်အသက်သခင်ကိုလိမ်ညာခဲ့မိတဲ့အတွက်နောင်တရနေခဲ့တယ်၊ ရွာသားဟာဈေးသည်ကိုနာရီသေကြီးလိမ်ရောင်းခဲ့တယ်ဆိုတဲ့အသိနဲ့နောင်တရ‌နေခဲ့တယ်၊ဈေးသည်ကတော့ရိုးသားတဲ့ရွာသားနဲ့သူဌေးကြီးကိုဘာမဟုတ်တဲ့‌‌ငွေလေးအတွက်လိမ်ညာခဲ့မိတဲ့အတွက်နောင်တရနေခဲ့တယ်၊၊ ဒီဇာတ်လမ်းလေးရဲ့အဆုံးမှာ လူလိမ်သုံးယောက်ဟာ ကိုယ့်ကိုကိုအပြစ်ရှိသူအဖြစ်ခံယူရင်းဘဝတစ်လျှောက်ကိုနေထိုင်သွားလေသတဲ့၊၊
1❤6⚡5😎3💔2😘2😭1
What's existence?
ဟိုးရှေးရှေးတုန်းကတနေရာမှာနာမည်မရှိတဲ့‌မကောင်းဆိုးဝါးရှိခဲ့ပါတယ်။ မကောင်းဆိုးဝါးက နာမည်လိုချင်သထက် လိုချင်လွန်းပေမယ့်မတတ်သာခဲ့ပါဘူး၊ ဒီလိုနဲ့မကောင်းဆိုးဝါးဟာ ခရီးထွက်ပြီးနာမည်ရှာဖို့ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်ကမ္ဘာကြီးကကျယ်ပြောတာကြောင့် မကောင်းဆိုးဝါးဟာ န…
ငြိမ်းချမ်းရေးနတ်ဘုရားကအလုပ်များပါတယ်။ မှန်ကြည့်ချိန်တောင်မရပဲ နေ့တိုင်းတံပိုးကိုမှုတ်ပါတယ်။ ငြိမ်းချမ်းရေးနတ်ဘုရားရဲ့တံပိုးသံဟာအားလုံးကိုပျော်ရွင်စေပါတယ်။ ငြိမ်းချမ်းရေးနတ်ဘုရားကအလုပ်များပါတယ်။ မှန်ကြည့်ချိန်တောင်မရပဲမှော်ဝင်ရေကို ကြဲဖြန့်ပါတယ်။မှော်ဝင်ရေက အစိမ်းရောင်တောင်တန်းများကို ဖန်တီးပြီး လယ်ယာတွေကိုပွင့်သီးစေပြီး ပန်းဥယျာဉ်တွေကို ဖြစ်ပေါ်စေပါတယ်။ ငြိမ်းချမ်းရေးနတ်ဘုရားကအလုပ်များပါတယ်။ မှန်ကြည့်ချိန်တောင်မရပဲ အားလုံးကိုနာမည်ပေးခဲ့ပါတယ်။ "မင်းနာမည်က Otto" "မင်းနာမည်က Hans" "မင်းနာမည်က Thomas" "မင်းနာမည်က ....... "တဲ့ နောက်ဆုံးနာမည်ပေးခံရသူဟာကျေးဇူးတုံ့ပြန်ဖို့ ဦးထုပ်ကို ငြိမ်းချမ်းရေးနတ်ဘုရား‌ဆီ ပေးလိုက်ပါတယ်။ နတ်ဘုရားဟာပျော်ရွှင်သွားတယ်။ ထိုဦးထုပ်ကိုဆောင်းထားတဲ့ သူ့ကိုယ်သူမြင်ချင်တာကြောင့် ပထမဆုံးအကြိမ် မှန်ရှေ့မှာရပ်လိုက်ပါတယ်။ ဒါပေမယ့် မှန်မှာထင်ဟပ်နေတာက မိစ္ဆာဖြစ်နေခဲ့တယ်။ မိစ္ဆာကပြောလိုက်ပါတယ်။ "မင်းကငါ ငါကမင်း ဘယ်လိုလုပ်ရမလဲ" ဒီမိစ္ဆာရှိနေရင် အားလုံးအေးအေးချမ်းချမ်းမနေနိုင်ဘူး ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ"။ ဒုက္ခရောက်နေတဲ့နတ်ဘုရားဟာ မိမိကိုယ့်ကို အဆုံးစီရင်လိုက်ပါတယ်။ သူဟာ ဒီအေးချမ်းသောနေရာမှတစ်ဦးထဲသောတန်ခိုးရှင်ဖြစ်တာကြောင့် သူ့ရဲ့လိုချင်တပ်မက်စိတ် ပထမဆုံးဖြစ်လာချိန်မှာပဲ ကိုယ့်ကိုကိုအဆုံးသတ်ခဲ့ပါသတဲ့....
1❤8🥰6👌3😁2⚡1😭1