What's existence?
231 subscribers
63 photos
59 videos
8 links
Download Telegram
ချစ်သူနှစ်ယောက်ပေါင်းဖက်ရမှ ပျော်ရွင်စရာဇာတ်သိမ်း မဟုတ်ပါဘူး၊ Sex ကို base ခံထားတဲ့အချစ်မဟုတ်တဲ့အတွက် ချစ်သူနဲ့ မပေါင်းဖက်ရလဲပျော်ရွင်ဖွယ်ဇာတ်သိမ်းတစ်ခုဖြစ်နိုင်ပါတယ်။ သူဘာတွေလုပ်နေလဲအမြဲသိနေမယ် ချစ်သူမသိအောင်အမြဲစောင့်ကြည့်နေနိုင်မယ်၊ ချစ်သူကိုထာဝရချစ်နေနိုင်မယ်ဆိုရင် ဒါကပျော်ရွင်ဖွယ်ဇာတ်သိမ်းတစ်ခုပါပဲ။ ချစ်ရသူကို ပိုင်ဆိုင်ချင်တဲ့စိတ်တွေနဲ့ပြည့်နေမဲ့အချစ်မဟုတ်ပဲ ငေးကြည့်နေရရုံနဲ့တင်ကျေနပ်တဲ့ဘဝမို့ နှင်ရင်ထွက်ခွာသွားဖို့လဲ ဝန်မလေးသလို အနီးကပ်စောင့်ရှောက်ဖို့လဲ ဝန်မလေးပါဘူး ချစ်နေရရင် တော်ပါပြီ။

-Thawsis
-Sunflower
⚡9❤5❤‍🔥2😈2😎2💘1
Come here by zenith
Cover Karan.😂
❤‍🔥5❤4🔥3🗿2🥰1🙈1
An idea of a person

ကိုယ်ချစ်တဲ့ကောင်မလေးပဲဖြစ်ဖြစ် ကောင်လေးပဲဖြစ်ဖြစ် သူတို့ရဲ့ပတ်သတ်ပြီးစဉ်းစားကြည့်လိုက်ရင် ကိုယ်က သူ့ကိုတစ်ကယ်ချစ်တာလား သူနဲ့ပတ်သတ်ပြီးတွေးတောထားတဲ့အရာတွေကိုချစ်တာလားသိဖို့လိုအပ်တယ် ပြောရရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့‌ချစ်တဲ့သူတွေနဲ့ပတ်သတ်ပြီး စစချင်းစိတ်ကူးယဉ်တယ် သူက ဘယ်လိုပုံစံမျိူးရှိတယ်သူတို့နဲ့ဘယ်သွားမယ် ဘာလုပ်မယ် သူနဲ့ဘယ်လိုဘဝကိုဖန်တီးမယ် တဖက်လူတွေနဲ့ပတ်သတ်ပြီးမျှော်မှန်းထားတဲ့ပုံစံတစ်ခုပေါ့ ဒါတွေကို an idea of a person လို့ခေါ်တယ် ဒါတွေက အချစ်စစ်မဟုတ်ပါဘူး ကိုယ့်ရဲ့စိတ်ထဲကလာတဲ့အတွေးအခေါ်တစ်ခုသက်သက်ပဲဖြစ်ပါတယ် လူတွေက ဒီလို idea တစ်ခုခုကိုချစ်မိသွားပြီးသူစိတ်ကူးပုံဖော်ထားတဲ့သူနဲ့တွဲလိုက်တယ် ၃လ၊၄လလောက်အကြာမှာ ကိုယ်တွဲလိုက်တဲ့သူက ကိုယ်မျှော်မှန်းထားသလိုမဟုတ်ပဲ တခြားစီဖြစ်နေတတ်တယ် အဲ့အခါ တစ်ချို့လူတွေကတော့ သူတို့ပြောင်းလဲလာမလားဆက်တွဲကြည့်တယ် တစ်ချို့က ကိုယ့်ပါတနာကို အတင်းကြီးပြောင်းလဲဖို့ကြိုးစားကြတယ် တစ်ချိူ့ကတော့လမ်းခွဲလိုက်ကြတယ် ဒီပြသနာကိုလူတိုင်းကြားဖူးကြမှာပါ relationship တစ်ခုမှာတစ်ယောက်နဲ့တစ်ယောက် ပြောင်းလဲဖို့လုပ်တယ်ဆိုတာက ပြသနာကဒီ an Idea of a person ပဲ သူတို့နဲ့ပတ်သတ်ပြီး ကိုယ်ဖန်တီးထားတဲ့ perception ကလုံးဝတခြားစီဖြစ်နေတတ်တာပေါ့ နောက်တော့ တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်တယ် ရန်ဖြစ်တယ် မုန်းတယ် ဒါမျိုးတွေဖြစ်လာတာပေါ့ အဲ့လိုတဖက်လူကိုအပြစ်မတင်ခင် တကယ်တွေးသင့်တာက တဖက်လူကပြသနာလား ဒါမှမဟုတ် သူတို့နဲ့ပတ်သတ်ပြီး idea တွေ စိတ်ကူးယဉ်မှုတွေနဲ့ မျှော်လင့်ချက်တွေကိုဖန်တီးမိတဲ့ မိမိကိုယ်တိုင်က ပြသနာလားဆိုတာကိုဝေဖန်သုံးသပ်သင့်ပါတယ်။
🥰9❤‍🔥5❤3💯2🔥1😈1
@Felix234510 scammer ဂရုစိုက်ပါ 2သောင်းပါသွားပါပြီ လိုက်မဝယ်ကြပါနဲ့ seller စစ်စစ်မဟုတ်ပါဘူးဗျ။
❤6❤‍🔥3😘2🔥1💘1
What's existence? pinned Deleted message
❤10😁5⚡3👌2😘1
ငါတို့က villain တွေပဲ
ရယ်ရတယ် ဟာသမဟုတ်ဘူး
ငါ့လိုအမှောင်သခင်ကိုလည်း
Hero ဖြစ်ခွင့်ပေးပါ
ဖြစ်ခွင့်မပေးတဲ့ ဘုရားတိုင်းကိုသတ်မယ်
သူမကိုတော့ ကျွန်တော်မျိုးအပိုင် စီမံ
အရှင်စေ‌တန် အချစ်ဆိုသည့်အရာ
စစ်မှန်တဲ့အရာကို ကျွန်ုပ်ခံစားဖူးလို၏
ကျွန်ုပ်အားပေးသနားတော်မူပါ။
❤7🥰4💯3😁2⚡2😘1
ဆရာအောင်ချိမ့်ပြောသလို မတော်တဆရထားများလွဲခဲ့ရင် ကျွန်တော်ပြေးမလိုက်တော့ပါဘူးဗျ ကျန်ခဲ့မှန်းသိရင် ချစ်ရသူက ပြန်လာခေါ်မှာပဲလေ။
👍7👏4🎉3⚡3😁1🙈1
This media is not supported in your browser
VIEW IN TELEGRAM
ဒါမျိုးအချစ်ရော ဒီကမ္ဘာ‌မှာရှိသေးရဲ့လား.
❤‍🔥8❤5⚡3🗿2🏆1
This media is not supported in your browser
VIEW IN TELEGRAM
ဖြစ်နိုင်ရင်ချစ်ရသူရဲ့ လက်ကိုကိုင်ရင်း ဘုရားတွေဖူးချင်တယ်။
❤7😁5👍2👌1💘1
Ma May Nae
Yair Yint Aung, X Box
မမေးနဲ့
❤‍🔥7❤4🏆3🙈2🗿2
This media is not supported in your browser
VIEW IN TELEGRAM
အသဲကွဲတဲ့သူတွေကို အခမဲ့ကုသပေးပါတယ်။
❤‍🔥6🔥5😁3😘3👍2
This media is not supported in your browser
VIEW IN TELEGRAM
ခေတ်မြိုခံရသောလူငယ်
❤7🥰6😁4🗿3👍2🙈1
This media is not supported in your browser
VIEW IN TELEGRAM
ဒီtiktokက မမအသံကိုခိုက်နေပြီ😭
❤‍🔥10🔥5❤3🎉3🥰1😎1
This media is not supported in your browser
VIEW IN TELEGRAM
အသံနဲ့တင်အတွေးတွေအိမ်မက်တွေကို အပိုင်သိမ်းယူနိုင်သူလေး💔
❤‍🔥6❤3👍2🥰1😁1
This media is not supported in your browser
VIEW IN TELEGRAM
She often talks about me.i mean my ex😂 she think I'm devil. The evil is within us. 😂
🗿5🔥3👍1⚡1🏆1
ကြောင်တွေမှာအသက်ကိုးချောင်းရှိသလို ငါ့မှာလဲနှလုံးသားကိုး‌ခုရှိရင် မင်းဆီမှာပဲကိုးခါတိုင်တိုင်ကျရှုံးမယ်။

-Karan
❤7🥰5🗿2🎉1😈1
တစ်ယောက်ရင်ထဲတစ်ယောက်
ထည့်ထားရုံနဲ့ မပြီးသေးဘူး
စောင့်နေစေချင်တဲ့အခါ
ရောက်အောင်လာမှာပါဆိုတဲ့
ယုံကြည်ချက်မျိုး ပေးထားဖို့လိုတယ်။
လှမ်းလာစေချင်တဲ့အခါ
စောင့်နေပါတယ်ဆိုတဲ့
သဲလွန်စလေးပေးထားဖို့လိုပါတယ်။
1❤7❤‍🔥4⚡3👍2👏1🎉1🗿1
ဟိုးရှေးရှေးတုန်းကတနေရာမှာနာမည်မရှိတဲ့‌မကောင်းဆိုးဝါးရှိခဲ့ပါတယ်။ မကောင်းဆိုးဝါးက နာမည်လိုချင်သထက် လိုချင်လွန်းပေမယ့်မတတ်သာခဲ့ပါဘူး၊ ဒီလိုနဲ့မကောင်းဆိုးဝါးဟာ ခရီးထွက်ပြီးနာမည်ရှာဖို့ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်ကမ္ဘာကြီးကကျယ်ပြောတာကြောင့် မကောင်းဆိုးဝါးဟာ နှစ်ကိုယ်ခွဲပြီးရှာဖို့ဆုံးဖြတ်ခဲ့ပါတယ်၊၊ တစ်ကောင်က အရှေ့အရပ်ဆီ၊ နောက်တစ်ကောင်က အနောက်အရပ်ဆီ။ အရှေ့ဘက်ကိုသွားခဲ့တဲ့မကောင်းဆိုးဝါးဟာရွာတစ်ရွာကိုရှာတွေ့ခဲ့ပါတယ်။ ရွာအဝင်ဝမှာ ပန်းပဲဆရာတစ်ယောက်ရှိနေခဲ့တယ်။ "ပန်းပဲဆရာဦးလေးကြီး ကျွန်တော့်ကိုနာမည်လေးပေးပါလားဗျ" "နာမည်ပါဆိုပေးလို့ရမလား" "နာမည်ပေးပေးမယ်ဆိုရင်ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ဦးလေးရဲ့ကိုယ်တွင်းထဲဝင်ပြီးသန်မာလာအောင်လုပ်ပေးပါ့မယ်" "တကယ်လားသန်မာလာမယ်ဆိုရင်နာမည်ကိုပေးမယ်"။ မကောင်းဆိုးဝါးဟာ ပန်းပဲဆရာရဲ့ကိုယ်တွင်းထဲကိုဝင်သွားခဲ့တယ်။ မကောင်းဆိုးဝါးဟာ ပန်းပဲဆရာ Ottoဖြစ်လာခဲ့တယ်။ ပန်းပဲဆရာottoဟာတရွာလုံးမှာအသန်မာဆုံးပေါ့။ ဒါပေမယ့်တနေ့မှာတော့ "ကျွန်တော့်ကိုကြည့်ပါ၊ ကျွန်တော့်ကိုကြည့်ပါ၊ကျွန်တော့်ကိုယ်တွင်းက မကောင်းဆိုးဝါးကဒီလောက်တောင်ကြီးလာနေပြီ"၊ ကျွတ်ကျွတ်!!!?ကျွပ်ကျွပ်?! ဂျွတ်ဂျွတ်?!! ဂလု!?!။ ဗိုက်ဆာလာတဲ့မကောင်းဆိုးဝါးဟာ Otto ကိုအတွင်းကနေစားပစ်လိုက်ပါတယ်။ မကောင်းဆိုးဝါးဟာ နောက်တဖန်နာမည်မရှိတဲ့မကောင်းဆိုးဝါးပြန်ဖြစ်သွားပါတယ်။ ဖိနပ်ဆရာ Hans ကိုယ်တွင်းကိုဝင်ခဲ့သော်လည်း ကျွတ်ကျွတ်!!!?ကျွပ်ကျွပ်?! ဂျွတ်ဂျွတ်?!! ဂလု!?! တဖန်နာမည်မရှိတဲ့မကောင်းဆိုးဝါးဖြစ်သွားပြန်ပါတယ်။ မုဆိုး Thomas ရဲ့ကိုယ်တွင်းကိုဝင်ခဲ့သော်လည်း ကျွတ်ကျွတ်!!!?ကျွပ်ကျွပ်?! ဂျွတ်ဂျွတ်?!! ဂလု!?!။ တဖန်နာမည်မရှိတဲ့မကောင်းဆိုးဝါးဖြစ်သွားပြန်ပါတယ်။ မကောင်းဆိုးဝါးဟာရဲတိုက်ထဲကိုဝင်ပြီးနာမည်ကောင်းရှာဖို့ကြိုးစားခဲ့တယ်။ ရဲတိုက်ထဲမှာရောဂါသည်ကောင်လေးတစ်ဦးရှိနေခဲ့တယ်။ "မင်းရဲ့နာမည်ကိုပေးရင် မင်းကိုသန်မာအောင်လုပ်ပေးမယ်" "ရောဂါပျောက်ပြီးသန်မာလာမယ်ဆိုရင် နာမည်ကိုပေးမယ်"။ မကောင်းဆိုးဝါးဟာ ကောင်လေးကိုယ်တွင်းထဲကိုဝင်သွားခဲ့တယ်။ ကောင်လေးဟာ အင်မတန်ကျန်းမာလာခဲ့ပါတယ်။ ဘုရင်ကြီးကဝမ်းမြောက်တာပေါ့၊ မင်းသားလေးကကျန်းမာလာပြီ၊ မင်းသားလေးက ကျန်းမာလာပြီကိုး။ မကောင်းဆိုးဝါးဟာကောင်လေးရဲ့နာမည်ကိုအလွန်သဘောကျပါတယ်။ ရဲတိုက်မှာနေရတာကိုလည်းသဘောကျပါတယ်။ ဒါကြောင့်ဗိုက်ဆာပေမယ့်လည်းသည်းခံနေခဲ့ပါတယ်။ နေ့တိုင်း‌နေ့တိုင်းဗိုက်ကတဂွီဂွီမည်လည်း သည်းခံခဲ့ပါတယ်။ ဒါပေမယ့်အလွန်အမင်းဗိုက်ဆာလာတာကြောင့် "ကျွန်တော့်ကိုကြည့်ပါ၊ ကျွန်တော့်ကိုကြည့်ပါ၊ကျွန်တော့်ကိုယ်တွင်းက မကောင်းဆိုးဝါးကဒီလောက်တောင်ကြီးလာနေပြီ"ဆိုပြီး ကောင်လေးဟာ ဘုရင်ကို‌ရောအစေခံအားလုံးကိုရော စားပစ်လိုက်ပါတယ်၊ ကျွတ်ကျွတ်!!!?ကျွပ်ကျွပ်?! ဂျွတ်ဂျွတ်?!! ဂလု!?!။ ဘယ်သူမှမရှိတော့လို့ကောင်လေးဟာခရီးထွက်ခဲ့ပါတယ်။ တစ်ရက်ပြီးတစ်ရက်ဆက်တိုက်လျှောက်ခဲ့ရင်း တစ်ရက်မှာ ကောင်လေးဟာ အနောက်ဘက်ဆီခရီးသွားခဲ့တဲ့ မကောင်းဆိုးဝါးကိုပြန်တွေ့ခဲ့ပါတယ်။ ကောင်လေးက "နာမည်ရလာပြီ သိပ်ကောင်းတဲ့နာမည်ပဲ" အနောက်ဘက်ဆီသွားခဲ့တဲ့မကောင်းဆိုးဝါးကပြောလိုက်ပါတယ်။ "နာမည်မလိုပါဘူး၊ နာမည်မရှိတောင်ပျော်ပါတယ် ငါတို့ကနာမည်မရှိတဲ့မကောင်းဆိုးဝါးတွေပဲဟာ"။ ကောင်လေးဟာအနောက်ဘက်ကိုခရီးသွားခဲ့တဲ့မကောင်းဆိုးဝါးကို စားပစ်လိုက်ပါတယ်။ နောက်ဆုံးမှာနာမည်ရခဲ့ပေမယ့် နာမည်ကိုခေါ်ပေးမယ့်လူတွေကတော့မရှိတော့ပါဘူး။ .......... တဲ့ သိပ်ကောင်းတဲ့နာမည်လေးပဲကို။
3😭7👏3😢3🎉2❤1😈1