အချစ်နဲ့ထိတွေ့ဖူးတဲ့ဆယ်ကျော်သက်တိုင်းကြုံတွေ့နိုင်လောက်မယ့် ကြုံတွေ့ဖူးလောက်မယ့်အဖြစ်အပျက်တစ်ခုရှိတယ် အဲ့တာကတော့ Right person but wrong time ပါပဲ ကျွန်တော်တို့ဘဝတွေရဲ့ ပတ်ဝန်းကျင်မှာ right person wrong time က အမြဲလိုလိုကြုံတွေ့လေ့ရှိကြတယ်၊ right person wrong time ကတော့ လက်တွဲဖော်အဖြစ်လူမှန်ခဲ့ပေမယ့် တွေ့ဆုံချိန် စုံစည်းချိန်လွဲမှားခဲ့တာမျိုးပေါ့ ဥပမာပြောရရင် တခါကကျွန်တော်အရမ်းနှစ်သက်တဲ့အင်္ကျီရဲ့ကြယ်သီးတစ်လုံးပျောက်သွားဖူးတယ် ဒါမဲ့အဲ့ဒီကြယ်သီးပြန်တွေ့ခဲ့အချိန်မှာ ကျွန်တော်ကတခြားအင်္ကျီတစ်ထည်ကိုဝတ်နှင့်ခဲ့ပြီးပြီ တချို့ကတော့ တကယ်ချစ်ရင် ဘယ်အချိန်မဆိုချစ်ရသူကိုစောင့်ကြမှာပဲ ဘယ်အချိန်မဆိုချစ်နေကြမှာပဲလို့ပြောနိုင်ပါတယ် အချိန်တိုင်းမှာ ကိုယ်ချစ်တဲ့ Right person ကိုစောင့်နေတဲ့လူတစ်ယောက်က right time ရောက်လာတဲ့အခါ ချစ်ရသူနဲ့စုံစည်းနိုင်မယ် အစသဖြင့်ပေါ့ ဒါမဲ့ကျွန်တော်တို့အချိန်အခါကလုံးဝလွဲချော်သွားတဲ့အခါစောင့်ရတဲ့သူရော အစောင့်ခံရတဲ့သူရော အင်မတန်နာကျင်ရပါတယ် အဆုံးသတ်မှာပေါင်းဖက်နိုင်တာမပေါင်းဖက်နိုင်တာထပ် စောင့်ဆိုင်းနေရတဲ့အခိုက်အတန့်တစ်ခုကအတော်ကိုကြေကွဲစရာပါပဲ ဒီစာဖတ်နေတဲ့သူတွေထဲမှာကျွန်တော်ပြောသလိုလူတွေပါမယ်ဆိုရင်ချစ်ရသူနဲ့ပေါင်းဖက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်၊၊
❤9❤🔥3😎2👏1😈1🗿1
မောင်လွမ်းနောင် said :
ကျွန်တော့်ချစ်သူကို တကယ်ချစ်လေသူတစ်ဦးအား ကျွန်တော်ကဘာကြောင့်မုန်းရလေမည်နည်း
ကျွန်တော်မပန်သာသော ပန်းတော်ဝင်သည် ထိုက်တန်သူ၏ဦးခေါင်းထက်၌ စံရသည်ကို ကျွန်တော့်အတွက် ဝမ်းသာရန်မှလွဲ၍ အခြားအကြောင်းမရှိ။
-တက္ကသိုလ်ဘုန်းနိုင်
-မောင့်ဘဝညအလားကွယ်ဝတ္ထုမှ

1❤10👏5🍓3😁2🎉2😘2⚡1👌1🏆1🗿1
သံယောဇဉ်မငြိတွယ်ချင်ဘူး စိမ်းကားတတ်ချင်တယ် အရာရာမရေရာတဲ့ခေတ်မှာ ဘယ်အရာကိုမှမစွဲလမ်းချင်တော့ဘူး ကျွန်တော်သံယောဇဉ်ဖြစ်ရမှာထက်စာရင် နှလုံးသားမရှိတဲ့သူပဲဖြစ်ချင်ပါတယ် အရာရာကိုလေးလေးနက်နက်မတွေးတောပဲ ပေါ့ပေါ့လေးနေတတ်ချင်တယ် လွတ်မြောက်ချင်တယ် လွတ်လပ်ချင်တယ် အနှောင်အဖွဲ့အချုပ်အထောင်တွေထဲမှာ သံယောဇဉ်ဆိုတဲ့အရာက ကြောက်စရာအကောင်းဆုံးပါပဲ လူတစ်ယောက်ကိုဖြစ်ဖြစ် တစ်ခြားသက်ရှိကိုဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုဖြစ်ဖြစ် သံယောဇဉ်ဖြစ်မိရင်ပြန်မေ့ပစ်ဖို့ခက်ခဲပါတယ် အထူးသဖြင့်လူတွေအပေါ်သံယောဇဉ်ဖြစ်မိတဲ့အခါ သူတို့သူတို့ရဲ့လုပ်ရပ်သေးသေးလေးတွေကအစ ကိုယ့်ကိုနာကျင်စေတာမျိူးပေါ့ လူသားတစ်ယောက်အနေနဲ့ခံစားရမယ်ဆိုရင်တောင် ကိုယ့်ဘက်က တဖက်သတ်သံယောဇဉ်ထားပြီးအဖြစ်သည်းနေရမဲ့အဖြစ်မျိုးမကြုံချင်ဘူး အရာရာကိုနှောင်ဖွဲ့မိနေမဲ့အစား စိမ်းကားတတ်တဲ့သူတစ်ယောက် အသည်းမာတဲ့သူတစ်ယောက်ဖြစ်ရတာက anxiety တွေကိုသိသိသာသာကျသွားစေမယ်လို့ထင်ပါတယ် ဒါကြောင့် ကျွန်တော်သံယောဇဉ်မဖြစ်ချင်ဘူး စိမ်းကားတတ်ချင်တယ်၊၊
❤🔥8❤5👏4😁4⚡1🎉1👌1🏆1😘1
ပြင်သစ်စာရေးဆရာ Voltaire ရဲ့ 1770 Letter to the author of the three impostors မှာထူးထူးခြားခြားရေးထားတာကတော့ "If God did not exist,it would be necessary to invent him" ဆိုတာပါပဲ။ Voltaire ကဒီစကားကို သာမန်နည်းနဲ့မပြောခဲ့ပါဘူး။ သူဟာသဘာဝတရားကိုသာယုံကြည်သူ(Deist) တစ်ဦးဖြစ်ပြီး၊ အခွန်ရေးရာ၊ ဘုရင့်လက်အောက်ခံတဲ့အစိုးရစနစ်များကိုလည်းသိတတ်နားလည်တဲ့သူဖြစ်ပါတယ်။ Voltaire ပြောချင်တာက "ဘုရားရှိတယ်၊မရှိဘူး" လို့မပြောပဲ၊လူတွေရဲ့အကျင့်ပျက်မှု၊ဆိုးဝါးမှု၊ပြစ်မှုတွေကိုတားဆီနိုင်ဖို့ဆိုရင် သက်ဝင်လှုပ်ရှားနေတဲ့အရာတွေထက် မမြင်နိုင်တဲ့ကြောက်မတ်ဖွယ်ရာအာဏာတစ်ခု(God) တည်ရှိဖို့လိုအပ်တယ် လို့ဆိုလိုတာပါ ဘုရားဆိုတာအကျင့်ကောင်းတွေရှိဖို့ ဖိအားတစ်ခုအဖြစ်တည်ရှိခြင်းနဲ့ပြစ်မှုမလုပ်ရဲအောင်စိတ်ထဲမှာတောင် ကြောက်စရာဖြစ်စေနိုင်တဲ့ယုံကြည်မှုတွေကို ပေးစွမ်းပါတယ်။ ဒါကြောင့် Voltaire ပြောခဲ့တာက "လူတွေကိုထိန်းချုပ်ဖို့နဲ့၊တရားမဲ့မှုပြတာကိုရှောင်ဖို့၊မမြင်ရပေမယ့်ကြောက်စရာကောင်းတဲ့အရာတစ်ခုလိုတယ်၊ ဘုရားမရှိဘူးဆိုရင်တောင်တစုံတစ်ယောက်ကိုထီထွင်ဖို့လိုမယ်" လို့ပြောချင်တာပဲဖြစ်ပါတယ်။
❤6❤🔥4🔥2😘2⚡1👍1🥰1🎉1🏆1🍓1🙈1
စကားတစ်ခွန်း၏အရေးပါပုံ
၁၈၂၅ ခုနစ်မှာ ပထမရုရှားဘုရင်နီကိုလက်စ်(Nicholas I) နန်းတက်ပါတယ်။ သူ့ရှေ့အရင်ဘုရင့်လက်ထက်မှာတိုင်းပြည်ကြီးရဲ့ အခြေအနေတွေဟာအဆိုးရွားဆုံးဖြစ်ခဲ့တာကြောင့် နီကိုလက်စ်လည်းနန်းတက်ရော၊ နိုင်ငံအနှံ့ပုန်ကန်ထကြွမှုတွေဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလမ်းစဉ်နဲ့ ဒီဇင်ဘာတော်လှန်ရေးကြီးဖြစ်သွားတယ်။ ဒါပေမယ့်ထိုတော်လှန်ရေးကျရှုံးခဲ့ပြီး၊တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခွန်ဒြာတိရိုင်ဆလယဗ်(Kondraty Ryleyev) ကိုကြိုးပေးကွပ်မျက်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်
ကြိုးပေးခံရမဲ့နေ့မတိုင်ခင်အထိ ရိုင်လေယဗ်တစ်ယောက် စကားတစ်ခွန်းမှမပြောပဲ ဝစီပိတ်ကျင့်နေခဲ့ပါတယ်၊ ကြိုးမိန့်ပေးရမဲ့နေ့ရောက်တဲ့အခါ ကြိုးစင်ပေါ်တတ်ရပြီး ကြိုးလဲပေးရော လည်ပင်းကကြိုးက ပျက်ထွက်သွားပါသတဲ့၊ ဒီလိုထူးခြားဖြစ်စဉ် ပေါ်ပေါက်လာခဲ့ရင် ရုရှားတွေရဲ့ယုံကြည်မှုအရ ကံကောင်းခြင်းလို့သတ်မှတ်ပြီး၊ ရှင်ဘုရင်တောင်ဆန့်ကျင်လို့မရတဲ့ "လွတ်ငြိမ်းခွင့်"အစဉ်အလာရှိပါတယ်၊ ဒါပေမယ့် ကြိုးပျက်ပြီး ကြိုးစဉ်အောက်ကျသွားတော့၊ပါးစပ်ပိတ်ပြီး ပျော်နေလိုက်လို့ရပေမယ့် ပြက်သွားတဲ့ကြိုးစကိုကိုင်ရင်း ရိုင်လေယဗ်က ဘာပြောလိုက်လဲဆိုရင် "ဟော ဒီမှာကြည့်ပါဦး၊ ကြိုးပေးတဲ့ကြိုးထုံးကိုတောင် တို့ရုရှားတွေ ကောင်းအောင်မလုပ်နိုင်သေးဘူး" လို့ညည်းပြလိုက်ပါတယ်။
ရိုင်လေယဗ်ရဲ့ လုပ်ကြံစီရင်မှုမအောင်မြင်ဘဲ ထူးခြားဖြစ်စဉ်အကြောင်း နီကိုလက်စ်ကိုတင်ပြတော့ လွတ်ငြိမ်းခွင့်မှာ လက်မှတ်ထိုးပေးလိုက်ပါတယ်၊ လွတ်ငြိမ်းခွင့်စာချွန်တော်ကို သတင်းလာပို့တဲ့ တမန်လက်ထဲ မပေးခင်လေးမှာ ရှင်ဘုရင်နီကိုလက်စ်က ဒီအတိုင်းသိချင်စိတ်နဲ့မေးလိုက်ပါတယ်။ ''ရိုင်လေယဗ် ကြိုးပြတ်တော့ ဘာဖြစ်သွားသေးလဲ၊တစ်ခုခုပြောသေးလားကွ" ဆိုတော့ စာချွန်တမန်ကလည်း "ပြောကြောင်းပါ"ဆိုပြီး ရိုင်လေယဗ်ရဲ့ ညည်းတမ်းကို ပြောပြလိုက်တော့၊ ဘုရင်နီကိုလက်စ်က "ဒီလောက်မမှတ်တဲ့ကောင် ရုရှားတွေကြိုးထုံးလောက်တော့ရသေးကြောင်းပြလိုက်စမ်းပါဟ"ဟုဆိုကာ လွတ်ငြိမ်းခွင့်စာချွန်ကို ဆုတ်ဖြဲလိုက်ပါတယ်။ နောက်တနေ့တရားစီရင်၍ ဒုတိယအကြိမ်ကွပ်မျက်မှုမှာတော့ အောင်မြင်သွားခဲ့ပါတယ်၊ ကြိုးမပြက်တော့ပါဘူးတဲ့။
-Powerစာအုပ်မှ

❤🔥5❤4🔥2🎉2⚡2🏆2👏1
This media is not supported in your browser
VIEW IN TELEGRAM
We don't talk anymore
-Charlie Puth
-Selena Gomez
-Charlie Puth
-Selena Gomez
❤5❤🔥3😁3💘2🍓1🙈1
I Think They Call This Love
Elliot James Reay
They say you know when you know
So, let's face it, you had me at Hello
Hesitation never helps
How could this be anything, anything else?
[Chorus]
When all I dream of is your eyes
All I long for is your touch
And, darling, something tells me that's enough, mm-mm-mm-mm
You can say that I'm a fool
And I don't know very much
But I think they call this love
[Verse 2]
One smile, one kiss, two lonely hearts is all that it takes
Now, baby, you're on my mind every night, every day
Good vibrations getting loud
How could this be anything, anything else?
[Chorus]
When all I dream of is your eyes
All I long for is your touch
And, darling, something tells me that's enough, mm-mm-mm-mm
You can say that I'm a fool
And I don't know very much
But I think they call this love
[Post-Chorus]
Oh, I think they call this love
[Bridge]
Hmm, ooh-ooh, mm
Mm
What could this be
Between you and me? Oh, oh
❤🔥5❤2🔥1👏1👌1🏆1
This media is not supported in your browser
VIEW IN TELEGRAM
❤🔥8❤5🥰4⚡2👏2😁2🏆1
ကျွန်တော်တို့ရဲ့ဘဝဆိုတာ တခါတလေ လှပတယ်။ ဒါပေမယ့် တခြားတစ်ချိန်တွေမှာ ကိုယ့်စိတ်ကိုသတ်မှတ်ခြင်းတစ်ခုထဲမှာချုပ်ထားတတ်တယ် ကိုယ့်ဘဝကိုထပ်ခါတလဲလဲကြည့်ဖို့အချိန်ယူတာဟာ တစ်သက်တာအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်တတ်ပါတယ် အရင်လိုစကားပြောဖို့ စာတွေမပို့တော့ဘူး စိတ်ကူးအရ စာရေးဖို့မကြိုးစားဘူး မျက်နှာပေါ်မှာအပြုံးတောင်အတင်းဖန်တီးဖို့မကြိုးစားတော့ဘူး ဒီလိုလုပ်လိုက်တာက ကိုယ့်ဖြစ်တည်မှုအစစ်ကိုပြန်တွေ့ဖို့ပဲ တစ်ခါတလေ နေ့စဉ်လုပ်နေကျအလုပ်တွေက ငါနဲ့ရောတကယ်သက်ဆိုင်ရဲ့လားပြန်တွေးသင့်တယ် နေ့တိုင်းထပ်တလဲလဲကြိုးစားနေရတဲ့စိတ်ပင်ပန်းစရာအလုပ်တွေအကုန်လုံးကရော ငါနဲ့ အမှန်တကယ်သက်ဆိုင်လို့လား ငါကဘဝမှာကိုယ့်အတွက်အရေးမပါတဲ့အလုပ်တွေအပေါ်မှာ စိတ်နှစ်ပြီးဖြတ်သန်းနေမိတဲ့လူငယ်တစ်ယောက်များဖြစ်နေပြီလား ကိုယ့်အတွက် အကျိုးမထူးမဲ့ပြသနာတွေကိုပဲ အမြဲရင်ဆိုင်နေမိသလိုဖြစ်နေပြီလား ပြန်တွေးတောသင့်တယ် ပြသနာတိုင်းကိုအမြဲရင်ဆိုင်နေစရာရောလိုအပ်ရဲ့လား ရှောင်ပြေးချင်ရင်ရှောင်ရမယ် လူအများရဲ့စိတ်ကိုသာ အမြဲအသားပေးနေရင် ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ခံယူချက်က ပျောက်ဆုံးသွားနိုင်တယ်...
ဘဝက မရိုးရှင်းပါလား....
ဘဝက မရိုးရှင်းပါလား....
❤9❤🔥3👏3💘2⚡1😁1😈1
ဆားဒယ်ရသစာတမ်းကပေးသောသင်ခန်းစာ
ကျွန်တော်က CDM ကျောင်းသားတစ်ယောက်ပါ ခံယူချက်တွေမတူညီကြတဲ့အခါ ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြက်သွားခဲ့တဲ့ ကျောင်းသားတစ်ယောက်ပေါ့.. ကျွန်တော့်အတန်းဖော်အများစုဟာ အခုချိန်မှာ စာမေးပွဲတွေဖြေဆိုရင်း ဆုတွေအရယူနေကြချိန်မှာ ကျွန်တော်ကတော့အပြင်မှာစာလေ့လာတယ် Online မှာကျောင်းတတ်တယ် ကျွန်တော်ဘယ်လောက်ပဲကြိုးစားပါစေအုံး ပတ်ဝန်းကျင်အမြင်မှာတော့ ကျွန်တော်ဟာ ကျောင်းထွက်အလေလိုက်နေတဲ့လူငယ်တစ်ယောက်ပါ ပြည်တွင်းစစ်ရဲ့သက်ရောက်မှုအနေနဲ့ မြန်မာနိုင်ငံက လူငယ်အများစုရဲ့အနာဂတ်တွေအိမ်မက်တွေက ပျက်စီးကုန်တယ် ကိုယ်တိုင်လဲကြိုးစားနေပါလျက်နဲ့ Non CDM student တွေက ကိုယ့်ထက်အခွင့်အလမ်းတွေရရှိတဲ့အခါ သိမ်ငယ်စိတ်တွေ စိတ်ဓာတ်ကျလာတာတွေပါဖြစ်လာတယ် ဒါပေမယ့် ဆားဒယ်ဆိုတဲ့ရသစာတမ်းက ကျွန်တော်တို့လူငယ်တွေအတွက်ခွန်အားဖြစ်စေခဲ့ပါတယ် ကျွန်တော်တို့ဟာ အောင်မြင်မှုရမှ ပျော်ရွင်တာမဟုတ်ပဲ အောင်မြင်မှုရဖို့ကြိုးစားနေရရင်ကို ပျော်ရွင်နေတဲ့လူတွေပါ သားရဲတွေဟာ အမဲကိုရတာနဲ့တင်ပျော်ရွင်တာမဟုတ်ပဲ အမဲလိုက်နေရတာကိုပျော်ရွင်သလိုပေါ့ ကျွန်တော်တို့လိုမဟုတ်တဲ့ Non CDM Student တွေ လှေကြီးလှေငယ်တွေနဲ့ လိုရာခရီးကိုလျင်မြန်လွယ်ကူစွာသွားလာနေကြချိန်မှာ ကျွန်တော်နဲ့အပေါင်းအပါများဟာ ဆားဒယ်နဲ့တဝဲလည်လည်စီးမျောနေကြပါတယ် ဒါပေမယ့် ကျွန်တော်တို့ CDM student တွေ မနာလိုခြင်းမရှိကြပါဘူး ရောက်ရှိသွားတဲ့ Non student တွေအတွက်ပင် ဝမ်းသာမိပါသေးတယ် တစ်ချို့သောဆားဒယ်မှောက်သူများကိုပင် အချင်းချင်းဝိုင်းဝန်းအားပေးကြတာအတော်ကိုအားဖြစ်စရာပါ ကျွန်တော်တို့မှာလည်း ကိုယ်ပိုင်မျှော်လင့်ချက်ကိုယ်စီနဲ့မို့ မောတယ်ပန်းတယ် ခက်ခဲတယ်လွယ်ကူတယ်မရှိတော့ပါဘူး ကိုယ့်အားကိုယ်ကိုးရင်း အောင်မြင်မှုလမ်းကိုလျှောက်လမ်းနိုင်ကြောင်းတွေးတောမိရင်း စိတ်ဓာတ်ကျမှုတွေ သိမ်ငယ်စိတ်တွေကို ဆရာတက္ကသိုလ်ဝင်းမွန်ရေးတဲ့"ဆားဒယ်စာတမ်း"နဲ့ ပြေပျောက်မိပါတော့တယ်။
-သော်စစ်နိုင်

❤16❤🔥3⚡3🔥2🙈2🥰1😁1🏆1
Dimensions (အတိုင်းအတာများ) ဆိုသည်မှာ တစ်စုံတစ်ခု၏တည်နေရာ၊ အရွယ်အစားနှင့် အချိုးအချောင်းများကို ဖော်ပြရာတွင် အသုံးပြုသော နေရာဆိုင်ရာအတိုင်းအတာများဖြစ်သည်။ လူသားတို့နေထိုင်ရာ လောကသည် သုံးမျိုးသောရုပ်ပိုင်းဆိုင်ရာအတိုင်းအတာများဖြင့်ဖွဲ့စည်းထားသည်။ ယင်းအတိုင်းအတာများမှာ အရှည် (length), အနံ့ (width) နှင့် အနက် (depth) တို့ဖြစ်သည်။ ဤသုံးခုကိုအပြည့်အဝ ဖော်ပြရန်အတွက် ထပ်တိုး၍ စတုတ္ထအတိုင်းအတာဖြစ်သည့် အချိန် (time) ကိုထည့်သွင်းရန်လိုသည်။ ယင်းကို “space-time continuum” ဟုလည်း ခေါ်ကြသည်။
ဒါပေမဲ့ ရုပ်ပညာ၏နောက်ဆုံးထွက်သိပ္ပံဖြစ်သော string theory နှင့် M-theory များအရ ဤသဘာဝတစ်ခုလုံးသည် ၄ ဆင့်သာမက ၁၀ သို့မဟုတ် ၁၁ ဆင့်အတိုင်းအတာများပါဝင်သည်ဟု ယူဆကြသည်။ ဥပမာအားဖြင့် ပဋိဌာန်းမရသော မာက်ရွတ်များ (tiny vibrating strings) ဟုခေါ်သော များအလှည့်အပြောင်းအလဲများသည် သဘာဝရဲ့အခြေခံအဖွဲ့အစည်းများဖြစ်ကြောင်း ယူဆသည်။ ထို string များသည် ကျွန်ုပ်တို့ မမြင်နိုင်သော နေရာ (higher dimensions) များတွင် တုန်လှုပ်နေကြပြီး သူတို့၏တုန်ခါမှုပုံစံများအပေါ် မူတည်၍ လက်တွေ့ကမ္ဘာမြင်တွေ့ရသော ဓာတ်မော်လီကျူးများ၊ ဓာတ်တုများ နှင့် စွမ်းအင်များကိုဖန်တီးပေးသည်။
၁၁ ဆင့်အတိုင်းအတာထိရှိနိုင်ကြောင်းဆိုခြင်းသည် ဤကမ္ဘာသည် ကျွန်ုပ်တို့မြင်နိုင်သည့် ၃D နေရာအတိုင်းအတာ နှင့် အချိန်တစ်ခုထက်မက နက်နဲပြီး ပို၍ခိုင်မာသော သဘာဝတစ်ရပ်ရှိနိုင်ကြောင်းအထောက်အထားဖြစ်သည်။ ဥပမာအားဖြင့် ထပ်မံသောအတိုင်းအတာများသည် ကျွန်ုပ်တို့မမြင်နိုင်သော နေရာအသေးဆုံးများတွင် ကွေးကျစ်လျက်ရှိနေပြီး ရုပ်ပိုင်းဗေဒဆိုင်ရာဖက်တီးများ၊ ဆူပါဂရက်ဗီတီ (supergravity) နှင့် စကြာဝဠာ၏ဖွဲ့စည်းပုံအကြောင်းထပ်မံရှင်းလင်းပေးနိုင်သည်ဟု ယူဆသည်။
ထို့ကြောင့် Dimensions ဆိုသည်မှာ သာမန်အရာဝတ္ထုတစ်ခု၏ တည်နေရာနှင့်လှုပ်ရှားမှုတုံ့ပြန်မှုမှစ၍ စကြာဝဠာ၏အနက်ဆုံးအရာများကိုပါ သဘောပေါက်စေရန်အတွက် အရေးကြီးသောသိပ္ပံဆိုင်ရာအမြင်တစ်ခုဖြစ်သည်။

5❤🔥7❤3⚡2👏2💯2🏆2🔥1🍓1
အခုခေတ်ဟာ အယူအဆတွေပြောင်းလဲလာကြတယ် လူတွေဟာယဉ်ကျေးမှုအဆင့်အတန်းတွေမြင့်လာသယောင်ယောင်နဲ့ လျော့ကျလာတယ် စိတ်ထားတွေကလဲ ပြောင်းလဲလာကြတယ် အခုခေတ်မှာ အမျိူးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးလက်တွဲလာရင် သာမန်ပါပဲ အမျိူးသားတစ်ဦးနဲ့ အမျိူးသမီးနမ်းနေတယ်မလား သာမန်ပါပဲ အခုခေတ် Generation တွေက အရာရာကို serious မဖြစ်တော့ပါဘူး ယောင်္ကျားတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် date တာကိုသာမန်လို့ပဲသတ်မှတ်ကြသလို တချို့မိဘတွေဆို ကိုယ်တိုင်တောင်လိုက်ပို့ကြသတဲ့ တခြားလူတွေရဲ့အမြင်မှာဘယ်လိုလဲတော့မသိပေမယ့် ကျွန်တော်ကတော့ တခြားယောင်္ကျားတစ်ယောက်နဲ့ date ပြီးသားမိန်းမတစ်ယောက်ကို လက်မတွဲနိုင်ပါဘူး ဒါဟာအတ္တကြီးတာလို့ခေါ်ကောင်းခေါ်နိုင်ပါတယ် ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော်ပေးထားတဲ့ self respect တွေကို နည်းနည်းမှသံသယဝင်မိအောင်လုပ်ဆောင်မှာမဟုတ်ပါဘူး ကိုယ်တိုင်လဲဘယ်မိန်းကလေးကိုမှမဖျက်စီးသလိုကိုယ့်ကိုကိုစင်ကြယ်အောင်နေတဲ့အတွက် စင်ကြယ်တဲ့အမျိုးသမီးကိုသာလက်တွဲချင်ပါတယ် ဒီလိူစိတ်တွေ အတ္တတွေ မာနတွေကိုပြင်လိုက်ဖို့ တစ်ချို့ကပြောဖူးပါတယ် ဒါပေမယ့်ပြင်လိုက်ဖို့စိတ်မရှိပါဘူး ဒါတွေသာလူသားဆန်တဲ့စရိုက်လက္ခဏာတွေပဲမို့ မိမိကိုယ်ကိုပို၍ပို၍အချစ်ပိုမိပါတော့တယ်။
-ThawSis
-ThawSis
❤🔥10❤4⚡2👍2🗿2👏1😘1
This media is not supported in your browser
VIEW IN TELEGRAM
All my vibe
DoDo X Maury Colan
DoDo X Maury Colan
❤🔥11👏4❤3⚡2🗿2🥰1🏆1
လူငယ်ဖြစ်လာတိုင်းဖိအားတွေအများကြီးရှိတတ်ပါတယ် ဒီလိုပဲဒုက္ခတွေရောက်ခဲ့တုန်းကတော့ ဘုရားပေါင်းစုံကိုတိုင်တည်ခဲ့ဖူးပေမယ့် ဘယ်ဘုရားမှရောက်မလာခဲ့တာ ယုတ္တိတရားပဲ..။လူဖြစ်ပြီး အရွယ်ရောက်လာတဲ့အခါ နေ့တိုင်းမနက်ခင်းကစပြီး ညအိပ်ချိန်အထိလူတစ်ယောက်က ကိုယ်တိုင်အတွက်မဟုတ်ပဲ သူများတွေအတွက်ကြိုးစားနေရတဲ့လူတွေက ဒီကမ္ဘာပေါ်မှာပိုများပါတယ်၊ မျှော်လင့်ချက်တွေ ပြတ်တောက်သွားတဲ့အခိုက်အတန့်မှာ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုတောင် မသိတော့ပဲ ဘယ်ကလာပြီးဘယ်ကိုသွားနေတယ်ဆိုတာရှာဖွေနေရတာမျိုးဖြစ်လာနိုင်တယ် လူဆိုတာသေပြီးသွားရင် ဘာဖြစ်မလဲအဖြေမရှိတဲ့ဘဝ နောင်ဘဝအတွက်ပြင်ဆင်ရင်းအခုဘဝမှာရောပျော်ပျော်နေကြည့်ရဲ့လား.. ငါတို့သေချာမသိတဲ့အရာကို ဖက်တွယ်ဖို့ကြိုးစားရင်းအချိန်တွေကုန်ဆုံးလာခဲ့ကြတယ် ငယ်ငယ်ကပျင်းလွန်းလို့ တနေရာနဲ့တနေရာဝေးလွန်းရင်မသွားခဲ့သလို ထမင်းတောင်ညက်အောင်မဝါးခဲ့ပေမယ့် အချိန်တန်အရွယ်ရောက်တဲ့အခါ မိဘရိပ်မှာအလုပ်လက်မဲ့ကြာကြာမနေသင့်တာသိလာခဲ့ပါတယ် သားသမီးတွေမွေးရအုံးမယ် ချစ်ရသူတွေအတွက်ကြိုးစားရအုံးမယ် ကိုယ့်ဖြစ်တည်မှုကိုတန်ဖိုးရှိအောင်ကြိုးစားရအုံးမယ် လူဆိုတာဖြစ်လာတာနဲ့အမျှ လူ့ဘဝကို အရှိန်နဲ့ဆက်သွားနိုင်ဖို့ နေ့စဉ်ကြိုးစားနေရအုံးမယ်...
-Thawsis
-Thawsis
❤11❤🔥3🥰3👏2💘2😈1
အဆင်ပြေမနေတဲ့အကြောင်းကို ငိုပြီး ပြောလို့ရရင် ပြောပြချင်နေမိတယ် ။ တစ်ကြိမ် တစ်ခါမှ ဒီလောက်ထိ မပြိုလဲခဲ့ဖူးသလို အဆင်ပြေသွားပါဆိုပြီး ကိုယ့်ကိုယ်ကို မညာနိုင်တဲ့အထိ ရုပ်မပျက်ခဲ့ဖူးဘူး ။ လုပ်လက်စ အလုပ်တွေကို ဖြစ်နိုင် နားထားချင်မိတဲ့အထိ စိတ်ကော လူကော ပင်ပန်းလို့ ။ ဖြစ်လာမဲ့ အကျိုးဆက်တွေကို မတွေးချင်တဲ့အထိ အရာရာက ခဏပဲဖြစ်ဖြစ် အနားယူနေချင်မိတာ။
❤9🔥4👍3🗿2😘2
What type do you want?
Anonymous Poll
15%
Physical 100% / Knowledge 0%
22%
Knowledge 100% / Physical 0%
15%
Physical 70% / Knowledge 30%
48%
Knowledge 70% / physical 30%
❤5⚡3🎉2👌2🥰1🏆1
အမေ့လျော့ခံအဖြစ်ဆုံး Character
Steve Rogers
Marvel movie တွေထဲမှာအရမ်းမိုက်ပြီးလူကြိုက်များတဲ့heroတွေအများကြီးရှိပါတယ်။ ဥပမာ iron man ဆိုရင်သူရဲ့ထက်မြက်မှု၊ဖန်တီးနိုင်စွမ်း၊ချမ်းသာမှု( billionaire )၊အဲ့လိုမျိူးပေါ့၊ Thorဆိုရင်လည်းနတ်ဘုရားတပါးဖြစ်ပြီးတော့တိုင်းပြည်တစ်ခုရဲ့ဘုရားတပါးဖြစ်ပြီးသူရဲ့powerဖြစ်တဲ့မိုးကြိုးတွေကလဲလူအတော်အများကိုဆွဲဆောင်နိုင်ပါတယ်၊captain America မှာလဲRecovery နဲ့သာမာန်လူတစ်ယောက်ထက်ပိုတဲ့ခွန်အားတွေတော့ရှိပါတယ် ဒါမဲ့ Steve Rogersရဲ့အကြီးဆုံးထူးခြားမှုကတော့သူ့မှာစိတ်ဓာတ်ခွန်အားနဲ့တည်ငြိမ်မှုတွေ ခေါင်းဆောင်နိုင်စွမ်းတွေရှိတာပါပဲ။
သူဟာAvengersအဖွဲ့သားတွေထဲမှာ အားအနည်းဆုံးဖြစ်ကောင်းဖြစ်နိုင်ပေမယ့်သူရဲ့အတွေ့အကြုံနဲ့ဘယ်လိုအခြေအနေမှာမဆိုတွေဝေခြင်းမရှိပဲ ဆုံးဖြတ်ချက်ပြက်သားမှုတွေကြောင့်အဖွဲ့ခေါင်းဆောင်နေရာကိုရရှိခဲ့တာလဲဖြစ်ပါတယ်၊ Captain America ဟာ marvel တစ်ခုလုံးမှာ သာမန်အကျဆုံး superhero ဖြစ်နိုင်ပေမဲ့တကယ်အရေးကြီးဆုံးလည်းဖြစ်ပါတယ်၊သူ့မှာhammerမရှိဘူး၊ စက်သုံးစွမ်းအင်/magic powerမရှိဘူး ဒါပေမဲ့အများကိုဦးဆောင်နိုင်တဲ့အရည်အချင်းရှိတဲ့သူတစ်ယောက်ပါ ၊ကျွန်တော့်အတွက်တော့သူဟာအသန်မာဆုံး hero ပါပဲ။

❤🔥8🔥5🎉3❤2🥰1💯1😘1
This media is not supported in your browser
VIEW IN TELEGRAM
PMWC Esports world Cup ရဲ့ champion ဖြစ်ခဲ့တဲ့ မြန်မာကိုယ်စားပြုအသင်းYango Galacticos ကိုဂုဏ်ပြုပါတယ်ဗျ ပထမဆုံးအကြိမ်ကမ္ဘာချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကို အရယူပေးနိုင်ခဲ့တဲ့အတွက်ရော congratulations ပါ။👏 🎉
🔥6👏3❤2🥰2🎉1
ချစ်သူနှစ်ယောက်ပေါင်းဖက်ရမှ ပျော်ရွင်စရာဇာတ်သိမ်း မဟုတ်ပါဘူး၊ Sex ကို base ခံထားတဲ့အချစ်မဟုတ်တဲ့အတွက် ချစ်သူနဲ့ မပေါင်းဖက်ရလဲပျော်ရွင်ဖွယ်ဇာတ်သိမ်းတစ်ခုဖြစ်နိုင်ပါတယ်။ သူဘာတွေလုပ်နေလဲအမြဲသိနေမယ် ချစ်သူမသိအောင်အမြဲစောင့်ကြည့်နေနိုင်မယ်၊ ချစ်သူကိုထာဝရချစ်နေနိုင်မယ်ဆိုရင် ဒါကပျော်ရွင်ဖွယ်ဇာတ်သိမ်းတစ်ခုပါပဲ။ ချစ်ရသူကို ပိုင်ဆိုင်ချင်တဲ့စိတ်တွေနဲ့ပြည့်နေမဲ့အချစ်မဟုတ်ပဲ ငေးကြည့်နေရရုံနဲ့တင်ကျေနပ်တဲ့ဘဝမို့ နှင်ရင်ထွက်ခွာသွားဖို့လဲ ဝန်မလေးသလို အနီးကပ်စောင့်ရှောက်ဖို့လဲ ဝန်မလေးပါဘူး ချစ်နေရရင် တော်ပါပြီ။
-Thawsis
-Sunflower
-Thawsis
-Sunflower
⚡9❤5❤🔥2😈2😎2💘1
An idea of a person
ကိုယ်ချစ်တဲ့ကောင်မလေးပဲဖြစ်ဖြစ် ကောင်လေးပဲဖြစ်ဖြစ် သူတို့ရဲ့ပတ်သတ်ပြီးစဉ်းစားကြည့်လိုက်ရင် ကိုယ်က သူ့ကိုတစ်ကယ်ချစ်တာလား သူနဲ့ပတ်သတ်ပြီးတွေးတောထားတဲ့အရာတွေကိုချစ်တာလားသိဖို့လိုအပ်တယ် ပြောရရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ချစ်တဲ့သူတွေနဲ့ပတ်သတ်ပြီး စစချင်းစိတ်ကူးယဉ်တယ် သူက ဘယ်လိုပုံစံမျိူးရှိတယ်သူတို့နဲ့ဘယ်သွားမယ် ဘာလုပ်မယ် သူနဲ့ဘယ်လိုဘဝကိုဖန်တီးမယ် တဖက်လူတွေနဲ့ပတ်သတ်ပြီးမျှော်မှန်းထားတဲ့ပုံစံတစ်ခုပေါ့ ဒါတွေကို an idea of a person လို့ခေါ်တယ် ဒါတွေက အချစ်စစ်မဟုတ်ပါဘူး ကိုယ့်ရဲ့စိတ်ထဲကလာတဲ့အတွေးအခေါ်တစ်ခုသက်သက်ပဲဖြစ်ပါတယ် လူတွေက ဒီလို idea တစ်ခုခုကိုချစ်မိသွားပြီးသူစိတ်ကူးပုံဖော်ထားတဲ့သူနဲ့တွဲလိုက်တယ် ၃လ၊၄လလောက်အကြာမှာ ကိုယ်တွဲလိုက်တဲ့သူက ကိုယ်မျှော်မှန်းထားသလိုမဟုတ်ပဲ တခြားစီဖြစ်နေတတ်တယ် အဲ့အခါ တစ်ချို့လူတွေကတော့ သူတို့ပြောင်းလဲလာမလားဆက်တွဲကြည့်တယ် တစ်ချို့က ကိုယ့်ပါတနာကို အတင်းကြီးပြောင်းလဲဖို့ကြိုးစားကြတယ် တစ်ချိူ့ကတော့လမ်းခွဲလိုက်ကြတယ် ဒီပြသနာကိုလူတိုင်းကြားဖူးကြမှာပါ relationship တစ်ခုမှာတစ်ယောက်နဲ့တစ်ယောက် ပြောင်းလဲဖို့လုပ်တယ်ဆိုတာက ပြသနာကဒီ an Idea of a person ပဲ သူတို့နဲ့ပတ်သတ်ပြီး ကိုယ်ဖန်တီးထားတဲ့ perception ကလုံးဝတခြားစီဖြစ်နေတတ်တာပေါ့ နောက်တော့ တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်တယ် ရန်ဖြစ်တယ် မုန်းတယ် ဒါမျိုးတွေဖြစ်လာတာပေါ့ အဲ့လိုတဖက်လူကိုအပြစ်မတင်ခင် တကယ်တွေးသင့်တာက တဖက်လူကပြသနာလား ဒါမှမဟုတ် သူတို့နဲ့ပတ်သတ်ပြီး idea တွေ စိတ်ကူးယဉ်မှုတွေနဲ့ မျှော်လင့်ချက်တွေကိုဖန်တီးမိတဲ့ မိမိကိုယ်တိုင်က ပြသနာလားဆိုတာကိုဝေဖန်သုံးသပ်သင့်ပါတယ်။

🥰9❤🔥5❤3💯2🔥1😈1