Case တစ်ခုပြောပြမယ် -
ကောင်မလေးရွယ်တူ၂ယောက်ရှိတယ်, မိပု နဲ့ မိစိန် လို့ပဲထားကြပါစို့။ မိစိန်က အစစအရာရာ ရုပ်ရည်ချောမောတာရော ချမ်းသာတာရော အကုန် မိပုထက်သာတယ်၊ သူတို့၂ယောက်ကိုဘယ်လိုပဲယဥ်ကြည့်ကြည့် မိစိန်ကပိုလှတယ်ပိုသာတယ်။ ဒါပေမဲ့ မိပုက ပိုပြီးဆွဲဆောင်မှုရှိတယ်ဆိုပြီး ယောက်ကျားလေးတွေအများကြီးလိုက်တာကိုလည်းခံရတယ်။
ကျွန်တော်က psychology အရပြောမယ်ဆိုတော့ မိပုက ဘာလုပ်ထားတယ်ထင်လဲ။
ဒီဇာတ်လမ်းလေးကိုအရင်မစခင် နည်းနည်းလောက် idea ပိုင်းလေးသွားကြရအောင်။ လူတစ်ယောက်က အပူအအေး temperature မတူတဲ့ ခွက်၃ခွက်ရှိတယ်, တစ်ခွက်က အရမ်းအေးတယ်🧊, နောက်တစ်ခွက်ကအရမ်းပူတယ်🔥, နောက်ဆုံးခွက်ကတော့ ပုံမှန်ရေအပူချိန်ပဲ အရမ်းလည်းမအေး အရမ်းလည်းမပူဘူးပေါ့. ဆိုတော့အဲ့မှာ အဲ့လူက အေးတဲ့ထဲရယ် ပူတဲ့ထဲရယ်ကို လက်တစ်ဖက်စီထည့်လိုက်တယ်။ ဆိုတော့ တစ်ဖက်အေးတစ်ဖက်ပူနဲ့ခံစားရမှာပေါ့. အဲ့မှာ လက်ကိုပြန်ထုတ်ပြီး လက်၂ဖက်စလုံးကို နောက်ဆုံးခွက်ပုံမှန်ရေထဲကိုထည့်လိုက်တယ်, အဲ့ချိန်မှာခံစားရတာက အေးေနေတဲ့ဖက်ကနေလာတဲ့လက်က ပုံမှန်ရေထဲမှာ နွေးသွားသလို ပူတဲ့ထဲကလာတဲ့လက်က ပုံမှန်အေးထဲမှာ အအေးဓာတ်ကိုခံစားရတယ်. လက်၂ဖက်စလုံးက တူညီတဲ့ရေထဲမှာရှိနေတာတောင် ရတဲ့ခံစားချက်က မတူဘူး။ ဒါဘာလို့လဲဆိုတော့ လာတဲ့နေရာချင်းမှမတူကြတာ။ ကဲဒါဆို ဇာက်လမ်းလေးဆက်လိုက်ကြရအောင် _
မိပုက ထင်သလိုမျိုး ယောက်ကျားလေးတွေကို Manipulate လုပ်ပြီး ချဥ◌်းကပ်ထားတာ မဟုတ်ပါဘူးနော်။
ကဲဒါဆိုဘယ်လိုလုပ်ထားတာလဲ ???
မိပုက သူ့ကိုယ်သူ မိစိန်ထက်မသာမှန်းလည်းသိတယ် မလှမှန်းလည်းသိတယ်။ ဒါပေမဲ့ သူကပိုပြီး ထင်ပေါ်အောင်နေတတ်တယ်။ ဥပမာ သူတို့၂ယောက်ပုံမှန်ပဲယဥ်ရပ်နေရင်တောင်မှ မိစိန်ကရိုးရိုးအင်္ကျီဝတ်ထားပေမဲ့ မိပုကတော့ ပိုလှပြီးဆွဲဆောင်မှုရှိတဲ့အင်္ကျီဝတ်မှာပေါ့။ မိပုက ပိုထင်ပေါ်အောင်ဖြစ်စေမယ့်အဝတ်အစား, အနေအထား, Social setting ကိုရွေးထားတယ်။ Framing Theory / Framing Effect လို့ခေါ်တယ်။
ဒါတင်မကသေးပဲ မိစိန်နဲ့ မိပုပေါင်းတဲ့သူငယ်ချင်းတွေကိုပါတစ်ချက်ကြည့်လိုက်ရအောင်။ မိစိန်ပေါင်းတဲံသူငယ်ချင်းတွေက သူ့လိုပဲလှမယ်ချောမယ် ပိုပြီးပိုပြီးဆွဲဆောင်မှုကောင်းနေတဲ့အချိန်မှာ မိစိန်သူငယ်ချင်းတွေနဲ့ မိစိန်ယဥ်လိုက်မယ်ဆိုရင် မိစိန်ကပိုပြီးလှတယ်ချောတယ်ဆိုတာ မပေါ်လွင်တော့ဘူး. ဒါပေမဲ့ မိပုကတော့ သူပေါင်းတဲ့သူငယ်ချင်းတွေကသူ့ထက်ရုပ်ဆိုးတာတွေကိုပေါင်းတယ်, ဆိုတော့ မိပုသူငယ်ချင်းတွေနဲ့အတူစုနေတဲ့အချိန်ကြည့်မယ်ဆိုရင် မိပုက ပိုပြီးထင်ပေါ်ပြီး အလှဆုံးဆွဲဆောင်မှုရရှိစေတာပဲဖြစ်ပါတယ်။ မိပုဟာ သူ့ကိုယ်သူကို သိတဲ့အပြင် သူ့အနားကသူတွေကိုလည်း တွက်ချက်ပြီး perception setup လုပ်တယ်။ ဒါကတော့ Social Comparison Theory ပဲဖြစ်တယ်။
ဒီနိယာမက တူညီတဲ့အရာနှစ်ခါကိုတောင် မတူညီဘူးလို့ထင်စေတဲ့ အမျိုးပါပဲ။ မျက်စိထဲပေါ်အောင်ပြောရရင် အရွယ်အစားတူညီတဲ့ ဘောလုံး၂လုံးရှိတယ်, ဘောလုံးတစ်လုံးက သူ့ဘေးမှာ သူ့ထက်ကြီးတဲ့ဘောလုံးတွေဝန်းရံထားပြီးတော့ နောက်တစ်ဘောလုံးကတော့ အဲ့ဘောလုံးထက်သေးတာကို ဝန်းရံထားတယ်. ဒီလိုမျိုးသာဆိုရင် အရွယ်အစားတူတယ်ဆိုတဲ့ဘောလုံးတောင်မှ မျက်စိကို ဘောလုံးsize မတူသလိုမျိုးမြင်ရသွားစေတယ်. ဒါကတော့ Center-Stage Effect Theory ပဲဖြစ်ပါတယ်။
ဒီမှာ မိပု ဟာ တမင်တကာလိမ်လည်မှု (deception) မဟုတ်ပဲ၊ perception design နဲ့ relative framing တွေကို သဘာဝကျသုံးနိုင်သူပါ။ တစ်စုံတစ်ယောက်ရဲ့ quality တ်စ်ခုကို တခြားသူတွေနဲ့ယှဉ်ရင်း မြင်တဲ့အခါ, ချက်ချင်း perception ပြောင်းတတ်တယ်။
မိပုက သူမကိုသူမ အဆင့်မြှင့်ထားတယ်။ တကယ်တော့ manipulation မဟုတ်ပဲ performance ပါပဲ။
ဆိုတော့ မိပုသုံးသွားတာကိုနားလည်ပြီလို့တော့ထင်ပါတယ်, သူကဘယ်သူ့ကိုမှမကောင်းကြံပြီးလုပ်တာတွေဘာတွေမရှိဘူး သူ့ကိုသူပိုပြီး မြင့်တင်ပြီးနေတတ်တဲ့အတွက်ကြောင့် ပိုပြီးဆွဲဆောင်မှုရှိနေတာပါ , ဒီလိုပဲတစ်ခုတလေအောင်မြင်မှုက သူများကိုအောက်မဆွဲချပဲနဲ့လည်း သန့်ရှင်းတဲ့နည်းလမ်းနဲ့ သာလွန်အောင်လုပ်လို့ရပါတယ်။
-MhineKar

🥱4❤🔥3❤2👍1👏1🎉1
ကျွန်တော်အရက်သမားတွေကိုမုန်းတယ် ကျွန်တော့်ဘဝမှာရူးရူးနှမ်းနှမ်းလုပ်ရပ်တွေကို လုပ်မိမယ်လို့မထင်ခဲ့မိဘူး ဘဝဆိုတာကြိုးစားရင် ဘယ်သူမဆိုအောက်ခြေကနေအမြင့်ကိုတတ်နိုင်မယ်လို့ယုံကြည်တယ် ဒါမဲ့ကျွန်တော်တို့ ပတ်ဝန်းကျင်မှာအောက်ခြေလူတန်းစားတွေရှိနေရတာလဲ ကျွန်တော့်ဘဝမှာအောင်မြင်ချင်တဲ့စိတ်တွေတဖွားဖွားပေါ်ပေါက်ခဲ့ဖူးပါတယ် ဒါမဲ့အဲ့စိတ်တွေက ၂၀၂၀ပြည့်နှစ်မှာပဲသေဆုံးသွားခဲ့ရတယ် ဘဝကို လက်လျော့လိုက်တဲ့သူတွေဟာ အခြေခံလူတန်းစားတွေဖြစ်လာတယ် မိမိကိုယ်ကိုထပ် တစ်စုံတရာကို တစ်စုံတစ်ယောက်ကိုဆွဲလမ်းမိသွားတဲ့အခါ အောင်မြင်ချင်စိတ်ကြိုးစားချင်စိတ် ဖိအားတွေက လျော့ပါးလာတယ် တစ်စုံတယောက် ဒါမှမဟုတ် တစုံတစ်ခုကိုဆွဲလမ်းမိတဲ့သူတွေကထိုအရာဆုံးရှုံးသွားတဲ့အခါအရာရာကိုအလျော့ပေးလိုက်ကြတယ် ကြိုးစားရင်ဖြစ်နိုင်ပေမယ့် မလုပ်နိုင်တော့ဘူး မိမိကိုယ်ကိုလဲမချစ်နိုင်တော့ဘူး ဘဝကိုတာဝန်ကြီးတစ်ခုဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို့ခံယူလာကြတယ် ကျွန်တော်အရမ်းမုန်းတဲ့အရက်သမားတွေမှာလဲ နောက်ကြောင်းမလှတဲ့ဘဝတွေရှိကြမှာပါပဲ ဒါကြောင့်ကျွန်တော်အရာရာကိုနားလည်တတ်လာပါပြီ။
1❤🔥8🔥4🎉4👏2😁1😱1👀1😘1
Schrödinger's Cat Experiment
ကျွန်တော်ဟာ ဒီမှာစာရှည်တပုဒ်ကိုထိုင်ရေးနေတဲ့သော်စစ်နိုင်ပါ ဒါမဲ့ကျွန်တော်မဟုတ်တဲ့ကျွန်တော်က တခြား Dimension တစ်ခုမှာ ကျွန်တော်မဟုတ်တဲ့လူတစ်ယောက်ရဲ့ ချန်နယ်ကို Join ပြီး ဒီစာကိုဖတ်ကောင်းဖြစ်နေနိုင်ပါတယ် ပြောရရင် ၂၀ရာစုရဲ့အထူးဆန်းဆုံးနဲ့လူတိုင်းနားလည်ရအခက်ဆုံးဖြစ်ခဲ့တဲ့အရာတစ်ခုပေါ့ Schrödinger ဟာ quantum mechanics ရဲ့ superposition ဆိုတဲ့အယူအဆကိုရှင်းပြဖို့အတွက် စိတ်ကူးဆန်ဆန်နဲ့ theory တစ်ခုထုတ်ပြန်ခဲ့တာပါ စမ်းသပ်ချက်ကတော့ အလုံပိတ် Box တစ်ခုထဲထည့်ထားပြီး အဲ့boxထဲကို Radioactive atom တစ်ခု ဥပမာပြောရရင်တော့ uranium ထည့်ထားပါတယ် အဲ့ atom ကတနာရီအတွင်း၅၀%သောဆက်စပ်မှုတွေပျက်သွားနိုင်ပါတယ် atom decay ကိုအလိုအလျောက်စနစ်တစ်ခုနဲ့သိနိုင်အောင်ဆင်ထားပါတယ် ဆိုတော့ ဒီ atom ပျက်သွားတာနဲ့ခလုတ်တစ်ခုကို on စေပြီး hydrocyanic acid vial တစ်ခုကိုချိူးဖျက်သွားစေပါတယ် အဲ့အခါ အဆိပ်ကထွက်ပြီးကြောင်ကိုသေသွားစေပါတယ် ဆိုတော့အဲ့လို box ထဲကိုကြောင်တစ်ကောင်ကိုထည့်ထားလိုက်မယ် box ကိုပိတ်ထားလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ကကြောင်ဘယ်လိုဖြစ်နေလဲမသိနိုင်ဘူး ပြောရရင် ကြောင်သေသွားလား ရှင်နေသေးလား မသိနိုင်ဘူး quantum laws အရ atom ကပျက်ပြီးသားလည်းဖြစ်နိုင်တယ် မပျက်သေးတာလည်းဖြစ်နိုင်တယ် ဒါကြောင့်မို့ကြောင်ကလည်းသေနေရင်သေနိုင်သလို အသက်ရှင်ရင်လည်းရှင်နိုင်တယ် ဒီလိုအခြေအနေနှစ်ရပ်ဖြစ်နေတဲ့ situation ကို superposition လို့ခေါ်ပါတယ် ကြောင်ထည့်ထားတဲ့ box ကို ဖွင့်ကြည့်လိုက်တာက သေတာလား ရှင်တာလား အဖြေတစ်ခုကို Copenhagen interpretation အရအဖြေရသွားစေပါတယ် ဒါမဲ့ parallel universe theory အရတော့ ကြောင်သေတဲ့ကမ္ဘာတစ်ခု ကြောင်မသေတဲ့ကမ္ဘာတစ်ခုဆိုပြီး နှစ်ခုစလုံးကိုဖြစ်လာစေပါတယ် ပြောချင်တာက ဒီဘက်ကမ္ဘာမှာ ကြောင်သေနိုင်ပေမယ့် တခြားကမ္ဘာမှာတော့ကြောင်မသေပါဘူး အဲ့လိုပဲ မင်းက ဒီနေ့မှာစောစောအိပ်ယာထခဲ့ပေမယ့် တခြားကမ္ဘာမှာတော့ အိပ်ပုတ်ကြီးနေတဲ့ version တစ်ခုမျိုးဖြစ်နေနိုင်ပါတယ် ဒါကြောင့်ကျွန်တော်တို့ဆုံးရှုံးခဲ့ရတဲ့အရာတွေဟာတစ်ခြားကမ္ဘာမှာ အပိုင်ရနေတာမျိုးတွေဖြစ်နိုင်ပါတယ် မိသားစုတစ်ခု သူငယ်ချင်းတစ်ယောက် ချစ်သူတစ်ဦး etc.....

1❤10❤🔥4🎉4⚡3😘2👏1🥱1🏆1😈1
ယနေ့အာဇာနည်နေ့ (July 19)
အာဇာနည်နေ့သည် မြန်မာပြည်တွင် နိုင်ငံတော်အတွက် အရေးပါသော အမှတ်တရနေ့တစ်ရက်ဖြစ်ပြီး၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် တစ်နှစ်တစ်ကြိမ် ကျင်းပကြသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ လှုပ်ရှားမှုဖြစ်စဥ်တစ်ခုအတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား နိုင်ငံရေးခေါင်းဆောင်ကြီး ၈ ဦး၊ အရာရှိဗိုလ်တစ်ဦးကို မသမာသူက လုပ်ကြံသတ်ဖြတ်ခံရကာ ကျဆုံးကြရာမှ ဤနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ကာ နှစ်စဉ် ကျင်းပလာကြောင်း ဖော်ပြထားသည်။ အာဇာနည်နေ့ကို ရန်ကုန်မြို့ပြည်သူများနှင့် အစိုးရအရာရှိများ ဂုဏ်ပြုလေးစားစွာ ဖြင့် ကွယ်လွန်ခဲ့သည့် သူရဲကောင်းများအတွက် အမှတ်တရအဖြစ် တရားဝင် ဂုဏ်ပြုကျင်းပခဲ့ကြသည်။
ယနေ့တွင် အာဇာနည်နေ့မှာ တာဝန်ရှိသူများနှင့် ပြည်သူအများသည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုအနီးရှိ အာဇာနည်ဗိမာန်သို့ စုဝေးကာ ကျဆုံးသွားသူများအား အလေးပြုရန်သွားကြသည်။ ဓလေ့အတိုင်း ဗိမာန်တွင် မေ့မရဖွယ် ကဗျာများ ဖတ်ဆိုကာ သူရဲကောင်းများ၏ အလှည့်အပြောင်းကို ဂုဏ်ပြုကြပြီး ထိုအခမ်းအနားကို လေးမြတ်စွာ ကျင်းပကြသည်။ အစိုးရများက MRTV များကနေ တိုက်ရိုက် ထုတ်လွှင့်ကာ တစ်နှစ်တစ်ကြိမ် ကျင်းပသည့် အခမ်းအနားကို ကြေညာသည့်အပြင်၊ ကျောင်းများနှင့် အစိုးရရုံးများကို ပိတ်ပေးကာ ပြည်သူအား အမှတ်တရအဖြစ် အားလပ်ခွင့် မျှဝေပေးကြသည်။
အာဇာနည်နေ့သည် လူထုအတွက် သူရဲကောင်းများ၏ ရဲ့ဝံ့သောပုံပြင်နှင့်ခက်ခဲစွာရယူခဲ့ရသော တန်ဖိုးထားဖွယ်ရာ လွတ်လပ်ခွင့်များကို အောက်မေ့ဖွယ် လေးစားထည့်သွင်းသတိရစေသည်။ ဤနေ့မှတစ်ဆင့် နိုင်ငံသားတစ်ဦးချင်းစီအနေဖြင့် မိမိတိုင်းပြည်အတွက် တာဝန်ယူစွန့်လွှတ်ခြင်း၏ အရေးပါမှုကို ပြန်လည် သတိပေးလျက်ရှိသည်။ အစိုးရကလည်း “လွတ်လပ်ရေးရပြီးသော်လည်း ၎င်းတန်ဖိုးများကို ထမ်းဆောင်ခြင်းမရှိပါက ရရှိခဲ့သည့် လွတ်လပ်ရေးကို ပြန်လည်ဆုံးရှုံးနိုင်ကြောင်း” ဤနေ့က သတိပေးထားသည်။ ထို့ကြောင့် မြန်မာပြည်သူများအတွက် အာဇာနည်နေ့သည် လွန်ခဲ့သည့် သူရဲကောင်းများ၏ ကြိုးစားမှုကို အတုယူကာ တိုင်းပြည်အကျိုးအတွက် တာဝန်ယူ ဆက်လက်ကြိုးစားရန် သတိပေးသည့် ရက်တစ်ရက်ဖြစ်လာသည်။

❤🔥8❤6🏆4👏3⚡2🗿1💘1
ကျွန်တော်အတိတ်မှာပဲလည်နေမှာစိုးတယ် အခုလက်ရှိအနေအထားကို အနာဂတ်မှာပြန်လွမ်းဆွတ်နေရမာမျိုးမဖြစ်ချင်တော့ဘူး ကမ္ဘာကြီးကိုဖြေးဖြေးပဲလည်စေချင်တယ် အချိန်တွေကိုဒီထက်နှေးချင်တယ် ရောက်ရှိနေတဲ့ဘဝကပိုင်ဆိုင်နေရတဲ့အရာတွေကိုဆုံးရှုံးသွားရမှာကြောက်တယ် တချိန်ကလုပ်ခဲ့မိတဲ့လုပ်ရပ်တွေအပေါ် ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေအပေါ်မှာနောင်တတွေရမနေချင်တော့ဘူး ပစ္စုပ္ပန်မှာတခြားပျော်ရွင်နေတဲ့လူငယ်တွေလို တတ်ကြွတဲ့အားအင်တွေပိုင်ဆိုင်ချင်တယ် အတွေးနယ်ချဲ့ချိန်မှာ အတိတ်ကအဖြစ်အပျက်တွေကို ပြန်တွေးမိမဲ့အစား ပြန်ပုံဖော်မိနေမဲ့အစား အနာဂတ်မှာဘာလုပ်မလဲဆိုတဲ့အပေါ်ကိုပဲ focus ထားတော့မယ် အပြစ်ရှိသလိုခံစားနေရတဲ့စိတ်တွေကိုလဲ ပြေပျောက်ချင်ပြီ လမ်းလျှောက်ရင်းနောက်ပြန်လှည့်ကြည့်တဲ့အကျင့်မျိုးကိုလည်းဖျောက်ချင်ပြီ ဘာမှမထူးခြားတော့မဲ့ ပုံရိပ်တွေကိုထပ်မပုံဖော်တော့ပဲ အရာရာကိုအသစ်ကစချင်တယ် သေချာတာကတော့အတိတ်မှာရပ်မနေချင်တော့ဘူး။
❤7👏3🎉3😁1🤯1😱1⚡1🏆1😐1🍓1
This media is not supported in your browser
VIEW IN TELEGRAM
ဒီခံစားချက်..
Song name - COME HERE
By Zenith
Song name - COME HERE
By Zenith
🔥7❤4❤🔥3🗿2⚡1🏆1🍓1💘1
This media is not supported in your browser
VIEW IN TELEGRAM
ဘဝမှာပထမဆုံးအကြိမ်ယောင်္ကျားတစ်ယောက်ကိုဆွဲဆောင်မှုအရမ်းရှိလွန်းတယ်လို့ထင်မိတာပဲ။
Name- Put your head on my shoulder...
By Paul Anka
Name- Put your head on my shoulder...
By Paul Anka
1❤🔥8❤5🏆4⚡1👏1😘1😎1
အချစ်နဲ့ထိတွေ့ဖူးတဲ့ဆယ်ကျော်သက်တိုင်းကြုံတွေ့နိုင်လောက်မယ့် ကြုံတွေ့ဖူးလောက်မယ့်အဖြစ်အပျက်တစ်ခုရှိတယ် အဲ့တာကတော့ Right person but wrong time ပါပဲ ကျွန်တော်တို့ဘဝတွေရဲ့ ပတ်ဝန်းကျင်မှာ right person wrong time က အမြဲလိုလိုကြုံတွေ့လေ့ရှိကြတယ်၊ right person wrong time ကတော့ လက်တွဲဖော်အဖြစ်လူမှန်ခဲ့ပေမယ့် တွေ့ဆုံချိန် စုံစည်းချိန်လွဲမှားခဲ့တာမျိုးပေါ့ ဥပမာပြောရရင် တခါကကျွန်တော်အရမ်းနှစ်သက်တဲ့အင်္ကျီရဲ့ကြယ်သီးတစ်လုံးပျောက်သွားဖူးတယ် ဒါမဲ့အဲ့ဒီကြယ်သီးပြန်တွေ့ခဲ့အချိန်မှာ ကျွန်တော်ကတခြားအင်္ကျီတစ်ထည်ကိုဝတ်နှင့်ခဲ့ပြီးပြီ တချို့ကတော့ တကယ်ချစ်ရင် ဘယ်အချိန်မဆိုချစ်ရသူကိုစောင့်ကြမှာပဲ ဘယ်အချိန်မဆိုချစ်နေကြမှာပဲလို့ပြောနိုင်ပါတယ် အချိန်တိုင်းမှာ ကိုယ်ချစ်တဲ့ Right person ကိုစောင့်နေတဲ့လူတစ်ယောက်က right time ရောက်လာတဲ့အခါ ချစ်ရသူနဲ့စုံစည်းနိုင်မယ် အစသဖြင့်ပေါ့ ဒါမဲ့ကျွန်တော်တို့အချိန်အခါကလုံးဝလွဲချော်သွားတဲ့အခါစောင့်ရတဲ့သူရော အစောင့်ခံရတဲ့သူရော အင်မတန်နာကျင်ရပါတယ် အဆုံးသတ်မှာပေါင်းဖက်နိုင်တာမပေါင်းဖက်နိုင်တာထပ် စောင့်ဆိုင်းနေရတဲ့အခိုက်အတန့်တစ်ခုကအတော်ကိုကြေကွဲစရာပါပဲ ဒီစာဖတ်နေတဲ့သူတွေထဲမှာကျွန်တော်ပြောသလိုလူတွေပါမယ်ဆိုရင်ချစ်ရသူနဲ့ပေါင်းဖက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်၊၊
❤9❤🔥3😎2👏1😈1🗿1
မောင်လွမ်းနောင် said :
ကျွန်တော့်ချစ်သူကို တကယ်ချစ်လေသူတစ်ဦးအား ကျွန်တော်ကဘာကြောင့်မုန်းရလေမည်နည်း
ကျွန်တော်မပန်သာသော ပန်းတော်ဝင်သည် ထိုက်တန်သူ၏ဦးခေါင်းထက်၌ စံရသည်ကို ကျွန်တော့်အတွက် ဝမ်းသာရန်မှလွဲ၍ အခြားအကြောင်းမရှိ။
-တက္ကသိုလ်ဘုန်းနိုင်
-မောင့်ဘဝညအလားကွယ်ဝတ္ထုမှ

1❤10👏5🍓3😁2🎉2😘2⚡1👌1🏆1🗿1
သံယောဇဉ်မငြိတွယ်ချင်ဘူး စိမ်းကားတတ်ချင်တယ် အရာရာမရေရာတဲ့ခေတ်မှာ ဘယ်အရာကိုမှမစွဲလမ်းချင်တော့ဘူး ကျွန်တော်သံယောဇဉ်ဖြစ်ရမှာထက်စာရင် နှလုံးသားမရှိတဲ့သူပဲဖြစ်ချင်ပါတယ် အရာရာကိုလေးလေးနက်နက်မတွေးတောပဲ ပေါ့ပေါ့လေးနေတတ်ချင်တယ် လွတ်မြောက်ချင်တယ် လွတ်လပ်ချင်တယ် အနှောင်အဖွဲ့အချုပ်အထောင်တွေထဲမှာ သံယောဇဉ်ဆိုတဲ့အရာက ကြောက်စရာအကောင်းဆုံးပါပဲ လူတစ်ယောက်ကိုဖြစ်ဖြစ် တစ်ခြားသက်ရှိကိုဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုဖြစ်ဖြစ် သံယောဇဉ်ဖြစ်မိရင်ပြန်မေ့ပစ်ဖို့ခက်ခဲပါတယ် အထူးသဖြင့်လူတွေအပေါ်သံယောဇဉ်ဖြစ်မိတဲ့အခါ သူတို့သူတို့ရဲ့လုပ်ရပ်သေးသေးလေးတွေကအစ ကိုယ့်ကိုနာကျင်စေတာမျိူးပေါ့ လူသားတစ်ယောက်အနေနဲ့ခံစားရမယ်ဆိုရင်တောင် ကိုယ့်ဘက်က တဖက်သတ်သံယောဇဉ်ထားပြီးအဖြစ်သည်းနေရမဲ့အဖြစ်မျိုးမကြုံချင်ဘူး အရာရာကိုနှောင်ဖွဲ့မိနေမဲ့အစား စိမ်းကားတတ်တဲ့သူတစ်ယောက် အသည်းမာတဲ့သူတစ်ယောက်ဖြစ်ရတာက anxiety တွေကိုသိသိသာသာကျသွားစေမယ်လို့ထင်ပါတယ် ဒါကြောင့် ကျွန်တော်သံယောဇဉ်မဖြစ်ချင်ဘူး စိမ်းကားတတ်ချင်တယ်၊၊
❤🔥8❤5👏4😁4⚡1🎉1👌1🏆1😘1
ပြင်သစ်စာရေးဆရာ Voltaire ရဲ့ 1770 Letter to the author of the three impostors မှာထူးထူးခြားခြားရေးထားတာကတော့ "If God did not exist,it would be necessary to invent him" ဆိုတာပါပဲ။ Voltaire ကဒီစကားကို သာမန်နည်းနဲ့မပြောခဲ့ပါဘူး။ သူဟာသဘာဝတရားကိုသာယုံကြည်သူ(Deist) တစ်ဦးဖြစ်ပြီး၊ အခွန်ရေးရာ၊ ဘုရင့်လက်အောက်ခံတဲ့အစိုးရစနစ်များကိုလည်းသိတတ်နားလည်တဲ့သူဖြစ်ပါတယ်။ Voltaire ပြောချင်တာက "ဘုရားရှိတယ်၊မရှိဘူး" လို့မပြောပဲ၊လူတွေရဲ့အကျင့်ပျက်မှု၊ဆိုးဝါးမှု၊ပြစ်မှုတွေကိုတားဆီနိုင်ဖို့ဆိုရင် သက်ဝင်လှုပ်ရှားနေတဲ့အရာတွေထက် မမြင်နိုင်တဲ့ကြောက်မတ်ဖွယ်ရာအာဏာတစ်ခု(God) တည်ရှိဖို့လိုအပ်တယ် လို့ဆိုလိုတာပါ ဘုရားဆိုတာအကျင့်ကောင်းတွေရှိဖို့ ဖိအားတစ်ခုအဖြစ်တည်ရှိခြင်းနဲ့ပြစ်မှုမလုပ်ရဲအောင်စိတ်ထဲမှာတောင် ကြောက်စရာဖြစ်စေနိုင်တဲ့ယုံကြည်မှုတွေကို ပေးစွမ်းပါတယ်။ ဒါကြောင့် Voltaire ပြောခဲ့တာက "လူတွေကိုထိန်းချုပ်ဖို့နဲ့၊တရားမဲ့မှုပြတာကိုရှောင်ဖို့၊မမြင်ရပေမယ့်ကြောက်စရာကောင်းတဲ့အရာတစ်ခုလိုတယ်၊ ဘုရားမရှိဘူးဆိုရင်တောင်တစုံတစ်ယောက်ကိုထီထွင်ဖို့လိုမယ်" လို့ပြောချင်တာပဲဖြစ်ပါတယ်။
❤6❤🔥4🔥2😘2⚡1👍1🥰1🎉1🏆1🍓1🙈1
စကားတစ်ခွန်း၏အရေးပါပုံ
၁၈၂၅ ခုနစ်မှာ ပထမရုရှားဘုရင်နီကိုလက်စ်(Nicholas I) နန်းတက်ပါတယ်။ သူ့ရှေ့အရင်ဘုရင့်လက်ထက်မှာတိုင်းပြည်ကြီးရဲ့ အခြေအနေတွေဟာအဆိုးရွားဆုံးဖြစ်ခဲ့တာကြောင့် နီကိုလက်စ်လည်းနန်းတက်ရော၊ နိုင်ငံအနှံ့ပုန်ကန်ထကြွမှုတွေဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလမ်းစဉ်နဲ့ ဒီဇင်ဘာတော်လှန်ရေးကြီးဖြစ်သွားတယ်။ ဒါပေမယ့်ထိုတော်လှန်ရေးကျရှုံးခဲ့ပြီး၊တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခွန်ဒြာတိရိုင်ဆလယဗ်(Kondraty Ryleyev) ကိုကြိုးပေးကွပ်မျက်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်
ကြိုးပေးခံရမဲ့နေ့မတိုင်ခင်အထိ ရိုင်လေယဗ်တစ်ယောက် စကားတစ်ခွန်းမှမပြောပဲ ဝစီပိတ်ကျင့်နေခဲ့ပါတယ်၊ ကြိုးမိန့်ပေးရမဲ့နေ့ရောက်တဲ့အခါ ကြိုးစင်ပေါ်တတ်ရပြီး ကြိုးလဲပေးရော လည်ပင်းကကြိုးက ပျက်ထွက်သွားပါသတဲ့၊ ဒီလိုထူးခြားဖြစ်စဉ် ပေါ်ပေါက်လာခဲ့ရင် ရုရှားတွေရဲ့ယုံကြည်မှုအရ ကံကောင်းခြင်းလို့သတ်မှတ်ပြီး၊ ရှင်ဘုရင်တောင်ဆန့်ကျင်လို့မရတဲ့ "လွတ်ငြိမ်းခွင့်"အစဉ်အလာရှိပါတယ်၊ ဒါပေမယ့် ကြိုးပျက်ပြီး ကြိုးစဉ်အောက်ကျသွားတော့၊ပါးစပ်ပိတ်ပြီး ပျော်နေလိုက်လို့ရပေမယ့် ပြက်သွားတဲ့ကြိုးစကိုကိုင်ရင်း ရိုင်လေယဗ်က ဘာပြောလိုက်လဲဆိုရင် "ဟော ဒီမှာကြည့်ပါဦး၊ ကြိုးပေးတဲ့ကြိုးထုံးကိုတောင် တို့ရုရှားတွေ ကောင်းအောင်မလုပ်နိုင်သေးဘူး" လို့ညည်းပြလိုက်ပါတယ်။
ရိုင်လေယဗ်ရဲ့ လုပ်ကြံစီရင်မှုမအောင်မြင်ဘဲ ထူးခြားဖြစ်စဉ်အကြောင်း နီကိုလက်စ်ကိုတင်ပြတော့ လွတ်ငြိမ်းခွင့်မှာ လက်မှတ်ထိုးပေးလိုက်ပါတယ်၊ လွတ်ငြိမ်းခွင့်စာချွန်တော်ကို သတင်းလာပို့တဲ့ တမန်လက်ထဲ မပေးခင်လေးမှာ ရှင်ဘုရင်နီကိုလက်စ်က ဒီအတိုင်းသိချင်စိတ်နဲ့မေးလိုက်ပါတယ်။ ''ရိုင်လေယဗ် ကြိုးပြတ်တော့ ဘာဖြစ်သွားသေးလဲ၊တစ်ခုခုပြောသေးလားကွ" ဆိုတော့ စာချွန်တမန်ကလည်း "ပြောကြောင်းပါ"ဆိုပြီး ရိုင်လေယဗ်ရဲ့ ညည်းတမ်းကို ပြောပြလိုက်တော့၊ ဘုရင်နီကိုလက်စ်က "ဒီလောက်မမှတ်တဲ့ကောင် ရုရှားတွေကြိုးထုံးလောက်တော့ရသေးကြောင်းပြလိုက်စမ်းပါဟ"ဟုဆိုကာ လွတ်ငြိမ်းခွင့်စာချွန်ကို ဆုတ်ဖြဲလိုက်ပါတယ်။ နောက်တနေ့တရားစီရင်၍ ဒုတိယအကြိမ်ကွပ်မျက်မှုမှာတော့ အောင်မြင်သွားခဲ့ပါတယ်၊ ကြိုးမပြက်တော့ပါဘူးတဲ့။
-Powerစာအုပ်မှ

❤🔥5❤4🔥2🎉2⚡2🏆2👏1
This media is not supported in your browser
VIEW IN TELEGRAM
We don't talk anymore
-Charlie Puth
-Selena Gomez
-Charlie Puth
-Selena Gomez
❤5❤🔥3😁3💘2🍓1🙈1
I Think They Call This Love
Elliot James Reay
They say you know when you know
So, let's face it, you had me at Hello
Hesitation never helps
How could this be anything, anything else?
[Chorus]
When all I dream of is your eyes
All I long for is your touch
And, darling, something tells me that's enough, mm-mm-mm-mm
You can say that I'm a fool
And I don't know very much
But I think they call this love
[Verse 2]
One smile, one kiss, two lonely hearts is all that it takes
Now, baby, you're on my mind every night, every day
Good vibrations getting loud
How could this be anything, anything else?
[Chorus]
When all I dream of is your eyes
All I long for is your touch
And, darling, something tells me that's enough, mm-mm-mm-mm
You can say that I'm a fool
And I don't know very much
But I think they call this love
[Post-Chorus]
Oh, I think they call this love
[Bridge]
Hmm, ooh-ooh, mm
Mm
What could this be
Between you and me? Oh, oh
❤🔥5❤2🔥1👏1👌1🏆1
This media is not supported in your browser
VIEW IN TELEGRAM
❤🔥8❤5🥰4⚡2👏2😁2🏆1
ကျွန်တော်တို့ရဲ့ဘဝဆိုတာ တခါတလေ လှပတယ်။ ဒါပေမယ့် တခြားတစ်ချိန်တွေမှာ ကိုယ့်စိတ်ကိုသတ်မှတ်ခြင်းတစ်ခုထဲမှာချုပ်ထားတတ်တယ် ကိုယ့်ဘဝကိုထပ်ခါတလဲလဲကြည့်ဖို့အချိန်ယူတာဟာ တစ်သက်တာအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်တတ်ပါတယ် အရင်လိုစကားပြောဖို့ စာတွေမပို့တော့ဘူး စိတ်ကူးအရ စာရေးဖို့မကြိုးစားဘူး မျက်နှာပေါ်မှာအပြုံးတောင်အတင်းဖန်တီးဖို့မကြိုးစားတော့ဘူး ဒီလိုလုပ်လိုက်တာက ကိုယ့်ဖြစ်တည်မှုအစစ်ကိုပြန်တွေ့ဖို့ပဲ တစ်ခါတလေ နေ့စဉ်လုပ်နေကျအလုပ်တွေက ငါနဲ့ရောတကယ်သက်ဆိုင်ရဲ့လားပြန်တွေးသင့်တယ် နေ့တိုင်းထပ်တလဲလဲကြိုးစားနေရတဲ့စိတ်ပင်ပန်းစရာအလုပ်တွေအကုန်လုံးကရော ငါနဲ့ အမှန်တကယ်သက်ဆိုင်လို့လား ငါကဘဝမှာကိုယ့်အတွက်အရေးမပါတဲ့အလုပ်တွေအပေါ်မှာ စိတ်နှစ်ပြီးဖြတ်သန်းနေမိတဲ့လူငယ်တစ်ယောက်များဖြစ်နေပြီလား ကိုယ့်အတွက် အကျိုးမထူးမဲ့ပြသနာတွေကိုပဲ အမြဲရင်ဆိုင်နေမိသလိုဖြစ်နေပြီလား ပြန်တွေးတောသင့်တယ် ပြသနာတိုင်းကိုအမြဲရင်ဆိုင်နေစရာရောလိုအပ်ရဲ့လား ရှောင်ပြေးချင်ရင်ရှောင်ရမယ် လူအများရဲ့စိတ်ကိုသာ အမြဲအသားပေးနေရင် ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ခံယူချက်က ပျောက်ဆုံးသွားနိုင်တယ်...
ဘဝက မရိုးရှင်းပါလား....
ဘဝက မရိုးရှင်းပါလား....
❤9❤🔥3👏3💘2⚡1😁1😈1
ဆားဒယ်ရသစာတမ်းကပေးသောသင်ခန်းစာ
ကျွန်တော်က CDM ကျောင်းသားတစ်ယောက်ပါ ခံယူချက်တွေမတူညီကြတဲ့အခါ ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြက်သွားခဲ့တဲ့ ကျောင်းသားတစ်ယောက်ပေါ့.. ကျွန်တော့်အတန်းဖော်အများစုဟာ အခုချိန်မှာ စာမေးပွဲတွေဖြေဆိုရင်း ဆုတွေအရယူနေကြချိန်မှာ ကျွန်တော်ကတော့အပြင်မှာစာလေ့လာတယ် Online မှာကျောင်းတတ်တယ် ကျွန်တော်ဘယ်လောက်ပဲကြိုးစားပါစေအုံး ပတ်ဝန်းကျင်အမြင်မှာတော့ ကျွန်တော်ဟာ ကျောင်းထွက်အလေလိုက်နေတဲ့လူငယ်တစ်ယောက်ပါ ပြည်တွင်းစစ်ရဲ့သက်ရောက်မှုအနေနဲ့ မြန်မာနိုင်ငံက လူငယ်အများစုရဲ့အနာဂတ်တွေအိမ်မက်တွေက ပျက်စီးကုန်တယ် ကိုယ်တိုင်လဲကြိုးစားနေပါလျက်နဲ့ Non CDM student တွေက ကိုယ့်ထက်အခွင့်အလမ်းတွေရရှိတဲ့အခါ သိမ်ငယ်စိတ်တွေ စိတ်ဓာတ်ကျလာတာတွေပါဖြစ်လာတယ် ဒါပေမယ့် ဆားဒယ်ဆိုတဲ့ရသစာတမ်းက ကျွန်တော်တို့လူငယ်တွေအတွက်ခွန်အားဖြစ်စေခဲ့ပါတယ် ကျွန်တော်တို့ဟာ အောင်မြင်မှုရမှ ပျော်ရွင်တာမဟုတ်ပဲ အောင်မြင်မှုရဖို့ကြိုးစားနေရရင်ကို ပျော်ရွင်နေတဲ့လူတွေပါ သားရဲတွေဟာ အမဲကိုရတာနဲ့တင်ပျော်ရွင်တာမဟုတ်ပဲ အမဲလိုက်နေရတာကိုပျော်ရွင်သလိုပေါ့ ကျွန်တော်တို့လိုမဟုတ်တဲ့ Non CDM Student တွေ လှေကြီးလှေငယ်တွေနဲ့ လိုရာခရီးကိုလျင်မြန်လွယ်ကူစွာသွားလာနေကြချိန်မှာ ကျွန်တော်နဲ့အပေါင်းအပါများဟာ ဆားဒယ်နဲ့တဝဲလည်လည်စီးမျောနေကြပါတယ် ဒါပေမယ့် ကျွန်တော်တို့ CDM student တွေ မနာလိုခြင်းမရှိကြပါဘူး ရောက်ရှိသွားတဲ့ Non student တွေအတွက်ပင် ဝမ်းသာမိပါသေးတယ် တစ်ချို့သောဆားဒယ်မှောက်သူများကိုပင် အချင်းချင်းဝိုင်းဝန်းအားပေးကြတာအတော်ကိုအားဖြစ်စရာပါ ကျွန်တော်တို့မှာလည်း ကိုယ်ပိုင်မျှော်လင့်ချက်ကိုယ်စီနဲ့မို့ မောတယ်ပန်းတယ် ခက်ခဲတယ်လွယ်ကူတယ်မရှိတော့ပါဘူး ကိုယ့်အားကိုယ်ကိုးရင်း အောင်မြင်မှုလမ်းကိုလျှောက်လမ်းနိုင်ကြောင်းတွေးတောမိရင်း စိတ်ဓာတ်ကျမှုတွေ သိမ်ငယ်စိတ်တွေကို ဆရာတက္ကသိုလ်ဝင်းမွန်ရေးတဲ့"ဆားဒယ်စာတမ်း"နဲ့ ပြေပျောက်မိပါတော့တယ်။
-သော်စစ်နိုင်

❤16❤🔥3⚡3🔥2🙈2🥰1😁1🏆1
Dimensions (အတိုင်းအတာများ) ဆိုသည်မှာ တစ်စုံတစ်ခု၏တည်နေရာ၊ အရွယ်အစားနှင့် အချိုးအချောင်းများကို ဖော်ပြရာတွင် အသုံးပြုသော နေရာဆိုင်ရာအတိုင်းအတာများဖြစ်သည်။ လူသားတို့နေထိုင်ရာ လောကသည် သုံးမျိုးသောရုပ်ပိုင်းဆိုင်ရာအတိုင်းအတာများဖြင့်ဖွဲ့စည်းထားသည်။ ယင်းအတိုင်းအတာများမှာ အရှည် (length), အနံ့ (width) နှင့် အနက် (depth) တို့ဖြစ်သည်။ ဤသုံးခုကိုအပြည့်အဝ ဖော်ပြရန်အတွက် ထပ်တိုး၍ စတုတ္ထအတိုင်းအတာဖြစ်သည့် အချိန် (time) ကိုထည့်သွင်းရန်လိုသည်။ ယင်းကို “space-time continuum” ဟုလည်း ခေါ်ကြသည်။
ဒါပေမဲ့ ရုပ်ပညာ၏နောက်ဆုံးထွက်သိပ္ပံဖြစ်သော string theory နှင့် M-theory များအရ ဤသဘာဝတစ်ခုလုံးသည် ၄ ဆင့်သာမက ၁၀ သို့မဟုတ် ၁၁ ဆင့်အတိုင်းအတာများပါဝင်သည်ဟု ယူဆကြသည်။ ဥပမာအားဖြင့် ပဋိဌာန်းမရသော မာက်ရွတ်များ (tiny vibrating strings) ဟုခေါ်သော များအလှည့်အပြောင်းအလဲများသည် သဘာဝရဲ့အခြေခံအဖွဲ့အစည်းများဖြစ်ကြောင်း ယူဆသည်။ ထို string များသည် ကျွန်ုပ်တို့ မမြင်နိုင်သော နေရာ (higher dimensions) များတွင် တုန်လှုပ်နေကြပြီး သူတို့၏တုန်ခါမှုပုံစံများအပေါ် မူတည်၍ လက်တွေ့ကမ္ဘာမြင်တွေ့ရသော ဓာတ်မော်လီကျူးများ၊ ဓာတ်တုများ နှင့် စွမ်းအင်များကိုဖန်တီးပေးသည်။
၁၁ ဆင့်အတိုင်းအတာထိရှိနိုင်ကြောင်းဆိုခြင်းသည် ဤကမ္ဘာသည် ကျွန်ုပ်တို့မြင်နိုင်သည့် ၃D နေရာအတိုင်းအတာ နှင့် အချိန်တစ်ခုထက်မက နက်နဲပြီး ပို၍ခိုင်မာသော သဘာဝတစ်ရပ်ရှိနိုင်ကြောင်းအထောက်အထားဖြစ်သည်။ ဥပမာအားဖြင့် ထပ်မံသောအတိုင်းအတာများသည် ကျွန်ုပ်တို့မမြင်နိုင်သော နေရာအသေးဆုံးများတွင် ကွေးကျစ်လျက်ရှိနေပြီး ရုပ်ပိုင်းဗေဒဆိုင်ရာဖက်တီးများ၊ ဆူပါဂရက်ဗီတီ (supergravity) နှင့် စကြာဝဠာ၏ဖွဲ့စည်းပုံအကြောင်းထပ်မံရှင်းလင်းပေးနိုင်သည်ဟု ယူဆသည်။
ထို့ကြောင့် Dimensions ဆိုသည်မှာ သာမန်အရာဝတ္ထုတစ်ခု၏ တည်နေရာနှင့်လှုပ်ရှားမှုတုံ့ပြန်မှုမှစ၍ စကြာဝဠာ၏အနက်ဆုံးအရာများကိုပါ သဘောပေါက်စေရန်အတွက် အရေးကြီးသောသိပ္ပံဆိုင်ရာအမြင်တစ်ခုဖြစ်သည်။

5❤🔥7❤3⚡2👏2💯2🏆2🔥1🍓1
အခုခေတ်ဟာ အယူအဆတွေပြောင်းလဲလာကြတယ် လူတွေဟာယဉ်ကျေးမှုအဆင့်အတန်းတွေမြင့်လာသယောင်ယောင်နဲ့ လျော့ကျလာတယ် စိတ်ထားတွေကလဲ ပြောင်းလဲလာကြတယ် အခုခေတ်မှာ အမျိူးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးလက်တွဲလာရင် သာမန်ပါပဲ အမျိူးသားတစ်ဦးနဲ့ အမျိူးသမီးနမ်းနေတယ်မလား သာမန်ပါပဲ အခုခေတ် Generation တွေက အရာရာကို serious မဖြစ်တော့ပါဘူး ယောင်္ကျားတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် date တာကိုသာမန်လို့ပဲသတ်မှတ်ကြသလို တချို့မိဘတွေဆို ကိုယ်တိုင်တောင်လိုက်ပို့ကြသတဲ့ တခြားလူတွေရဲ့အမြင်မှာဘယ်လိုလဲတော့မသိပေမယ့် ကျွန်တော်ကတော့ တခြားယောင်္ကျားတစ်ယောက်နဲ့ date ပြီးသားမိန်းမတစ်ယောက်ကို လက်မတွဲနိုင်ပါဘူး ဒါဟာအတ္တကြီးတာလို့ခေါ်ကောင်းခေါ်နိုင်ပါတယ် ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော်ပေးထားတဲ့ self respect တွေကို နည်းနည်းမှသံသယဝင်မိအောင်လုပ်ဆောင်မှာမဟုတ်ပါဘူး ကိုယ်တိုင်လဲဘယ်မိန်းကလေးကိုမှမဖျက်စီးသလိုကိုယ့်ကိုကိုစင်ကြယ်အောင်နေတဲ့အတွက် စင်ကြယ်တဲ့အမျိုးသမီးကိုသာလက်တွဲချင်ပါတယ် ဒီလိူစိတ်တွေ အတ္တတွေ မာနတွေကိုပြင်လိုက်ဖို့ တစ်ချို့ကပြောဖူးပါတယ် ဒါပေမယ့်ပြင်လိုက်ဖို့စိတ်မရှိပါဘူး ဒါတွေသာလူသားဆန်တဲ့စရိုက်လက္ခဏာတွေပဲမို့ မိမိကိုယ်ကိုပို၍ပို၍အချစ်ပိုမိပါတော့တယ်။
-ThawSis
-ThawSis
❤🔥10❤4⚡2👍2🗿2👏1😘1