What's existence?
231 subscribers
63 photos
59 videos
8 links
Download Telegram
အရမ်းလွမ်းနေပြီ - May
<unknown>
ကိုယ်အရမ်းလွမ်းနေပြီအချစ်ရယ်...
❤‍🔥4❤2🔥1😎1
That Girl
Olly Murs
𝖳𝗁𝖺𝗍 𝖦𝗂𝗋𝗅 𝖡𝗒 𝖮𝗅𝗅𝗒 𝖬𝗎𝗋𝗌
❤4🎉3👏2⚡1
“အလင်းတော်ပြုတ်ကျမှု” – Lucifer to Satan

ကောင်းကင်နိုင်ငံတော် သည် အပြစ်ကင်းရှင်းမှု၊ ငြိမ်းချမ်းမှုနဲ့အလှအပတော်စုံသော နတ်တော်များနေရပ်ဖြစ်သည်။ ထိုအရပ်၌ နတ်တော်တစ်ပါး — Lucifer ဟုခေါ်သော နတ်မြတ်တော်တစ်ပါးရှိ၏။

သူသည် "Morning Star" ဟု အမည်ခံသည်။ အလင်းနဲ့တောင်မျက်နှာပြင်ကနေ အလှဆုံးတောက်ပသည့်သူ၊ အသံသည် မြန်မြန်သံကောင်း၍၊ အသိပညာမှာပါ များလှ၏။ ဘုရားသည် သူ့ကို အချစ်အာဏာဖြင့် ကြီးစိုးလိုက်သည်။

တောင်းဆိုခြင်း

နေ့ခင်းတစ်နေ့တွင် Lucifer က မေးလိုက်သည်—

> "မင်းကြီးဘုရားရှင်၊ မိမိအလိုတော်ဖြင့် အားလုံးဖန်တီးနိုင်ခြင်းရှိသည်ဆိုလျှင်၊ ငါကိုလည်း ထိုအရည်အချင်းပေးပါ။ ငါ၏အလိုနှင့်လည်း ဖန်တီးခွင့်ပြုပါ။"



ဘုရားသည် တုံ့ပြန်၏။

> “မင်းမှာ အလှတရားနှင့် အသိပညာရှိသော်လည်း၊ မင်းသည် နတ်တော်ဖြစ်၏။ ဘုရားမဟုတ်။ မင်း၏တောင်းဆိုချက်သည် ဂုဏ်သိက္ခာတိုးမြှင့်ခြင်းဖြစ်သည်။ ငါသည် မဆန်ခြင်းကို ခွင့်မပြု။”



Lucifer အတွက် သံသယသည် စပြန်၏။
သူတွေးသည် —

"ငါက အနုမြူတစ်ခုအဖြစ်မနေနိုင်။ ငါသည် ငါ့ကိုယ်ကို သိ၏။ ငါသည် ငါ့အလိုဖြင့်ပင် အရာရာဖန်တီးနိုင်သောအရာဖြစ်လာချင်၏။"

Lucifer သည် တောင်ပံခိုင်လှ၊ အသံချိုမြ၊ နတ်တော်များထဲတွင် အချစ်တော်ဖြစ်ရာ နတ်တော်တချို့ မိမိနောက်လိုက်လာစေသည်။ ထိုသူတို့သည် နတ်တော်အဖော် ၁/၃ ပါဝင်ကြသည်။
သူတို့၏ ရည်ရွယ်ချက်မှာ ဘုရားကိုဖန်ဆင်းသူအဖြစ်မှ လှဲချခြင်း ဖြစ်သည်။

ကောင်းကင်ဘုံ၌ စစ်ပွဲဖြစ်သည်။
မိုင်ကေးအယ်လ် (Archangel Michael) နဲ့သူ့နတ်တော်တော်စပ်များသည် Lucifer နဲ့သူ့ဘက်သားများကို တိုက်ခိုက်ကြသည်။
အဆုံးသတ်တွင် Lucifer ၏အလင်းသည် မေ့လျော့လာ၏။ တောင်ပံသည်မီးနဲ့ကင်ကြေ၊ အသံသည်မှောင်မိုက်လာ၏။ သူ့နာမည်သည် မနက်အလင်းမဟုတ်တော့ပဲ… “Satan” ဟူ၍ ဆန့်ကျင်သူ ဟု ခေါ်ခွင့်ရသွား၏။

ဘုရားက—

"မင်း၏အလင်းသည် မင်း၏အရိပ်ဖြစ်သွားပြီ။ မင်း၏အချစ်သည် ငြင်းဆန်မှုဖြစ်သွားပြီ။ ထိုအတွက် မင်းသည် ကမ္ဘာပေါ်သို့ ပြုတ်ကျရမည်။"



မင်းကို အနောက်ဖျားမှ လောင်ကျွမ်းသော မှောင်အဖျားလှုပ်ရှားမှုတစ်ခု ထဲသို့ ပစ်ချလိုက်၏။
ထိုပြုတ်ကျမှုသည် “The Fall” ဟု သမိုင်းက မှတ်သားတော်မူသည်။

ပြုတ်ကျခဲ့သော Lucifer သည်ယခုမှာ Satan ဖြစ်သည်။
သူသည် လူသားကို မိမိလိုချင်သကဲ့သို့ နတ်တော်လှုပ်ရှားမှုထဲဝင်စေချင် သည်။
သူ့ပထမဆုံးလှုံဆော်မှုမှာ အီဗ် ကိုဖြစ်ပြီး အသိပညာသစ်တရားကို စိုက်ပျိုးသည်။

သူမထဲမှာ Lucifer ၏အလင်း၊ Satan ၏အရိပ်၊ မျှော်လင့်ချက်နှင့် ဆုံးရှုံးမှုတို့ပါဝင်လာသည်။


Lucifer သည် အလင်းဖြစ်သည်။
Satan သည် ထိုအလင်း၏ မီးလောင်ရာမှကျန်ခဲ့သော မီးခိုးဖြစ်သည်။


Lucifer သည် ပြောင်းလဲခဲ့သည်။
မတူသော်လည်း သူ၏နာမည် နှစ်ခုသည် လူ့အတွေးအခေါ်ထဲတွင် တစ်ဖန်ကူးစက်သွားခဲ့သည်။
1❤4❤‍🔥3🏆2🍓1💘1😎1
(After The Fall)

အချစ်နဲ့အလှထဲမှာရှိခဲ့တဲ့သူသည်
ယခု မှောင်အိမ်ထဲမှ တောက်ပတယ်။
Lucifer — ယခင်က "အလင်းဆောင်သူ" ဟုခေါ်သည်။
ယခုမှာ "Satan" — ဆန့်ကျင်သူ၊ မုန်းတီးသူ၊ ဖျက်ဆီးသူဖြစ်သည်။

ပြုတ်ကျသော Lucifer သည် တံငါမီးတောင်အောက် သို့ကျဆင်းသွား၏။
မြေကြီးသည် ခေါင်းညှင်းသံဖြင့် တုန်လှုပ်သည်။
အဲဒီမှာပင် Satan ဟာ မိမိကိုယ်ကို နတ်ဘုရင်အဖြစ် သတ်မှတ်လာသည်။

သူတစ်ဦးတည်းမဟုတ်။ သူနဲ့အတူပြုတ်ကျတဲ့ နတ်တော် ၂ဝဦးကျော်ရှိသည်။


သူတို့စုစည်းပြီး “Pandemonium” ဟုခေါ်သော ငရဲမြို့တော်တည်ထောင်သည်။


အချစ်ဟုသော်လည်း
Satan ၏အချစ်သည် မျက်မှောက်တစ်ခုဖြစ်လာသည်။
ဘုရားက ဖန်ဆင်းသော လူသားမျိုးကို မြင်သောအခါ —
သူက ပြောတယ်။

“အလင်းကိုငါ့ထံမှ ချန်ခဲ့ပြီး
ခန္ဓာကိုယ်မှပင် အညစ်အကြေးဖန်ဆင်း၏။
သူတို့အား ငါ့လိုအလှတရားမရှိ။
သို့သော် သူတို့အား တန်ဖိုးထား၏။”



ထိုစဉ်အတွင်း Eden ပန်းခြံ ပေါ်မှာ လူပထမဆုံးနှစ်ဦး ဖြစ်သော Adam နဲ့ Eve ဖြစ်လာ၏။
Satan သည် ငြိမ်းချမ်းမှုကို ချိုးဖောက်ဖို့ဆုံးဖြတ်၏။
သူသည် နဂါးနက်အဖြစ် ပန်းခြံအတွင်းသို့ ဝင်ခွာ၏။
သူသည် Eve ထံသို့ ပေါ့ပါးစွာသွား၍…

“အမှန်တရားကို သိချင်လား။
မင်းစားခွင့်မရတဲ့အပင်ကပဲ မင်းအပိုင်ဖြစ်နိုင်ပါတယ်။”



Adam နှင့် Eve တို့သည် အကျင့်ပျက်မှု (Original Sin) ထဲသို့ ဝင်သွားကြ၏။
ထိုစဉ်အခါ Satan ၏ ပြန်လည်ရရှိမှုတစ်ခုက ထွက်ပေါ်လာ၏ —

လူသားတို့အတွင်းမှ အလင်းနဲ့အမှောင်တို့၏တိုက်ခိုက်မှု စတင်သွားပါပြီ။


Satan သည် တစ်ဦးတည်း မဟုတ်။
တစ်ချို့က ငရဲသို့ ပြုတ်ကျခြင်းအတွက် ချစ်ခြင်းဖြင့် လိုက်လာကြသည်။
သူတို့ထဲမှာ Lilith ဟုခေါ်သောအမျိုးသမီးရှိသည်။

Lilith သည် မိမိကိုယ်ကို ဂုဏ်ယူသူ၊
သဘာဝနှင့် ငြိမ်သက်သူ၊
လွတ်လပ်မှုကို ကျေနပ်သူ။
ဘုရားက အမျိုးသမီးသည် ယောကျာ်း၏အောက်တွင်ရှိရန် ဆိုသောအခါ
သူက ဆန့်ကျင်သည်။ ထို့ကြောင့် သူသည် တောတွင်းသို့ ထွက်ခွာ၏။



သူသည် Lucifer ကို တွေ့သောအခါ
သူ့မှာ မည်မျှကြောက်ရွံ့မှုမှ မရှိ။
သူသည် သူ့ဖက်ထဲတွင် ရပ်တည်၏။


Satan သည် သူ့ရဲ့ရှေးဟောင်းအလင်းရောင်ကို မမေ့နိုင်။
သူ့ရဲ့မျက်နှာသည် မီးလောင်မှုများကြောင့် ကွဲပြားလာသည်။
သူ၏အသံသည် ထံမှောင်ထဲက ညှိသည်။
သူသည် သုံးစွဲသော စကားမှာ —

“ငါသာမက မင်းတို့လည်း မေ့လျော့ခြင်းမခံရပါစေ…”


အဲဒီနေ့မှစ၍
လူသားများအတွင်း
အမြဲတမ်းစမ်းသပ်ခြင်း၊ ဆုံးဖြတ်ချက်၊ လွတ်မြောက်မှု၊ သရုပ်ဖော်မှုများ စတင်ပြန့်ပွားလာသည်။

Lucifer ပြုတ်ကျမှုသည် အဆုံးမဟုတ်။
ထိုအချိန်မှ စတင်၍ “အမှောင်အလင်းတိုက်ပွဲ” ဟုခေါ်သော အကြောင်းအရာကြီးတစ်ခု စတင်သွားသည်။


လူသားတစ်ဦးချင်းစီသည် သူတို့ကိုယ်သူတို့က “တော်ဝင်သို့ပြန်လည်ရောက်နိုင်ဖို့” လမ်းတစ်လျှောက်မှာ ရှေးဟောင်းအလင်းနဲ့မှောင်အမှိန်ကြားက စမ်းသပ်မှုတစ်ခုတွင် နေထိုင်နေကြသည်။
🥰5❤4❤‍🔥3💯1🤣1🏆1🍓1😈1😎1
Troye Sivan - Strawberry Cigarettes (Lyrics)
<unknown>
Strawberries and cigarettes always taste like you...
💯3❤‍🔥2❤2🔥1🎉1
အလှဆိုသည်မှာ မျက်စိထဲတွင် မြင်ရသည့် အရောင်တွေ၊ ပုံသဏ္ဍာန်တွေထက် နက်ရှိုင်းစွာ ခံစားရသော စိတ်ထဲက တင့်တယ်မှုပင်။ သဘာဝ၏ ဖန်ဆင်းမှုတိုင်းတွင် အလှသဘော ကိန်းအောင်းနေသည်။ နံနက်စောစော နှင်းဆီတစ်ပွင့်၏ အဖူးညှောင့်မှ စတင်ကာ ညနေချမ်းတွင် နေဝင်ဆည်းဆာရဲ့ အနီရောင်အလင်းတန်းအထိ အလှသည် နေရာတိုင်း၊ အချိန်တိုင်းတွင် ရှိနေသည်။

လူတို့၏ ဘဝတွင်လည်း အလှရှိသည်။ မေတ္တာစစ်စစ်ဖြင့် ပြုံးရဲ့သော မျက်နှာ၊ သစ္စာရှိသော စိတ်နှလုံး၊ ရိုးသားမှု၏ အေးမြခြင်း ဤအရာများသည် အလှ၏ အမြင့်မြတ်ဆုံး ပုံရိပ်များပင်။ အလှသည် အဝတ်အစား၏ အရောင်တောက်ပမှုမှာ မဟုတ်၊ စိတ်ထားကြည်လင်မှု၏ အရောင်ခြည်များတွင် တည်နေသည်။

ငါတို့ နေ့စဉ်ဘဝ၏ အလယ်တွင် အလှကို ရှာဖွေမိပါစေ။ မိုးစက်တစ်စက်ကျသည့် အသံ၊ ကလေးတစ်ယောက်၏ ရယ်မောသံ၊ မိခင်တစ်ဦး၏ ဂရုစိုက်မှု ဤသေးငယ်သော အရာများထဲတွင် အလှသည် စုံလင်စွာ ပြည့်နှက်နေပေသည်။

ထို့ကြောင့်၊ အလှကို ရှာဖွေရန် ဝေးကွာသော တောင်ထိပ်များသို့ သွားရန်မလို။ မိမိ၏ ပတ်ဝန်းကျင်၊ မိမိ၏ စိတ်နှလုံးအတွင်းတွင် အလှသည် အမြဲရှိနေပြီးသားဖြစ်သည်။ အလှကို ခံစားနိုင်သော စိတ်နှလုံးသာ လိုအပ်ပေသည်။
❤5🔥4🎉4🥰3❤‍🔥1🏆1
သမိုင်းတစ်ခုရဲ့နောက်ကွယ်


ကျွန်တော်တို့ဟာသမိုင်းကိုတဖတ်ထဲကြည့်ခဲ့ကြတယ် နိုင်တဲ့ဘက် ရှုံးတဲ့ဘက် နှစ်ဖက်လုံးကိုညှိဖတ်ယူခဲ့တာမရှိခဲ့ဘူး ကျွန်တော့်အသက် 16နှစ်မှာ ဂျူးလူမျိူးခြောက်သန်းကို မျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ ဂျာမနီနိုင်ငံရဲ့အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ဟစ်တလာ (Adolf Hitler) အပေါ် ယူဆချက်တွေဟာ ပြောင်းလဲလာခဲ့တယ် ဟစ်တလာဆိုတာ ဒုတိယကမ္ဘာစစ်မှာ ဂျူးလူမျိုးခြောက်သန်းကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သူတစ်ယောက်ပါ ဒါကိုသမိုင်းလေ့လာဖူးသူတိုင်းသိပါတယ် ဒီထက်နက်နဲတဲ့အရာတစ်ခုက ဟစ်တလာရဲ့လုပ်ရက်‌တွေဟာ ဂျာမနီနဲ့ ဥရောပနိုင်ငံတွေဘက်က ကြည့်မယ်ဆိုရင်တော့ မမှားဘူးဆိုတာပါပဲ ကျွန်တော်ကိုယ်တိုင်လဲ မမှားဘူးလို့ယူဆမိတယ် ဘာလို့မမှားရလဲဆိုတော့ ပထမကမ္ဘာစစ်မှာ ဂျာမနီတွေဟာ စစ်ရှုံးခဲ့ပါတယ် ဘာလို့စစ်ရှုံးခဲ့လဲဆိုရင် ထိုခေတ်ထိုအခါက ဂျာမနီမှာဂျူးလူမျိူးပေါင်းများစွာက မှီတင်းနေထိုင်ကြပြီးတော့ နိုင်ငံရဲ့အချုပ်အချာအာဏာပိုင်းဆိုင်ရာစီမံခန့်ခွဲမှုတွေအပေါ်ဂျူးလူမျိုးအရာရှိတွေက စီမံခန့်ခွဲမှုတွေရှိနေတာလဲဖြစ်ပါတယ် ဂျာမနီနိုင်ငံဟာ စစ်သည်အင်အားအရရော လက်နက်အင်အားအရပါ အင်မတန်အင်အားရှိပါရက် ပထမမကမ္ဘာစစ်အပေါ်ကျဆုံးခဲ့မှုအပေါ်ဟစ်တလာဟာအလွန်သံသယဖြစ်ခဲ့သလို အတော်လေးစိတ်ထိခိုက်ခဲ့ရပါတယ် ဒါမဲ့အဲ့ခေတ်တုန်းကတော့ ဟစ်တလာဟာ သာမန်စစ်သားလေးတစ်ယောက်သာရှိပါသေးတယ် ခန္ဓာကိုယ်တောင်ထင်သလောက်မကြံ့ခိုင်လှပါဘူး သူဟာသာမန်စစ်သားတစ်ယောက်ဖြစ်သော်လည်း သာမန်စစ်သည်တွေထက်အမျှော်အမြင်ကြီးသူဖြစ်တဲ့အတွက် အခွင့်အာဏာတွေကို ရရှိလာတယ်လို့လဲပြောလို့ရပါတယ် ဂျာမနီစစ်တပ်ဘယ်လိုစစ်ဆင်ရေးစတင်ပါစေ တိုက်ခိုက်ပါစေ ရုရှားတို့ကအမြဲကြိုသိနေတတ်ပါတယ် နောက်ဆုံးမှာဟစ်တလာသိရှိသွားခဲ့တာကတော့ ဂျူးလူမျိူးဂျာမနီစစ်သားတွေ စစ်တပ်ရဲ့သတင်းတွေကို ရုရှားတို့ထံကိုရောင်းချနေခဲ့တာဖြစ်ပြီးတော့ ဟစ်တလာရဲ့ဂျူးတွေအပေါ်မုန်းတီးစိတ်က ကြီးထွားလာခဲ့ပါတယ် ဒီလိုပြောလို့ဂျူးလူမျိုးတစ်ယောက်ကသစ္စာဖောက်လိုက်တိုင်း ဂျူးတမျိူးလုံးကိုမျိုးတုန်းအောင်သတ်ဖြတ်သင့်သလားလို့ တွေးကောင်းတွေးနိုင်ပါတယ် ဒါမဲ့ဂျူးတွေဟာ ရုရှားနဲ့အတူ ဂျူးနိုင်ငံတော်တစ်ခုကိုအရယူချင်တာပါ ဒါတွေကြောင့် ဟစ်တလာဟာ ဂျာမနီနိုင်ငံအနှံ့လူသတ်ရုံတွေဆောက်ခဲ့ပြီး ဂျူးတွေကို သတ်ဖြတ်ခဲ့ရုံတင်မကပဲ ပိုလန်နိုင်ငံအပါအဝင်ဥရောပနိုင်ငံများထဲက ဂျူးလူမျိုးပေါင်း၆သန်းကျော်အထိသတ်ဖြတ်ခဲ့ပါတယ် ဆိုတော့ ဒါကိုမှားလားလို့သေချာတွေးကြည့်ရင် ကျန်ရှိခဲ့တဲ့ ဂျူးလူနည်းစုဟာ ပါလက်စတိုင်းမှာခိုလှုံခဲ့ပြီး ပါလက်စတိုင်းကဂျူးတွေကိုသွေးသား‌အရင်းချာ ညီအကိုသဖွယ် ဂရုစိုက်ခဲ့ပါတယ် ဒါပေမယ့် ဂျူး‌လူမျိုးစုကတော့ စစ်တပ်အင်အားကြီးမားတဲ့ အမေရိကန်နဲ့ပေါင်းပြီး ပါလက်စတိုင်းနိုင်ငံရဲ့နယ်မြေတွေကိုခွဲထုတ်ကာ အစ္စရေးနိုင်ငံအဖြစ်အပိုင်ယူခဲ့ပါတယ် ပီးတော့ပါလက်စတိုင်းနဲ့ပါတိုက်ခိုက်ခဲ့ပြီး ဂါဇာဒေသဟာဆိုရင်အလွန်ပင်ပျက်ဆီးပြီးဒေသနေလူတွေဟာငတ်မွတ်ခေါင်းပါးကပ်ဆိုက်နေပါတယ် ဆိုတော့ အခုလက်ရှိကမ္ဘာအရေးအခင်းဖြစ်တဲ့ အီရန်နဲ့အစ္စရေးပြသနာမှာဆိုရင်လဲ အစ္စရေးဘက်ကလွန်ကြူးခဲ့တာတွေကိုတွေ့ရှိရပါတယ် ဆိုတော့ ဟစ်တလာသာ ဂျူးတွေကို မောင်းမထုတ်ခဲ့ရင် ဂျာမနီနဲ့ ဥရောပနိုင်ငံတွေဟာ မတွေးဝံ့စရာပါပဲ ဟစ်တလာရဲ့နိုင်ငံအပေါ်ချစ်တဲ့စိတ်နဲ့ အမျှော်အမြင်ရှိမှုကိုဘယ်နိုင်ငံရဲ့ခေါင်း‌ဆောင်မှယှဉ်နိုင်မှာမဟုတ်ပါဘူး ဒါကြောင့်ဟစ်တလာဟာ တခြားနိုင်ငံတွေအတွက် လူဆိုးဆိုရင် ဂျာမန်ခေါ်အာရီယန်လူမျိုးတွေအတွက်တော့ သူရဲကောင်းပါပဲ။

-Kristof
❤‍🔥4❤3🔥2💯2👏1😁1🏆1
ပစ်မယ်လီယင် အကျိုးသက်ရောက်မှု (Pygmalion Effect)

ပစ်မယ်လီယင် အကျိုးသက်ရောက်မှု (Pygmalion Effect) ဆိုသည်မှာ လူတစ်ဦးတစ်ယောက်အပေါ် သူများ၏ မျှော်လင့်ချက်များက ထိုသူ၏ စွမ်းဆောင်ရည်နှင့် အပြုအမူကို အမှန်တကယ် ပြောင်းလဲစေနိုင်သည့် စိတ်ပညာဆိုင်ရာ ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ဤအယူအဆကို ၁၉၆၈ ခုနှစ်တွင် စိတ်ပညာရှင် ရောဘတ် ရိုဆန်သော (Robert Rosenthal) နှင့် လီနော ဂျေကော့ဆင် (Lenore Jacobson) တို့က စတင်မိတ်ဆက်ခဲ့ပြီး၊ သူတို့၏ သုတေသနအရ ဆရာများက ကျောင်းသားများအပေါ် မြင့်မားသော မျှော်လင့်ချက်ထားပါက ထိုကျောင်းသားများ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက်လာသည်ကို တွေ့ရှိခဲ့သည်။ ထိုလေ့လာစမ်းသပ်မှုတွေ ဆရာတစ်ဦးသည်ကျောင်းတ‌စ်ကျောင်းသို့ကျောင်းသားနှစ်ဦးနှင့်ကျောင်းသူနှစ်ဦးကိုအပ်နှံစေပြီးထိုကျောင်းရှိဆရာမများအားထိုကျောင်းသား/သူသုံးဦးသည် အင်မတန်စာတော်၍ထက်မြက်ကြောင်းပြောဆိုထားခဲ့သည်။ထို့နောက် နှစ်ဝက်တွင်ထိုကျောင်းသား/သူများ၏အမှတ်စရင်းကိုကြည့်ရာအတန်းထဲရှိအတော်ဆုံးကျောင်းသားကျောင်းသူဖြစ်လာခဲ့သည်။ ဥပမာ၊ ဆရာတစ်ဦးက ကျောင်းသားတစ်ယောက်အား "မင်းက ထူးချွန်တဲ့ကျောင်းသားဖြစ်မယ်" ဟု ယုံကြည်ပြောဆိုပါက၊ ထိုကျောင်းသားသည် မိမိကိုယ်ကို ယုံကြည်မှုရှိလာပြီး ပိုမိုကြိုးစားလာတတ်သည်။မြင့်မားသော မျှော်လင့်ချက်ကြောင့် လူတစ်ဦးသည် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်လာပြီး၊ နောက်ဆုံးတွင် စွမ်းဆောင်ရည် တိုးတက်လာသည်။ ဤသဘောတရားကို ပညာရေး၊ စီးပွားရေး၊ မိသားစုနှင့် လူမှုဆက်ဆံရေးတို့တွင် အသုံးပြုနိုင်သည်။ဆရာများက ကျောင်းသားများအား ယုံကြည်မှုပေးပါက သူတို့၏ စွမ်းဆောင်ရည် မြင့်တက်လာနိုင်သည်။မန်နေဂျာများက အလုပ်သမားများအား ယုံကြည်မှုရှိပါက စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာနိုင်သည်။မိဘများက ကလေးများအား အားပေးပါက သူတို့၏ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးလာနိုင်သည်။ ပစ်မယ်လီယင် အကျိုးသက်ရောက်မှု၏ ဆန့်ကျင်ဘက်မှာ ဂိုလမ်း အကျိုးသက်ရောက်မှု (Golem Effect) ဖြစ်သည်။ ထိုအခါ အနိမ့်ဆုံး မျှော်လင့်ချက်များက လူတစ်ဦး၏ စွမ်းဆောင်ရည်ကို ကျဆင်းစေသည်။ထို့ကြောင့်ပစ်မယ်လီယင် အကျိုးသက်ရောက်မှုက လူတစ်ဦး၏ ယုံကြည်မှုနှင့် မျှော်လင့်ချက်များက အခြားသူများ၏ ဘဝကို ပြောင်းလဲနိုင်ကြောင်း ဖော်ပြသည်။ ထို့ကြောင့် ကိုယ်တိုင်ရော အခြားသူများကိုပါ အကောင်းမြင်စိတ်ဖြင့် အားပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိနိုင်ပါသည်။
1❤‍🔥5❤3👍2🎉2🏆1
လူတစ်ယောက်ဟာ ဘဝသုံးခု၊နေထိုင်မှုပုံစံသုံးခု၊ character သုံးမျိုးမှာနေနိုင်မလား တဖက်မှာအရမ်းစာကြိုးစားတဲ့အရမ်းအောင်မြင်ချင်တဲ့အရမ်းဘဝနာခဲ့တဲ့လူငယ် အရမ်းရင့်ကျက်တဲ့လူငယ်၊ တဖက်မှာဆိုရှယ်အရမ်းဆန်ပြီးလူတွေကြားမှာပေါ်ပြူလာဖြစ်တဲ့လူအများအားကျရတဲ့ဟန်နဲ့လူတစ်ယောက် ပြိုင်ပွဲတိုင်းမှာအမြဲပထမရတဲ့ တဖက်လူအပေါ်ကိုအများကြီးဖိအားပေးအနိုင်ယူနိုင်တဲ့လူတစ်ယောက်၊ နောက်တဖက်လူကတော့ရည်မှန်းချက်ကြီးပြီး ရည်မှန်းချက်တွေကိုအကောင်အထည်ဖော်နေတဲ့ တက်ကြွပြီးအောင်မြင်တဲ့ competitive speakerတစ်ယောက်၊ စာအုပ်တွေဖတ်ရတာ လေ့လာရတာအရမ်းကြိုက်တဲ့လူငယ်တစ်ဦး အဲ့ပုံစံသုံးမျိူးကိုတပြိုင်နက်ထဲနေနိုင်ပါ့မလား၊ ဘဝတစ်ခုစီတိုင်းမှာအသိမိတ်ဆွေပေါင်းများစွာရှိမယ် လုပ်ဆောင်ရမဲ့ Daily tasks တွေရှိမယ် ‌အဖြေကတော့ဖြစ်နိုင်ပါတယ် အတော်လေးကိုစိတ်ဓာတ်ခိုင်မာတဲ့သူတွေဆိုရင်ပေါ့လေ အတော်လေး Psychology အပေါ်ရူးသွပ်တဲ့သူ manipulation ကြောင်တဲ့သူဆိုရင်ပေါ့ တကယ်တော့ အဖြေကို ကျွန်တော့် acc bio မှာသဲလွန်စချန်ခဲ့ပြီးသားပါ🤓Machiavellianism တဲ့
❤7🔥2🗿2👏1👌1🏆1😘1
Case တစ်ခုပြောပြမယ် -

ကောင်မလေးရွယ်တူ၂ယောက်ရှိတယ်, မိပု နဲ့ မိစိန် လို့ပဲထားကြပါစို့။ မိစိန်က အစစအရာရာ ရုပ်ရည်ချောမောတာရော ချမ်းသာတာရော အကုန် မိပုထက်သာတယ်၊ သူတို့၂ယောက်ကိုဘယ်လိုပဲယဥ်ကြည့်ကြည့် မိစိန်ကပိုလှတယ်ပိုသာတယ်။ ဒါပေမဲ့ မိပုက ပိုပြီးဆွဲဆောင်မှုရှိတယ်ဆိုပြီး ယောက်ကျားလေးတွေအများကြီးလိုက်တာကိုလည်းခံရတယ်။
ကျွန်တော်က psychology အရပြောမယ်ဆိုတော့ မိပုက ဘာလုပ်ထားတယ်ထင်လဲ။


ဒီဇာတ်လမ်းလေးကိုအရင်မစခင် နည်းနည်းလောက် idea ပိုင်းလေးသွားကြရအောင်။ လူတစ်ယောက်က အပူအအေး temperature မတူတဲ့ ခွက်၃ခွက်ရှိတယ်, တစ်ခွက်က အရမ်းအေးတယ်🧊, နောက်တစ်ခွက်ကအရမ်းပူတယ်🔥, နောက်ဆုံးခွက်ကတော့ ပုံမှန်ရေအပူချိန်ပဲ အရမ်းလည်းမအေး အရမ်းလည်းမပူဘူးပေါ့. ဆိုတော့အဲ့မှာ အဲ့လူက ‌အေးတဲ့ထဲရယ် ပူတဲ့ထဲရယ်ကို လက်တစ်ဖက်စီထည့်လိုက်တယ်။ ဆိုတော့ တစ်ဖက်အေးတစ်ဖက်ပူနဲ့ခံစားရမှာပေါ့. အဲ့မှာ လက်ကိုပြန်ထုတ်ပြီး လက်၂ဖက်စလုံးကို နောက်ဆုံးခွက်ပုံမှန်ရေထဲကိုထည့်လိုက်တယ်, အဲ့ချိန်မှာခံစားရတာက အေး‌ေနေတဲ့ဖက်ကနေလာတဲ့လက်က ပုံမှန်ရေထဲမှာ နွေးသွားသလို ပူတဲ့ထဲကလာတဲ့လက်က ပုံမှန်အေးထဲမှာ အအေးဓာတ်ကိုခံစားရတယ်. လက်၂ဖက်စလုံးက တူညီတဲ့ရေထဲမှာရှိနေတာတောင် ရတဲ့ခံစားချက်က မတူဘူး။ ဒါဘာလို့လဲဆိုတော့ လာတဲ့နေရာချင်းမှမတူကြတာ။ ကဲဒါဆို ဇာက်လမ်းလေးဆက်လိုက်ကြရအောင် _




မိပုက ထင်သလိုမျိုး ယောက်ကျားလေးတွေကို Manipulate လုပ်ပြီး ချဥ◌်းကပ်ထားတာ မဟုတ်ပါဘူးနော်။
ကဲဒါဆိုဘယ်လိုလုပ်ထားတာလဲ ???

မိပုက သူ့ကိုယ်သူ မိစိန်ထက်မသာမှန်းလည်းသိတယ် မလှမှန်းလည်းသိတယ်။ ဒါပေမဲ့ သူကပိုပြီး ထင်ပေါ်အောင်နေတတ်တယ်။ ဥပမာ သူတို့၂ယောက်ပုံမှန်ပဲယဥ်ရပ်နေရင်တောင်မှ မိစိန်ကရိုးရိုးအင်္ကျီဝတ်ထားပေမဲ့ မိပုကတော့ ပိုလှပြီးဆွဲဆောင်မှုရှိတဲ့အင်္ကျီဝတ်မှာပေါ့။ မိပုက ပိုထင်ပေါ်အောင်ဖြစ်စေမယ့်အဝတ်အစား, အနေအထား, Social setting ကိုရွေးထားတယ်။ Framing Theory / Framing Effect လို့ခေါ်တယ်။

ဒါတင်မကသေးပဲ မိစိန်နဲ့ မိပုပေါင်းတဲ့သူငယ်ချင်းတွေကိုပါတစ်ချက်ကြည့်လိုက်ရအောင်။ မိစိန်ပေါင်းတဲံသူငယ်ချင်းတွေက သူ့လိုပဲလှမယ်ချောမယ် ပိုပြီးပိုပြီးဆွဲဆောင်မှုကောင်းနေတဲ့အချိန်မှာ မိစိန်သူငယ်ချင်းတွေနဲ့ မိစိန်ယဥ်လိုက်မယ်ဆိုရင် မိစိန်ကပိုပြီးလှတယ်ချောတယ်ဆိုတာ မပေါ်လွင်တော့ဘူး. ဒါပေမဲ့ မိပုကတော့ သူပေါင်းတဲ့သူငယ်ချင်းတွေကသူ့ထက်ရုပ်ဆိုးတာတွေကိုပေါင်းတယ်, ဆိုတော့ မိပုသူငယ်ချင်းတွေနဲ့အတူစုနေတဲ့အချိန်ကြည့်မယ်ဆိုရင် မိပုက ပိုပြီးထင်ပေါ်ပြီး အလှဆုံးဆွဲဆောင်မှုရရှိစေတာပဲဖြစ်ပါတယ်။ မိပုဟာ သူ့ကိုယ်သူကို သိတဲ့အပြင် သူ့အနားကသူတွေကိုလည်း တွက်ချက်ပြီး perception setup လုပ်တယ်။ ဒါကတော့ Social Comparison Theory ပဲဖြစ်တယ်။

ဒီနိယာမက တူညီတဲ့အရာနှစ်ခါကိုတောင် မတူညီဘူးလို့ထင်စေတဲ့ အမျိုးပါပဲ။ မျက်စိထဲပေါ်အောင်ပြောရရင် အရွယ်အစားတူညီတဲ့ ဘောလုံး၂လုံးရှိတယ်, ဘောလုံးတစ်လုံးက သူ့ဘေးမှာ သူ့ထက်ကြီးတဲ့ဘောလုံးတွေဝန်းရံထားပြီးတော့ နောက်တစ်ဘောလုံးကတော့ အဲ့ဘောလုံးထက်သေးတာကို ဝန်းရံထားတယ်. ဒီလိုမျိုးသာဆိုရင် အရွယ်အစားတူတယ်ဆိုတဲ့ဘောလုံးတောင်မှ မျက်စိကို ဘောလုံးsize မတူသလိုမျိုးမြင်ရသွားစေတယ်. ဒါကတော့ Center-Stage Effect Theory ပဲဖြစ်ပါတယ်။

ဒီမှာ မိပု ဟာ တမင်တကာလိမ်လည်မှု (deception) မဟုတ်ပဲ၊ perception design နဲ့ relative framing တွေကို သဘာဝကျသုံးနိုင်သူပါ။ တစ်စုံတစ်ယောက်ရဲ့ quality တ်စ်ခုကို တခြားသူတွေနဲ့ယှဉ်ရင်း မြင်တဲ့အခါ, ချက်ချင်း perception ပြောင်းတတ်တယ်။
မိပုက သူမကိုသူမ အဆင့်မြှင့်ထားတယ်။ တကယ်တော့ manipulation မဟုတ်ပဲ performance ပါပဲ။


ဆိုတော့ မိပုသုံးသွားတာကိုနားလည်ပြီလို့တော့ထင်ပါတယ်, သူကဘယ်သူ့ကိုမှမကောင်းကြံပြီးလုပ်တာတွေဘာတွေမရှိဘူး သူ့ကိုသူပိုပြီး မြင့်တင်ပြီးနေတတ်တဲ့အတွက်ကြောင့် ပိုပြီးဆွဲဆောင်မှုရှိနေတာပါ , ဒီလိုပဲတစ်ခုတလေအောင်မြင်မှုက သူများကိုအောက်မဆွဲချပဲနဲ့လည်း သန့်ရှင်းတဲ့နည်းလမ်းနဲ့ သာလွန်အောင်လုပ်လို့ရပါတယ်။


-MhineKar
🥱4❤‍🔥3❤2👍1👏1🎉1
This is a story I hate...
❤4🥰4😁2💔1💘1😎1
Yung Mix - 1970
Audio Ed By Riko
This vibes
This lyrics
This memories
❤5👏3🎉2🗿2
ကျွန်တော်အရက်သမားတွေကိုမုန်းတယ် ကျွန်‌တော့်ဘဝမှာရူးရူးနှမ်းနှမ်းလုပ်ရပ်တွေကို လုပ်မိမယ်လို့မထင်ခဲ့မိဘူး ဘဝဆိုတာကြိုးစားရင် ဘယ်သူမဆိုအောက်ခြေကနေအမြင့်ကိုတတ်နိုင်မယ်လို့ယုံကြည်တယ် ဒါမဲ့ကျွန်တော်တို့ ပတ်ဝန်းကျင်မှာအောက်ခြေလူတန်းစားတွေရှိနေရတာလဲ ကျွန်တော့်ဘဝမှာအောင်မြင်ချင်တဲ့စိတ်တွေတဖွားဖွားပေါ်ပေါက်ခဲ့ဖူးပါတယ် ဒါမဲ့အဲ့စိတ်တွေက ၂၀၂၀ပြည့်နှစ်မှာပဲသေဆုံးသွားခဲ့ရတယ် ဘဝကို လက်လျော့လိုက်တဲ့သူတွေဟာ အခြေခံလူတန်းစားတွေဖြစ်လာတယ် မိမိကိုယ်ကိုထပ် တစ်စုံတရာကို တစ်စုံတစ်ယောက်ကိုဆွဲလမ်းမိသွားတဲ့အခါ အောင်မြင်ချင်စိတ်ကြိုးစားချင်စိတ် ဖိအားတွေက လျော့ပါးလာတယ် တစ်စုံတယောက် ဒါမှမဟုတ် တစုံတစ်ခုကိုဆွဲလမ်းမိတဲ့သူ‌တွေကထိုအရာဆုံးရှုံးသွားတဲ့အခါအရာရာကိုအ‌လျော့ပေးလိုက်ကြတယ် ကြိုးစားရင်ဖြစ်နိုင်ပေမယ့် မလုပ်နိုင်တော့ဘူး မိမိကိုယ်ကိုလဲမချစ်နိုင်တော့ဘူး ဘဝကိုတာဝန်ကြီးတစ်ခုဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို့ခံယူလာကြတယ် ကျွန်တော်အရမ်းမုန်းတဲ့အရက်သမားတွေမှာလဲ နောက်ကြောင်းမလှတဲ့ဘဝတွေရှိကြမှာပါပဲ ဒါကြောင့်ကျွန်တော်အရာရာကိုနားလည်တတ်လာပါပြီ။
1❤‍🔥8🔥4🎉4👏2😁1😱1👀1😘1
Schrödinger's Cat Experiment

ကျွန်တော်ဟာ ဒီမှာစာရှည်တပုဒ်ကိုထိုင်ရေးနေတဲ့သော်စစ်နိုင်ပါ ဒါမဲ့ကျွန်တော်မဟုတ်တဲ့ကျွန်တော်က တခြား Dimension တစ်ခုမှာ ကျွန်တော်မဟုတ်တဲ့လူတစ်ယောက်ရဲ့ ချန်နယ်ကို Join ပြီး ဒီစာကိုဖတ်ကောင်းဖြစ်‌နေနိုင်ပါတယ် ပြောရရင် ၂၀ရာစုရဲ့အထူးဆန်းဆုံးနဲ့လူတိုင်းနားလည်ရအခက်ဆုံးဖြစ်ခဲ့တဲ့အရာတစ်ခုပေါ့ Schrödinger ဟာ quantum mechanics ရဲ့ superposition ဆိုတဲ့အယူအဆကိုရှင်းပြဖို့အတွက် စိတ်ကူးဆန်ဆန်နဲ့ theory တစ်ခုထုတ်ပြန်ခဲ့တာပါ စမ်းသပ်ချက်ကတော့ အလုံပိတ် Box တစ်ခုထဲထည့်ထားပြီး အဲ့boxထဲကို Radioactive atom တစ်ခု ဥပမာပြောရရင်တော့ uranium ထည့်ထားပါတယ် အဲ့ atom ကတနာရီအတွင်း၅၀%သောဆက်စပ်မှုတွေပျက်သွားနိုင်ပါတယ် atom decay ကိုအလိုအလျောက်စနစ်တစ်ခုနဲ့သိနိုင်အောင်ဆင်ထားပါတယ် ဆိုတော့ ဒီ atom ပျက်သွားတာနဲ့ခလုတ်တစ်ခုကို on စေပြီး hydrocyanic acid vial တစ်ခုကိုချိူးဖျက်သွားစေပါတယ် အဲ့အခါ အဆိပ်ကထွက်ပြီးကြောင်ကိုသေသွားစေပါတယ် ဆိုတော့အဲ့လို box ထဲကိုကြောင်တစ်ကောင်ကိုထည့်ထားလိုက်မယ် box ကိုပိတ်ထားလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ကကြောင်ဘယ်လိုဖြစ်နေလဲမသိနိုင်ဘူး ပြောရရင် ကြောင်သေသွားလား ရှင်နေသေးလား မသိနိုင်ဘူး quantum laws အရ atom ကပျက်ပြီးသားလည်းဖြစ်နိုင်တယ် မပျက်သေးတာလည်းဖြစ်နိုင်တယ် ဒါကြောင့်မို့ကြောင်‌ကလည်းသေနေရင်သေနိုင်သလို အသက်ရှင်ရင်လည်းရှင်နိုင်တယ် ဒီလိုအခြေအနေနှစ်ရပ်ဖြစ်နေတဲ့ situation ကို superposition လို့ခေါ်ပါတယ် ကြောင်ထည့်ထားတဲ့ box ကို ဖွင့်ကြည့်လိုက်တာက သေတာလား ရှင်တာလား အဖြေတစ်ခုကို Copenhagen interpretation အရအဖြေရသွားစေပါတယ် ဒါမဲ့ parallel universe theory အရတော့ ကြောင်သေတဲ့ကမ္ဘာတစ်ခု ကြောင်မသေတဲ့ကမ္ဘာတစ်ခုဆိုပြီး နှစ်ခုစလုံးကိုဖြစ်လာစေပါတယ် ပြောချင်တာက ဒီဘက်ကမ္ဘာမှာ ကြောင်သေနိုင်ပေမယ့် တခြားကမ္ဘာမှာတော့ကြောင်မသေပါဘူး အဲ့လိုပဲ မင်းက ဒီနေ့မှာစောစောအိပ်ယာထခဲ့ပေမယ့် တခြားကမ္ဘာမှာတော့ အိပ်ပုတ်ကြီးနေတဲ့ version တစ်ခုမျိုးဖြစ်နေနိုင်ပါတယ် ဒါကြောင့်ကျွန်တော်တို့ဆုံးရှုံးခဲ့ရတဲ့အရာတွေဟာတစ်ခြားကမ္ဘာမှာ အပိုင်ရနေတာမျိုးတွေဖြစ်နိုင်ပါတယ် မိသားစုတစ်ခု သူငယ်ချင်းတစ်ယောက် ချစ်သူတစ်ဦး etc.....
1❤10❤‍🔥4🎉4⚡3😘2👏1🥱1🏆1😈1
ယနေ့အာဇာနည်နေ့ (July 19)

အာဇာနည်နေ့သည် မြန်မာပြည်တွင် နိုင်ငံတော်အတွက် အရေးပါသော အမှတ်တရနေ့တစ်ရက်ဖြစ်ပြီး၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် တစ်နှစ်တစ်ကြိမ် ကျင်းပကြသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ လှုပ်ရှားမှုဖြစ်စဥ်တစ်ခုအတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား နိုင်ငံရေးခေါင်းဆောင်ကြီး ၈ ဦး၊ အရာရှိဗိုလ်တစ်ဦးကို မသမာသူက လုပ်ကြံသတ်ဖြတ်ခံရကာ ကျဆုံးကြရာမှ ဤနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ကာ နှစ်စဉ် ကျင်းပလာကြောင်း ဖော်ပြထားသည်။ အာဇာနည်နေ့ကို ရန်ကုန်မြို့ပြည်သူများနှင့် အစိုးရအရာရှိများ ဂုဏ်ပြုလေးစားစွာ ဖြင့် ကွယ်လွန်ခဲ့သည့် သူရဲကောင်းများအတွက် အမှတ်တရအဖြစ် တရားဝင် ဂုဏ်ပြုကျင်းပခဲ့ကြသည်။

ယနေ့တွင် အာဇာနည်နေ့မှာ တာဝန်ရှိသူများနှင့် ပြည်သူအများသည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုအနီးရှိ အာဇာနည်ဗိမာန်သို့ စုဝေးကာ ကျဆုံးသွားသူများအား အလေးပြုရန်သွားကြသည်။ ဓလေ့အတိုင်း ဗိမာန်တွင် မေ့မရဖွယ် ကဗျာများ ဖတ်ဆိုကာ သူရဲကောင်းများ၏ အလှည့်အပြောင်းကို ဂုဏ်ပြုကြပြီး ထိုအခမ်းအနားကို လေးမြတ်စွာ ကျင်းပကြသည်။ အစိုးရများက MRTV များကနေ တိုက်ရိုက် ထုတ်လွှင့်ကာ တစ်နှစ်တစ်ကြိမ် ကျင်းပသည့် အခမ်းအနားကို ကြေညာသည့်အပြင်၊ ကျောင်းများနှင့် အစိုးရရုံးများကို ပိတ်ပေးကာ ပြည်သူအား အမှတ်တရအဖြစ် အားလပ်ခွင့် မျှဝေပေးကြသည်။

အာဇာနည်နေ့သည် လူထုအတွက် သူရဲကောင်းများ၏ ရဲ့ဝံ့သောပုံပြင်နှင့်ခက်ခဲစွာရယူခဲ့ရသော တန်ဖိုးထားဖွယ်ရာ လွတ်လပ်ခွင့်များကို အောက်မေ့ဖွယ် လေးစားထည့်သွင်းသတိရစေသည်။ ဤနေ့မှတစ်ဆင့် နိုင်ငံသားတစ်ဦးချင်းစီအနေဖြင့် မိမိတိုင်းပြည်အတွက် တာဝန်ယူစွန့်လွှတ်ခြင်း၏ အရေးပါမှုကို ပြန်လည် သတိပေးလျက်ရှိသည်။ အစိုးရကလည်း “လွတ်လပ်ရေးရပြီးသော်လည်း ၎င်းတန်ဖိုးများကို ထမ်းဆောင်ခြင်းမရှိပါက ရရှိခဲ့သည့် လွတ်လပ်ရေးကို ပြန်လည်ဆုံးရှုံးနိုင်ကြောင်း” ဤနေ့က သတိပေးထားသည်။ ထို့ကြောင့် မြန်မာပြည်သူများအတွက် အာဇာနည်နေ့သည် လွန်ခဲ့သည့် သူရဲကောင်းများ၏ ကြိုးစားမှုကို အတုယူကာ တိုင်းပြည်အကျိုးအတွက် တာဝန်ယူ ဆက်လက်ကြိုးစားရန် သတိပေးသည့် ရက်တစ်ရက်ဖြစ်လာသည်။
❤‍🔥8❤6🏆4👏3⚡2🗿1💘1
ကျွန်တော်အတိတ်မှာပဲလည်နေမှာစိုးတယ် အခုလက်ရှိအနေအထားကို အနာဂတ်မှာပြန်လွမ်းဆွတ်နေရမာမျိုးမဖြစ်ချင်တော့ဘူး ကမ္ဘာကြီးကိုဖြေးဖြေးပဲလည်စေချင်တယ် အချိန်တွေကိုဒီထက်နှေးချင်တယ် ရောက်ရှိနေတဲ့ဘဝကပိုင်ဆိုင်နေရတဲ့အရာတွေကိုဆုံးရှုံးသွားရမှာကြောက်တယ် တချိန်ကလုပ်ခဲ့မိတဲ့လုပ်ရပ်တွေအပေါ် ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေအပေါ်မှာနောင်တတွေရမနေချင်တော့ဘူး ပစ္စုပ္ပန်မှာတခြားပျော်ရွင်နေတဲ့လူငယ်တွေလို တတ်ကြွတဲ့အားအင်တွေပိုင်ဆိုင်ချင်တယ် အတွေးနယ်ချဲ့ချိန်မှာ အတိတ်ကအဖြစ်အပျက်တွေကို ပြန်တွေးမိမဲ့အစား ပြန်ပုံဖော်မိနေမဲ့အစား အနာဂတ်မှာဘာလုပ်မလဲဆိုတဲ့အပေါ်ကိုပဲ focus ထားတော့မယ် အပြစ်ရှိသလိုခံစားနေရတဲ့စိတ်တွေကိုလဲ ပြေပျောက်ချင်ပြီ လမ်းလျှောက်ရင်းနောက်ပြန်လှည့်ကြည့်တဲ့အကျင့်မျိုးကိုလည်းဖျောက်ချင်ပြီ ဘာမှမထူးခြားတော့မဲ့ ပုံရိပ်တွေကိုထပ်မပုံဖော်တော့ပဲ အရာရာကိုအသစ်ကစချင်တယ် သေချာတာကတော့အတိတ်မှာရပ်မနေချင်တော့ဘူး။
❤7👏3🎉3😁1🤯1😱1⚡1🏆1😐1🍓1
This media is not supported in your browser
VIEW IN TELEGRAM
ဒီခံစားချက်..


Song name - COME HERE
By Zenith
🔥7❤4❤‍🔥3🗿2⚡1🏆1🍓1💘1
This media is not supported in your browser
VIEW IN TELEGRAM
ဘဝမှာပထမဆုံးအကြိမ်ယောင်္ကျားတစ်ယောက်ကိုဆွဲဆောင်မှုအရမ်းရှိလွန်းတယ်လို့ထင်မိတာပဲ။

Name- Put your head on my shoulder...

By Paul Anka
1❤‍🔥8❤5🏆4⚡1👏1😘1😎1
အချစ်နဲ့ထိတွေ့ဖူးတဲ့ဆယ်ကျော်သက်တိုင်းကြုံတွေ့နိုင်လောက်မယ့် ကြုံတွေ့ဖူးလောက်မယ့်အဖြစ်အပျက်တစ်ခုရှိတယ် အဲ့တာကတော့ Right person but wrong time ပါပဲ ကျွန်တော်တို့ဘဝတွေရဲ့ ပတ်ဝန်းကျင်မှာ right person wrong time က အမြဲလိုလိုကြုံတွေ့လေ့ရှိကြတယ်၊ right person wrong time ကတော့ လက်တွဲဖော်အဖြစ်လူမှန်ခဲ့ပေမယ့် တွေ့ဆုံချိန် စုံစည်းချိန်လွဲမှားခဲ့တာမျိုးပေါ့ ဥပမာပြောရရင် တခါကကျွန်တော်အရမ်းနှစ်သက်တဲ့အင်္ကျီရဲ့ကြယ်သီးတစ်လုံးပျောက်သွားဖူးတယ် ဒါမဲ့အဲ့ဒီကြယ်သီးပြန်တွေ့ခဲ့အချိန်မှာ ကျွန်တော်ကတခြားအင်္ကျီတစ်ထည်ကိုဝတ်နှင့်ခဲ့ပြီးပြီ တချို့ကတော့ တကယ်ချစ်ရင် ဘယ်အချိန်မဆိုချစ်ရသူကိုစောင့်ကြမှာပဲ ဘယ်အချိန်မဆိုချစ်နေကြမှာပဲလို့ပြောနိုင်ပါတယ် အချိန်တိုင်းမှာ ကိုယ်ချစ်တဲ့ Right person ကိုစောင့်နေတဲ့လူတစ်ယောက်က right time ရောက်လာတဲ့အခါ ချစ်ရသူနဲ့စုံစည်းနိုင်မယ် အစသဖြင့်ပေါ့ ဒါမဲ့ကျွန်တော်တို့အချိန်အခါကလုံးဝလွဲချော်သွားတဲ့အခါစောင့်ရတဲ့သူရော အစောင့်ခံ‌ရတဲ့သူ‌ရော အင်မတန်နာကျင်ရပါတယ် အဆုံးသတ်မှာပေါင်းဖက်နိုင်တာမပေါင်းဖက်နိုင်တာထပ် စောင့်ဆိုင်းနေရတဲ့အခိုက်အတန့်တစ်ခုကအတော်ကိုကြေကွဲစရာပါပဲ ဒီစာဖတ်နေတဲ့သူတွေထဲမှာကျွန်တော်ပြောသလိုလူတွေပါမယ်ဆိုရင်ချစ်ရသူနဲ့ပေါင်းဖက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်၊၊
❤9❤‍🔥3😎2👏1😈1🗿1
မောင်လွမ်းနောင် said :


ကျွန်တော့်ချစ်သူကို တကယ်ချစ်လေသူတစ်ဦးအား ကျွန်တော်ကဘာကြောင့်မုန်းရလေမည်နည်း

ကျွန်တော်မပန်သာသော ပန်းတော်ဝင်သည် ထိုက်တန်သူ၏ဦးခေါင်းထက်၌ စံရသည်ကို ကျွန်တော့်အတွက် ဝမ်းသာရန်မှလွဲ၍ အခြားအကြောင်းမရှိ။


-တက္ကသိုလ်ဘုန်းနိုင်
-မောင့်ဘဝညအလားကွယ်ဝတ္ထုမှ
1❤10👏5🍓3😁2🎉2😘2⚡1👌1🏆1🗿1
သံယောဇဉ်မငြိတွယ်ချင်ဘူး စိမ်းကားတတ်ချင်တယ် အရာရာမရေရာတဲ့ခေတ်မှာ ဘယ်အရာကိုမှမစွဲလမ်းချင်တော့ဘူး ကျွန်တော်သံယောဇဉ်ဖြစ်ရမှာထက်စာရင် နှလုံးသားမရှိတဲ့သူပဲဖြစ်ချင်ပါတယ် အရာရာကိုလေးလေးနက်နက်မတွေးတောပဲ ပေါ့ပေါ့လေးနေတတ်ချင်တယ် လွတ်မြောက်ချင်တယ် လွတ်လပ်ချင်တယ် အနှောင်အဖွဲ့အချုပ်အထောင်တွေထဲမှာ သံယောဇဉ်ဆိုတဲ့အရာက ကြောက်စရာအကောင်းဆုံးပါပဲ လူတစ်ယောက်ကိုဖြစ်ဖြစ် တစ်ခြားသက်ရှိကိုဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုဖြစ်ဖြစ် သံယောဇဉ်ဖြစ်မိရင်ပြန်မေ့ပစ်ဖို့ခက်ခဲပါတယ် အထူးသဖြင့်လူတွေအပေါ်သံယောဇဉ်ဖြစ်မိတဲ့အခါ သူတို့သူတို့ရဲ့လုပ်ရပ်သေးသေးလေးတွေကအစ ကိုယ့်ကိုနာကျင်စေတာမျိူးပေါ့ လူသားတစ်ယောက်အနေနဲ့ခံစားရမယ်ဆိုရင်တောင် ကိုယ့်ဘက်က တဖက်သတ်သံယောဇဉ်ထားပြီးအဖြစ်သည်းနေရမဲ့အဖြစ်မျိုးမကြုံချင်ဘူး အရာရာကိုနှောင်ဖွဲ့မိနေမဲ့အစား စိမ်းကားတတ်တဲ့သူတစ်ယောက် အသည်းမာတဲ့သူတစ်ယောက်ဖြစ်ရတာက anxiety တွေကိုသိသိသာသာကျသွားစေမယ်လို့ထင်ပါတယ် ဒါကြောင့် ကျွန်တော်သံယောဇဉ်မဖြစ်ချင်ဘူး စိမ်းကားတတ်ချင်တယ်၊၊
❤‍🔥8❤5👏4😁4⚡1🎉1👌1🏆1😘1