Teaching and learning support channel ACFS
4.27K subscribers
19 photos
241 files
79 links
Download Telegram
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၅/၂၀၂၄)
၁၃၈၆ ခု၊ နယုန်လဆုတ် ၆ ရက်
(၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်)

““ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့် (ဒုတိယအကြိမ်) ခေါ်ယူခြင်း”
၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ စစ်အာဏာသိမ်းခဲ့ခြင်းကြောင့်အခြေခံပညာ ပြီးမြောက် ထားသည့် ကျောင်းသား၊ ကျောင်းသူအမြောက်အမြားသည် ယနေ့အချိန်အထိ တရားမဝင် စစ်ကောင်စီ၏ ယန္တရားကို ဆန့်ကျင်လျက် စီဒီအမ်ပြုလုပ်လျက်ရှိကြသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းလုံးရှိ ပညာသင်ယူခွင့် ရပ်တန့်နေသော ကျောင်းသား၊ ကျောင်းသူများ၏ ရှေ့ဆက်ပညာသင်ယူနိုင်ရန်အတွက် ကြားကာလတက္ကသိုလ်ကောင်စီများ၊ ပညာရေးဘုတ်အဖွဲ့များ နှင့် ပူးပေါင်းကာ အစဉ်တစိုက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
၃။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် ကြားကာလတက္ကသိုလ် (၁၆) ခု၏ (ပထမအကြိမ်) ဝင်ခွင့် ကို ခေါ်ယူခဲ့ပြီးလည်းဖြစ်သည်။
၄။ ယခု ဒုတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ကို ကြားကာလ တက္ကသိုလ် (၂၀) ခုတို့က ဘာသာရပ်နှင့် ပညာရပ် နယ်ပယ် (၅၉) ခု အတွက် စုပေါင်းခေါ်ယူကြခြင်းဖြစ်သည်။
၅။ အောက်ဖော်ပြပါ ကျောင်းသား၊ ကျောင်းသူများသည် “ပြည်သူ့ဘက်တော်သားများ” အတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် “ကြားကာလတက္ကသိုလ်များ၏ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်” ကို ဝင်ရောက် လျှောက်ထား နိုင်ကြပါသည် -
(က) ဤတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ‌ စတင်ခေါ်ယူသည့်နေ့တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
(ခ) ၂၀၂၀ ခုနှစ်နှင့် ယင်းနှစ်မတိုင်မီ အခြေခံပညာအထက်တန်း အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ
(ဂ) နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ် ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ (ဥပမာ- IGCSE, GED, SAT, …)
(ဃ) တိုင်းရင်းသားဒေသအသီးသီး၏ ပညာရေးအစီအစဉ်ဖြင့် အခြေခံပညာ ပြီးမြောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ

(င) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပြည်သူ့ကျောင်းသားများအတွက် ရည်ရွယ်ဆောင်ရွက် ပေးသော အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း “Basic Education Completion Assessment (BECA)” လက်မှတ်ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ
(စ) နယ်စပ်ဒေသအခြေစိုက် ပညာရေးအဖွဲ့အစည်းများ၊ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသများသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ကြရသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ရွှေ့ပြောင်းမိသားစုဝင်များအတွက် ဆောင်ရွက်နေသည့် ပညာရေးအဖွဲ့အစည်းများ (ရိုဟင်ဂျာပညာရေး အဖွဲ့အစည်းများ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ-အိန္ဒိယနှင့် မြန်မာ-ထိုင်းနယ်စပ် စခန်းများရှိ ပညာရေးအဖွဲ့အစည်းများ) မှ အခြေခံပညာ အထက်တန်း အဆင့် ပြီးမြောက်ကြောင်း အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ (သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ပေးသည့် ပညာရေးဆိုင်ရာ အထောက်အထားများ တင်ပြ နိုင်ရမည်)
(ဆ) သက်ဆိုင်ရာတက္ကသိုလ်များ၏ ဝင်ခွင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ
(လျှောက်ထားသူတိုင်းသည် သက်ဆိုင်ရာ ပညာရေး အဖွဲ့အစည်းများမှ ထုတ်ပြန်ပေးသည့် ပညာရေးဆိုင်ရာ အထောက်အထားများ တင်ပြနိုင်ရပါမည်။)
၆။ ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန် (ဒုတိယအကြိမ်) တွင် တက္ကသိုလ်ဝင်ခွင့် လက်ခံဆောင် ရွက်မည့် တက္ကသိုလ် (၂၀) ခုတို့၏ သက်ဆိုင်ရာ တက္ကသိုလ်များအလိုက် ပေးအပ်မည့် ဘွဲ့၊ ဒီဂရီများ၊ လက်ခံသင်ကြားပေးနိုင်မည့် ကျောင်းသားဦးရေ၊ တက္ကသိုလ်တစ်ခုချင်းစီ၏ ဝင်ခွင့်လက်ခံရေးသတ်မှတ် ချက်များနှင့် ဝင်ခွင့်စတင်ခေါ်ယူမည့်အချိန်တို့ကို အသေးစိတ်ဖော်ပြထားသည်။
၇။ သို့ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ကြားကာလ တက္ကသိုလ် များ၏ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင်ဖော်ပြပါရှိသော တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူသည့် အကြောင်းအရာ၊ အချက်အလက်အသေးစိတ်တို့ကို ကြိုတင်လေ့လာပြီး သတ်မှတ်ချက်များနှင့်အညီ တက္ကသိုလ်ဝင်ခွင့်ကို အချိန်မီ တင်သွင်းလျှောက်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

တက္ကသိုလ်ဝင်ခွင့်နှင့်ပတ်သက်၍ ခေါ်ယူမည့် တက္ကသိုလ်များ၊ ဝင်ခွင့်လမ်းညွှန်၊ စာရင်းသွင်းခြင်းလုပ်ငန်းစဉ်များကို အောက်ပါ လင့်မှတဆင့် ဝင်ရောက်ဖတ်ရှု လေ့လာနိုင်ပါသည်။
https://moe.nugmyanmar.org/he/uni-ent-24/

#NUGMOE #UniversityEntrance #2024
83👍28🥰5❤‍🔥4
120🫡11❤‍🔥9👍5🔥5🍓3💊21🥰1
Education in Post-Coup Myanmar
A Shattered Landscape with Resilient Actors

Open Access - Download the full PDF on IRASEC’s website:
https://www.irasec.com/Education-in-Post-Coup-Myanmar-3569 

Authors: Nicolas Salem-Gervais, Summer Aung, Amber Spreelung, Ja Seng, Phyo Wai, Myo Sett Paing and Pau Sian Lian

316 pages, 101 figures, maps, tables and graphs

Published by IRASEC,
A project funded by the Konrad-Adenauer-Stiftung (KAS)
with Mahidol University’s Institute of Human Rights and Peace Studies (IHRP).
52👍13❤‍🔥5
ဆရာလမ်းညွှန်စုစည်းမှု


❤️G-1 ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/1654?single

💓G-2 ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/1643?single

❤️G-3 ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/1665?single

❤️G-3 အထူးထုတ်များ
https://t.me/textbook0912/1772?single

❤️G-4 ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/1675?single

❤️G-4 အထူးထုတ်များ
https://t.me/textbook0912/1781?single


❤️G-5 ဆရာလမ်းညွှန်
    သိပ္ပံဘာသာရပ် https://t.me/textbook0912/1636

❤️G-5 ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/1800?single

❤️G-5 အထူးထုတ်များ
https://t.me/textbook0912/1756?single

❤️ G-6 ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/1685?single

❤️G-6 အထူးထုတ်များ
https://t.me/textbook0912/1790?single

❤️ G-7 ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/1697?single

❤️G-7 အထူးထုတ်(၆)ဘာသာ
https://t.me/textbook0912/1749?single
❤️G-8(မြန်မာဆရာလမ်းညွှန်)

https://t.me/textbook0912/2019

❤️G-8 ဆရာလမ်းညွှန်
     English https://t.me/textbook0912/1727

❤️G-8ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/2124?single


  G-8 အထူးထုတ်(မြန်မာ သိပ္ပံ)
https://t.me/textbook0912/1724?single

G-8 English အထူးထုတ်
https://t.me/textbook0912/1743

❤️G-6 မှ G-12အထိ English ဆရာလမ်းညွှန်စုစည်းမှု
https://t.me/textbook0912/1618?single



❤️G-9 မြန်မာစာဆရာလမ်းညွှန်
https://t.me/textbook0912/1601


❤️G-9 သိပ္ပံဘာသာဆရာလမ်းညွှန်
https://t.me/textbook0912/1603


❤️G-9 အင်္ဂလိပ်၊သင်္ချာ ဆရာလမ်းညွှန်
https://t.me/textbook0912/1604?single

  ❤️G-9 အထူးထုတ်(မြန်၊လိပ်၊ချာ)
https://t.me/textbook0912/1733?single

❤️G-10 ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/1709?single

❤️G-10 အထူးထုတ်(၆)ဘာသာ
https://t.me/textbook0912/1736?single

❤️G-10 မြန်မာစာလပိုင်းမာတိကာ
https://t.me/textbook0912/1813?single

❤️ G-11 ဆရာလမ်းညွှန်(၅)ဘာသာ
https://t.me/textbook0912/1728?single

❤️G-11 အထူးထုတ်(၅)ဘာသာ
https://t.me/textbook0912/1744?single


❤️Listening apk
https://t.me/textbook0912/1831



G-12(NUG,MOE)
https://t.me/textbook0912/2081?single

Eng part(3)TG
https://t.me/textbook0912/2232


သင်ရိုးဟောင်း(G-11)စုစည်းမှု
https://t.me/textbook0912/2100?single

Crd owner
69👍26❤‍🔥6🍓4🔥1🥰1
ဆရာ၊ဆရာမတို မင်္ဂလာပါ ... အားလုံးပဲ ဒီအခြေအနေမှာ နေကောင်းကျန်းမာကြဖို မျှော်လင့်ပါတယ်။
သင်ကြားရေးမှာအထောက်အကူဖြစ်စေမယ့် UNESCO ရဲ့ Myanmar Teacher Platform လေးနဲ့ မိတ်ဆက်ပေးချင်လိုပါ
https://mmteacherplatform.net/my-MM/e-learning (ဒီလင့်ခ်မှာသွားပြီး online courses တွေ တက်ရောက်လိုရပါတယ်။ Google Play Store ကနေလည်း Myanmar Teacher Platform App ကို ဒေါင်းလုတ်ပြီး လေ့လာလိုရပါတယ်။)

https://mmteacherplatform.net/my-MM#news (သူတိုရဲ update သတင်းတွေ၊ Webinar တွေကို ဒီလင့်ခ်မှာ သွားကြည့်လိုရပါတယ်။)

https://unesco-org.zoom.us/meeting/register/tZ0rduuqrDIuGdGqGe2dQBFApl5GAoUBx_-7#/registration (ဒါကတော့ အောက်တိုဘာ ၂၆ မှာ ပြုလုပ်မယ့် webinar ပါ။ Stress Management for Teachers - ဆရာများအတွက် စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်းဆိုင်ရာ နည်းဗျူဟာ လို အမည်ပေးထားပါတယ်။ အချိန်ရရင် တက်ကြည့်ပါ
Crd
72👍6🍓6❤‍🔥2🕊2🔥1
Academic research

Master Thesis/Ph.D Dissertation

တွေလုပ်နေတဲ့ သူတွေအတွက်

CHAPTER 1, CHAPTER 2, CHAPTER 3, CHAPTER 4 & CHAPTER 5

http://www.youtube.com/c/SolomonGetachew?sub_confirmation=1 

Chapter-1: Introduction
https://youtu.be/FYRrzwNDXsM

Chapter-2: Part-1: Literature Review-Theoretical Review, Empirical Review
https://youtu.be/RNqNzNWzAg0

Chapter-2: Part-2: Literature Review-Steps in Writing Literature Review
https://youtu.be/FNz_sOAnLaA

Chapter-2: Part-3: Literature Review-How to Synthesize Literature?
https://youtu.be/FNz_sOAnLaA

Chapter-2: Part-4: Literature Review-How to find research gaps?
https://youtu.be/msGuwQNS8kg

Chapter-3: Part-1: Research Approach, Research Design and Practical Problem
https://youtu.be/AaVGzGOLjeo

Chapter-3: Part-2: Population, Sample Design Process, Sample Size, Sampling Method
https://youtu.be/vKZ_UlDesMo

Chapter-3: Part-3: Data Types, Data Sources, Data Collection Methods and Examples
https://youtu.be/ERiSbFsVVKU

Chapter-3: Part-4: Measurement, Reliability and Validity, Data Analysis Methods, Ethics
https://youtu.be/9AfEj4_QxEo

Chapter-4: Part-1: How to Write Results, Interpretation and Discussion
https://youtu.be/cZnHLSAuEHQ

Chapter-4: Part-2: Assumptions of Linear Regressions
https://youtu.be/QZKpbFhHfGE

Chapter-5: Summary of Findings, Conclusion & Recommendation
https://youtu.be/RwJp3KrZy7g
Crd
33👍9❤‍🔥5🕊2🔥1
Interim Basic Education Working Committee (IBEWC) ၏
Grade 9 သင်ရိုးဖြည့်စွက်ပြင်ဆင်ချက်များနှင့် အသစ်ပြန်လည်ရေးဆွဲပြီးသည့်သင်ရိုးသစ်များကို
အောက်ဖော်ပြပါ Links များတွင် တစုတစည်းထဲ ရယူအသုံးပြုနိုင်ပြီ ဖြစ်ပါကြောင်း ကြေညာအပ်ပါသည် ။

---------------

ISCLC (Grade 9) IBEWC Telegram Channel Link >>

https://t.me/IBEWC/45

---------------

ISCLC (Grade 9) IBEWC Google Drive Link >>

https://drive.google.com/drive/folders/1aSeMv1k7muEi6zccKZlaZLflochKqL1H?usp=sharing
Crd
37👍6❤‍🔥1🍓1
"ကောင်းမွန်သော ဆရာ့အတတ်ပညာရပ်များကို လေ့လာဆည်းပူးနိုင်ရန် ထပ်ဆင့်မျှဝေပေးအပ်ပါသည်"

🎯 သင်ကြားရေးဆိုင်ရာ အွန်လိုင်းသင်တန်းအသစ် မိတ်ဆက် -"သင်ယူမှုအထောက်အထားမှတ်တမ်းဖြင့် စစ်ဆေးအကဲဖြတ်ခြင်း"

📣 ဆရာ၊ ဆရာမများ အားလုံး မင်္ဂလာပါ။ သင်ရိုးညွှန်းတမ်းနှင့် သင်နည်းဗေဒ (C&P) သင်တန်းအသစ်တစ်ခုဖြစ်တဲ့ "သင်ယူမှုအထောက်အထားမှတ်တမ်းဖြင့် စစ်ဆေးအကဲဖြတ်ခြင်း" သင်တန်းကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
🌟 သင်ယူမှုအထောက်အထားမှတ်တမ်းများ (portfolios) ဟာ ကျောင်းသားများရဲ့ သင်ယူမှုနဲ့ ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့ ပံ့ပိုးပေးကြောင်း၊ ထိရောက်တဲ့ စစ်ဆေးအကဲဖြတ်ခြင်းနည်းလမ်းတစ်ခုအဖြစ် မည်သို့အသုံးပြုနိုင်ကြောင်းကို ကျွန်ုပ်တို့နဲ့ အတူတကွ လေ့လာကြည့်ကြရအောင်။ဒီသင်တန်းမှာ သင်တို့ရဲ့ တိုးတက်မှုကို ပြန်လည်သုံးသပ်နိုင်ဖို့နဲ့ အကဲဖြတ်နိုင်ဖို့၊ အဓိပ္ပာယ်ပြည့်ဝပြီး ပြီးပြည့်စုံတဲ့ နည်းလမ်းနဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးအကဲဖြတ်နိုင်ဖို့အတွက် portfolios များကို ဖန်တီးရေးဆွဲခြင်းနှင့် အသုံးပြုခြင်းတို့ကို လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။
🔭 သင်တန်း မော်ဂျူးများ
• သင်ယူမှုအထောက်အထားမှတ်တမ်း (portfolio) ဖြင့် စစ်ဆေးအကဲဖြတ်ခြင်းကို မိတ်ဆက်ခြင်း
• သင်ကြားရေး အတတ်ပညာ အထောက်အထားမှတ်တမ်း (professional portfolio)
✍️ ကျောင်းသားများ၏ တိုးတက်အောင်မြင်မှုများနှင့် သင်၏ အတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ‌ဖော်ပြပေးသည့် portfolios များကို ထိထိရောက်ရောက် ဖန်တီး၊ စစ်ဆေးအကဲဖြတ်နိုင်သည့် နည်းလမ်းများကို လေ့လာရန် ယနေ့ပဲ စာရင်းပေးသွင်းလိုက်ပါ။
မြန်မာဘာသာ - https://www.bit.ly/40IahqF
အင်္ဂလိပ်ဘာသာ - https://www.bit.ly/3YQTBdX
** အထူးအစီအစဉ်**အနေနဲ့ ဒီသင်တန်းကို ပထမဆုံး တက်ရောက်ပြီးစီးတဲ့ ဆရာ၊ ဆရာမ အယောက် (၃၀) အတွက် ဖုန်းငွေဖြည့်ကတ်များကို မေတ္တာလက်ဆောင်အဖြစ် ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များကို training.myanmar@unesco.org သို့ ပေးပို့ပြီး ပါဝင်နိုင်ပါတယ်။ 🗳️
Myanmar Teacher Platform (MTP) မှ သင်ရိုးညွှန်းတမ်းနှင့် သင်နည်းဗေဒ (C&P) သင်တန်းများ တက်ရောက်ပုံ အဆင့်ဆင့်ကို သိရှိလိုပါက အောက်ဖော်ပြပါ လင့်ခ်ကို နှိပ်ပါ။
https://www.facebook.com/UNESCOMyanmar/videos/1412504626087677/

💿 ယခုသင်တန်းဆိုင်ရာ ဗီဒီယိုတိုများကို 'Myanmar Teacher Platform' YouTube ချန်နယ်တွင် ကြည့်ရှုနိုင်ပါတယ်။
မြန်မာဘာသာ - https://youtu.be/BENpXNOVJNs
အင်္ဂလိပ်ဘာသာ - https://youtu.be/rkqT1yfbvGI
🔑သင်ယူမှုခရီးလမ်းများကို စောင့်ကြည့်လေ့လာနိုင်ပြီး ကျောင်းသားနှင့် ဆရာ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုနက်ရှိုင်းသော ထိုးထွင်းသိမြင်မှုများနှင့်အတူ မြှင့်တင်ပေးနိုင်သော ပြန်လည်သုံးသပ်မှုများ ပြုလုပ်နိုင်သည့် portfolios များကို စတင် ဖန်တီးလိုက်ကြပါစို့။
Crd
74👍14❤‍🔥3
❙ ဘွဲ့ဒီဂရီပြီးမြောက်ရန် လျှောက်လွှာခေါ်ယူခြင်း

ဘွဲ့ကြိုဒီဂရီပြီးမြောက်ရန် စာသင်ကာလ(Semester)တစ်ခု သို့မဟုတ် နှစ်ခုခန့်သာ ကျန်ရှိသော ကျောင်းသူကျောင်းသားများသည် ယခုဘွဲ့ယူစာတမ်း(Capstone Project)တွင် ပါဝင်တက်ရောက်ခြင်းဖြင့် ဘွဲ့ဒီဂရီရရှိနိုင်မည်ဖြစ်ပါသည်။ အစီအစဉ်အသေးစိတ်ကို အောက်တွင် ဆက်လက်ဖတ်ရှုပါ။

▫️ဘွဲ့ယူစာတမ်းအစီအစဉ် (Capstone Project) အကြောင်း

ယခုအစီအစဉ်သည် Lund University, Sweden၊ ဖက်ဒရယ်လေလှိုင်းတက္ကသိုလ်(VFU)၊ ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီ (UYUIC)နှင့် အခြားမိတ်ဖက်နိုင်ငံတကာတက္ကသိုလ်များ ပူးပေါင်းပြုလုပ်သည့် ဘွဲ့ယူစာတမ်း Degree Completion Program (Capstone Project) ဖြစ်ပါသည်။ ဤဘွဲ့ယူစာတမ်းအစီအစဉ်(Capstone Project)တွင် ပါဝင်ခြင်းဖြင့် စာသင်ကာလ(Semester) အနည်းငယ်ခန့်သာ ကျန်ရှိနေသည့် ကျောင်းသူကျောင်းသားများအနေဖြင့် မိမိတို့၏ ဘွဲ့ဒီဂရီကို အောင်မြင်ပြီးမြောက်နိုင်မည်ဖြစ်သည်။ ယခုအစီအစဉ်တွင် ဘာသာရပ်ဆိုင်ရာအတန်းများတက်ရောက်ခြင်း၊ သုတေသနဆိုင်ရာနည်းနာသင်တန်းများတက်ရောက်ခြင်း၊ သုတေသနပြုလုပ်ခြင်း စသည့် အစီအစဉ်များ ပါဝင်ပါသည်။ ဤအစီအစဉ်သည် USAID Development and Inclusive Scholarship Program ၏ အထောက်အပံ့ဖြင့် ပူးပေါင်းပြုလုပ်ခြင်း ဖြစ်ပါသည်။

▫️အစီအစဉ်ကြာမြင့်ချိန် [စုစုပေါင်း (၉) လ ခန့်]

ယခုအစီအစဉ်သည် ခန့်မှန်းခြေအားဖြင့် စုစုပေါင်း (၉) လခန့် ကြာမြင့်မည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ကျောင်းသူကျောင်းသားများ ပါဝင်တက်ရောက်နိုင်မည်ဖြစ်ပါသည်။

▫️ဘွဲ့ယူစာတမ်းအစီအစဉ်တွင် ဘာတွေပါဝင်လဲ။

● သတ်မှတ်ထားသော ဘွဲ့ကြိုအဆင့်ရှိ အတန်းများ
● သတ်မှတ်ထားသော သုတေသနနည်းနာဆိုင်ရာ အတန်းများ
● သုတေသနပြုခြင်း

▫️ဘယ်သူတွေ ပါဝင်လျှောက်ထားနိုင်လဲ။

● ၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်မီ မြန်မာနိုင်ငံရှိ တက္ကသိုလ်/ဒီဂရီကောလိပ်/ကောလိပ်အသီးသီးတွင် အဆင်မြင့်ပညာဆိုင်ရာ ဘာသာရပ်တစ်ခုခုတွင် နောက်ဆုံးနှစ်၊ စတုတ္ထနှစ် တက်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် CDM ပြုလုပ်ထားသော ကျောင်းသူကျောင်းသားများ။

● ၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်မီ မြန်မာနိုင်ငံရှိ တက္ကသိုလ်/ဒီဂရီကောလိပ်/ကောလိပ်အသီးသီးတွင် အဆင်မြင့်ပညာဆိုင်ရာ ဘာသာရပ်တစ်ခုခုတွင် တတိယနှစ် တက်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ကြားကာလပညာရေးအဖွဲ့အစည်းများမှ သင်တန်းတို/သင်တန်းရှည်/ဒီပလိုမာပရိုဂရမ်များတွင် တက်ရောက်ခဲ့/နေသော CDM ကျောင်းသူကျောင်းသားများ။

▫️လျှောက်လွှာတင်ရန်

ယခုဘွဲ့ယူစာတမ်းအစီအစဉ်တွင် ပါဝင်လျှောက်ထားလိုပါက အောက်ဖော်ပြပါလျှောက်လွှာဖောင်လင့်ခ်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက် (အင်္ဂါနေ့) နောက်ဆုံးထားပြီးလျှောက်လွှာဖောင်ဖြည့်ပါ။

လျှောက်လွှာဖောင်ဖြည့်ရန် - https://survey.mailing.lu.se/Survey/56420 လင့်ခ်သို့ ဝင်ပါ။

နောက်ဆုံးထားလျှောက်ထားရမည့်အချိန်- ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက် (အင်္ဂါနေ့)၊ မြန်မာစံတော်ချိန် ည (၁၂) နာရီ

[မှတ်ချက်။ ။ လျှောက်ထားသူများသည် ရွေးချယ်ခံရပါက အစီအစဉ် ပြီးဆုံးသည်အထိ တက်ရောက်ရန် လိုအပ်ပြီး လျှောက်လွှာဖောင်ပါ မေးခွန်းအားလုံးကို ဖြေဆိုရန်လည်း လိုအပ်ပါသည်။ ရွေးချယ်ခံရပါက လျှောက်လွှာဖောင်တွင် မိမိဖြည့်စွက်ခဲ့သော အီးမေးလ်လိပ်စာသို့ အကြောင်းပြန်မည်ဖြစ်ပါသဖြင့် အီးမေးလ်ပုံမှန် စစ်ပေးရန် လိုအပ်ပါသည်။]

▫️သင်တန်းကြေး (အခမဲ့)

ယခုဘွဲ့ယူစာတမ်း(Capstone Project)အစီအစဉ်သည် ကျောင်းသူကျောင်းသားများ အခမဲ့တက်ရောက်နိုင်သည့် အစီအစဉ်ဖြစ်ပါသည်။

▫️ ပြီးဆုံးကြောင်းအသိအမှတ်ပြုလက်မှတ်နှင့် အထောက်အပံ့များ

အစီအစဉ်ပြီးဆုံးသည်အထိ တက်ရောက်အောင်မြင်သော ကျောင်းသူကျောင်းသားများသည် Lund University, Sweden မှ Program Participation Certificate အသိအမှတ်ပြုလက်မှတ် ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီမှ ချီးမြှင့်မည့် ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ပြီးဆုံးကြောင်း ဘွဲ့လက်မှတ် (Bachelor Degree Certificate) နှင့် Degree Transcript များကိုလည်း ရရှိမည်ဖြစ်ပါသည်။

ပါဝင်ခွင့်ရသော ကျောင်းသူကျောင်းသားများသည် Lund University ၏ Edu Mail များ ရရှိမည်ဖြစ်ပြီး ထိုမှတဆင့် Digital Academic Resources များနှင့် VPN အသုံးပြုခွင့်များ ရရှိမည်ဖြစ်ပါသည်။ အစီအစဉ်ကာလအတွင်း Capacity Building Workshop နှင့် Training များတွင်လည်း ပါဝင်တက်ရောက်ခွင့်ရရှိမည်ဖြစ်ပါသည်။

▫️ ဆက်သွယ်စုံစမ်းရန်

ဘွဲ့ယူစာတမ်းအစီအစဉ်နှင့်ပတ်သက်၍ ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီနှင့် ဖက်ဒရယ်လေလှိုင်းတက္ကသိုလ် Facebook Page Chat Box တို့မှတစ်ဆင့် ဆက်သွယ်နိုင်ပြီး contact.uy@protonmail.com, vfu2022@gmail.com သို့လည်း ဆက်သွယ်နိုင်ပါသည်။

Myanmar Higher Education Consortium (University of Yangon University Interim Council, Virtual Federal University, Lund University, Northern Illinois University, University of Montana, University of Toronto, Yale University, and Palacky University Olomouc)
82👍14💯3🍓2