Teaching and learning support channel ACFS
4.27K subscribers
19 photos
241 files
79 links
Download Telegram
ကျောင်းသားတွေအနေနဲ့လည်း ရတဲ့အချိန်၊ ရတဲ့နည်းလမ်းတွေနဲ့ လေ့လာသင်ယူထားကြဖို့ တိုက်တွန်းပါတယ်။ မိမိအသက်အရွယ်မှာ ရှိသင့်တဲ့ ဘာသာစကားကျွမ်းကျင်မှု၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု၊ ဘဝတသက်တာကျွမ်းကျင်မှုတွေကို ဖြည့်ဆည်းထားကြဖို့ လိုပါတယ်။ တိုင်းပြည်အေးချမ်းသွားတဲ့အခါ အားလုံးပညာသင်ယူခွင့် ရကြမှာဖြစ်ပေမဲ့၊ သက်ဆိုင်ရာအတန်းနဲ့ ကိုက်ညီတဲ့ ကျွမ်းကျင်မှုနဲ့ စွမ်းရည်တွေ ပြည့်နေရင် အဆင့်မြင့်ပညာရပ်တွေကို မြန်မြန်ဆည်းပူးနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်ချက်တွေရှိလို့ ဖြည့်ဆည်းနေရရင် တက္ကသိုလ်တက်ဖို့ (အဆင့်မြင့်ပညာတွေသင်ဖို့) အချိန်ကြာသွားနိုင်ပါတယ်။

ခုလိုမတည်ငြိမ်တဲ့ ကာလတွေ ကြာရှည်နေမယ်ဆိုရင် စစ်ကောင်စီပညာရေးကို ရွေးချယ်ခြင်းမပြုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အဆင့်မြင့်ပညာရပ်တွေသင်ယူဖို့ နည်းလမ်းတွေရှိပါတယ်။ အင်္ဂလိပ်ပညာရေးစနစ်ကို နှစ်သက်သူတွေက GCE/IGCSE စာမေးပွဲတွေ ဖြေကြပါတယ်။ အမေရိကန်ပညာရေးစနစ်ကို နှစ်သက်သူတွေက GED စာမေးပွဲဖြေကြပါတယ်။ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာ GED အောင်လက်မှတ်နဲ့ ဝင်ခွင့်ရကြပြီး တက္ကသိုလ်တက်နေတဲ့ မြန်မာပြည်သားတွေ အများအပြားရှိပါတယ်။ GED ဖြေဖို့အတွက် ဘယ်နှစ်တန်းအောင်တယ်၊ ဘယ်ကျောင်းကထွက်တယ် ဆိုတာတွေ ပြဖို့မလိုပါဘူး။ ဖြေရမဲ့ ဘာသာရပ်တွေကို ကျွမ်းကျင်နေဖို့သာ လိုပါတယ်။ NUG က စစ်ဆေးတဲ့ အခြေခံပညာပြီးဆုံးကြောင်း လက်မှတ်ရသူတွေက NUG က ဖွင့်တဲ့ online တက္ကသိုလ်တွေမှာ တက်ရောက်နိုင်ကြမှာဖြစ်ပါတယ်။ တခြား online နဲ့ သင်တဲ့ တက္ကသိုလ်တွေလည်း အများအပြားရှိပါတယ်။ သင်ယူချင်စိတ်ရှိဖို့နဲ့ အချိန်ပေးဖို့ဘဲ လိုပါတယ်။ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။

ကျွန်တော့် အကြံပြုချက်တွေကို ပြန်ချုပ်ရရင်

- ကန့်သတ်ချုပ်ချယ်မှုတွေများတဲ့ ဗဟိုကချုပ်ကိုင်တဲ့ ပညာရေးစနစ်ကို ပြောင်းပစ်ဖို့ လိုပါတယ်။

- ကလေးတိုင်း တန်းတူညီမျှ သင်ယူခွင့်ရတဲ့၊ သင်ယူနိုင်အောင် ဖန်တည်းပေးတဲ့ ပညာရေးစနစ်မျိုးတည်ဆောက်ဖို့လိုပါတယ်။

- ကျောင်းသား၊ ကျောင်းသူတွေကလည်း ရနှိုင်သမျှ နည်းလမ်းတွေနဲ့ အရည်အသွေးပြည့်ဝအောင် လေ့လာဆည်းပူးထားဖို့လိုပါတယ်။

- တိုင်းပြည်အေးချမ်းသွာတဲ့ အချိန်မှာ ကလေးအားလုံး ဆက်လက်ပညာဆည်းပူးနိုင်ဖို့၊ လိုအပ်ချက်တွေရှိရင် ဖြည့်ဆည်းပေးနိုင်ဖို့ ဆရာ၊ ဆရာမတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေက ပြင်ဆင်ထားဖို့ လိုပါတယ်။

လေးစားလျှက်
ဒေါက်တာသိန်းလွင်
189👍20❤‍🔥15👏3🤯3🍓3🤪1
https://www.facebook.com/share/p/tT2TMcDUJbFgKJtL/?mibextid=oFDknk

"၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) ပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ယူနည်းအဆင့်ဆင့်လမ်းညွှန်" အသိပေးကြေညာခြင်း

🎯အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းအစီအစဉ်၏ ပထမအကြိမ် (February - April) ၊ ဒုတိယအကြိမ် (August - October) တွင် ဘာသာရပ်အားလုံးကို သတ်မှတ်စည်းကမ်းများနှင့်အညီ ဖြေဆိုခဲ့ကြသော ကျောင်းသား/သူအားလုံးသည်

🎯 Myanmar Education System
(MES Link - https://mes.moeedu.org) ၌ Certificate နှင့် Transcript များကို

🎯 (11.5.2024) ရက်နေ့ ၊ (၉) နာရီအချိန်တွင် စတင်ထုတ်ယူနိုင်မည်ဖြစ်ရာ

ထုတ်ယူနည်းအဆင့်ဆင့်လမ်းညွှန်ကို အသိပေးကြေညာအပ်ပါသည်။

BECA Certificate နှင့် Transcript ထုတ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာဖြစ်ပါက အောက်ဖော်ပြပါ Channels များသို့ ဆက်သွယ်အကူအညီ ရယူနိုင်ပါသည်။

Channel 1
(Blue Mark အမှတ်အသားပါရှိသော Facebook Page Messenger)
Myanmar Basic Education Home Page >>
https://www.facebook.com/BE.moeNUG?mibextid=ZbWKwL

Channel 2
BECA Official Email >>
beca.info@be.moeedu.org

Channel 3
BECA Official Email >>
enquiry@be.moeedu.org

သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

BECA နှင့်စပ်လျဉ်း၍ မကြာခဏ
စုံစမ်းမေးမြန်းလေ့ရှိကြသည့် မေးခွန်းများ၏ အဖြေများကို အောက်ဖော်ပြပါ Telegram Channel တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

BECA Public FAQ Telegram Link >>
https://t.me/BECApublicFAQ

📌📌📌📌📌📌📌📌📌


BECA ဖြေဆိုထားသော ကျောင်းသား/သူများသည် မိမိအဖြေလွှာကို ပြန်လည်စစ်ဆေးစေလိုပါက Complaint Form တင်နိုင်ပြီး

🎯 ၎င်း Complaint Form ကို Moodle (LMS - https://lms.moeedu.org) » Technical Support Channel အောက်တွင် ဖောင်ဖြည့်သွင်းနိုင်မည် ဖြစ်ပါသည်။


#NUG #MOENUG #MBEH #BECA
#Myanmar
34👍13❤‍🔥2🤡2
For G6 to G12 English Teachers

Grade 6 ကနေ Grade 12 အထိ English audio files တွေကို စုစည်းပေးထားပါတယ်။ Download ယူလို့ လွယ်အောင် zip file နဲ့ တင်ထားပေးပါတယ်။
SK Education Channel ရဲ့ Link က ဒီ Link ပါ။
https://t.me/skeducaregrade6to12

Grade 6 audio files
https://t.me/LessonsEETS/1120
Grade 7 audio files
https://t.me/LessonsEETS/1121
Grade 8 audio files
https://t.me/LessonsEETS/1122
Grade 9 audio files
https://t.me/LessonsEETS/1123
Grade 10 audio files
https://t.me/LessonsEETS/1124
Grade 11 audio files
https://t.me/LessonsEETS/1125
Grade 12 audio files
https://t.me/LessonsEETS/1126
70🍓10👍8❤‍🔥6🔥3
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ သက်မွေးပညာကော်မတီ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သော အစိုးရနည်းပညာအထက်တန်းကျောင်း ပထမနှစ်သင်တန်း ကို လျှောက်လို့ရပါတယ်။

စနစ်ဟောင်း အဌမတန်း အောင်မြင်ပြီး၊ နဝမတန်းတက်ရောက်ဖူးသည့် CDM ကျောင်းသား ကျောင်းသူများ လျှောက်ထားရန် Link -
https://edu.nugmyanmar.org/edd2ac75

Federal ကျောင်းအသီးသီးမှ စနစ်သစ် Grade 10 အောင်မြင်ပြီးသည့် CDM ကျောင်းသား ကျောင်းသူများ လျှောက်ထားရန် Link -
https://edu.nugmyanmar.org/347c4884

(လျှောက်လွှာ သေချာတင်ကြပါ။ Interview (လူတွေ့စစ်မေးခြင်း) အတွက်လည်း အကောင်းဆုံးပြင်ဆင်ထားကြပါ။ Try your best! Fighting!)
80👍7🥰3🎉3
E major ကျောင်းသားများ၊ ပညာရေး တက္ကသိုလ် ကျောင်းသားများ၊ ELT လေ့လာနေသူများ၊ ဆရာ ဆရာမများ ဖတ်ရမည့် ဆောင်းပါးကောင်းတစ်ပုဒ်။

1. Piaget’s Theory of Cognitive Development
2. Vygotsky’s Theory of Learning
3. Bloom’s Domains of Learning
4. Gagné’s Conditions of Learning
5. Jerome Bruner
6. Maslow’s Hierarchy of Needs
7. Howard Gardner’s Multiple Intelligences
8. Erikson’s 8 Stages of Psychological Development
9. Kolb’s Experiential Theory
10. The Peter Principle
11. Laird’s Sensory Theory
12. Skinner’s Behaviorist Theory
13. Rogers’ Humanist Theory
14. Canter’s Theory of Assertive Discipline
15. Dreikur’s Classroom Management Theory

စသည့် learning theory ၁၅ ခုကို ရှင်းပြထားသည့် ဆောင်းပါးပါ။

https://www.educationcorner.com/learning-theories-in-education/?fbclid=IwAR0rfCEd-DN-aUo9Daj4YpSswW-kii3e3V9ZLvStm1o5hL7qZuq-OlBARiE

Card Dr.ST
71👍8❤‍🔥3🔥3🥰2🤩2💋2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၅/၂၀၂၄)
၁၃၈၆ ခု၊ နယုန်လဆုတ် ၆ ရက်
(၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်)

““ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့် (ဒုတိယအကြိမ်) ခေါ်ယူခြင်း”
၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ စစ်အာဏာသိမ်းခဲ့ခြင်းကြောင့်အခြေခံပညာ ပြီးမြောက် ထားသည့် ကျောင်းသား၊ ကျောင်းသူအမြောက်အမြားသည် ယနေ့အချိန်အထိ တရားမဝင် စစ်ကောင်စီ၏ ယန္တရားကို ဆန့်ကျင်လျက် စီဒီအမ်ပြုလုပ်လျက်ရှိကြသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းလုံးရှိ ပညာသင်ယူခွင့် ရပ်တန့်နေသော ကျောင်းသား၊ ကျောင်းသူများ၏ ရှေ့ဆက်ပညာသင်ယူနိုင်ရန်အတွက် ကြားကာလတက္ကသိုလ်ကောင်စီများ၊ ပညာရေးဘုတ်အဖွဲ့များ နှင့် ပူးပေါင်းကာ အစဉ်တစိုက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
၃။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် ကြားကာလတက္ကသိုလ် (၁၆) ခု၏ (ပထမအကြိမ်) ဝင်ခွင့် ကို ခေါ်ယူခဲ့ပြီးလည်းဖြစ်သည်။
၄။ ယခု ဒုတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ကို ကြားကာလ တက္ကသိုလ် (၂၀) ခုတို့က ဘာသာရပ်နှင့် ပညာရပ် နယ်ပယ် (၅၉) ခု အတွက် စုပေါင်းခေါ်ယူကြခြင်းဖြစ်သည်။
၅။ အောက်ဖော်ပြပါ ကျောင်းသား၊ ကျောင်းသူများသည် “ပြည်သူ့ဘက်တော်သားများ” အတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် “ကြားကာလတက္ကသိုလ်များ၏ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်” ကို ဝင်ရောက် လျှောက်ထား နိုင်ကြပါသည် -
(က) ဤတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ‌ စတင်ခေါ်ယူသည့်နေ့တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
(ခ) ၂၀၂၀ ခုနှစ်နှင့် ယင်းနှစ်မတိုင်မီ အခြေခံပညာအထက်တန်း အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ
(ဂ) နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ် ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ (ဥပမာ- IGCSE, GED, SAT, …)
(ဃ) တိုင်းရင်းသားဒေသအသီးသီး၏ ပညာရေးအစီအစဉ်ဖြင့် အခြေခံပညာ ပြီးမြောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ

(င) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပြည်သူ့ကျောင်းသားများအတွက် ရည်ရွယ်ဆောင်ရွက် ပေးသော အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း “Basic Education Completion Assessment (BECA)” လက်မှတ်ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ
(စ) နယ်စပ်ဒေသအခြေစိုက် ပညာရေးအဖွဲ့အစည်းများ၊ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသများသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ကြရသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ရွှေ့ပြောင်းမိသားစုဝင်များအတွက် ဆောင်ရွက်နေသည့် ပညာရေးအဖွဲ့အစည်းများ (ရိုဟင်ဂျာပညာရေး အဖွဲ့အစည်းများ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ-အိန္ဒိယနှင့် မြန်မာ-ထိုင်းနယ်စပ် စခန်းများရှိ ပညာရေးအဖွဲ့အစည်းများ) မှ အခြေခံပညာ အထက်တန်း အဆင့် ပြီးမြောက်ကြောင်း အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ (သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ပေးသည့် ပညာရေးဆိုင်ရာ အထောက်အထားများ တင်ပြ နိုင်ရမည်)
(ဆ) သက်ဆိုင်ရာတက္ကသိုလ်များ၏ ဝင်ခွင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ
(လျှောက်ထားသူတိုင်းသည် သက်ဆိုင်ရာ ပညာရေး အဖွဲ့အစည်းများမှ ထုတ်ပြန်ပေးသည့် ပညာရေးဆိုင်ရာ အထောက်အထားများ တင်ပြနိုင်ရပါမည်။)
၆။ ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန် (ဒုတိယအကြိမ်) တွင် တက္ကသိုလ်ဝင်ခွင့် လက်ခံဆောင် ရွက်မည့် တက္ကသိုလ် (၂၀) ခုတို့၏ သက်ဆိုင်ရာ တက္ကသိုလ်များအလိုက် ပေးအပ်မည့် ဘွဲ့၊ ဒီဂရီများ၊ လက်ခံသင်ကြားပေးနိုင်မည့် ကျောင်းသားဦးရေ၊ တက္ကသိုလ်တစ်ခုချင်းစီ၏ ဝင်ခွင့်လက်ခံရေးသတ်မှတ် ချက်များနှင့် ဝင်ခွင့်စတင်ခေါ်ယူမည့်အချိန်တို့ကို အသေးစိတ်ဖော်ပြထားသည်။
၇။ သို့ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ကြားကာလ တက္ကသိုလ် များ၏ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင်ဖော်ပြပါရှိသော တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူသည့် အကြောင်းအရာ၊ အချက်အလက်အသေးစိတ်တို့ကို ကြိုတင်လေ့လာပြီး သတ်မှတ်ချက်များနှင့်အညီ တက္ကသိုလ်ဝင်ခွင့်ကို အချိန်မီ တင်သွင်းလျှောက်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

တက္ကသိုလ်ဝင်ခွင့်နှင့်ပတ်သက်၍ ခေါ်ယူမည့် တက္ကသိုလ်များ၊ ဝင်ခွင့်လမ်းညွှန်၊ စာရင်းသွင်းခြင်းလုပ်ငန်းစဉ်များကို အောက်ပါ လင့်မှတဆင့် ဝင်ရောက်ဖတ်ရှု လေ့လာနိုင်ပါသည်။
https://moe.nugmyanmar.org/he/uni-ent-24/

#NUGMOE #UniversityEntrance #2024
83👍28🥰5❤‍🔥4
120🫡11❤‍🔥9👍5🔥5🍓3💊21🥰1
Education in Post-Coup Myanmar
A Shattered Landscape with Resilient Actors

Open Access - Download the full PDF on IRASEC’s website:
https://www.irasec.com/Education-in-Post-Coup-Myanmar-3569 

Authors: Nicolas Salem-Gervais, Summer Aung, Amber Spreelung, Ja Seng, Phyo Wai, Myo Sett Paing and Pau Sian Lian

316 pages, 101 figures, maps, tables and graphs

Published by IRASEC,
A project funded by the Konrad-Adenauer-Stiftung (KAS)
with Mahidol University’s Institute of Human Rights and Peace Studies (IHRP).
52👍13❤‍🔥5
ဆရာလမ်းညွှန်စုစည်းမှု


❤️G-1 ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/1654?single

💓G-2 ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/1643?single

❤️G-3 ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/1665?single

❤️G-3 အထူးထုတ်များ
https://t.me/textbook0912/1772?single

❤️G-4 ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/1675?single

❤️G-4 အထူးထုတ်များ
https://t.me/textbook0912/1781?single


❤️G-5 ဆရာလမ်းညွှန်
    သိပ္ပံဘာသာရပ် https://t.me/textbook0912/1636

❤️G-5 ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/1800?single

❤️G-5 အထူးထုတ်များ
https://t.me/textbook0912/1756?single

❤️ G-6 ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/1685?single

❤️G-6 အထူးထုတ်များ
https://t.me/textbook0912/1790?single

❤️ G-7 ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/1697?single

❤️G-7 အထူးထုတ်(၆)ဘာသာ
https://t.me/textbook0912/1749?single
❤️G-8(မြန်မာဆရာလမ်းညွှန်)

https://t.me/textbook0912/2019

❤️G-8 ဆရာလမ်းညွှန်
     English https://t.me/textbook0912/1727

❤️G-8ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/2124?single


  G-8 အထူးထုတ်(မြန်မာ သိပ္ပံ)
https://t.me/textbook0912/1724?single

G-8 English အထူးထုတ်
https://t.me/textbook0912/1743

❤️G-6 မှ G-12အထိ English ဆရာလမ်းညွှန်စုစည်းမှု
https://t.me/textbook0912/1618?single



❤️G-9 မြန်မာစာဆရာလမ်းညွှန်
https://t.me/textbook0912/1601


❤️G-9 သိပ္ပံဘာသာဆရာလမ်းညွှန်
https://t.me/textbook0912/1603


❤️G-9 အင်္ဂလိပ်၊သင်္ချာ ဆရာလမ်းညွှန်
https://t.me/textbook0912/1604?single

  ❤️G-9 အထူးထုတ်(မြန်၊လိပ်၊ချာ)
https://t.me/textbook0912/1733?single

❤️G-10 ဆရာလမ်းညွှန်အစုံ
https://t.me/textbook0912/1709?single

❤️G-10 အထူးထုတ်(၆)ဘာသာ
https://t.me/textbook0912/1736?single

❤️G-10 မြန်မာစာလပိုင်းမာတိကာ
https://t.me/textbook0912/1813?single

❤️ G-11 ဆရာလမ်းညွှန်(၅)ဘာသာ
https://t.me/textbook0912/1728?single

❤️G-11 အထူးထုတ်(၅)ဘာသာ
https://t.me/textbook0912/1744?single


❤️Listening apk
https://t.me/textbook0912/1831



G-12(NUG,MOE)
https://t.me/textbook0912/2081?single

Eng part(3)TG
https://t.me/textbook0912/2232


သင်ရိုးဟောင်း(G-11)စုစည်းမှု
https://t.me/textbook0912/2100?single

Crd owner
69👍26❤‍🔥6🍓4🔥1🥰1
ဆရာ၊ဆရာမတို မင်္ဂလာပါ ... အားလုံးပဲ ဒီအခြေအနေမှာ နေကောင်းကျန်းမာကြဖို မျှော်လင့်ပါတယ်။
သင်ကြားရေးမှာအထောက်အကူဖြစ်စေမယ့် UNESCO ရဲ့ Myanmar Teacher Platform လေးနဲ့ မိတ်ဆက်ပေးချင်လိုပါ
https://mmteacherplatform.net/my-MM/e-learning (ဒီလင့်ခ်မှာသွားပြီး online courses တွေ တက်ရောက်လိုရပါတယ်။ Google Play Store ကနေလည်း Myanmar Teacher Platform App ကို ဒေါင်းလုတ်ပြီး လေ့လာလိုရပါတယ်။)

https://mmteacherplatform.net/my-MM#news (သူတိုရဲ update သတင်းတွေ၊ Webinar တွေကို ဒီလင့်ခ်မှာ သွားကြည့်လိုရပါတယ်။)

https://unesco-org.zoom.us/meeting/register/tZ0rduuqrDIuGdGqGe2dQBFApl5GAoUBx_-7#/registration (ဒါကတော့ အောက်တိုဘာ ၂၆ မှာ ပြုလုပ်မယ့် webinar ပါ။ Stress Management for Teachers - ဆရာများအတွက် စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်းဆိုင်ရာ နည်းဗျူဟာ လို အမည်ပေးထားပါတယ်။ အချိန်ရရင် တက်ကြည့်ပါ
Crd
72👍6🍓6❤‍🔥2🕊2🔥1
Academic research

Master Thesis/Ph.D Dissertation

တွေလုပ်နေတဲ့ သူတွေအတွက်

CHAPTER 1, CHAPTER 2, CHAPTER 3, CHAPTER 4 & CHAPTER 5

http://www.youtube.com/c/SolomonGetachew?sub_confirmation=1 

Chapter-1: Introduction
https://youtu.be/FYRrzwNDXsM

Chapter-2: Part-1: Literature Review-Theoretical Review, Empirical Review
https://youtu.be/RNqNzNWzAg0

Chapter-2: Part-2: Literature Review-Steps in Writing Literature Review
https://youtu.be/FNz_sOAnLaA

Chapter-2: Part-3: Literature Review-How to Synthesize Literature?
https://youtu.be/FNz_sOAnLaA

Chapter-2: Part-4: Literature Review-How to find research gaps?
https://youtu.be/msGuwQNS8kg

Chapter-3: Part-1: Research Approach, Research Design and Practical Problem
https://youtu.be/AaVGzGOLjeo

Chapter-3: Part-2: Population, Sample Design Process, Sample Size, Sampling Method
https://youtu.be/vKZ_UlDesMo

Chapter-3: Part-3: Data Types, Data Sources, Data Collection Methods and Examples
https://youtu.be/ERiSbFsVVKU

Chapter-3: Part-4: Measurement, Reliability and Validity, Data Analysis Methods, Ethics
https://youtu.be/9AfEj4_QxEo

Chapter-4: Part-1: How to Write Results, Interpretation and Discussion
https://youtu.be/cZnHLSAuEHQ

Chapter-4: Part-2: Assumptions of Linear Regressions
https://youtu.be/QZKpbFhHfGE

Chapter-5: Summary of Findings, Conclusion & Recommendation
https://youtu.be/RwJp3KrZy7g
Crd
33👍9❤‍🔥5🕊2🔥1
Interim Basic Education Working Committee (IBEWC) ၏
Grade 9 သင်ရိုးဖြည့်စွက်ပြင်ဆင်ချက်များနှင့် အသစ်ပြန်လည်ရေးဆွဲပြီးသည့်သင်ရိုးသစ်များကို
အောက်ဖော်ပြပါ Links များတွင် တစုတစည်းထဲ ရယူအသုံးပြုနိုင်ပြီ ဖြစ်ပါကြောင်း ကြေညာအပ်ပါသည် ။

---------------

ISCLC (Grade 9) IBEWC Telegram Channel Link >>

https://t.me/IBEWC/45

---------------

ISCLC (Grade 9) IBEWC Google Drive Link >>

https://drive.google.com/drive/folders/1aSeMv1k7muEi6zccKZlaZLflochKqL1H?usp=sharing
Crd
37👍6❤‍🔥1🍓1
"ကောင်းမွန်သော ဆရာ့အတတ်ပညာရပ်များကို လေ့လာဆည်းပူးနိုင်ရန် ထပ်ဆင့်မျှဝေပေးအပ်ပါသည်"

🎯 သင်ကြားရေးဆိုင်ရာ အွန်လိုင်းသင်တန်းအသစ် မိတ်ဆက် -"သင်ယူမှုအထောက်အထားမှတ်တမ်းဖြင့် စစ်ဆေးအကဲဖြတ်ခြင်း"

📣 ဆရာ၊ ဆရာမများ အားလုံး မင်္ဂလာပါ။ သင်ရိုးညွှန်းတမ်းနှင့် သင်နည်းဗေဒ (C&P) သင်တန်းအသစ်တစ်ခုဖြစ်တဲ့ "သင်ယူမှုအထောက်အထားမှတ်တမ်းဖြင့် စစ်ဆေးအကဲဖြတ်ခြင်း" သင်တန်းကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
🌟 သင်ယူမှုအထောက်အထားမှတ်တမ်းများ (portfolios) ဟာ ကျောင်းသားများရဲ့ သင်ယူမှုနဲ့ ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့ ပံ့ပိုးပေးကြောင်း၊ ထိရောက်တဲ့ စစ်ဆေးအကဲဖြတ်ခြင်းနည်းလမ်းတစ်ခုအဖြစ် မည်သို့အသုံးပြုနိုင်ကြောင်းကို ကျွန်ုပ်တို့နဲ့ အတူတကွ လေ့လာကြည့်ကြရအောင်။ဒီသင်တန်းမှာ သင်တို့ရဲ့ တိုးတက်မှုကို ပြန်လည်သုံးသပ်နိုင်ဖို့နဲ့ အကဲဖြတ်နိုင်ဖို့၊ အဓိပ္ပာယ်ပြည့်ဝပြီး ပြီးပြည့်စုံတဲ့ နည်းလမ်းနဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးအကဲဖြတ်နိုင်ဖို့အတွက် portfolios များကို ဖန်တီးရေးဆွဲခြင်းနှင့် အသုံးပြုခြင်းတို့ကို လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။
🔭 သင်တန်း မော်ဂျူးများ
• သင်ယူမှုအထောက်အထားမှတ်တမ်း (portfolio) ဖြင့် စစ်ဆေးအကဲဖြတ်ခြင်းကို မိတ်ဆက်ခြင်း
• သင်ကြားရေး အတတ်ပညာ အထောက်အထားမှတ်တမ်း (professional portfolio)
✍️ ကျောင်းသားများ၏ တိုးတက်အောင်မြင်မှုများနှင့် သင်၏ အတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ‌ဖော်ပြပေးသည့် portfolios များကို ထိထိရောက်ရောက် ဖန်တီး၊ စစ်ဆေးအကဲဖြတ်နိုင်သည့် နည်းလမ်းများကို လေ့လာရန် ယနေ့ပဲ စာရင်းပေးသွင်းလိုက်ပါ။
မြန်မာဘာသာ - https://www.bit.ly/40IahqF
အင်္ဂလိပ်ဘာသာ - https://www.bit.ly/3YQTBdX
** အထူးအစီအစဉ်**အနေနဲ့ ဒီသင်တန်းကို ပထမဆုံး တက်ရောက်ပြီးစီးတဲ့ ဆရာ၊ ဆရာမ အယောက် (၃၀) အတွက် ဖုန်းငွေဖြည့်ကတ်များကို မေတ္တာလက်ဆောင်အဖြစ် ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များကို training.myanmar@unesco.org သို့ ပေးပို့ပြီး ပါဝင်နိုင်ပါတယ်။ 🗳️
Myanmar Teacher Platform (MTP) မှ သင်ရိုးညွှန်းတမ်းနှင့် သင်နည်းဗေဒ (C&P) သင်တန်းများ တက်ရောက်ပုံ အဆင့်ဆင့်ကို သိရှိလိုပါက အောက်ဖော်ပြပါ လင့်ခ်ကို နှိပ်ပါ။
https://www.facebook.com/UNESCOMyanmar/videos/1412504626087677/

💿 ယခုသင်တန်းဆိုင်ရာ ဗီဒီယိုတိုများကို 'Myanmar Teacher Platform' YouTube ချန်နယ်တွင် ကြည့်ရှုနိုင်ပါတယ်။
မြန်မာဘာသာ - https://youtu.be/BENpXNOVJNs
အင်္ဂလိပ်ဘာသာ - https://youtu.be/rkqT1yfbvGI
🔑သင်ယူမှုခရီးလမ်းများကို စောင့်ကြည့်လေ့လာနိုင်ပြီး ကျောင်းသားနှင့် ဆရာ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုနက်ရှိုင်းသော ထိုးထွင်းသိမြင်မှုများနှင့်အတူ မြှင့်တင်ပေးနိုင်သော ပြန်လည်သုံးသပ်မှုများ ပြုလုပ်နိုင်သည့် portfolios များကို စတင် ဖန်တီးလိုက်ကြပါစို့။
Crd
74👍14❤‍🔥3