တက္ကသိုလ်ဘုန်းနိုင်
12.1K subscribers
3 photos
20 files
1 link
" ငါ့စာဖတ်၍ မမြတ်တိုင်စေ
မရှုံးစေသား ပျင်းပြေ နှစ်ခြိုက်
တွေးဖွယ်ထိုက်ရာ တပိုဒ်တလေ
တွေ့ငြားလေမူ စာပေကျေးကျွန်
ငါ့ဝတ်ပွန်ပြီ ငါအမွန်အမြတ်
ငါအတတ်ဟု စာဖတ်သူပေါ်
ခေါင်းကိုကျော်၍ ငါသော်ဆရာ
မလုပ်ပါတည်း ... "
Download Telegram
လူတိုင်းမှာရှိကြတဲ့ ဘဝမျှော်မှန်းချက်
အကြောင်းတော့ လူတိုင်းနားလည်နိုင်တယ်။

ဒါပေမဲ့ တိုးတိုးသိရဲ့လား၊ တချို့လူတွေကျ
ကိုယ်ချစ်ခင်တဲ့ သူရဲ့ ဘဝအတွက်ကို
ကိုယ့်ဘဝလိုပဲ မျှော်မှန်းချက်ထားတတ်ကြတယ်။

#မေတ္တာများနဲ့စိန်ပန်းနီနီ
64💔5🥰4
ချစ်တယ်ဆိုတာဟာ ရင်ခုန်တာပဲဖြစ်ရမှာ။
သူ့ ကွယ်ရာမှာ သူ့ကိုတွေ့ချင်တယ်။
တွေ့ပြန်တော့လည်း ချွေးစေးတွေပြန်ပြီး
ရှက်သလို ကြောက်သလို ရင်မှာ ခုန်လာပြီး
အနေရကျပ်လို့ မူးနောက်နောက် ဖြစ်လာတယ်။

ဒါဟာ ချစ်တာဖြစ်ရမှာပဲ

#ညီမလေးရယ်စိုးရိမ်မိတယ်
74🍓6
မင်္ဂလာရှိသော နေ့သစ်လေး ဖြစ်ပါစေ

💙 Happy Birthday To Me 💙
ဒီကနေ့ စက်တင်ဘာလ၃၀ရက်နေ့က Admin ရဲ့
မွေးနေ့ ဖြစ်ပါတယ် အဲ့တာကြောင့်
မွေးနေ့ဆုတောင်းစာသားလေးများ
ပေးပို့လိုပါက @nieh3659 ကို
ပေးပို့နိုင်ပါတယ်
အားလုံးရဲ့ဆုတောင်းစကားတွေလဲကို
စောင့်မျှော်နေပါတယ်

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ
ကြပါစေ 💙
57🥰5
မောင့်ကိုခွင့်လွှတ်ပါလေခိုင်၊
နောင်ဘဝ ဆိုသည်လည်း ရှိပါစေခိုင်...ဘဝတို့အကြိမ်ကြိမ် ပြန်လည်ဖွားမြောက်လေသော သံသရာဆိုသည်နှင့် သံသရာ၌ပြန်လည်တွေ့ဆုံတက်သော ရေစက်ဆိုသည်လည်းရှိပါ‌စေခိုင်... သံသရာလမ်းဘုံဘဝကျွန်းထောက်တစ်စခန်းမှာ ရေစက်အဟုန်ကြောင့် ခိုင်နှင့် မောင် ပြန်လည်တွေ့ဆုံ လျှင်...

မောင့်ကို ခွင့်လွှတ်နိုင်ပါစေ ခိုင်...

#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
84💔11🕊9🍓7😭7😢1
ကိုသက်ပန်တို့ဟာ သွေးလည်းမဆာပါဘူး
အသက်ကိုလည်း မလိုချင်ပါဘူး။

ကိုသက်ပန်တို့က စနစ်တစ်ခုကိုသာ တိုက်နေတာ၊
လူလူချင်း လူလိုမဆက်ဆံလိုတဲ့ စနစ်၊ တစ်စုမှာ သာဖို့ တစ်စုကို နာစေတဲ့စနစ်။ ဒါတွေကိုသာ
တိုက်နေတာ၊ ဖက်ဆစ်စနစ်၊ နယ်ချဲ့စနစ်မှ
မဟုတ်ဘူး။ ဒီအသွင်မျိူးဆောင်ရင်
ဘယ်စနစ်ကိုမဆို တိုက်ရမှာပါပဲ။

#မုန်းရစ်လေဦး
55❤‍🔥15🕊13🥰9
ဘဝအသိဆိုတာဟာ
အသည်းနှလုံးကို မရင်းနှီးပဲ မရနိုင်ဘူး....

#ဤမြေမှသည်
82💔11❤‍🔥7
ကျွန်တော်ယုံကြည်တဲ့ အချစ်ဆိုတာကတော့
သူ့ဆီက ဘာမှမလိုချင်ပါဘူး
ကိုယ်ကသာ ပေးချင်တယ်
တခြားပေးစရာမရှိရင် အသည်းနှလုံးနဲ့
မျက်ရည်ကိုပဲ ဖြစ်ဖြစ် ပေးမယ်

#မောင့်ဘဝညအလားကွယ်
108❤‍🔥15💔8🥰6
ကျွန်းငွေသောင်နှင့် ဧရာမြစ်ပြင်ကို
ဖြတ်ကာတိုက်လာသော ညှင်းလေကြောင့်
နဖူးထက် ဆံယဉ်စလေးများ လွင့်ပါးလှုပ်ရှား
နေကြသည့် ထား၏မျက်နှာ အသားဝါနုနုလေးကို
ငေးရင်း သီချင်းဆိုနေရသည့်.......အဲနေ့တုန်းက ကျွန်တော်မလွမ်းပါ။

လွမ်းရသည်က နောက်.....။

သြော်.....ထားရေ...နောက် ။ နောက်......


#တပြည်သူမရွှေထား
61❤‍🔥6
*ကုန်းဘောင်နေဝန်း ဂေါရာကျွန်းသို့ ယွန်းသည့်အချိန်*

´´အရှင်နှစ်ပါးကို ဆောင်ယူမည် မဆောင်ယူမည့်
အခွင့်မှာ ကျွန်တော်အရေးမပိုင်ပါ၊ ဗိုလ်ချုပ်ကြီး
ဂျင်နရယ်ပရင်းဒါဂတ်စ် သာလျှင် အရေးပိုင်သော
အခွင့်ဖြစ်ပါကြောင်း ၊ ဤအတောအတွင်း၌
ရွှေနန်းတော်ကြီးအား အင်္ဂလိပ်တပ်များ သိမ်းပိုက်
အစောင့်အနေရှိပါလိမ့်မည်၊ ဘုရင်မင်းမြတ်မှာ
တောင်ဥယျာဉ်စံနန်းတော်၌ သက်ဆင်းစံနေတော်
မူရန် လျှောက်ထားပါသည်``

ကာနယ်စလေဒင် စကားဆုံးသော် သီပေါဘုရင်သည် မိဖုရား၏ မျက်နှာအား လှမ်းကြည့်လိုက်သည်။
ထိပ်စုဖုရားလတ်သည် တံတွေးကိုမျိုချလိုက်၍ မောင်တော်၏အကြံကို အားပေးအပြုံးရောင်နှင့်
တုန့်ပြန်ကြိုဆိုလျက် ဦးခေါင်းကို မသိမသာ
ညိတ်ပြသည်။

´´ကောင်းလေပြီ၊ သင်တို့အလိုအတိုင်းရှိစေတော့``

ဤမျှသာမိန့်၍ ဘုရင်သည် ကမ်းပေးသောမိဖုရား၏လက်ကို အားပြုကာ ညီလာခံမှထွက်၍
စံမြဲတောင်နန်းတော်သို့ ဖြည်းညင်းစွာ ကြွတော်
မူလျှင် ကာနယ်စလေဒင် နှင့် မှူးတော်မတ်တော်
အပေါင်းတို့ပါ ထွက်လာကြ၏။

ရှေး၌ ခက်ထန်သမျှ တည်ငြိမ်လှသော ဆင်ဖြူမရှင်
ဖုရားသည် မြွေစွယ်ကျိုးပမာ မျက်လွှာကို
အောက်ချရင်း မိန့်တော်မူသည်။

´´မယ်မင်းတို့ ...တို့တစ်တွေ ကျွန်ဖြစ်ပြီ``


#သူ့ကျွန်မခံပြီ
36💔12😢1
အချစ်ရဲ့ ပထမ သဘောလက္ခဏာ
ဂုဏ်သတ္တိက စွဲလန်းခြင်းပဲ
သူ့ကို မှ သူ့ကို တမ်းတတယ်
တ သ တယ်၊ သူ နဲ့ နီးလိုတယ်
နီးခြင်းကို တောင့်တတယ်
ဝေးခြင်းကို ကြောက်ရွံ့တယ်
ပိုင်ဆိုင်ဖို့ကို အားထုတ်တယ်
ဆုံးရှုံးမှာကို ကာကွယ်တယ်

#နွယ်ဦးမွန်မို့ချစ်ထွဋ်တင်သည်
78🥰7❤‍🔥3🍓2
တစ်ခါက ဒီမြေပြင်မှာ ကြာပန်းတွေ
မရှိပါဘူးတဲ့။နက္ခတ် တာရာတွေစုံတဲ့
တညမှာတော့ မိုးပြာပြာက ကြယ်တစ်ပွင့်ဟာ
မြေပြင်ဆီ ကြွေကျလာရသတဲ့လေ

မြေပြင်အရောက်မှာ လယ်တောက
ချောင်းမြမြဟာ ကြယ်ပွင့်ကို ကြိုနေလေသတဲ့။
ချောင်းရေယဥ်စမ်းနဲ့ ကြယ်ပြာပြာ ဆုံမိတဲ့အခါ
ကြာပန်းဖြူဖြူဟာ ပွင့်ငုံလာသတဲ့

လွမ်းစရာ မကောင်းဘူးလားဟင်...

#မိုးပန်းနှင့်မြေပွင့်
62❤‍🔥3🥰3
မောင်​က သိပ်​သတ္တိ​ကောင်းတယ်​
သိပ်​ပြီး​တော့လဲ ဟန်​​ဆောင်​နိုင်​တယ်​
ဒီနှစ်​ခု​ပေါင်းလိုက်​​တော့​မောင်​က
သိပ်​​ကြောက်​စရာ​ကောင်းတဲ့
လူတစ်​​ယောက်​ဖြစ်​လာတယ်​သိလား

#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
110💔34😢8
လွမ်းသမျှသည် ကမ္ဘာကုန်ကျယ်ရန် မဟုတ်။

အတိတ်ကို တမ်းတနေပြီး ကမ္ဘာကုန်နေရန်လည်း မဟုတ်။

အကောင်းအတွက် ပြောင်းလဲခြင်း
တို့သည်သာ ကမ္ဘာကုန်ကျယ်သရွေ့
ရှိထိုက်သည် ရှိရမည်။

ကမ္ဘာကုန်ကျယ်သရွေ့
အကောင်းအတွက် ပြောင်းလဲခြင်းသည်သာ
လူသားအတွက် မျှော်လင့်ခြင်း ဖြစ်ပေသတည်း

#ကမ္ဘာကုန်ကျယ်သရွေ့ဝယ်
69🕊8
လူကိုရပေမယ့် နှလုံးသားက
အချစ်ဆိုတာကိုတော့ ရနိုင်ပါ့မလား

နှလုံးသားဆိုတာဟာ လူကိုယ်ထဲမှာ
ရှိတဲ့အရာပါ
လူကို ရတဲ့နောက်
နှလုံးသားလဲ ပိုင်တာပဲပေါ့

#ချစ်သောဤကမ္ဘာ
85🥰3
အလှဆိုတာဟာတဲ့ ချိန်ခွင်နဲ့လည်း
ချိန်လို့မရဘူး၊ ပေတံနဲ့လည်း တိုင်းလို့မရဘူးတဲ့၊
ဒီတော့ တကယ်လှတာ နှစ်ခုကို ယှဥ်ပြီး
ဘယ်ဒင်းက သာတယ်၊ ဘယ်ဒင်းက
မမီဘူးလို့ ပြောလို့မရဘူးတဲ့။

နိုင်တို့ နားလည်တဲ့ စကားနဲ့ပဲပြောမယ်၊
မှို့တပိဿာနဲ့ ခဲတပိဿာ ဘယ်ဒင်းက
လေးသလဲ ဆိုတာလို မေးခွန်းထဲမှာ
အဖြေက ပါပြီးပြီ၊ ဒီလိုပဲ စိန်ပန်းပြာလည်း
လှတာပဲ၊ ချယ်ရီလည်း လှတာပဲ၊
လှတာတွေ
မြင်ဖူးတဲ့ကိုယ်က ကံကောင်းတယ်
နိုင် အဲဒီလိုပဲ တွေးတယ်

#မျက်ရည်လောကများ၏ဟိုမှာဘက်
73
နွေဦးသည် ကန္တာရဆန်သည်
နွေဦးသည် လူကို လည်းကောင်း၊ လူ၏ နှလုံးသားကိုလည်းကောင်း၊ လူနှင့် လူ့နှလုံးသား၏ ပတ်ဝန်းကျင်ကို
တုန့်ပြန်တတ်သည့် သဘောကိုလည်းကောင်း လုံးဝမသိရှာ။

#နွေကန္တာဦး
81❤‍🔥7😢4
မောင်အခု ငိုနေပါတယ် ခိုင်
ဒါကို မောင် မညာတော့ပါဘူး
အစကတည်းက မောင်မငိုချင်ခဲ့ပါဘူး
ဘယ်သူ့ကိုမှလဲ မငိုစေချင်ခဲ့ပါဘူး
ဒါကို ခိုင်အသိဆုံးပါ
ချစ်ပါတယ် ခိုင်ရယ် ... ချစ်ပါတယ်
ခိုင့်ကို မောင် သိပ်ချစ်ပါတယ်
ဒါပေမဲ့ ငိုရတဲ့အချစ်မျိုးနဲ့ ချစ်ပါတယ်လို့
မောင်မပြောပါစေနဲ့တော့
မငိုရတဲ့ သူငယ်ချင်း အချစ်နဲ့ပဲ
ချစ်လိုက်ပါရစေ
သံသရာ အဆက်ဆက် ပြန်တွေ့တဲ့အထိ
ခိုင့်ကို သူငယ်ချင်း အဖြစ်နဲ့ဘဲ
မောင် ဆက်ချစ်ပါရစေ ....

#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်💜
102💔62❤‍🔥11😭10😢5🥰2
နွေတွင်ဖြစ်သဖြင့် ရော်ရွက်တို့သည်
ပင်မကို စွန့်ခွါရပေမည်
လေသရမ်းသည် ကြမ်းရပေမည်
သို့သော် လရောင်ဖျော့ဖျော့ ပိတောက်ပင်ရိပ်
မြေမို့ပေါ်မှ လူနှစ်ယောက်၏
အတ္ထုပ္ပတ္တိ ပြီးဆုံးခြင်းကိုမူ
အဘယ်သူသည် သိလာလိမ့်အံ့နည်း ...

#မြေခရွက်ဝါ
62💔8
သစ်ရွက်တို့ ဓမ္မတာကား
ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေ၏။

ကြွေသွားတဲ့ ရွက်ဟောင်းအတွက်လည်း
လွမ်းရသလို ရွက်သစ်ကလေးတွေ
မြင်ရတော့လည်း ကြည်နူးရ၏။

ထို့အတူ ဘဝ ဆိုသည်ကလည်း
လွမ်းရခြင်းနှင့် ကြည်နူးရခြင်းတွေ အတိ

#တိမ်ညိုအလွင့်လအမြင့်
86
ထားရေ •••
တချို့အရာတွေကျတော့
ထိုင်ပြီးငေးကြည့်နေခွင့်ရတာကိုက
အရသာ •••

ဥပမာဆိုရရင် •••
တုံးခုလိုမှ မမှီတဲ့ လမင်းကြီးကို
ဝါးထရံပေါက်လေးကနေ တဆင့်
ချောင်းကြည့်နေရသလိုမျိုးပေါ့ •••


#တပြည်သူမရွှေထား
139💔6😢5🕊3
ပိတောက်တွေလည်း ပွင့်ချိန်နီးပြီ။
မနက်ဖြန်လော...သန်ဘက်ခါလော...။
တစ်ရက် နှစ်ရက် သုံးလေးရက်
ပွင့်တော့ပွင့်ရော့မည်။

ကျွန်တော့ရင်က ခုန်လာသည်။
နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ခုန်လာသည်။

ပတ်ဝန််းကျင်မှာ သင်္ကြန်၏ အရိပ်နိမိတ်ကလေးများ
ပေါ်နေပြီ။ ကျွန်တော်၏ နှာခေါင်းတွင်ကား
သင်္ကြန်၏ အနံ့အသက်လေးများကိုပင် ရနေ၏။

တန်ခူးဆိုသည်က နှစ်သစ်တစ်ခု၏အစပါ။
နှစ်သစ်တစ်ခု၏ စခြင်းကို ပြသော လက္ခဏာတွေက ပတ်ဝန်းကျင်မှာ လှပထင်ရှားနေကြသည်။

ကျွန်တော့်ရှေ့၌ မြင်သမျှသော ပင်အိုနှင့်
ပင်ပျိုတို့သည် ရွက်သစ်တွေကို ဆင်ထားကြ၏။
ရွက်ဝါရွက်ဟောင်းတွေက တပေါင်းတည်းက
ကြွေစင်ကုန်ခဲ့ပြီ။ မနုတော့သော်လည်း
မရင့်သေးသော ရွက်သစ်တို့သည် ပျိပျိုလွင်လွင်
ရှိလှသည်။ နှစ်သစ် အချိန်သစ်မှာ လောကကို
တန်ဆာဆင်နေကြသည်။

#ပိတောက်ပွင့်ဆဲလသာဆဲဝယ်
77🥰4💔1