သံယောဇဥ်အကြောင်းကို ညီလေးငယ်ကောင်းကောင်းသိရဲ့လား. . .
နှောင်ကြိုးလို့လည်းပြောကြတယ်၊ တွယ်တယ်လို့လည်းပြောကြတယ်။
ရုန်းမရတဲ့သဘော၊ ခွါမရတဲ့သဘော။
ဘယ်သူမပြု၊ မိမိမှုလို့ တရားကတော့ ပြောတယ်။
ပုထုဇဥ်အတွက်ကတော့ တရားဆိုတာဟာ စကားတစ်မျိုးသာပဲပေါ့။ မဟုတ်ဘူးလား ညီလေးငယ်...
နားထဲမှာအသံပေါ်လာတယ်၊ ပြီးတော့ပျောက်သွားတယ်။
နှလုံးသားမှာတော့ သံယောဇဥ်...
တစ်ဇဥ်လည်းမဟုတ်ဘူး၊ နှစ်ဇဥ်လည်းမဟုတ်ဘူး၊ သုံးဇဥ်လည်းမဟုတ်ဘူး။
ခိုင်လိုက်တာမျိုးကလည်း သံယော...လို့ မရေးဘဲ သံရော... အဲဒီလိုရေးဖို့ကောင်းတယ်။
သံနဲ့ရောထားသလို သိပ်...ခိုင်တယ်။ သိလား ညီလေးငယ်...
#လွမ်းပါလေရစ်သည်သောင်ငွေဦး
နှောင်ကြိုးလို့လည်းပြောကြတယ်၊ တွယ်တယ်လို့လည်းပြောကြတယ်။
ရုန်းမရတဲ့သဘော၊ ခွါမရတဲ့သဘော။
ဘယ်သူမပြု၊ မိမိမှုလို့ တရားကတော့ ပြောတယ်။
ပုထုဇဥ်အတွက်ကတော့ တရားဆိုတာဟာ စကားတစ်မျိုးသာပဲပေါ့။ မဟုတ်ဘူးလား ညီလေးငယ်...
နားထဲမှာအသံပေါ်လာတယ်၊ ပြီးတော့ပျောက်သွားတယ်။
နှလုံးသားမှာတော့ သံယောဇဥ်...
တစ်ဇဥ်လည်းမဟုတ်ဘူး၊ နှစ်ဇဥ်လည်းမဟုတ်ဘူး၊ သုံးဇဥ်လည်းမဟုတ်ဘူး။
ခိုင်လိုက်တာမျိုးကလည်း သံယော...လို့ မရေးဘဲ သံရော... အဲဒီလိုရေးဖို့ကောင်းတယ်။
သံနဲ့ရောထားသလို သိပ်...ခိုင်တယ်။ သိလား ညီလေးငယ်...
#လွမ်းပါလေရစ်သည်သောင်ငွေဦး
❤61
ချစ်ခြင်းဆိုတာ ပိုင်လိုတာ ဖြစ်ပေမဲ့
ပိုင်ဆိုင်ခြင်းဟာ အချစ်ရဲ့ အဆုံးမဟုတ်ဘူး
လူ့ဘဝကို သမုဒယချည်တိုင်နှောင်ပြီး
မဟီတောင်ကျယ်သရွေ့ နွဲ့လေရာမှာ
ဆရာ့ညီမလေး မေရီဟာ
ပျော်ရာမှာ ရွှင်တတ်သလို
ငြိုငြင်ရာမှာ မပင်ပန်းဘဲ ထာဝစဉ်လန်းတဲ့စိတ်နဲ့
ဆရာနဲ့အတူ ချီလှမ်းနိုင်ပါစေလို့
ချစ်လွန်းလို့ဘဲ ဆုတောင်းမိတယ် မေရီ...
#ညီမလေးရယ်စိုးရိမ်မိတယ်
ပိုင်ဆိုင်ခြင်းဟာ အချစ်ရဲ့ အဆုံးမဟုတ်ဘူး
လူ့ဘဝကို သမုဒယချည်တိုင်နှောင်ပြီး
မဟီတောင်ကျယ်သရွေ့ နွဲ့လေရာမှာ
ဆရာ့ညီမလေး မေရီဟာ
ပျော်ရာမှာ ရွှင်တတ်သလို
ငြိုငြင်ရာမှာ မပင်ပန်းဘဲ ထာဝစဉ်လန်းတဲ့စိတ်နဲ့
ဆရာနဲ့အတူ ချီလှမ်းနိုင်ပါစေလို့
ချစ်လွန်းလို့ဘဲ ဆုတောင်းမိတယ် မေရီ...
#ညီမလေးရယ်စိုးရိမ်မိတယ်
❤60😭2🕊1
လှတာကို လူတိုင်းနှစ်သက်ကြတယ်လေ
ဒါပေမဲ့ ဘယ်လိုနှစ်သက်ကြတာလဲ
ကာမအာရုံအဖြစ် နှစ်သက်ကြမှာလား
အဲ့ဒိလိုဆိုရင်တော့ ရင်ပူကြရလိမ့်မယ်
ဪ ... ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံလှပေတယ်လို့
မုဒိတာတရား ထားတတ်ရင် စိတ်ချမ်းသာမယ်
ရင်အေးမယ်
#မျက်ရည်လောကများ၏ဟိုမှာဘက်
ဒါပေမဲ့ ဘယ်လိုနှစ်သက်ကြတာလဲ
ကာမအာရုံအဖြစ် နှစ်သက်ကြမှာလား
အဲ့ဒိလိုဆိုရင်တော့ ရင်ပူကြရလိမ့်မယ်
ဪ ... ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံလှပေတယ်လို့
မုဒိတာတရား ထားတတ်ရင် စိတ်ချမ်းသာမယ်
ရင်အေးမယ်
#မျက်ရည်လောကများ၏ဟိုမှာဘက်
❤64
မ ဖူးသာမှန်း သိသဖြင့်
ဤဆင်းရွှေမျက်နှာ
ငွေယုန်လွှာကို သူ မရှာခဲ့ပါ
ကြမ္မာတကွေ့ ပြန်တွေ့ရပြီဆိုတော့လည်း
လွမ်းတာ များခဲ့ရသူမို့ ရှုစား၍
မက်မပြေပါ
#လွမ်းတေးမဆုံးစေနဲ့ စောသခင်
ဤဆင်းရွှေမျက်နှာ
ငွေယုန်လွှာကို သူ မရှာခဲ့ပါ
ကြမ္မာတကွေ့ ပြန်တွေ့ရပြီဆိုတော့လည်း
လွမ်းတာ များခဲ့ရသူမို့ ရှုစား၍
မက်မပြေပါ
#လွမ်းတေးမဆုံးစေနဲ့ စောသခင်
❤51
ဪ.. ခိုင်ပြောတာ ရယ်စရာကောင်းလို့ပါ
ငါ့မှာ အသည်းနှလုံးရှိပါတယ်
မောင်ညွှန့်ရယ် ....
တခုခြားနားတာက ငါဟာ
ဘယ်သူ့အသည်းနှလုံးကိုမှ မလိုချင်ဘူး
ငါ့အသည်းနှလုံးကိုလဲ
ဘယ်သူ့ကိုမှ မပေးချင်ဘူး
ငါထားနိုင်တာက မေတ္တာတရားသာပါ
မေတ္တာတရားဆိုတာဟာ အနိုင်ယူလေ့လဲ
မရှိဘူး အရှုံးပေးခြင်းလဲ မဟုတ်ဘူး
ဘာကြောင့်ဆိုတော့ မေတ္တာတရားဆိုတာဟာ
တောင့်တခြင်းမှ မဟုတ်ဘဲ ပြီးတော့ ...
နှိမ်ချခြင်းလဲ မဟုတ်ပေဘူး
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
ငါ့မှာ အသည်းနှလုံးရှိပါတယ်
မောင်ညွှန့်ရယ် ....
တခုခြားနားတာက ငါဟာ
ဘယ်သူ့အသည်းနှလုံးကိုမှ မလိုချင်ဘူး
ငါ့အသည်းနှလုံးကိုလဲ
ဘယ်သူ့ကိုမှ မပေးချင်ဘူး
ငါထားနိုင်တာက မေတ္တာတရားသာပါ
မေတ္တာတရားဆိုတာဟာ အနိုင်ယူလေ့လဲ
မရှိဘူး အရှုံးပေးခြင်းလဲ မဟုတ်ဘူး
ဘာကြောင့်ဆိုတော့ မေတ္တာတရားဆိုတာဟာ
တောင့်တခြင်းမှ မဟုတ်ဘဲ ပြီးတော့ ...
နှိမ်ချခြင်းလဲ မဟုတ်ပေဘူး
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
❤72❤🔥7🥰5
ချစ်ချင်၍ ချစ်သည်
နှလုံးသားက စေခိုင်း၍ချစ်သည်
နှလုံးသားဟူသည်မျိုးက
အကြောင်းအကျိုး
ပြတတ်သည်မျိုးမဟုတ်...
#မိုးတွေရွာမှဖြင့်လျှင်ကွယ်
နှလုံးသားက စေခိုင်း၍ချစ်သည်
နှလုံးသားဟူသည်မျိုးက
အကြောင်းအကျိုး
ပြတတ်သည်မျိုးမဟုတ်...
#မိုးတွေရွာမှဖြင့်လျှင်ကွယ်
❤69🥰2
ချစ်ခြင်းမည်သည် ပေါင်းသင်းရခြင်းကို
မျှော်မှန်းပေမဲ့ ပေါင်းသင်းရခြင်း၏
တစ်ခုတည်းကသာ ချစ်ခြင်းမေတ္တာစစ်တို့ရဲ့
ဆုံးလေရာအဖြစ်လို့ တွက်လို့မရပေဘူး။
#ညီမလေးရယ်စိုးရိမ်မိတယ်
မျှော်မှန်းပေမဲ့ ပေါင်းသင်းရခြင်း၏
တစ်ခုတည်းကသာ ချစ်ခြင်းမေတ္တာစစ်တို့ရဲ့
ဆုံးလေရာအဖြစ်လို့ တွက်လို့မရပေဘူး။
#ညီမလေးရယ်စိုးရိမ်မိတယ်
❤62💔3
ကောင်းကင်ပြာကြီးကလည်း ပြာလိုက်တာ
မင်းမျက်ဝန်းတွေကလည်း ပြာပါဘိ
ကောင်းကင်ပြာထဲမှာက ကြယ်မင်း
မင်းမျက်ဝန်းပြာထဲမှာကလည်း
အဲ ကြယ်မင်း၊ ကြယ်မင်းပဲပေါ့
ဒါပေမယ့် ကောင်းကင်ပြာထဲက
ကြယ်မင်းက စကားမပြောတတ်ဘူး
မင်းမျက်ဝန်းပြာထဲက ကြယ်မင်းကတော့
စကားပြောတတ်တယ်၊ ဖြစ်ရပလေကွယ်
ကျုပ်အသည်းအိုအိုကိုမှ နုပျိုသောစကားတွေ
မင်းကပြောမိပလေ။
#သာ၍ဝေးရာဆီကိုပါ
မင်းမျက်ဝန်းတွေကလည်း ပြာပါဘိ
ကောင်းကင်ပြာထဲမှာက ကြယ်မင်း
မင်းမျက်ဝန်းပြာထဲမှာကလည်း
အဲ ကြယ်မင်း၊ ကြယ်မင်းပဲပေါ့
ဒါပေမယ့် ကောင်းကင်ပြာထဲက
ကြယ်မင်းက စကားမပြောတတ်ဘူး
မင်းမျက်ဝန်းပြာထဲက ကြယ်မင်းကတော့
စကားပြောတတ်တယ်၊ ဖြစ်ရပလေကွယ်
ကျုပ်အသည်းအိုအိုကိုမှ နုပျိုသောစကားတွေ
မင်းကပြောမိပလေ။
#သာ၍ဝေးရာဆီကိုပါ
❤57
မျှော်လင့်တော့ မျှော်လင့်တယ်၊
မျှော်လင့်တာတွေ ဖြစ်ကို
ဖြစ်လာပါစေလို့တော့ ဆုမတောင်းဘူး။
ဖြစ်မလာပြန်တော့ ဝမ်းမနည်းဘူး၊
ဝမ်းမနည်းတဲ့အပြင် တစ်စုံတစ်ခုကိုတောင်
ရလိုက်ပြီ၊ အဲ...လွမ်းပျော်မွေ့ကြီး၊
လွမ်းပျော်မွေ့ကြီး...။
#မျက်ရည်လောကများ၏ဟိုမှာဘက်
မျှော်လင့်တာတွေ ဖြစ်ကို
ဖြစ်လာပါစေလို့တော့ ဆုမတောင်းဘူး။
ဖြစ်မလာပြန်တော့ ဝမ်းမနည်းဘူး၊
ဝမ်းမနည်းတဲ့အပြင် တစ်စုံတစ်ခုကိုတောင်
ရလိုက်ပြီ၊ အဲ...လွမ်းပျော်မွေ့ကြီး၊
လွမ်းပျော်မွေ့ကြီး...။
#မျက်ရည်လောကများ၏ဟိုမှာဘက်
❤58💔8🥰3😭2
ကြုံဖူးလျှင် မလွမ်းတတ်တဲ့လူ
မည်သူ ရှိမည်နည်း။
နှလုံးသားရှိလျှင် မလွမ်းတတ်တဲ့လူ
မည်သူ ရှိမည်နည်း။
#နှင်းငွေတထောင့်မိုးတမှောင့်
မည်သူ ရှိမည်နည်း။
နှလုံးသားရှိလျှင် မလွမ်းတတ်တဲ့လူ
မည်သူ ရှိမည်နည်း။
#နှင်းငွေတထောင့်မိုးတမှောင့်
❤59🥰3💔2
လမ်းမြေလေးက မာပြီး ဝါလည်းဝါတယ်ကွဲ့။
သဘာဝလမ်းလေးဖြစ်တော့ မြေပြင်နဲ့ အလိုက်
သင့်အောင် ကွေ့ကာ ချိုးကာ သူ ပြေးနေရတယ်။
တောတောင်ရေမြေ ရေကြောမြေကြောတွေကို
ကိစ္စတစ်ခုလုပ်ပြီး ကြည့်တတ်တဲ့ ကိုယ်ကတော့
သတိပြုမိတယ်လေ။ ပြီးတော့ ရှုခင်းပန်းချီကို
ကိုယ်ချစ်တယ်။
ကိုယ်ချစ်တာက မိုးကောင်းကင် တောတောင်
ရေမြေနဲ့ လယ်ကွင်းတွေ၊ လွင်သန့်တွေ၊
အဲ...ပြီးတော့ လူနင်းပြီး ဖောက်ထားတဲ့
ခြေလမ်းဝါဝါလေးတွေပါ။
သရက်တောလေးတစ်ခုနားကစပြီး မြေလမ်း
ဝါဝါလေးဟာ ခင်တန်းပေါ်တက်သွားတယ်။
ပြေပြေညီညီချောချောလေး တက်သွားတဲ့
မြေလမ်းဝါလေးအတိုင်း ကိုယ်ဆက်လာခဲ့တယ်။
တောရိပ်တောင်ရိပ်နား နီးတာမို့
မြေလမ်းဝါလေးရဲ့ တစ်ဖက်မြေပြင်မှာ
စိမ့်ရေကြောင့် မြက်ပင်လေးတွေဟာ
စိမ်းနေတယ်။ တခြားတစ်ဖက်က
သစ်ပင်တွေကလည်း စိမ်းတယ်။
ပန်းချီဆန်လှတာမို့ မော်တော်ဆိုင်ကယ်လေးကို
ခဏရပ်ပြီး ငေးမိတယ်။ နှုတ်ကလည်း ကဗျာကို
ရွတ်မိတယ်ပေါ့။
အိပ်မက်တကာ့ အိပ်မက်မှာ
ကြင်နာသူ သဘာဝတရားက
ပေးသနားသော ဆုမင်္ဂလာ
အသာယာတည့် အသာယာဆုံး။
#ချစ်သူ့အိမ်အမိုးနောက်မှာလပျောက်ခဲ့ခြင်း
သဘာဝလမ်းလေးဖြစ်တော့ မြေပြင်နဲ့ အလိုက်
သင့်အောင် ကွေ့ကာ ချိုးကာ သူ ပြေးနေရတယ်။
တောတောင်ရေမြေ ရေကြောမြေကြောတွေကို
ကိစ္စတစ်ခုလုပ်ပြီး ကြည့်တတ်တဲ့ ကိုယ်ကတော့
သတိပြုမိတယ်လေ။ ပြီးတော့ ရှုခင်းပန်းချီကို
ကိုယ်ချစ်တယ်။
ကိုယ်ချစ်တာက မိုးကောင်းကင် တောတောင်
ရေမြေနဲ့ လယ်ကွင်းတွေ၊ လွင်သန့်တွေ၊
အဲ...ပြီးတော့ လူနင်းပြီး ဖောက်ထားတဲ့
ခြေလမ်းဝါဝါလေးတွေပါ။
သရက်တောလေးတစ်ခုနားကစပြီး မြေလမ်း
ဝါဝါလေးဟာ ခင်တန်းပေါ်တက်သွားတယ်။
ပြေပြေညီညီချောချောလေး တက်သွားတဲ့
မြေလမ်းဝါလေးအတိုင်း ကိုယ်ဆက်လာခဲ့တယ်။
တောရိပ်တောင်ရိပ်နား နီးတာမို့
မြေလမ်းဝါလေးရဲ့ တစ်ဖက်မြေပြင်မှာ
စိမ့်ရေကြောင့် မြက်ပင်လေးတွေဟာ
စိမ်းနေတယ်။ တခြားတစ်ဖက်က
သစ်ပင်တွေကလည်း စိမ်းတယ်။
ပန်းချီဆန်လှတာမို့ မော်တော်ဆိုင်ကယ်လေးကို
ခဏရပ်ပြီး ငေးမိတယ်။ နှုတ်ကလည်း ကဗျာကို
ရွတ်မိတယ်ပေါ့။
အိပ်မက်တကာ့ အိပ်မက်မှာ
ကြင်နာသူ သဘာဝတရားက
ပေးသနားသော ဆုမင်္ဂလာ
အသာယာတည့် အသာယာဆုံး။
#ချစ်သူ့အိမ်အမိုးနောက်မှာလပျောက်ခဲ့ခြင်း
❤32🥰2
❤46💔22😭6🥰2
လူတိုင်းမှာရှိကြတဲ့ ဘဝမျှော်မှန်းချက်
အကြောင်းတော့ လူတိုင်းနားလည်နိုင်တယ်။
ဒါပေမဲ့ တိုးတိုးသိရဲ့လား၊ တချို့လူတွေကျ
ကိုယ်ချစ်ခင်တဲ့ သူရဲ့ ဘဝအတွက်ကို
ကိုယ့်ဘဝလိုပဲ မျှော်မှန်းချက်ထားတတ်ကြတယ်။
#မေတ္တာများနဲ့စိန်ပန်းနီနီ
အကြောင်းတော့ လူတိုင်းနားလည်နိုင်တယ်။
ဒါပေမဲ့ တိုးတိုးသိရဲ့လား၊ တချို့လူတွေကျ
ကိုယ်ချစ်ခင်တဲ့ သူရဲ့ ဘဝအတွက်ကို
ကိုယ့်ဘဝလိုပဲ မျှော်မှန်းချက်ထားတတ်ကြတယ်။
#မေတ္တာများနဲ့စိန်ပန်းနီနီ
❤64💔5🥰4
ချစ်တယ်ဆိုတာဟာ ရင်ခုန်တာပဲဖြစ်ရမှာ။
သူ့ ကွယ်ရာမှာ သူ့ကိုတွေ့ချင်တယ်။
တွေ့ပြန်တော့လည်း ချွေးစေးတွေပြန်ပြီး
ရှက်သလို ကြောက်သလို ရင်မှာ ခုန်လာပြီး
အနေရကျပ်လို့ မူးနောက်နောက် ဖြစ်လာတယ်။
ဒါဟာ ချစ်တာဖြစ်ရမှာပဲ
#ညီမလေးရယ်စိုးရိမ်မိတယ်
သူ့ ကွယ်ရာမှာ သူ့ကိုတွေ့ချင်တယ်။
တွေ့ပြန်တော့လည်း ချွေးစေးတွေပြန်ပြီး
ရှက်သလို ကြောက်သလို ရင်မှာ ခုန်လာပြီး
အနေရကျပ်လို့ မူးနောက်နောက် ဖြစ်လာတယ်။
ဒါဟာ ချစ်တာဖြစ်ရမှာပဲ
#ညီမလေးရယ်စိုးရိမ်မိတယ်
❤74🍓6
မင်္ဂလာရှိသော နေ့သစ်လေး ဖြစ်ပါစေ
💙 Happy Birthday To Me 💙
ဒီကနေ့ စက်တင်ဘာလ၃၀ရက်နေ့က Admin ရဲ့
မွေးနေ့ ဖြစ်ပါတယ် အဲ့တာကြောင့်
မွေးနေ့ဆုတောင်းစာသားလေးများ
ပေးပို့လိုပါက @nieh3659 ကို
ပေးပို့နိုင်ပါတယ်
အားလုံးရဲ့ဆုတောင်းစကားတွေလဲကို
စောင့်မျှော်နေပါတယ်
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ
ကြပါစေ 💙
💙 Happy Birthday To Me 💙
ဒီကနေ့ စက်တင်ဘာလ၃၀ရက်နေ့က Admin ရဲ့
မွေးနေ့ ဖြစ်ပါတယ် အဲ့တာကြောင့်
မွေးနေ့ဆုတောင်းစာသားလေးများ
ပေးပို့လိုပါက @nieh3659 ကို
ပေးပို့နိုင်ပါတယ်
အားလုံးရဲ့ဆုတောင်းစကားတွေလဲကို
စောင့်မျှော်နေပါတယ်
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ
ကြပါစေ 💙
❤57🥰5
မောင့်ကိုခွင့်လွှတ်ပါလေခိုင်၊
နောင်ဘဝ ဆိုသည်လည်း ရှိပါစေခိုင်...ဘဝတို့အကြိမ်ကြိမ် ပြန်လည်ဖွားမြောက်လေသော သံသရာဆိုသည်နှင့် သံသရာ၌ပြန်လည်တွေ့ဆုံတက်သော ရေစက်ဆိုသည်လည်းရှိပါစေခိုင်... သံသရာလမ်းဘုံဘဝကျွန်းထောက်တစ်စခန်းမှာ ရေစက်အဟုန်ကြောင့် ခိုင်နှင့် မောင် ပြန်လည်တွေ့ဆုံ လျှင်...
မောင့်ကို ခွင့်လွှတ်နိုင်ပါစေ ခိုင်...
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
နောင်ဘဝ ဆိုသည်လည်း ရှိပါစေခိုင်...ဘဝတို့အကြိမ်ကြိမ် ပြန်လည်ဖွားမြောက်လေသော သံသရာဆိုသည်နှင့် သံသရာ၌ပြန်လည်တွေ့ဆုံတက်သော ရေစက်ဆိုသည်လည်းရှိပါစေခိုင်... သံသရာလမ်းဘုံဘဝကျွန်းထောက်တစ်စခန်းမှာ ရေစက်အဟုန်ကြောင့် ခိုင်နှင့် မောင် ပြန်လည်တွေ့ဆုံ လျှင်...
မောင့်ကို ခွင့်လွှတ်နိုင်ပါစေ ခိုင်...
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
❤84💔11🕊9🍓7😭7😢1
ကိုသက်ပန်တို့ဟာ သွေးလည်းမဆာပါဘူး
အသက်ကိုလည်း မလိုချင်ပါဘူး။
ကိုသက်ပန်တို့က စနစ်တစ်ခုကိုသာ တိုက်နေတာ၊
လူလူချင်း လူလိုမဆက်ဆံလိုတဲ့ စနစ်၊ တစ်စုမှာ သာဖို့ တစ်စုကို နာစေတဲ့စနစ်။ ဒါတွေကိုသာ
တိုက်နေတာ၊ ဖက်ဆစ်စနစ်၊ နယ်ချဲ့စနစ်မှ
မဟုတ်ဘူး။ ဒီအသွင်မျိူးဆောင်ရင်
ဘယ်စနစ်ကိုမဆို တိုက်ရမှာပါပဲ။
#မုန်းရစ်လေဦး
အသက်ကိုလည်း မလိုချင်ပါဘူး။
ကိုသက်ပန်တို့က စနစ်တစ်ခုကိုသာ တိုက်နေတာ၊
လူလူချင်း လူလိုမဆက်ဆံလိုတဲ့ စနစ်၊ တစ်စုမှာ သာဖို့ တစ်စုကို နာစေတဲ့စနစ်။ ဒါတွေကိုသာ
တိုက်နေတာ၊ ဖက်ဆစ်စနစ်၊ နယ်ချဲ့စနစ်မှ
မဟုတ်ဘူး။ ဒီအသွင်မျိူးဆောင်ရင်
ဘယ်စနစ်ကိုမဆို တိုက်ရမှာပါပဲ။
#မုန်းရစ်လေဦး
❤55❤🔥15🕊13🥰9
❤82💔11❤🔥7
ကျွန်တော်ယုံကြည်တဲ့ အချစ်ဆိုတာကတော့
သူ့ဆီက ဘာမှမလိုချင်ပါဘူး
ကိုယ်ကသာ ပေးချင်တယ်
တခြားပေးစရာမရှိရင် အသည်းနှလုံးနဲ့
မျက်ရည်ကိုပဲ ဖြစ်ဖြစ် ပေးမယ်
#မောင့်ဘဝညအလားကွယ်
သူ့ဆီက ဘာမှမလိုချင်ပါဘူး
ကိုယ်ကသာ ပေးချင်တယ်
တခြားပေးစရာမရှိရင် အသည်းနှလုံးနဲ့
မျက်ရည်ကိုပဲ ဖြစ်ဖြစ် ပေးမယ်
#မောင့်ဘဝညအလားကွယ်
❤108❤🔥15💔8🥰6
ကျွန်းငွေသောင်နှင့် ဧရာမြစ်ပြင်ကို
ဖြတ်ကာတိုက်လာသော ညှင်းလေကြောင့်
နဖူးထက် ဆံယဉ်စလေးများ လွင့်ပါးလှုပ်ရှား
နေကြသည့် ထား၏မျက်နှာ အသားဝါနုနုလေးကို
ငေးရင်း သီချင်းဆိုနေရသည့်.......အဲနေ့တုန်းက ကျွန်တော်မလွမ်းပါ။
လွမ်းရသည်က နောက်.....။
သြော်.....ထားရေ...နောက် ။ နောက်......
#တပြည်သူမရွှေထား
ဖြတ်ကာတိုက်လာသော ညှင်းလေကြောင့်
နဖူးထက် ဆံယဉ်စလေးများ လွင့်ပါးလှုပ်ရှား
နေကြသည့် ထား၏မျက်နှာ အသားဝါနုနုလေးကို
ငေးရင်း သီချင်းဆိုနေရသည့်.......အဲနေ့တုန်းက ကျွန်တော်မလွမ်းပါ။
လွမ်းရသည်က နောက်.....။
သြော်.....ထားရေ...နောက် ။ နောက်......
#တပြည်သူမရွှေထား
❤61❤🔥6