ယနေ့ကျရောက်သော
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ
စ၍ မြန်မာပြည်သားအပေါင်း
လိုအင်ဆန္ဒများပြည့်ဝကြစေ
ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် ♥️
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ
စ၍ မြန်မာပြည်သားအပေါင်း
လိုအင်ဆန္ဒများပြည့်ဝကြစေ
ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် ♥️
❤20🥰2
နွေတွင်ဖြစ်သဖြင့် ရော်ရွက်တို့သည်
ပင်မကို စွန့်ခွါရပေမည်
လေသရမ်းသည် ကြမ်းရပေမည်
သို့သော် လရောင်ဖျော့ဖျော့ ပိတောက်ပင်ရိပ်
မြေမို့ပေါ်မှ လူနှစ်ယောက်၏
အတ္ထုပ္ပတ္တိ ပြီးဆုံးခြင်းကိုမူ
အဘယ်သူသည် သိလာလိမ့်အံ့နည်း ...
#မြေခရွက်ဝါ
ပင်မကို စွန့်ခွါရပေမည်
လေသရမ်းသည် ကြမ်းရပေမည်
သို့သော် လရောင်ဖျော့ဖျော့ ပိတောက်ပင်ရိပ်
မြေမို့ပေါ်မှ လူနှစ်ယောက်၏
အတ္ထုပ္ပတ္တိ ပြီးဆုံးခြင်းကိုမူ
အဘယ်သူသည် သိလာလိမ့်အံ့နည်း ...
#မြေခရွက်ဝါ
🥰13❤9😢1
စိန်ပန်းကို တော်၀င်ပန်းလို့
ဘယ်သူကမှ မသတ်မှတ်ဘူး
ဘယ်သူကမှလည်း
မြတ်မြတ်နိုးနိုး ခေါင်းမှာမဆင်ဘူး
ဒါပေမဲ့ သူက ဝတ္တရားမပျက်ဘဲ လေထန်ထန်
မိုးမှောင်မှောင်ထဲမှာ
လောကကိုအလှဆင်တတ်တယ်
#စွန့်ခွာရသည့်နွေညများ ❤️
ဘယ်သူကမှ မသတ်မှတ်ဘူး
ဘယ်သူကမှလည်း
မြတ်မြတ်နိုးနိုး ခေါင်းမှာမဆင်ဘူး
ဒါပေမဲ့ သူက ဝတ္တရားမပျက်ဘဲ လေထန်ထန်
မိုးမှောင်မှောင်ထဲမှာ
လောကကိုအလှဆင်တတ်တယ်
#စွန့်ခွာရသည့်နွေညများ ❤️
❤64🥰1
ယနေ့ ၂၀၂၂ မေလ ၁၀ ရက်နေ့မှာ စာချစ်သူတို့ အားလုံး သဘောကျနှစ်ခြိုက်ကြတဲ့ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်
ကွယ်လွန်ခဲ့တာ နှစ်၂၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား” ဆိုတဲ့အတိုင်း ဆရာကြီးရဲ့ ရသမြောက်လက်ရာမွန်တွေဟာ ခေတ်ပြိုင်ကာလမှသည် ယနေ့ထိပင် မက်မောစွာ ဖတ်ရှုနေကြဆဲ ဖြစ်ပြီး နောင်နှစ်များစွာထိလည်း စာချစ်သူတို့ရဲ့ နှစ်ခြိုက်မှုကို ရရှိနေဦးမယ်ဆိုတာ မလွဲပါဘူး။
🙏🙏🙏
စာပေပါရမီ၊ ပညာနဲ့ လောကကို အကျိုးပြုမှုများအတွက် လေးလေးနက်နက် ဂါရဝပြု ပါတယ်
တက္ကသိုလ်ဘုန်းနိုင် ကိုယ်ရေးအကျဉ်း
-----------------------------------
ရန်ကုန်တိုင်း သန်လျင်မြို့၌ အဖ ဦးထွန်းဖေ၊ အမိ ဒေါ်ကြင်မေ တို့က ၁၆ ဇန်နဝါရီ ၁၉၃ဝ ကြာသပတေး နေ့တွင် မွေးဖွား ခဲ့သည်။ မွေးချင်း ငါးယောက်တွင် ဒုတိယမြောက် ဖြစ်သည်။ ငယ်မည် မောင်ဖေသိန်း၊ လက်ရှိ အမည်ရင်းမှာ ဦးခင်မောင်တင့် ဖြစ်သည်။
မက်သဒစ် ကျောင်းများ (သန်လျင်၊ တွံတေး၊ သုံးခွ)၊ အစိုးရ အထက်တန်း ကျောင်းများ (ပြည်၊ ပေါင်းတည်)၊ ဗုဒ္ဓ ဘာသာ စာပေကို ကိုးတောင်တွဲကျောင်း (ထုံးဘို)၊ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၄၈)၊ ရန်ကုန် တက္ကသိုလ် (၁၉၄၈)၊ စိတ်ပညာ ဝိဇ္ဇာ ဂုဏ်ထူးဘွဲ့ (၁၉၅၅)၊ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ် ဘွဲ့လွန် မဟာ ဌာနမှ မဟာ ဝိဇ္ဇာဘွဲ့ (၁၉၅၉ - ၆၁) တို့ကို ဆည်းပူး အောင်မြင် ခဲ့သည်။
မန္တလေး ယူနီဗာစီတီ ကောလိပ် စိတ်ပညာ ဌာနမှူး (၁၉၅၅)၊ တောင်ကြီး ကောလိပ် ကျောင်းအုပ်ကြီး (၁၉၆၂ - ရ၂)၊ ပုသိမ် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၂ - ရ၇)၊ မော်လမြိုင် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၇ - ၈၅)၊ မော်လမြိုင် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (၁၉၈၆ - ၈၈)အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ပညာရေး တက္ကသိုလ် ပါမောက္ခချုပ် အဖြစ်တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၈အရေးအခင်း၌ စစ်မှန်သောဒီမိုကရေစီကို တောင်းဆိုရာတွင် ပါဝင်ခဲ့မှုကြောင့် စစ်အာဏာပိုင်များက အငြိမ်းစားပေးခြင်းခံခဲ့ရသည်။
မြန်မာ ပညာရေး လေ့လာရေး အဖွဲ့ ခေါင်းဆောင် အဖြစ် ဂျပန် (၁၉၇၇) နှင့် တရုတ် (၁၉၈၃) သို့ လည်းကောင်း၊ မြန် ပညာရေး အထူး လေ့လာရေး အဖွဲ့ ဒုတိယ ခေါင်းဆောင် အဖြစ် ဂျပန် (၁၉၈၁) သို့ လည်းကောင်း၊ အာဆီယံ - ကိုရီးယား ယဉ်ကျေးမှု ခေါင်းဆောင် ဖလှယ်ရေး အစီအစဉ် တွေ့ဆုံ ပွဲများတွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် ၁၉၉၉ နှင့် ၂ဝဝဝ ပြည့်နှစ်များ၌ ကိုးရီးယား သမ္မတ နိုင်ငံသို့ သွားရောက် ခဲ့ပြီး စာတမ်းများ ပြုစု ဖတ်ကြား ခဲ့သည်။
စာပေနယ်သို့ ရှုမဝ မဂ္ဂဇင်း ပါ "ဒွိဟ" ကဗျာဖြင့် ၁၉၄၉ ခုနှစ်တွင် စတင် ဝင်ရောက် ခဲ့သည်။ ထင်ရှားသည့် လုံးချင်း ဝတ္ထုရှည် (novel) အချို့မှာ ညီမလေးရယ် စိုးရိမ်မိတယ် (၁၉၅၈)၊ သူ့ကျွန်မခံပြီ (၁၉၅၉)၊ လွမ်း (၁၉၆၂)၊ မိုးည အိပ်မက်မြူ (၁၉၆၂)၊ ဤမြေမှသည် (၁၉၆၃)၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ (၁၉၆၃)၊ မောင့်ဘဝ ညအလားကွယ် (၁၉၆၃)၊ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် (၁၉၆၄)၊ ချစ်သော ဤကမ္ဘာ (၁၉၆၄)၊ လွမ်းတေး မဆုံးစေနှင့် စောသခင် (၁၉၆၅)၊ ကမ္ဘာကုန် ကျယ်သရွေ့ဝယ် (၁၉၆၆)၊ နွေကန္တာဦး (၁၉၆၈)၊ ဝသန် လေချိန်မှန်ကူး (၁၉၆၉)၊ တပြည်သူ မရွှေထား (၁၉၇၁)၊ နှင်းငွေ့တထောင့် မိုးတမှောင့် (၁၉၇၂)၊ ကိုယ့်အလှ ဘဝငွေလမင်း (၁၉၇၆)၊ စွန့်ခွာရသည့် နွေညများ (၁၉၈ဝ)၊ မိုးတွေ ရွာမှဖြင့် လျှင်ကွယ် (၁၉၈၄)၊ တိမ်ညိုအလွင့် လအမြင့် (၁၉၉ဝ)၊ ချစ်သူအိမ်အမိုး နောက်ဝယ် လ ပျောက်ခဲ့ခြင်း (၁၉၉၁)၊ မျက်ရည် လောကများ၏ ဟိုမှာဘက် (၁၉၉၂)၊ လေရူးသည် စာမတတ်ပါ (၁၉၉၅) စသည်တို့ ဖြစ်ကြသည်။ ထင်ရှားသည့် မဂ္ဂဇင်း ဝတ္ထုရှည် (novelette) များမှာ နှင်းရွက်ကြွေစော (၁၉၅၈)၊ မုန်းရစ်လေဦး (၁၉၅၈)၊ ရေပင်လယ်နှင် ငွေစင်ကြယ် (၁၉၅၈)၊ တန်ခူးလေနှင့် လျောတော့သည် (၁၉၆၁)၊ ပိတောက်နှင့် ကြိုပါမည် မာရီယာ (၁၉၆၃)၊ ကရုဏာ မိခင် (၁၉၆၃) တို့ ဖြစ်ကြသည်။ ဝတ္ထုတို အများ ကိုလည်း ရေးသားခဲ့ရာ ယင်းတို့ကို ပြန်လည် တင်ပြသည် (၁၉၆၅)၊ ဝတ္ထုတို ပေါင်းချုပ် အမှတ် ၁၊ ၂၊ ၃ (၁၉၆၉)၊ ဝိညာဉ်မှာ ဖူးသည့် ကြည်နူးမှု အလှပန်း (၁၉၉၃)၊ ကျွန်တော့် ဘဝ ပိတောက်ကမ္ဘာ (၁၉၉၃) စသည်ဖြင့် စုစည်း ခဲ့သည်။ စာပေ အနုပညာ ဆိုင်ရာ ကျမ်းများမှာ ဘုန်းနိုင့် အတွေး ဘုန်းနိုင့် အမြင် (၁၉၇၇)၊ ခမ်သိမ်းကလျာ ရှုဖွယ်သာတည်း ပထမတွဲ၊ ဒုတိယတွဲ (၁၉၉၄) တို့ ဖြစ်ကြသည်။ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ ဘာသာပြန် ကဗျာ စာအုပ် များမှာ ရှားလော့ဒေဝီ (၁၉၉၆)၊ တမ်းတမိခြင်း (၁၉၉၇) တို့ ဖြစ်ကြသည်။

❤43😢8
နိုင်ငံခြား ဘာသာသို့ ပြန်ဆို ထုတ်ဝေ ခဲ့သည့် စာအုပ်များမှာ ရုရှား ဘာသာဖြင့် 'သူ့ကျွန်မခံပြီ' (၁၉၇ဝ)၊ တရုတ် ဘာသာဖြင့် 'စွန့်ခွာရသည့် နွေညများ' (၁၉၈၈)၊ ဟင်ဒီ ဘာသာဖြင့် 'သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်' (၁၉၉၄) တို့ ဖြစ်ကြသည်။ 'နှင်းငွေ့ တထောင့် မိုးတမှောင့်' ဖြင့် (၁၉၇၂) ခုနှစ်တွင် အမျိုးသား စာပေဆု ရရှိခဲ့သည်။
(၂၀၀၂) ခုနှစ် မေလ ၁၀ ရက်နေ့တွင် သန်လျင်မြို့၌ ကွယ်လွန်သည်။
Credit
(၂၀၀၂) ခုနှစ် မေလ ၁၀ ရက်နေ့တွင် သန်လျင်မြို့၌ ကွယ်လွန်သည်။
Credit
❤51😢9
သံယောဇဥ်အကြောင်းကို ညီလေးငယ်ကောင်းကောင်းသိရဲ့လား. . .
နှောင်ကြိုးလို့လည်းပြောကြတယ်၊ တွယ်တယ်လို့လည်းပြောကြတယ်။
ရုန်းမရတဲ့သဘော၊ ခွါမရတဲ့သဘော။
ဘယ်သူမပြု၊ မိမိမှုလို့ တရားကတော့ ပြောတယ်။
ပုထုဇဥ်အတွက်ကတော့ တရားဆိုတာဟာ စကားတစ်မျိုးသာပဲပေါ့။ မဟုတ်ဘူးလား ညီလေးငယ်...
နားထဲမှာအသံပေါ်လာတယ်၊ ပြီးတော့ပျောက်သွားတယ်။
နှလုံးသားမှာတော့ သံယောဇဥ်...
တစ်ဇဥ်လည်းမဟုတ်ဘူး၊ နှစ်ဇဥ်လည်းမဟုတ်ဘူး၊ သုံးဇဥ်လည်းမဟုတ်ဘူး။
ခိုင်လိုက်တာမျိုးကလည်း သံယော...လို့ မရေးဘဲ သံရော... အဲဒီလိုရေးဖို့ကောင်းတယ်။
သံနဲ့ရောထားသလို သိပ်...ခိုင်တယ်။ သိလား ညီလေးငယ်...
#လွမ်းပါလေရစ်သည်သောင်ငွေဦး

❤61
ချစ်ခြင်းဆိုတာ ပိုင်လိုတာ ဖြစ်ပေမဲ့
ပိုင်ဆိုင်ခြင်းဟာ အချစ်ရဲ့ အဆုံးမဟုတ်ဘူး
လူ့ဘဝကို သမုဒယချည်တိုင်နှောင်ပြီး
မဟီတောင်ကျယ်သရွေ့ နွဲ့လေရာမှာ
ဆရာ့ညီမလေး မေရီဟာ
ပျော်ရာမှာ ရွှင်တတ်သလို
ငြိုငြင်ရာမှာ မပင်ပန်းဘဲ ထာဝစဉ်လန်းတဲ့စိတ်နဲ့
ဆရာနဲ့အတူ ချီလှမ်းနိုင်ပါစေလို့
ချစ်လွန်းလို့ဘဲ ဆုတောင်းမိတယ် မေရီ...
#ညီမလေးရယ်စိုးရိမ်မိတယ်

❤60😭2🕊1
လှတာကို လူတိုင်းနှစ်သက်ကြတယ်လေ
ဒါပေမဲ့ ဘယ်လိုနှစ်သက်ကြတာလဲ
ကာမအာရုံအဖြစ် နှစ်သက်ကြမှာလား
အဲ့ဒိလိုဆိုရင်တော့ ရင်ပူကြရလိမ့်မယ်
ဪ ... ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံလှပေတယ်လို့
မုဒိတာတရား ထားတတ်ရင် စိတ်ချမ်းသာမယ်
ရင်အေးမယ်
#မျက်ရည်လောကများ၏ဟိုမှာဘက်

❤64
မ ဖူးသာမှန်း သိသဖြင့်
ဤဆင်းရွှေမျက်နှာ
ငွေယုန်လွှာကို သူ မရှာခဲ့ပါ
ကြမ္မာတကွေ့ ပြန်တွေ့ရပြီဆိုတော့လည်း
လွမ်းတာ များခဲ့ရသူမို့ ရှုစား၍
မက်မပြေပါ
#လွမ်းတေးမဆုံးစေနဲ့ စောသခင်
ဤဆင်းရွှေမျက်နှာ
ငွေယုန်လွှာကို သူ မရှာခဲ့ပါ
ကြမ္မာတကွေ့ ပြန်တွေ့ရပြီဆိုတော့လည်း
လွမ်းတာ များခဲ့ရသူမို့ ရှုစား၍
မက်မပြေပါ
#လွမ်းတေးမဆုံးစေနဲ့ စောသခင်
❤51
ဪ.. ခိုင်ပြောတာ ရယ်စရာကောင်းလို့ပါ
ငါ့မှာ အသည်းနှလုံးရှိပါတယ်
မောင်ညွှန့်ရယ် ....
တခုခြားနားတာက ငါဟာ
ဘယ်သူ့အသည်းနှလုံးကိုမှ မလိုချင်ဘူး
ငါ့အသည်းနှလုံးကိုလဲ
ဘယ်သူ့ကိုမှ မပေးချင်ဘူး
ငါထားနိုင်တာက မေတ္တာတရားသာပါ
မေတ္တာတရားဆိုတာဟာ အနိုင်ယူလေ့လဲ
မရှိဘူး အရှုံးပေးခြင်းလဲ မဟုတ်ဘူး
ဘာကြောင့်ဆိုတော့ မေတ္တာတရားဆိုတာဟာ
တောင့်တခြင်းမှ မဟုတ်ဘဲ ပြီးတော့ ...
နှိမ်ချခြင်းလဲ မဟုတ်ပေဘူး
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
ငါ့မှာ အသည်းနှလုံးရှိပါတယ်
မောင်ညွှန့်ရယ် ....
တခုခြားနားတာက ငါဟာ
ဘယ်သူ့အသည်းနှလုံးကိုမှ မလိုချင်ဘူး
ငါ့အသည်းနှလုံးကိုလဲ
ဘယ်သူ့ကိုမှ မပေးချင်ဘူး
ငါထားနိုင်တာက မေတ္တာတရားသာပါ
မေတ္တာတရားဆိုတာဟာ အနိုင်ယူလေ့လဲ
မရှိဘူး အရှုံးပေးခြင်းလဲ မဟုတ်ဘူး
ဘာကြောင့်ဆိုတော့ မေတ္တာတရားဆိုတာဟာ
တောင့်တခြင်းမှ မဟုတ်ဘဲ ပြီးတော့ ...
နှိမ်ချခြင်းလဲ မဟုတ်ပေဘူး
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
❤72❤🔥7🥰5
ချစ်ချင်၍ ချစ်သည်
နှလုံးသားက စေခိုင်း၍ချစ်သည်
နှလုံးသားဟူသည်မျိုးက
အကြောင်းအကျိုး
ပြတတ်သည်မျိုးမဟုတ်...
#မိုးတွေရွာမှဖြင့်လျှင်ကွယ်
နှလုံးသားက စေခိုင်း၍ချစ်သည်
နှလုံးသားဟူသည်မျိုးက
အကြောင်းအကျိုး
ပြတတ်သည်မျိုးမဟုတ်...
#မိုးတွေရွာမှဖြင့်လျှင်ကွယ်
❤69🥰2
ချစ်ခြင်းမည်သည် ပေါင်းသင်းရခြင်းကို
မျှော်မှန်းပေမဲ့ ပေါင်းသင်းရခြင်း၏
တစ်ခုတည်းကသာ ချစ်ခြင်းမေတ္တာစစ်တို့ရဲ့
ဆုံးလေရာအဖြစ်လို့ တွက်လို့မရပေဘူး။
#ညီမလေးရယ်စိုးရိမ်မိတယ်
မျှော်မှန်းပေမဲ့ ပေါင်းသင်းရခြင်း၏
တစ်ခုတည်းကသာ ချစ်ခြင်းမေတ္တာစစ်တို့ရဲ့
ဆုံးလေရာအဖြစ်လို့ တွက်လို့မရပေဘူး။
#ညီမလေးရယ်စိုးရိမ်မိတယ်
❤62💔3
ကောင်းကင်ပြာကြီးကလည်း ပြာလိုက်တာ
မင်းမျက်ဝန်းတွေကလည်း ပြာပါဘိ
ကောင်းကင်ပြာထဲမှာက ကြယ်မင်း
မင်းမျက်ဝန်းပြာထဲမှာကလည်း
အဲ ကြယ်မင်း၊ ကြယ်မင်းပဲပေါ့
ဒါပေမယ့် ကောင်းကင်ပြာထဲက
ကြယ်မင်းက စကားမပြောတတ်ဘူး
မင်းမျက်ဝန်းပြာထဲက ကြယ်မင်းကတော့
စကားပြောတတ်တယ်၊ ဖြစ်ရပလေကွယ်
ကျုပ်အသည်းအိုအိုကိုမှ နုပျိုသောစကားတွေ
မင်းကပြောမိပလေ။
#သာ၍ဝေးရာဆီကိုပါ
မင်းမျက်ဝန်းတွေကလည်း ပြာပါဘိ
ကောင်းကင်ပြာထဲမှာက ကြယ်မင်း
မင်းမျက်ဝန်းပြာထဲမှာကလည်း
အဲ ကြယ်မင်း၊ ကြယ်မင်းပဲပေါ့
ဒါပေမယ့် ကောင်းကင်ပြာထဲက
ကြယ်မင်းက စကားမပြောတတ်ဘူး
မင်းမျက်ဝန်းပြာထဲက ကြယ်မင်းကတော့
စကားပြောတတ်တယ်၊ ဖြစ်ရပလေကွယ်
ကျုပ်အသည်းအိုအိုကိုမှ နုပျိုသောစကားတွေ
မင်းကပြောမိပလေ။
#သာ၍ဝေးရာဆီကိုပါ
❤57
မျှော်လင့်တော့ မျှော်လင့်တယ်၊
မျှော်လင့်တာတွေ ဖြစ်ကို
ဖြစ်လာပါစေလို့တော့ ဆုမတောင်းဘူး။
ဖြစ်မလာပြန်တော့ ဝမ်းမနည်းဘူး၊
ဝမ်းမနည်းတဲ့အပြင် တစ်စုံတစ်ခုကိုတောင်
ရလိုက်ပြီ၊ အဲ...လွမ်းပျော်မွေ့ကြီး၊
လွမ်းပျော်မွေ့ကြီး...။
#မျက်ရည်လောကများ၏ဟိုမှာဘက်
မျှော်လင့်တာတွေ ဖြစ်ကို
ဖြစ်လာပါစေလို့တော့ ဆုမတောင်းဘူး။
ဖြစ်မလာပြန်တော့ ဝမ်းမနည်းဘူး၊
ဝမ်းမနည်းတဲ့အပြင် တစ်စုံတစ်ခုကိုတောင်
ရလိုက်ပြီ၊ အဲ...လွမ်းပျော်မွေ့ကြီး၊
လွမ်းပျော်မွေ့ကြီး...။
#မျက်ရည်လောကများ၏ဟိုမှာဘက်
❤58💔8🥰3😭2
ကြုံဖူးလျှင် မလွမ်းတတ်တဲ့လူ
မည်သူ ရှိမည်နည်း။
နှလုံးသားရှိလျှင် မလွမ်းတတ်တဲ့လူ
မည်သူ ရှိမည်နည်း။
#နှင်းငွေတထောင့်မိုးတမှောင့်
မည်သူ ရှိမည်နည်း။
နှလုံးသားရှိလျှင် မလွမ်းတတ်တဲ့လူ
မည်သူ ရှိမည်နည်း။
#နှင်းငွေတထောင့်မိုးတမှောင့်
❤59🥰3💔2
လမ်းမြေလေးက မာပြီး ဝါလည်းဝါတယ်ကွဲ့။
သဘာဝလမ်းလေးဖြစ်တော့ မြေပြင်နဲ့ အလိုက်
သင့်အောင် ကွေ့ကာ ချိုးကာ သူ ပြေးနေရတယ်။
တောတောင်ရေမြေ ရေကြောမြေကြောတွေကို
ကိစ္စတစ်ခုလုပ်ပြီး ကြည့်တတ်တဲ့ ကိုယ်ကတော့
သတိပြုမိတယ်လေ။ ပြီးတော့ ရှုခင်းပန်းချီကို
ကိုယ်ချစ်တယ်။
ကိုယ်ချစ်တာက မိုးကောင်းကင် တောတောင်
ရေမြေနဲ့ လယ်ကွင်းတွေ၊ လွင်သန့်တွေ၊
အဲ...ပြီးတော့ လူနင်းပြီး ဖောက်ထားတဲ့
ခြေလမ်းဝါဝါလေးတွေပါ။
သရက်တောလေးတစ်ခုနားကစပြီး မြေလမ်း
ဝါဝါလေးဟာ ခင်တန်းပေါ်တက်သွားတယ်။
ပြေပြေညီညီချောချောလေး တက်သွားတဲ့
မြေလမ်းဝါလေးအတိုင်း ကိုယ်ဆက်လာခဲ့တယ်။
တောရိပ်တောင်ရိပ်နား နီးတာမို့
မြေလမ်းဝါလေးရဲ့ တစ်ဖက်မြေပြင်မှာ
စိမ့်ရေကြောင့် မြက်ပင်လေးတွေဟာ
စိမ်းနေတယ်။ တခြားတစ်ဖက်က
သစ်ပင်တွေကလည်း စိမ်းတယ်။
ပန်းချီဆန်လှတာမို့ မော်တော်ဆိုင်ကယ်လေးကို
ခဏရပ်ပြီး ငေးမိတယ်။ နှုတ်ကလည်း ကဗျာကို
ရွတ်မိတယ်ပေါ့။
အိပ်မက်တကာ့ အိပ်မက်မှာ
ကြင်နာသူ သဘာဝတရားက
ပေးသနားသော ဆုမင်္ဂလာ
အသာယာတည့် အသာယာဆုံး။
#ချစ်သူ့အိမ်အမိုးနောက်မှာလပျောက်ခဲ့ခြင်း

❤32🥰2
❤46💔22😭6🥰2
လူတိုင်းမှာရှိကြတဲ့ ဘဝမျှော်မှန်းချက်
အကြောင်းတော့ လူတိုင်းနားလည်နိုင်တယ်။
ဒါပေမဲ့ တိုးတိုးသိရဲ့လား၊ တချို့လူတွေကျ
ကိုယ်ချစ်ခင်တဲ့ သူရဲ့ ဘဝအတွက်ကို
ကိုယ့်ဘဝလိုပဲ မျှော်မှန်းချက်ထားတတ်ကြတယ်။
#မေတ္တာများနဲ့စိန်ပန်းနီနီ
အကြောင်းတော့ လူတိုင်းနားလည်နိုင်တယ်။
ဒါပေမဲ့ တိုးတိုးသိရဲ့လား၊ တချို့လူတွေကျ
ကိုယ်ချစ်ခင်တဲ့ သူရဲ့ ဘဝအတွက်ကို
ကိုယ့်ဘဝလိုပဲ မျှော်မှန်းချက်ထားတတ်ကြတယ်။
#မေတ္တာများနဲ့စိန်ပန်းနီနီ
❤64💔5🥰4
ချစ်တယ်ဆိုတာဟာ ရင်ခုန်တာပဲဖြစ်ရမှာ။
သူ့ ကွယ်ရာမှာ သူ့ကိုတွေ့ချင်တယ်။
တွေ့ပြန်တော့လည်း ချွေးစေးတွေပြန်ပြီး
ရှက်သလို ကြောက်သလို ရင်မှာ ခုန်လာပြီး
အနေရကျပ်လို့ မူးနောက်နောက် ဖြစ်လာတယ်။
ဒါဟာ ချစ်တာဖြစ်ရမှာပဲ
#ညီမလေးရယ်စိုးရိမ်မိတယ်
သူ့ ကွယ်ရာမှာ သူ့ကိုတွေ့ချင်တယ်။
တွေ့ပြန်တော့လည်း ချွေးစေးတွေပြန်ပြီး
ရှက်သလို ကြောက်သလို ရင်မှာ ခုန်လာပြီး
အနေရကျပ်လို့ မူးနောက်နောက် ဖြစ်လာတယ်။
ဒါဟာ ချစ်တာဖြစ်ရမှာပဲ
#ညီမလေးရယ်စိုးရိမ်မိတယ်
❤74🍓6
မင်္ဂလာရှိသော နေ့သစ်လေး ဖြစ်ပါစေ
💙 Happy Birthday To Me 💙
ဒီကနေ့ စက်တင်ဘာလ၃၀ရက်နေ့က Admin ရဲ့
မွေးနေ့ ဖြစ်ပါတယ် အဲ့တာကြောင့်
မွေးနေ့ဆုတောင်းစာသားလေးများ
ပေးပို့လိုပါက @nieh3659 ကို
ပေးပို့နိုင်ပါတယ်
အားလုံးရဲ့ဆုတောင်းစကားတွေလဲကို
စောင့်မျှော်နေပါတယ်
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ
ကြပါစေ 💙
💙 Happy Birthday To Me 💙
ဒီကနေ့ စက်တင်ဘာလ၃၀ရက်နေ့က Admin ရဲ့
မွေးနေ့ ဖြစ်ပါတယ် အဲ့တာကြောင့်
မွေးနေ့ဆုတောင်းစာသားလေးများ
ပေးပို့လိုပါက @nieh3659 ကို
ပေးပို့နိုင်ပါတယ်
အားလုံးရဲ့ဆုတောင်းစကားတွေလဲကို
စောင့်မျှော်နေပါတယ်
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ
ကြပါစေ 💙
❤57🥰5