Forwarded from မြန်မာစာအုပ်စင်
❤39🕊7
Forwarded from မြန်မာစာအုပ်စင်
❤36💔2
အခုလို အစစအရာရာ ခက်ခဲတဲ့ကာလမှာ
စာအုပ်ဝယ်ဖို့ အဆင်မပြေတဲ့သူတွေအတွက်
စာအုပ်စာပေ မပြတ်ဖတ်ရှုနိုင်ရေး ရည်ရွယ်ပြီး
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့စာအုပ်တချို့ကို
Pdf file link နဲ့တကွ တင်ပေးထားပါတယ်
(အဆင်ပြေတဲ့သူတွေကတော့ စာအုပ်ဝယ်ဖတ်ဖို့ကိုပဲ တိုက်တွန်းပါရစေ) ဒီထဲမှာမပါတဲ့ စာအုပ်တချို့ကို Mm bookshelf app သို့
Shwe Mee Eain app မှာ
အခမဲ့ ဖတ်လို့ရပါတယ်နော်
မူရင်း link ပိုင်ရှင်တွေအကုန် credit
ပေးပါတယ်
အားတဲ့အချိန်ကို စာဖတ်ဖို့အတွက် အသုံးချပါ
Channel မှာလဲ စာတိုလေးတွေ မကြာခဏ
တင်ပေးသွားပါမယ်
အားလုံးပဲကျန်းမာရေးဂရုစိုက်ကြပါဗျ ❤️

❤52🥰4
"ကိန္နရီမောင်နှံဟာ မုန်းတိုင်းမိပြီး တစ်ညတာကွဲသွားကြသတဲ့၊ပြန်တွေ့တဲ့အခါမှာ နှစ်ပေါင်းခုနှစ်ရာငိုလို့ မပြီးကြဘူးတဲ့"
"အဲဒါက..အကြာကြီးငိုတာပဲဟာ၊အကြာကြီးချစ်တာမှမဟုတ်ဘဲ.."
"ဪ..ထားရယ်။အကြာကြီးငိုတာဟာ အကြာကြီးချစ်ခဲ့ရလို့ ဖြစ်မှာပေါ့"
"အကြာကြီးချစ်လို့ အကြာကြီးငိုရတယ်ဆိုရင် ထားတို့တော့ မချစ်ချင်ပေါင်၊အကြာကြီးမချစ်ချင်ပေါင်"
"ဒါဖြင့်..ခဏလေးပဲ ချစ်ချင်တယ်ပေါ့၊ဟုတ်လား"
"အိုး...ခဏလေးလဲ မချစ်ချင်ပေါင်၊ခဏလေးလဲ မငိုချင်ပေါင်"
#တပြည်သူမရွှေထား ❤️

❤51
ဤမြေကို သွေးအထပ်ထပ် ဖုံးလွှမ်းရန်
ကြံဖူးကြသည်
သွေးအထပ်ထပ်လဲကျဖူးခဲ့ပြီ
ကျွန်တော့အဘနှင့်ကျွန်တော့ဆရာ တို့၏
အချည်းနှီးသော အဓိပ္ပာယ်မဲ့ သွေးတို့ကို
ဤမြေသည် မကျေမနပ်လက်ခံခဲ့ရပြီးပြီ
သို့သော် ... စိမ်းသောမြေကို ယာယီသွေးတို့
ထာဝစဉ်မလွှမ်းနိုင် ။
#စိမ်းနေဦးမည့်ကျွန်တော့မြေ ❤️

❤35💔1
"ဘာကြောင့် အသည်းနှလုံး မာချင်ရတာလဲ မောင်။ အသည်းနှလုံးမာသူတွေကို ခိုင် ကြောက်တယ်"
ကျွန်တော်က ရယ်မောရသည်။
"မောင့်ကိုတော့ မကြောက်ပါနဲ့ ခိုင်။ မောင့်အသည်းနှလုံးက ဘယ်လောက်မာပါစေ၊ ခိုင်နဲ့ သူငယ်ချင်းတွေအတွက်တော့ နူးညံ့တဲ့ တစ်နေရာ အမြဲရှိနေမယ်..."
#သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်
ကျွန်တော်က ရယ်မောရသည်။
"မောင့်ကိုတော့ မကြောက်ပါနဲ့ ခိုင်။ မောင့်အသည်းနှလုံးက ဘယ်လောက်မာပါစေ၊ ခိုင်နဲ့ သူငယ်ချင်းတွေအတွက်တော့ နူးညံ့တဲ့ တစ်နေရာ အမြဲရှိနေမယ်..."
#သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်
❤81🥰9
သမုဒယတနွယ်ငင်သည့် သံယောစဉ်
ဤဇာတ်လမ်း၌ တခန်းမှ ပါဝင်ခဲ့လေ၍
မင်သော ပိတောက်ကိုမြင်လေတိုင်း
မကြင်သော တယောက်ကို
ထင်ယောင်မိသဖြင့် မချိလှသောရင်မှာ
မသက်သာသော်လည်း သည်ဝေဒနာ၏
သံသရာကိုသာ တနှစ်တခါ
ထပ်ကာလည်စေမိသော ကိုယ့်ကိုကိုယ်သာ
အံ့ဩရမည် ထင်ပါ၏
#တန်ခူးလေနှင့်လျောတော့သည်💙
ဤဇာတ်လမ်း၌ တခန်းမှ ပါဝင်ခဲ့လေ၍
မင်သော ပိတောက်ကိုမြင်လေတိုင်း
မကြင်သော တယောက်ကို
ထင်ယောင်မိသဖြင့် မချိလှသောရင်မှာ
မသက်သာသော်လည်း သည်ဝေဒနာ၏
သံသရာကိုသာ တနှစ်တခါ
ထပ်ကာလည်စေမိသော ကိုယ့်ကိုကိုယ်သာ
အံ့ဩရမည် ထင်ပါ၏
#တန်ခူးလေနှင့်လျောတော့သည်💙
❤31
ကျက်သရေ မင်္ဂလာအပေါင်းနှင့်
ပြည့်စုံသော မဟာသင်္ကြန်အခါသမယ
မှာ မြန်မာပြည်သားအပေါင်း
စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့်
လိုအပ်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည် 💙
ပြည့်စုံသော မဟာသင်္ကြန်အခါသမယ
မှာ မြန်မာပြည်သားအပေါင်း
စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့်
လိုအပ်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည် 💙
❤23
ပိတောက်တွေလည်း ပွင့်ချိန်နီးပြီ။
မနက်ဖြန်လော...သန်ဘက်ခါလော...။
တစ်ရက် နှစ်ရက် သုံးလေးရက်
ပွင့်တော့ပွင့်ရော့မည်။
ကျွန်တော့ရင်က ခုန်လာသည်။
နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ခုန်လာသည်။
ပတ်ဝန််းကျင်မှာ သင်္ကြန်၏ အရိပ်နိမိတ်ကလေးများ
ပေါ်နေပြီ။ ကျွန်တော်၏ နှာခေါင်းတွင်ကား
သင်္ကြန်၏ အနံ့အသက်လေးများကိုပင် ရနေ၏။
တန်ခူးဆိုသည်က နှစ်သစ်တစ်ခု၏အစပါ။
နှစ်သစ်တစ်ခု၏ စခြင်းကို ပြသော လက္ခဏာတွေက ပတ်ဝန်းကျင်မှာ လှပထင်ရှားနေကြသည်။
ကျွန်တော့်ရှေ့၌ မြင်သမျှသော ပင်အိုနှင့်
ပင်ပျိုတို့သည် ရွက်သစ်တွေကို ဆင်ထားကြ၏။
ရွက်ဝါရွက်ဟောင်းတွေက တပေါင်းတည်းက
ကြွေစင်ကုန်ခဲ့ပြီ။ မနုတော့သော်လည်း
မရင့်သေးသော ရွက်သစ်တို့သည် ပျိပျိုလွင်လွင်
ရှိလှသည်။ နှစ်သစ် အချိန်သစ်မှာ လောကကို
တန်ဆာဆင်နေကြသည်။
#ပိတောက်ပွင့်ဆဲလသာဆဲဝယ်

❤22🥰18
ဟိုတစ်နွေက ပိတောက်ဦး
ကိုယ် ခူးမယ် ကြံလာ
ပန်းမခူးရတဲ့ ဥယျာဥ်မှူးရဲ့ ကမ္ဗည်းစာ
စိတ်ထားတော် မခံဝံ့ပြီမို့ စိုးရွံ့ရပ်နား မကြည်သာ...
ပိတောက်ဦးညှာ ပင်မြင့်မှာ ကြူကြူမွှေးပါဘိ
မြတ်လေးသူ ချူယူစမ်းပါ့ လက်ကမ်းကြို
ဖြူမနောနှင့် ပြောရော့လေသလား ခံစား ကိုယ့်ရင်မှာ...
ပိတောက်ပန်းဆိုတော့ ခူးချင်ကြသည်။
မိမိလည်း ခူးချင်ခဲ့သည်။ မိမိက လူပါ။
ပိတောက်ကို ချစ်တတ်သော လူပါ။
ဤအတွက် ဘယ်တုံးကမှ မိမိကိုယ်ကိုယ်
အပြစ်မတင်ပါ။
#လေရူးသည်စာမတတ်ပါ

❤33🥰2
ယနေ့ကျရောက်သော
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ
စ၍ မြန်မာပြည်သားအပေါင်း
လိုအင်ဆန္ဒများပြည့်ဝကြစေ
ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် ♥️
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ
စ၍ မြန်မာပြည်သားအပေါင်း
လိုအင်ဆန္ဒများပြည့်ဝကြစေ
ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် ♥️
❤20🥰2