တက္ကသိုလ်ဘုန်းနိုင်
12.1K subscribers
3 photos
20 files
1 link
" ငါ့စာဖတ်၍ မမြတ်တိုင်စေ
မရှုံးစေသား ပျင်းပြေ နှစ်ခြိုက်
တွေးဖွယ်ထိုက်ရာ တပိုဒ်တလေ
တွေ့ငြားလေမူ စာပေကျေးကျွန်
ငါ့ဝတ်ပွန်ပြီ ငါအမွန်အမြတ်
ငါအတတ်ဟု စာဖတ်သူပေါ်
ခေါင်းကိုကျော်၍ ငါသော်ဆရာ
မလုပ်ပါတည်း ... "
Download Telegram
သံယောဇဥ်ဆို
ဘယ်သံယောဇဥ်မှ မကောင်းဘူး

သံယောဇဥ် မရှိသေးသူများ
မရှိတဲ့အတိုင်းပဲနေကြစေချင်တယ်
ရှိကြလို့ ရှိရင်လည်း
သံယောဇဥ်ကြိုးကို မရှည်ခင်
တိုတိုဖြတ်တာကောင်းတယ်

မုန်းစကိုတိုစေ၊ချစ်စကိုရှည်စေလို့
ဆိုရိုးစကားရှိတယ်
တခါတလေ ကျွန်တော်တွေးမိတယ်
ချစ်စကို တိုနိုင်ရင်
လူတွေဟာ ဒီထက်
ကံကောင်းကြမလားမသိဘူး

#မောင့်ဘဝညအလားကွယ်
370😭60💔57😢33
မိုးရွာတာက ရွာရုံပဲ တိတ်ချင် တိတ်သွားမယ်
မိုး စွေတယ်ဆိုတာက မတိတ်ဘဲ
အကြာကြီး အရှည်ကြီး ဆွဲရွာတာ .... ချစ်မိုး‌စွေတယ် ဆိုတာကလဲ ခဏလေးချစ်တာမဟုတ်ဘဲ အကြာကြီး အရှည်ကြီး မမုန်းတမ်းချစ်တာကို ပြောတာပေါ့
Final Results
27%
သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်
14%
တပြည်သူ‌မရွှေထား
53%
မိုးတွေရွာမှ ဖြင့်လျှင်ကွယ်
6%
နွေကန္တာဦး
302😭51😢32💔31
မိခင်ကမ္ဘာမြေက ရင်သွေးလူသားတွေအပေါ်မှာ သိပ်ကြင်နာပြီး
သိပ်တာဝန်ကျေလှပါတယ်

ဒါကြောင့် သောက ပရိဒေဝလို့ ခေါ်တဲ့ မီးဆယ့်တစ်မီး သဘောတွေကို
ဆရာတို့ လွမ်းတို့ ရင်ဆိုင်ရရင်
မိခင်ကမ္ဘာမြေမှာ အပြစ်မရှိပါဘူး

အဝိဇ္ဇာလို့ ခေါ်တဲ့ လွမ်းတို့ ဆရာတို့ရဲ့
အမုန်းတွေ အမှားတွေ အယူသီးမှုတွေ ခွင့်မလွတ်နိုင်တာတွေ
ဒါတွေဟာသာ တရားခံပဲ လွမ်းရဲ့...

- လွမ်း
226😭10💔9😢8
အားလုံးပဲ ဂရုစိုက်ကြပါဗျ 🙏
148
ပိတောက်ပန်းဆိုတော့
ခူးချင်ကြသည်
မိမိလည်း ခူးချင်ခဲ့သည်

မိမိက လူပါ
ပိတောက်ကို ချစ်တတ်သော လူပါ
ဤအတွက် ဘယ်တုန်းကမှ
မိမိကိုယ်ကို အပြစ်မတင်ပါ။

-လေရူးသည် စာမတတ်ပါ
364😢38😭28💔19
အချစ်စစ် ဆိုရင်လေ
ပထမအနေနဲ့ သူ့ဆီက
ချစ်ခြင်းမှ လွဲပြီး
ကိုယ်ကဘာမှ မမျှော်လင့်နိုင်ရဘူး

ဒုတိယအနေနဲ့ကတော့ သူက
မတောင်းဘဲ ကိုယ်က ပေးချင်ရမယ်

- နွယ်ဦးမွန်မို့ ချစ်ထွဋ်တင်သည်
395💔52😭27😢22
လိမ္မာတယ်ဆိုတာ အင်မတန်
ပျင်းစရာကောင်းတဲ့အလုပ်ပဲ မောင်။

လိမ္မာတယ်ဆိုတဲ့လူတွေကိုကြည့်ပြီး ခိုင်သနားမိတယ်။
သူတို့ဟာ လောကကြီးကို လိမ်နေကြတယ်။
လူလူချင်းလည်း လိမ်နေကြတယ်။

အဆိုးဆုံးကတော့ ကိုယ့်အသည်းနှလုံးကို
ကိုယ်ပြန်လိမ်နေကြတာပဲ။

အဲဒီလိုလိမ်ရင်းက သူတို့အသည်းနှလုံးဟာ
မာကြောလာတယ်။ လိမ္မာတယ်ဆိုတဲ့
အဓိပ္ပါယ်ဟာ ဒါပဲ ထင်ပါရဲ့....

#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
😢207153💔92😭42
ခွဲခွာခြင်း ကို မလိုလားသည့်အတွက်
တွေ့ဆုံခြင်း ကို
ကျွန်ုပ်မနှစ်သက်တော့ပါ

#မိုးညအိပ်မက်မြူ
373💔100😢44😭28
ပို့လိုက်ပါ မောင်
နွမ်းကာမှနွမ်းရော
မောင်ပို့လိုက်မယ်ဆိုရင်
ချယ်ရီနွမ်းကိုလည်း
လန်းတယ်အမှတ်နဲ့
ရင်မှာထင်မြင်ပြီး
ကျေနပ်ရမှာပါ မောင်

#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
343💔97😭51😢26
ဘဝဟာ ညအလားဆိုတာ
ဘာကိုပြောတာလဲ မမမေ ...
ကျွန်တော်တော့ ညကိုချစ်တယ် ညမှာဆိုရင်
လရောင်ဟာ ဝင်းလက်ပြီး ကြယ်တွေက
လက်နေလေ့ရှိတယ် အဲ့ဒိကြယ်တွေလတွေကို
ကြည့်ရင်း နတ်သျှင်နောင်လို ကဗျာစပ်ချင်တယ်
တခုတော့ ရှိတယ် နတ်သျှင်နောင်လို
ဖွဲ့နွဲ့စရာ ကျွန်တော့မှာ သခင် မရှိဘူး

#မောင့်ဘဝညအလားကွယ်
💔216145😭55😢30
မောင်အခု ငိုနေပါတယ် ခိုင်
ဒါကို မောင် မညာတော့ပါဘူး
အစကတည်းက မောင်မငိုချင်ခဲ့ပါဘူး
ဘယ်သူ့ကိုမှလဲ မငိုစေချင်ခဲ့ပါဘူး
ဒါကို ခိုင်အသိဆုံးပါ
ချစ်ပါတယ် ခိုင်ရယ် ... ချစ်ပါတယ်
ခိုင့်ကို မောင် သိပ်ချစ်ပါတယ်
ဒါပေမဲ့ ငိုရတဲ့အချစ်မျိုးနဲ့ ချစ်ပါတယ်လို့
မောင်မပြောပါစေနဲ့တော့
မငိုရတဲ့ သူငယ်ချင်း အချစ်နဲ့ပဲ
ချစ်လိုက်ပါရစေ
သံသရာ အဆက်ဆက် ပြန်တွေ့တဲ့အထိ
ခိုင့်ကို သူငယ်ချင်း အဖြစ်နဲ့ဘဲ
မောင် ဆက်ချစ်ပါရစေ ....

#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်💜
💔342163😭103😢33
ဝါဝါ့ကို ကျွန်တော် ဘယ်တုန်းကမှ
မမုန်းဘူး
ချစ်တယ်လို့ ကျွန်တော်ပြောပြီးပါပြီ ဒါပေမဲ့ ကျွန်တော့် အချစ်က ကျွန်တော့်နှလုံးသားထဲတွင်သာနေပြီး ဝေးရာအရပ်မှာ သေရွာပါတဲ့အထိ ကိန်းနေမယ့် အချစ်မျိုးပါ . . .
Final Results
38%
လွမ်းပါလေရစ်သည်သောင်ငွေဦး
14%
နှင်းငွေတထောင် မိုးတမှောင့်
19%
စွန့်ခွာရသည့် နွေညများ
29%
မိုးတွေ ရွာမှ ဖြင့်လျှင်ကွယ်
134😭131💔35😢20
ပေးတဲ့လူက ပေးနေပါသော်လည်း
လက်ခံမဲ့သူက လက်မခံနိုင်တဲ့အခါ
ကိုယ် ကိုယ်တိုင်လဲ ရင်ကွဲရပါတယ်

ဒါဟာ လူနှစ်ယောက်လုံးကို
နာကျင်စေတာပါဘဲ

- မောင့်ဘဝညအလားကွယ်
😭200171💔62😢26
နေကောင်းကြရဲ့လားဗျာ
အရင်လို စာလေးတွေ
ပုံမှန်မတင်ဖြစ်တာတောင် ကြာပြီ ❤️
281💔35😭25
အစကတည်းက
တိုးတိုးဟာ ထွေးရဲ့ခေါင်းမှာ ဆင်မယ့်
ပိတောက်ပန်းအဖြစ် မမှန်းခဲ့ပါဘူး
ထွေးဘဝ ပတ်ဝန်းကျင်ကို
တတ်နိုင်သမျှ လှစေတဲ့
စိန်ပန်းအဖြစ်ကိုသာ ရွေးချယ်ခဲ့သူပါ

ရာသီကုန် သက်တမ်းဆုံးတော့
စိန်ပန်းတောင်မှ ဆက်ပွင့်ခွင့်
မရှ်ိပါဘူး ထွေး... ။

အဲ့ဒိလောကတံထွာ ဓမ္မတာကို
ဆင်ခြင်ပြီး တိုးတိုးရဲ့
နှုတ်ဆက်ခြင်းကို လက်ခံပါ

- မေတ္တာများနဲ့ စိန်ပန်းနီနီ
270💔54😭37😢7
လူဆိုတာဟာ ခံစားတတ်တဲ့သတ္တဝါပဲ

ရယ်စရာရှိရင် ရယ်မယ်
ငိုစရာရှိရင် ငိုမယ်

ငိုစရာရှိရက်နဲ့ ငိုခွင့်မရှိတဲ့လူတွေလည်း
ဒီလောကမှာရှိတယ်
ဥပမာ ကျွန်တော်တို့လို
ယောကျ်ားတွေပေါ့
ကျွန်တော်တို့မှာ ငိုခွင့်ကသိပ်မရှိဘူး

#မေတ္တာများနဲ့စိန်ပန်းနီနီ
318💔125😭48😢25
မချစ်တဲ့ သူကို နေ့စဉ် မျက်စိအောက်မှာ မြင်နေရတာထက်

ချစ်သောသူကို
ဘယ်လောက် အဝေးမှာရှိရှိ
အသည်းနှလုံးမှာ ပိုင်သိမ်းထားနိုင်တဲ့ ဘဝက ပိုပျော်ဖို့ ကောင်းပါတယ်

# မောင့်ဘဝညအလားကွယ်
459😭66💔31😢16
သတိရပါတယ်
နေကောင်းကြရဲ့လားဗျ ❤️
388😭76😢6
လိမ္မာတယ်ဆိုတာ အင်မတန်
ပျင်းစရာကောင်းတဲ့အလုပ်ပဲ မောင်။

လိမ္မာတယ်ဆိုတဲ့လူတွေကိုကြည့်ပြီး ခိုင်သနားမိတယ်။
သူတို့ဟာ လောကကြီးကို လိမ်နေကြတယ်။
လူလူချင်းလည်း လိမ်နေကြတယ်။

အဆိုးဆုံးကတော့ ကိုယ့်အသည်းနှလုံးကို
ကိုယ်ပြန်လိမ်နေကြတာပဲ။

အဲဒီလိုလိမ်ရင်းက သူတို့အသည်းနှလုံးဟာ
မာကြောလာတယ်။ လိမ္မာတယ်ဆိုတဲ့
အဓိပ္ပါယ်ဟာ ဒါပဲ ထင်ပါရဲ့....

#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
200😢27💔20😭10