တက္ကသိုလ်ဘုန်းနိုင်
12.1K subscribers
3 photos
20 files
1 link
" ငါ့စာဖတ်၍ မမြတ်တိုင်စေ
မရှုံးစေသား ပျင်းပြေ နှစ်ခြိုက်
တွေးဖွယ်ထိုက်ရာ တပိုဒ်တလေ
တွေ့ငြားလေမူ စာပေကျေးကျွန်
ငါ့ဝတ်ပွန်ပြီ ငါအမွန်အမြတ်
ငါအတတ်ဟု စာဖတ်သူပေါ်
ခေါင်းကိုကျော်၍ ငါသော်ဆရာ
မလုပ်ပါတည်း ... "
Download Telegram
မချစ်တဲ့ သူကို နေ့စဉ် မျက်စိအောက်မှာ မြင်နေရတာထက်

ချစ်သောသူကို
ဘယ်လောက် အဝေးမှာရှိရှိ
အသည်းနှလုံးမှာ ပိုင်သိမ်းထားနိုင်တဲ့ ဘဝက ပိုပျော်ဖို့ ကောင်းပါတယ်

# မောင့်ဘဝညအလားကွယ်
330😢46❤‍🔥25😭5🕊4
ချစ်တယ်ဆိုကတည်းက
အသည်းရှိလို့ဗျ

ချစ်သူကို မချစ်ရတဲ့နောက်
အသည်းဆိုတဲ့ဟာက ငြိမ်ငြိမ်လေးနေမှာမဟုတ်ဘူး
များများမဟုတ်တောင်
နည်းနည်း ပက်ကြားအက်သွားတာ

# ကိုယ့်အလှဘဝငွေလမင်း
219😢42💔19❤‍🔥8🥰2🕊1
ငယ်ငယ်တုန်းက ခိုင်စားမဲ့ မုန့်တွေကို
ကြိုင် တို့ကို ဝေပေးခဲ့တော့
မောင်စိတ်ဆိုးခဲ့တယ်
မောင်ကန့်ကွက်ခဲ့တယ် အခုတော့
မောင်က ခိုင့်အချစ်ကို
ဝေခိုင်းနေတယ်ပေါ့ ဟုတ်လား

"ခိုင့်အချစ်ကို မောင်ဝေခိုင်းနေတာမဟုတ်ပါဘူး အချစ်ဆိုတာဟာလဲ
ခွဲဝေလို့ ရဝာဲ့အရာမျိုး
မဟုတ်ပါဘူးခိုင်ရယ်

ခိုင်က တချိန်က ချစ်နိုင်သူနဲ့
ချစ်သူကို ခွဲခြား‌ေပြာပြခဲ့တယ်
မောင်က ချစ်သင့်သူဆိုတဲ့တယောက်ကို
ထပ်တိုးရလိမ့်မယ်

ခိုင့်ရဲ့ချစ်နိုင်သူ တဦးက အခုချိန်မှာ
ချစ်သင့်သူ တဦးဖြစ်နေပြီလို့ မောင်ထင်တယ် အချစ်ကို မဝေပါနဲ့ခိုင်
ကိုယ်ချစ်နိုင်တဲ့ ချစ်သင့်တဲ့ လူဆီ
ပေးထိုက်တာမို့ ပေးလိုက်ပါခိုင်... "

# သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
💔200104😭10🕊4
စိတ်ကူးမယဉ်ချင်ပါနဲ့ ထားရယ်
တူနှစ်ကိုယ်တဲအိုပျက်မှာ ထမင်းရည်
အတူလျက်ရ‌စေတော့ ဆိုတာမျိုးက
ဇာတ်ထဲ နှစ်ပါးသွားဆိုဖို့တင်
ကောင်းတာပါ ... ထား။

ကိုမြင့်ခိုင်အနေနဲ့က ကိုယ်တိုင်လည်း
ထမင်းရည် မလျက်ချင်ဘူး
ချစ်သူကိုလဲ
တဲအိုပျက်မှာ မထားချင်ဘူး
စိတ်ကူးယဉ်ချက်တွေကြောင့် ဘဝရည်မှန်းချက်ကို မဖျက်ချင်ဘူး
ထား နားလည်ရဲ့လားဟင်

# ဤမြေမှသည်
210😢33🕊5❤‍🔥4🥰4
လူသာ အိုမည်
နှလုံးသားက အိုချင်မှ အိုမည်

အိုလေသည့်တိုင်အောင်
နှလုံးသားသည် နုပျိုစဉ်က
တွယ်တာခဲ့ရသော
သံယောဇဉ်များကို ထိန်းသိမ်းထားမည်

#ဝသန်လေချိန်မှန်ကူး
205😭40❤‍🔥15🥰3🕊2
မိခင်ကမ္ဘာမြေက ရင်သွေးလူသားတွေအပေါ်မှာ သိပ်ကြင်နာပြီး
သိပ်တာဝန်ကျေလှပါတယ်

ဒါကြောင့် သောက ပရိဒေဝလို့ ခေါ်တဲ့ မီးဆယ့်တစ်မီး သဘောတွေကို
ဆရာတို့ လွမ်းတို့ ရင်ဆိုင်ရရင်
မိခင်ကမ္ဘာမြေမှာ အပြစ်မရှိပါဘူး

အဝိဇ္ဇာလို့ ခေါ်တဲ့ လွမ်းတို့ ဆရာတို့ရဲ့
အမုန်းတွေ အမှားတွေ အယူသီးမှုတွေ ခွင့်မလွတ်နိုင်တာတွေ
ဒါတွေဟာသာ တရားခံပဲ လွမ်းရဲ့...

- လွမ်း
❤‍🔥8476😢14🕊10🥰4
ပေးတဲ့လူက ပေးနေပါသော်လည်း
လက်ခံမဲ့သူက လက်မခံနိုင်တဲ့အခါ
ကိုယ် ကိုယ်တိုင်လဲ ရင်ကွဲရပါတယ်

ဒါဟာ လူနှစ်ယောက်လုံးကို
နာကျင်စေတာပါဘဲ

- မောင့်ဘဝညအလားကွယ်
😢270💔11986😭36❤‍🔥19🕊6
မပိုင်လည်းချစ် ပိုင်လည်းချစ်ရမည်ပေါ့
အစကတည်းက ပိုင်ဖို့ရာ
မောင်က မမှန်းခဲ့ပါဘူး

သည်တော့ ဆက်ချစ်ရအုံးမည် မမဝေ...

စကတည်းက
မျက်ရည်ဝဲဝဲနဲ့ ချစ်ခဲ့ရတော့..
တစ်သက်လုံးပဲ မျက်ရည်ဝဲဝဲနဲ့ပဲ
မောင်ဆက်ချစ်နေရဦးမည်

-ပိတောက်ပွင့်ဆဲလသာဆဲဝယ်
299💔86😢60😭11❤‍🔥9🕊8
ထားက ငိုရစ်ဟု ဆိုခဲ့သည့်အတိုင်း
ငိုဖြစ်အောင် ကျွန်တော်ငိုရစ်ပါသည်

ဪ ... ထားရယ်
မငိုလို့ကော ဖြစ်မတဲ့လား
ကိုယ်က ချစ်မိပြီကိုး ...

ငယ်ငယ်ရွယ်ရွယ်နှင့် ကိုယ်က
ထားကို စ ချစ်မိပြီကိုး ... ။

- တပြည်သူမရွှေထား
😢191121💔40🥰8🕊4😭2
ညနေက နေလုံးကြီးဝင်သွားတာ
နုငယ် ထိုင်ကြည့်နေတယ်
ရဲရဲနီနီ လုံးလုံးကြီး ငိုထားတဲ့ မျက်လုံးကြီးနဲ့
သိပ်တူတာပဲ အင်းလေ သူလဲ ငိုမှာပေါ့
မြေကြီးထဲကို မြုပ်ပြီး
သူဘယ်ဝင်သွားချင်ပါ့မလဲ

ကိုယ့်ကို နေလုံးကြီး မဖြစ်စေချင်ပါဘူး
ကြယ်မင်းကြီးသာ ဖြစ်စေချင်တယ်
ကြယ်တွေကိုတော့
ထွက်လာတာလဲ မမြင်ရဘူး
ဝင်သွားတာလဲ မသိလိုက်ဘူး
ဟိုးအမြင့်ကြီးမှာ ဖြူဖြူဖွေးဖွေး ဝင်းဝင်းလက်လက်နဲ့
တိမ်ဖုံးနေရင်တော့ သူတို့ကို မတွေ့ရဘူး
ဒါပေမဲ့ သူတို့ရှိနေတာကိုတော့ နုငယ် သိတယ်

ကိုယ့်ကို မမြင်မတွေ့ရပေမဲ့ ကိုယ်ရှိနေတာကို
နုငယ် အမြဲသိတယ်
အဲ့တာနဲ့ပဲ နုငယ် စိတ်ချမ်းသာနေပါပြီ

-ဝသန်လေ ချိန်မှန်ကူး
😢13495😭32💔16❤‍🔥8🕊6🥰4
လွမ်းဆွတ်ဖွယ်ရာတွေကိုရော
နာကြည်းဖွယ်ရာတွေကိုရော
ကိုယ် မေ့ထားချင်သည်

ပုထုဇဥ်ဖြစ်၍ မတတ်စွမ်းလေသဖြင့်
ကိန်းချင်လည်း ကိန်းနေကြပါ
ပေါ်တော့ မပေါ်လာပါလေနှင့်

လွမ်းဖွယ်ရာတွေကို ကိုယ်မကြောက်ပါ
နာကြည်းဖွယ်ရာ တွေကိုတော့
ကိုယ်ကြောက်သည်

-တိမ်ညိုအလွင့် လအမြင့်
220😢41💔22❤‍🔥9🕊6😭1
အမုန်းဆိုတာဟာ မကောင်းဘူး
ဒီလိုပဲ အချစ်ဆိုတာဟာလဲ မကောင်းဘူး

အချစ်အမုန်းလို့သာ ခွဲခြားပြောနေကြတယ် အမှန်တော့ အချစ်နဲ့ အမုန်းဟာ
သဘောတရားတခုတည်းရဲ့
အစွန်း နှစ်ဖက်က အသွင်တွေပါ
ရေဆူမှတ်တွေဟာ ပြဒါးတတိုင်ထဲမှာ
နေသလိုပေါ့

- လွမ်းပါလေရစ် သည်သောင်ငွေဦး
239💔45😭14🕊8😢6
ငါဟာ အမြဲတမ်း ဒုတိယလူ
တစ်ယောက်ပဲ ဖြစ်ခဲ့ရတယ် မောင်
ဒါကို မင်းအသိဆုံးပဲ
ဒုတိယသာ အမြဲဖြစ်ခဲ့ရတော့
စိတ်ဓာတ်ဟာ ခေါက်ရိုး ကျိုးသလိုဖြစ်ပြီး ဒုတိယတန်းမှာသာ
အမြဲတမ်း နေဝံ့တယ်
ပထမတန်းကို မမှန်းရဲဘူး
ပထမတန်းကို ရောက်လိမ့်မယ်လို့လည်း မယုံဘူး
မယုံတဲ့အထဲက ပထမတန်းကို ရောက်ရမယ်ဆိုတော့ ကြောက်မိတယ် မောင် သိပ်ကြောက်မိတယ်….

-သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
268😢67💔50😭13❤‍🔥10🕊8🥰2
သူ မပန်ချင်လို့ အပစ်ခံရတဲ့ပန်း
မဟုတ်ပါဘူး မမမေရယ်
ကျွန်တော်နဲ့ထိုက်တန်လို့ ကံကြမ္မာက ကြံဖန်ဆောင်ပို့ပေးတဲ့
မြတ်ပန်းတော်ဝင်ပါ

- မောင့်ဘဝညအလားကွယ်
❤‍🔥218129😭53🥰8🕊5
စာဆုံးရင် ပုဒ်မ ချရသတဲ့
နုငယ် ပုဒ်မ မချဘူး
နုငယ်ဆီ စာရေးရင်
စာအဆုံးမှာ ကိုယ်လည်း ပုဒ်မ မချရဘူး
ပုဒ်မ ချတယ်ဆိုတာ ဆုံးသွားတာပဲ
နုငယ် ဘာကိုမှ မဆုံးချင်ဘူး
စာကိုလည်း မဆုံးချင်ဘူး

ကြာပန်းဆို တာတောင်
တစ်နေ့ကျတော့ တုံးသွားတာပဲ
တုံးတယ်ဆိုတာ ဆုံးတာပဲ
ဒါကြောင့် နုငယ် ကြာပန်း မပန်ဘူး

- နွေကန္တာဦး
277😢73😭27❤‍🔥19💔14🕊8🥰5
မမရီ မမှတ်မိဘူး ဆိုရင်
ကျွန်တော်အပြစ်မတင်ပါဘူး
သံသရာဆိုတာဟာလဲ မေ့လျော့ခြင်းဆိုတဲ့ ဘဝမြူ လွှမ်းမြဲ ဓမ္မတာ မဟုတ်လား

မေ့လျော့ခြင်းဆိုတာဟာလဲလေ
တခါတလေတော့
ကောင်းလိမ့်မယ် ထင်ပါရဲ့
ဥပါဒါန ပစ္စယာဘဝေါလို့ ဆိုတယ် မဟုတ်လား
မစွဲလန်းအပ်တဲ့ ဥပါဒါန်တွေကို
စွဲနေမဲ့အစား
မေ့ပစ်ခြင်းက ကောင်းပါတယ်လေ

- မိုးညအိပ်မက်မြူ
212💔37😢12❤‍🔥9🕊8
နှုတ်ဆက်တယ်ဆိုတာဟာ
ခွဲခွာရခြင်းကို အသိမှတ်ပြုတာပဲ

မောင်ဘယ်တော့မှ နှုတ်မဆက်ချင်ဘူး
မမနွယ် အနည်းဆုံးတော့
နှုတ်မဆက်ချင်ဘူး

- ကမ္ဘာကုန်ကျယ်သရွေ့ဝယ်
263💔51😢33❤‍🔥10🕊6
နောက်ဘဝဆိုတာကို
ကျွန်တော် ယုံချင်လိုက်တာ
ကိုဘုန်းနိုင်ရယ်

နောက်ဘဝဆိုတာ ရှိပါစေလို့
ဆုတောင်းရလို့လဲ မောလှပါပြီ
နောက်ဘဝဆိုတာဟာ
ဒီဆောင်းပမာဆိုရင် ဒီလိုနှင်းတွေထဲမှာ
သူ့ကို ပြန်တွေ့ရအုံးမယ်
အစောကို ပြန်တွေ့ရအုံးမယ်

-နှင်းရက် ကြွေစော
213💔37😢23❤‍🔥11😭7🕊4
ချမ်းသာခြင်းမှာ အတူစံပြီး
ဆင်းရဲခြင်းမှာ အတူ ခံကြမယ်ဆိုတဲ့
ချစ်ခြင်းမေတ္တာရဲ့ သစ္စာသဘောကို
မောင် လေးစားဂုဏ်ပြုပါတယ်
ဒါပေမဲ့ မောင်ယုံကြည်ထားတဲ့
မေတ္တာကတော့
တဆင့်သာလွန်ပါသေးတယ်

ချမ်းသာခြင်းမှာအတူစံကြမယ်ဖြစ်ပေမဲ့
ဆင်းရဲခြင်းမှာတော့ ကိုယ်သာ ခံပါ့မယ်
သူတယောက်တော့ဖြင့်
ကြွင်းလွတ်ကျန်ပါရစေ

ဒီစေတနာဟာ
မောင့်ရဲ့ အချစ်အဘိဓမ္မာဘဲ နွဲ့
ဒီစေတနာကို နွဲ့သိစေချင်တယ်
ဒီစေတနာ အလျောက် နွဲ့ဆီက ရှောင်ပြေးတိမ်းရှောင်နေတဲ့ မောင့်ကို ခွင့်လွတ်စေချင်တယ်

- ညီမလေးရယ် စိုးရိမ်မိတယ်
260😢30😭14🕊10❤‍🔥9💔9🥰5
နွဲ့ နားလည်ထားတဲ့
ချစ်ခြင်းမေတ္တာဆိုတာဟာ
ခွင့်လွတ်ခြင်း ပါပဲ မောင်

မောင့်ကို နွဲ့ချစ်တာသာ သိတယ်
ဘာကြောင့်ချစ်တယ်ဆိုတာ နွဲ့မသိဘူး
သိဖို့လဲ မလိုဘူး ထင်တယ်
နွဲ့အချစ်ကတော့ ဒီအတိုင်းပါပဲ
မောင်စွန့်ပစ်သွားတော့လဲ ချစ်တာဘဲ
ခု မောင်ပြန်ရောက်တဲ့အထိလဲ
နွဲ့အချစ်ဟာ မပြောင်းလဲသေးဘူး

-ညီမလေးရယ် စိုးရိမ်မိတယ်
271😢44❤‍🔥16🕊7
ကောင်းကင်မှာ လက်ခနဲ ပေါ်လာတဲ့လျှပ်စီးဟာ ဘယ်မှာ ရှိသလဲ
မပေါ်ခင်မှာလည်း မရှိဘူး
ပေါ်ပြီးတော့လည်း မရှိဘူး အကြောင်းဆုံခိုက် ပေါ်လာတယ်

အတိတ်ဆိုတာဟာလည်း ဒီလိုပါပဲ ဒါပေမဲ့ ကျွန်တော်တို့က
ရှိတယ်ဆိုပြီး ဖက်တွယ်ထားမိကြတယ်

- မေတ္တာများနဲ့ စိန်ပန်းနီနီ
243😢61❤‍🔥23💔10🕊9