တက္ကသိုလ်ဘုန်းနိုင်
12.1K subscribers
3 photos
20 files
1 link
" ငါ့စာဖတ်၍ မမြတ်တိုင်စေ
မရှုံးစေသား ပျင်းပြေ နှစ်ခြိုက်
တွေးဖွယ်ထိုက်ရာ တပိုဒ်တလေ
တွေ့ငြားလေမူ စာပေကျေးကျွန်
ငါ့ဝတ်ပွန်ပြီ ငါအမွန်အမြတ်
ငါအတတ်ဟု စာဖတ်သူပေါ်
ခေါင်းကိုကျော်၍ ငါသော်ဆရာ
မလုပ်ပါတည်း ... "
Download Telegram
ခွဲခွာခြင်း ကို မလိုလားသည့်အတွက်
တွေ့ဆုံခြင်း ကို
ကျွန်ုပ်မနှစ်သက်တော့ပါ

#မိုးညအိပ်မက်မြူ
200💔45😢20🕊9😭8
ကိုသက်ပန်တို့ဟာ သွေးလည်းမဆာပါဘူး
အသက်ကိုလည်း မလိုချင်ပါဘူး။

ကိုသက်ပန်တို့က စနစ်တစ်ခုကိုသာ တိုက်နေတာ၊
လူလူချင်း လူလိုမဆက်ဆံလိုတဲ့ စနစ်၊ တစ်စုမှာ သာဖို့ တစ်စုကို နာစေတဲ့စနစ်။ ဒါတွေကိုသာ
တိုက်နေတာ၊ ဖက်ဆစ်စနစ်၊ နယ်ချဲ့စနစ်မှ
မဟုတ်ဘူး။ ဒီအသွင်မျိူးဆောင်ရင်
ဘယ်စနစ်ကိုမဆို တိုက်ရမှာပါပဲ။

#မုန်းရစ်လေဦး
114💔14😢8🕊2
ဪ.. ခိုင်ပြောတာ ရယ်စရာကောင်းလို့ပါ
ငါ့မှာ အသည်းနှလုံးရှိပါတယ်
မောင်ညွှန့်ရယ် ....
တခုခြားနားတာက ငါဟာ
ဘယ်သူ့အသည်းနှလုံးကိုမှ မလိုချင်ဘူး
ငါ့အသည်းနှလုံးကိုလဲ
ဘယ်သူ့ကိုမှ မပေးချင်ဘူး
ငါထားနိုင်တာက မေတ္တာတရားသာပါ
မေတ္တာတရားဆိုတာဟာ အနိုင်ယူလေ့လဲ
မရှိဘူး အရှုံးပေးခြင်းလဲ မဟုတ်ဘူး
ဘာကြောင့်ဆိုတော့ မေတ္တာတရားဆိုတာဟာ
တောင့်တခြင်းမှ မဟုတ်ဘဲ ပြီးတော့ ...
နှိမ်ချခြင်းလဲ မဟုတ်ပေဘူး

#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
159😢32💔18❤‍🔥8🕊6
နွေရောက်လာတဲ့အချိန်မှာ
ရွက်ဝါကြွေတာကို
မောင်မကြောက်တော့ပါဘူး

အဲဒီ အခါကျမှ
မောင် အသဲနှလုံးနဲ့ မပြောပဲ
ဦးနှောက်နဲ့ စကားပြောရင်
မမနွယ် ခွင့်လွှတ်ရမယ်နော်...

#ကမ္ဘာကုန်ကျယ်သ‌ေရွ့ဝယ်
152🕊4
"ချစ်တယ်ဆိုတာ ဘာလဲ"

"အဘိဓမ္မာသဘောနဲ့ ပြောရရင်
ချစ်တယ်ဆိုတာ တဏှာသဘောပဲ"

"ဒါပေမဲ့ သောတာပန်မဟုတ်သေးတဲ့
လူတစ်ယောက်အနေနဲ့ ပြောရရင်
တဏှာဆိုတာဟာလည်း လူတိုင်း
ဝန်မခံရဲပေမဲ့ အင်မတန်လှပတဲ့
တပ်မက်ဖွယ်ရာတစ်ခုပဲ"

#တန်ခူးလေနှင့်လျော့တော့သည်
214🕊7😭4
တန်ခူးလေ၌ ရွက်ဟောင်းကြွေ၍
ရွက်သစ်ဝေသည့်အသွင်
မေ့ကောင်းလေသော နှောင်းအတိတ်ဥပါဒါန်တို့
ကင်းစင်၍ မေတ္တာသစ်ကြိုင် လွင်လွင်နှင့်
မောင့်ရင်ခွင်ဆီ ပြန်လာလေမည့် အလှတပါးကို
နှစ်သစ်နှင့်အတူ
ကြိုပါလေသည် မောင့်သက် "ထား "

#တန်ခူးလေနှင့်လျော့တော့သည် 💜
106🥰4🕊3
အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေဗျ
ဆရာ့ရဲ့စာအုပ်တွေထဲက ဘယ်စာအုပ်ကို အကြိုက်ဆုံးဆိုတာ ဖြေသွားပါအုံး
( စာအုပ်အကုန်လုံးကို Answer ထဲထည့်ချင်ပေမဲ့ limit ရှိလို့ လူအကြိုက်အများဆုံး၁၀အုပ်ပဲ ရွေးထားပေးပါတယ် )
Final Results
58%
သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်
16%
နွေကန္တာဦး
11%
ကမ္ဘာကုန်ကျယ် သရွေ့ဝယ်
20%
ပိတောက်ပွင့်ဆဲ လသာဆဲဝယ်
19%
မောင့်ဘဝ ညအလားကွယ်
10%
မေတ္တာများနဲ့ စိန်ပန်းနီနီ
7%
မုန်းရစ်လေဦး
9%
မိုးည အိပ်မက်မြူ
21%
တပြည်သူမရွှေထား
9%
လွမ်းတေး မဆုံးစေနဲ့ စောသခင်
335❤‍🔥31💔18🕊12😢9🥰5😭5
လူတွေကို စိတ်ပျက်ရင်
သဘာဝကိုကြည့်ပါ...

သဘာဝသည် အမြဲတမ်းလှပသော
ပန်းချီမျက်နှာတစ်ခုဖြင့် ပြုံးပြနေတတ်သည်

# သာ၍ဝေးရာဆီကိုပါ
286🕊32
"မောင် ငိုနေလား"

"မငိုပါဘူး အစောရယ်၊ မောင် မငိုပါဘူး"

"မငိုနဲ့လေ မောင် အစောနဲ့မောင် အခုလို
မခွဲရလည်း ရှင်ကွဲ ကွဲရမှာပါ"

"လူ့ဘဝကြီးဟာ အိပ်မက်ဆိုးကြီးပါ
မောင်ရယ်၊ အစော အခု အိပ်မက်ဆိုးကို
မက်ရတော့မယ်"

"မောင့်ကို အစော ပြန်တွေ့ချင်သေးတယ်
တစ်နေ့၊ တစ်ချိန်၊ တစ်နေရာ၊ တစ်ဘဝ"


# သူ့ကျွန်မခံပြီ
💔14966😭33😢17❤‍🔥9
ခိုင့်ကို ရေမလောင်းနဲ့မောင်. . .

ကိုကိုက မမမြိုင်ကိုလောင်းလို့ ကျန်တဲ့ရေနဲ့မှ မမကြိုင်ကိုလောင်းတာ

မောင်လဲအဲ့လိုပဲ
လှိုင့်ကိုလောင်းပြီးမှ ခိုင့်ကိုသတိရတာ


#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
💔263😢14551😭15🕊5❤‍🔥4🥰1
ဆုံစည်းခြင်းနဲ့ ခွဲခွါခြင်းဆိုတာ
အလွှာပါးပါးကလေးတစ်ချပ်ဘဲ
ခြားနားနေတာဆိုတဲ့သဘောတရားကို
ကိုယ်သိခဲ့ရပါပြီ မရွှေထား . . .

ကိုယ်တကယ်သိရှိခဲ့ရပါပြီ . . .

# တပြည်သူမရွှေထား
162😭59😢37💔13❤‍🔥5🕊4
မိုးဟာ ကြောက်စရာမဟုတ်ပါဘူး ဝါဝါ
မိုးဟာ အေးမြစိုလန်းခြင်းကို ပေးသူပါ

ပြီးတော့ . . . မိုးဆိုတာ မေတ္တာရဲ့သင်္ကေတပါ

#မိုးတွေရွာမှဖြင့်လျှင်ကွယ်
160💔21❤‍🔥5😢4🕊3
မချစ်တဲ့ သူကို နေ့စဉ် မျက်စိအောက်မှာ မြင်နေရတာထက်

ချစ်သောသူကို
ဘယ်လောက် အဝေးမှာရှိရှိ
အသည်းနှလုံးမှာ ပိုင်သိမ်းထားနိုင်တဲ့ ဘဝက ပိုပျော်ဖို့ ကောင်းပါတယ်

# မောင့်ဘဝညအလားကွယ်
330😢46❤‍🔥25😭5🕊4
ချစ်တယ်ဆိုကတည်းက
အသည်းရှိလို့ဗျ

ချစ်သူကို မချစ်ရတဲ့နောက်
အသည်းဆိုတဲ့ဟာက ငြိမ်ငြိမ်လေးနေမှာမဟုတ်ဘူး
များများမဟုတ်တောင်
နည်းနည်း ပက်ကြားအက်သွားတာ

# ကိုယ့်အလှဘဝငွေလမင်း
219😢42💔19❤‍🔥8🥰2🕊1
ငယ်ငယ်တုန်းက ခိုင်စားမဲ့ မုန့်တွေကို
ကြိုင် တို့ကို ဝေပေးခဲ့တော့
မောင်စိတ်ဆိုးခဲ့တယ်
မောင်ကန့်ကွက်ခဲ့တယ် အခုတော့
မောင်က ခိုင့်အချစ်ကို
ဝေခိုင်းနေတယ်ပေါ့ ဟုတ်လား

"ခိုင့်အချစ်ကို မောင်ဝေခိုင်းနေတာမဟုတ်ပါဘူး အချစ်ဆိုတာဟာလဲ
ခွဲဝေလို့ ရဝာဲ့အရာမျိုး
မဟုတ်ပါဘူးခိုင်ရယ်

ခိုင်က တချိန်က ချစ်နိုင်သူနဲ့
ချစ်သူကို ခွဲခြား‌ေပြာပြခဲ့တယ်
မောင်က ချစ်သင့်သူဆိုတဲ့တယောက်ကို
ထပ်တိုးရလိမ့်မယ်

ခိုင့်ရဲ့ချစ်နိုင်သူ တဦးက အခုချိန်မှာ
ချစ်သင့်သူ တဦးဖြစ်နေပြီလို့ မောင်ထင်တယ် အချစ်ကို မဝေပါနဲ့ခိုင်
ကိုယ်ချစ်နိုင်တဲ့ ချစ်သင့်တဲ့ လူဆီ
ပေးထိုက်တာမို့ ပေးလိုက်ပါခိုင်... "

# သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
💔200104😭11🕊4
စိတ်ကူးမယဉ်ချင်ပါနဲ့ ထားရယ်
တူနှစ်ကိုယ်တဲအိုပျက်မှာ ထမင်းရည်
အတူလျက်ရ‌စေတော့ ဆိုတာမျိုးက
ဇာတ်ထဲ နှစ်ပါးသွားဆိုဖို့တင်
ကောင်းတာပါ ... ထား။

ကိုမြင့်ခိုင်အနေနဲ့က ကိုယ်တိုင်လည်း
ထမင်းရည် မလျက်ချင်ဘူး
ချစ်သူကိုလဲ
တဲအိုပျက်မှာ မထားချင်ဘူး
စိတ်ကူးယဉ်ချက်တွေကြောင့် ဘဝရည်မှန်းချက်ကို မဖျက်ချင်ဘူး
ထား နားလည်ရဲ့လားဟင်

# ဤမြေမှသည်
210😢33🕊5❤‍🔥4🥰4
လူသာ အိုမည်
နှလုံးသားက အိုချင်မှ အိုမည်

အိုလေသည့်တိုင်အောင်
နှလုံးသားသည် နုပျိုစဉ်က
တွယ်တာခဲ့ရသော
သံယောဇဉ်များကို ထိန်းသိမ်းထားမည်

#ဝသန်လေချိန်မှန်ကူး
205😭40❤‍🔥15🥰3🕊2
မိခင်ကမ္ဘာမြေက ရင်သွေးလူသားတွေအပေါ်မှာ သိပ်ကြင်နာပြီး
သိပ်တာဝန်ကျေလှပါတယ်

ဒါကြောင့် သောက ပရိဒေဝလို့ ခေါ်တဲ့ မီးဆယ့်တစ်မီး သဘောတွေကို
ဆရာတို့ လွမ်းတို့ ရင်ဆိုင်ရရင်
မိခင်ကမ္ဘာမြေမှာ အပြစ်မရှိပါဘူး

အဝိဇ္ဇာလို့ ခေါ်တဲ့ လွမ်းတို့ ဆရာတို့ရဲ့
အမုန်းတွေ အမှားတွေ အယူသီးမှုတွေ ခွင့်မလွတ်နိုင်တာတွေ
ဒါတွေဟာသာ တရားခံပဲ လွမ်းရဲ့...

- လွမ်း
❤‍🔥8476😢14🕊10🥰4
ပေးတဲ့လူက ပေးနေပါသော်လည်း
လက်ခံမဲ့သူက လက်မခံနိုင်တဲ့အခါ
ကိုယ် ကိုယ်တိုင်လဲ ရင်ကွဲရပါတယ်

ဒါဟာ လူနှစ်ယောက်လုံးကို
နာကျင်စေတာပါဘဲ

- မောင့်ဘဝညအလားကွယ်
😢270💔11986😭36❤‍🔥19🕊6
မပိုင်လည်းချစ် ပိုင်လည်းချစ်ရမည်ပေါ့
အစကတည်းက ပိုင်ဖို့ရာ
မောင်က မမှန်းခဲ့ပါဘူး

သည်တော့ ဆက်ချစ်ရအုံးမည် မမဝေ...

စကတည်းက
မျက်ရည်ဝဲဝဲနဲ့ ချစ်ခဲ့ရတော့..
တစ်သက်လုံးပဲ မျက်ရည်ဝဲဝဲနဲ့ပဲ
မောင်ဆက်ချစ်နေရဦးမည်

-ပိတောက်ပွင့်ဆဲလသာဆဲဝယ်
299💔86😢60😭11❤‍🔥9🕊8
ထားက ငိုရစ်ဟု ဆိုခဲ့သည့်အတိုင်း
ငိုဖြစ်အောင် ကျွန်တော်ငိုရစ်ပါသည်

ဪ ... ထားရယ်
မငိုလို့ကော ဖြစ်မတဲ့လား
ကိုယ်က ချစ်မိပြီကိုး ...

ငယ်ငယ်ရွယ်ရွယ်နှင့် ကိုယ်က
ထားကို စ ချစ်မိပြီကိုး ... ။

- တပြည်သူမရွှေထား
😢191121💔40🥰8🕊4😭2