Admin ဒီလထဲ အလုပ်တွေများနေလို့ Update တွေ မတင်ဖြစ်တာပါ
နောက်ရက်ထဲ ပြန်တင်ပေးပါမယ်
Active မဖြစ်တာတောင် Subscribers တွေ တိုးလာလို့ ကျေးဇူးတင်ပါတယ်ဗျ
အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ😍
နောက်ရက်ထဲ ပြန်တင်ပေးပါမယ်
Active မဖြစ်တာတောင် Subscribers တွေ တိုးလာလို့ ကျေးဇူးတင်ပါတယ်ဗျ
အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ😍
❤70🥰7💔1
Forwarded from တက္ကသိုလ်ဘုန်းနိုင်
မင်္ဂလာရှိသော နေ့သစ်လေး ဖြစ်ပါစေ
💙 Happy Birthday To Me 💙
ဒီကနေ့ စက်တင်ဘာလ၃၀ရက်နေ့က Admin ရဲ့
မွေးနေ့ ဖြစ်ပါတယ် အဲ့တာကြောင့်
မွေးနေ့ဆုတောင်းစာသားလေးများ
ပေးပို့လိုပါက @nieh3658 ကို
ပေးပို့နိုင်ပါတယ်
အားလုံးရဲ့ဆုတောင်းစကားတွေလဲကို
စောင့်မျှော်နေပါတယ်
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ
ကြပါစေ 💙
💙 Happy Birthday To Me 💙
ဒီကနေ့ စက်တင်ဘာလ၃၀ရက်နေ့က Admin ရဲ့
မွေးနေ့ ဖြစ်ပါတယ် အဲ့တာကြောင့်
မွေးနေ့ဆုတောင်းစာသားလေးများ
ပေးပို့လိုပါက @nieh3658 ကို
ပေးပို့နိုင်ပါတယ်
အားလုံးရဲ့ဆုတောင်းစကားတွေလဲကို
စောင့်မျှော်နေပါတယ်
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ
ကြပါစေ 💙
❤115🥰2
ကာမဘုံသား လူ့ပြည်သားရယ်လို့ဖြစ်လာရင်
သံယောဇဉ်တရားကို
ရှောင်ရှားလို့မရနိုင်ဘူး
အရင်းစစ်အမြစ်မြေက
တဏှာလို့အဘိဓမ္မာက
ဆိုပေမဲ့ ပန်းချင်းတူလျက်
အရောင်အသွေးအသွင်သဏ္ဍန်ကွဲသလို သံယောဇဉ်မျိုးဟာစုံနိုင်တယ်
ကိုမင်းလွင်၊ သံယောဇဉ်မှန်သမျှကို ချစ်တာတစ်ခုနဲ့တော့ အနက်ပေးလို့မရဘူး။
#မိုးညအိပ်မက်မြူ
သံယောဇဉ်တရားကို
ရှောင်ရှားလို့မရနိုင်ဘူး
အရင်းစစ်အမြစ်မြေက
တဏှာလို့အဘိဓမ္မာက
ဆိုပေမဲ့ ပန်းချင်းတူလျက်
အရောင်အသွေးအသွင်သဏ္ဍန်ကွဲသလို သံယောဇဉ်မျိုးဟာစုံနိုင်တယ်
ကိုမင်းလွင်၊ သံယောဇဉ်မှန်သမျှကို ချစ်တာတစ်ခုနဲ့တော့ အနက်ပေးလို့မရဘူး။
#မိုးညအိပ်မက်မြူ
❤111
"ဘယ်လို ကိုထွေးရင်၊
ပုပ္ပါးကိုမြင်ရတော့
အောက်မေ့ချင်တယ် ဟုတ်စ....."
"ဟုတ်တယ်၊ အောက်မေ့ချင်တယ်၊
ကျွန်တော်က ကျောက်ပန်းတောင်းသား
မဟုတ်လားဆရာ၊
ကျွန်တော်ဖတ်တဲ့ ဝတ္ထု ရေးဆရာတွေရဲ့ အသုံးနဲ့ပြောရရင် လွမ်းတယ်ပေါ့
ပုပ္ပါးကိုလွမ်းတယ်
ကျောက်ပန်းတောင်းကို လွမ်းတယ် အထူးသဖြင့်
ပုပ္ပါးနဲ့ ကျောက်ပန်းတောင်းရဲ့နွေကို လွမ်းတယ်၊ ကျွန်တော်
သိပ်ကဗျာဆန်သွားသလားဆရာ....."
#နွေကန္တာဦး
ပုပ္ပါးကိုမြင်ရတော့
အောက်မေ့ချင်တယ် ဟုတ်စ....."
"ဟုတ်တယ်၊ အောက်မေ့ချင်တယ်၊
ကျွန်တော်က ကျောက်ပန်းတောင်းသား
မဟုတ်လားဆရာ၊
ကျွန်တော်ဖတ်တဲ့ ဝတ္ထု ရေးဆရာတွေရဲ့ အသုံးနဲ့ပြောရရင် လွမ်းတယ်ပေါ့
ပုပ္ပါးကိုလွမ်းတယ်
ကျောက်ပန်းတောင်းကို လွမ်းတယ် အထူးသဖြင့်
ပုပ္ပါးနဲ့ ကျောက်ပန်းတောင်းရဲ့နွေကို လွမ်းတယ်၊ ကျွန်တော်
သိပ်ကဗျာဆန်သွားသလားဆရာ....."
#နွေကန္တာဦး
❤107💔11
Forwarded from တက္ကသိုလ်ဘုန်းနိုင်
သူမချစ်နိုင်မှန်း သိတဲ့အခါ
အသည်းတစ်ခြမ်းကွဲတယ် . . .
ကိုယ်က မစွန့်လွှတ်နိုင်မှန်း သိတဲ့အခါ
နောက်တစ်ခြမ်းပါ ထပ်ကွဲရတယ်
#နွယ်ဦးမွန်မို့ချစ်ထွဋ်တင်သည်
အသည်းတစ်ခြမ်းကွဲတယ် . . .
ကိုယ်က မစွန့်လွှတ်နိုင်မှန်း သိတဲ့အခါ
နောက်တစ်ခြမ်းပါ ထပ်ကွဲရတယ်
#နွယ်ဦးမွန်မို့ချစ်ထွဋ်တင်သည်
💔169❤70😢17🥰3
ရွက်ဝါကြွေသော နွေတိုင်လျှင်
မမေ့နိုင်ဘဲလျက်က သတိမရရဲချင်သော
ဇာတ်လမ်းတခု ရင်၌ ရှိခဲ့သည်....
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
မမေ့နိုင်ဘဲလျက်က သတိမရရဲချင်သော
ဇာတ်လမ်းတခု ရင်၌ ရှိခဲ့သည်....
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
💔86❤54😢6
ချစ်တော့.. ကြောက်သည်
ကြောက်တော့.. ပြေးရသည်
သာ၍ သာ၍ ဝေးရာဆီ..
ဪ...ပြေးရပါဦးမည်...
# သာ၍ဝေးရာဆီကိုပါ
ကြောက်တော့.. ပြေးရသည်
သာ၍ သာ၍ ဝေးရာဆီ..
ဪ...ပြေးရပါဦးမည်...
# သာ၍ဝေးရာဆီကိုပါ
❤119❤🔥7🥰7💔5
လကို ချစ်သည်။ ကြယ်ကို ချစ်သည်။
ကောင်းကင်ကို ချစ်သည်။
မြေကြီးကို ချစ်သည်။
ရေပြင်ကို ချစ်သည်။
ချစ်ရတာတွေကအများကြီး။
မိမိ၏ ချစ်ခြင်းတွေအားလုံးက
ပိုင်ဆိုင်လိုခြင်းမဟုတ်။
#ကိုယ့်အလှဘဝငွေလမင်း
ကောင်းကင်ကို ချစ်သည်။
မြေကြီးကို ချစ်သည်။
ရေပြင်ကို ချစ်သည်။
ချစ်ရတာတွေကအများကြီး။
မိမိ၏ ချစ်ခြင်းတွေအားလုံးက
ပိုင်ဆိုင်လိုခြင်းမဟုတ်။
#ကိုယ့်အလှဘဝငွေလမင်း
❤150🥰11🕊4
"မရှိဘူး၊ ဘာမှမရှိဘူး၊
ကျုပ်တစ်ယောက်တည်း၊
ဒါပေမဲ့ ဒါကိုလည်း
ဝမ်းမနည်းတော့ပါဘူး"
#စွန့်ခွာရသည့်နွေညများ
ကျုပ်တစ်ယောက်တည်း၊
ဒါပေမဲ့ ဒါကိုလည်း
ဝမ်းမနည်းတော့ပါဘူး"
#စွန့်ခွာရသည့်နွေညများ
❤132💔17😢6🕊2
ကုမုဒြာကြာဖြူပါ
သူက ပိတောက်လို
လေရူးခြွေလို့ မကြွေပါဘူး
ငါ့ရင်ထဲ လရောင်က
အမြဲလင်းနေတော့ သူအမြဲပွင့်နေတယ်
#လေရူးသည်စာမတတ်ပါ
သူက ပိတောက်လို
လေရူးခြွေလို့ မကြွေပါဘူး
ငါ့ရင်ထဲ လရောင်က
အမြဲလင်းနေတော့ သူအမြဲပွင့်နေတယ်
#လေရူးသည်စာမတတ်ပါ
❤141❤🔥9😭7
သံယောဇဥ်ဆို
ဘယ်သံယောဇဥ်မှ မကောင်းဘူး
သံယောဇဥ် မရှိသေးသူများ
မရှိတဲ့အတိုင်းပဲနေကြစေချင်တယ်
ရှိကြလို့ ရှိရင်လည်း
သံယောဇဥ်ကြိုးကို မရှည်ခင်
တိုတိုဖြတ်တာကောင်းတယ်
မုန်းစကိုတိုစေ၊ချစ်စကိုရှည်စေလို့
ဆိုရိုးစကားရှိတယ်
တခါတလေ ကျွန်တော်တွေးမိတယ်
ချစ်စကို တိုနိုင်ရင်
လူတွေဟာ ဒီထက်
ကံကောင်းကြမလားမသိဘူး
#မောင့်ဘဝညအလားကွယ်
ဘယ်သံယောဇဥ်မှ မကောင်းဘူး
သံယောဇဥ် မရှိသေးသူများ
မရှိတဲ့အတိုင်းပဲနေကြစေချင်တယ်
ရှိကြလို့ ရှိရင်လည်း
သံယောဇဥ်ကြိုးကို မရှည်ခင်
တိုတိုဖြတ်တာကောင်းတယ်
မုန်းစကိုတိုစေ၊ချစ်စကိုရှည်စေလို့
ဆိုရိုးစကားရှိတယ်
တခါတလေ ကျွန်တော်တွေးမိတယ်
ချစ်စကို တိုနိုင်ရင်
လူတွေဟာ ဒီထက်
ကံကောင်းကြမလားမသိဘူး
#မောင့်ဘဝညအလားကွယ်
❤200💔41❤🔥8😢6🕊1
မျက်နှာလေးသည် တချက်မြင်ရုံနှင့်
ငေး၍ကြည့်ရလောက်အောင်မူ မလှ
သို့ရာတွင် တခါမြင်ပြီးနောက်
နှစ်ခါသုံးခါလောက် ပြန်ကြည့်မိအောင်
ဆွဲဆောင်မှုရှိသည်
#ညနက်နက်မှာလထွက်ခြင်း
ငေး၍ကြည့်ရလောက်အောင်မူ မလှ
သို့ရာတွင် တခါမြင်ပြီးနောက်
နှစ်ခါသုံးခါလောက် ပြန်ကြည့်မိအောင်
ဆွဲဆောင်မှုရှိသည်
#ညနက်နက်မှာလထွက်ခြင်း
❤170💔6😢5😭2🕊1
ချစ်ပြီးလေပြီမို့ ချစ်ခွင့်ကိုတော့
တောင်းရန်မလိုပါ ခိုင် ...
ချစ်ဆုကိုသာ ကိုယ့်မှာတောင်းရလေတယ်....
သခင်ပျောင်းပျညွှတ်ကောင်းလှလို့
ကြောင့်ကြရင်းကမျှော်လင့်မိတယ်ခိုင်
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
တောင်းရန်မလိုပါ ခိုင် ...
ချစ်ဆုကိုသာ ကိုယ့်မှာတောင်းရလေတယ်....
သခင်ပျောင်းပျညွှတ်ကောင်းလှလို့
ကြောင့်ကြရင်းကမျှော်လင့်မိတယ်ခိုင်
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
❤155😢17❤🔥10🥰2🕊2
ချစ်လာတော့ ပိုင်ဆိုင်ချင်တယ်တဲ့
ကျွန်တော် မငြင်းပါဘူး မမဝေ
ငွေလမင်းကြီးကို ကျွန်တော်ပိုင်ဆိုင်ချင်တာပေါ့
#ပိတောက်ပွင့်ဆဲလသာဆဲဝယ်
ကျွန်တော် မငြင်းပါဘူး မမဝေ
ငွေလမင်းကြီးကို ကျွန်တော်ပိုင်ဆိုင်ချင်တာပေါ့
#ပိတောက်ပွင့်ဆဲလသာဆဲဝယ်
❤160😢36💔12🥰7❤🔥4🕊3
လူဆိုတာဟာ ခံစားတတ်တဲ့သတ္တဝါပဲ
ရယ်စရာရှိရင် ရယ်မယ်
ငိုစရာရှိရင် ငိုမယ်
ငိုစရာရှိရက်နဲ့ ငိုခွင့်မရှိတဲ့လူတွေလည်း
ဒီလောကမှာရှိတယ်
ဥပမာ ကျွန်တော်တို့လို
ယောကျ်ားတွေပေါ့
ကျွန်တော်တို့မှာ ငိုခွင့်ကသိပ်မရှိဘူး
#မေတ္တာများနဲ့စိန်ပန်းနီနီ
ရယ်စရာရှိရင် ရယ်မယ်
ငိုစရာရှိရင် ငိုမယ်
ငိုစရာရှိရက်နဲ့ ငိုခွင့်မရှိတဲ့လူတွေလည်း
ဒီလောကမှာရှိတယ်
ဥပမာ ကျွန်တော်တို့လို
ယောကျ်ားတွေပေါ့
ကျွန်တော်တို့မှာ ငိုခွင့်ကသိပ်မရှိဘူး
#မေတ္တာများနဲ့စိန်ပန်းနီနီ
😢108❤75💔21🕊6🥰4
Forwarded from တက္ကသိုလ်ဘုန်းနိုင်
လိမ္မာတယ်ဆိုတာ အင်မတန်
ပျင်းစရာကောင်းတဲ့အလုပ်ပဲ မောင်။
လိမ္မာတယ်ဆိုတဲ့လူတွေကိုကြည့်ပြီး ခိုင်သနားမိတယ်။
သူတို့ဟာ လောကကြီးကို လိမ်နေကြတယ်။
လူလူချင်းလည်း လိမ်နေကြတယ်။
အဆိုးဆုံးကတော့ ကိုယ့်အသည်းနှလုံးကို
ကိုယ်ပြန်လိမ်နေကြတာပဲ။
အဲဒီလိုလိမ်ရင်းက သူတို့အသည်းနှလုံးဟာ
မာကြောလာတယ်။ လိမ္မာတယ်ဆိုတဲ့
အဓိပ္ပါယ်ဟာ ဒါပဲ ထင်ပါရဲ့....
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
ပျင်းစရာကောင်းတဲ့အလုပ်ပဲ မောင်။
လိမ္မာတယ်ဆိုတဲ့လူတွေကိုကြည့်ပြီး ခိုင်သနားမိတယ်။
သူတို့ဟာ လောကကြီးကို လိမ်နေကြတယ်။
လူလူချင်းလည်း လိမ်နေကြတယ်။
အဆိုးဆုံးကတော့ ကိုယ့်အသည်းနှလုံးကို
ကိုယ်ပြန်လိမ်နေကြတာပဲ။
အဲဒီလိုလိမ်ရင်းက သူတို့အသည်းနှလုံးဟာ
မာကြောလာတယ်။ လိမ္မာတယ်ဆိုတဲ့
အဓိပ္ပါယ်ဟာ ဒါပဲ ထင်ပါရဲ့....
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
❤🔥101❤87💔39😭29🕊3
❤200💔45😢20🕊9😭8