Forwarded from တက္ကသိုလ်ဘုန်းနိုင်
မောင်အခု ငိုနေပါတယ် ခိုင်
ဒါကို မောင် မညာတော့ပါဘူး
အစကတည်းက မောင်မငိုချင်ခဲ့ပါဘူး
ဘယ်သူ့ကိုမှလဲ မငိုစေချင်ခဲ့ပါဘူး
ဒါကို ခိုင်အသိဆုံးပါ
ချစ်ပါတယ် ခိုင်ရယ် ... ချစ်ပါတယ်
ခိုင့်ကို မောင် သိပ်ချစ်ပါတယ်
ဒါပေမဲ့ ငိုရတဲ့အချစ်မျိုးနဲ့ ချစ်ပါတယ်လို့
မောင်မပြောပါစေနဲ့တော့
မငိုရတဲ့ သူငယ်ချင်း အချစ်နဲ့ပဲ
ချစ်လိုက်ပါရစေ
သံသရာ အဆက်ဆက် ပြန်တွေ့တဲ့အထိ
ခိုင့်ကို သူငယ်ချင်း အဖြစ်နဲ့ဘဲ
မောင် ဆက်ချစ်ပါရစေ ....
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်💜
ဒါကို မောင် မညာတော့ပါဘူး
အစကတည်းက မောင်မငိုချင်ခဲ့ပါဘူး
ဘယ်သူ့ကိုမှလဲ မငိုစေချင်ခဲ့ပါဘူး
ဒါကို ခိုင်အသိဆုံးပါ
ချစ်ပါတယ် ခိုင်ရယ် ... ချစ်ပါတယ်
ခိုင့်ကို မောင် သိပ်ချစ်ပါတယ်
ဒါပေမဲ့ ငိုရတဲ့အချစ်မျိုးနဲ့ ချစ်ပါတယ်လို့
မောင်မပြောပါစေနဲ့တော့
မငိုရတဲ့ သူငယ်ချင်း အချစ်နဲ့ပဲ
ချစ်လိုက်ပါရစေ
သံသရာ အဆက်ဆက် ပြန်တွေ့တဲ့အထိ
ခိုင့်ကို သူငယ်ချင်း အဖြစ်နဲ့ဘဲ
မောင် ဆက်ချစ်ပါရစေ ....
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်💜
❤102💔62❤🔥11😭10😢5🥰2
Forwarded from တက္ကသိုလ်ဘုန်းနိုင်
နွေတွင်ဖြစ်သဖြင့် ရော်ရွက်တို့သည်
ပင်မကို စွန့်ခွါရပေမည်
လေသရမ်းသည် ကြမ်းရပေမည်
သို့သော် လရောင်ဖျော့ဖျော့ ပိတောက်ပင်ရိပ်
မြေမို့ပေါ်မှ လူနှစ်ယောက်၏
အတ္ထုပ္ပတ္တိ ပြီးဆုံးခြင်းကိုမူ
အဘယ်သူသည် သိလာလိမ့်အံ့နည်း ...
#မြေခရွက်ဝါ
ပင်မကို စွန့်ခွါရပေမည်
လေသရမ်းသည် ကြမ်းရပေမည်
သို့သော် လရောင်ဖျော့ဖျော့ ပိတောက်ပင်ရိပ်
မြေမို့ပေါ်မှ လူနှစ်ယောက်၏
အတ္ထုပ္ပတ္တိ ပြီးဆုံးခြင်းကိုမူ
အဘယ်သူသည် သိလာလိမ့်အံ့နည်း ...
#မြေခရွက်ဝါ
❤62💔8
သစ်ရွက်တို့ ဓမ္မတာကား
ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေ၏။
ကြွေသွားတဲ့ ရွက်ဟောင်းအတွက်လည်း
လွမ်းရသလို ရွက်သစ်ကလေးတွေ
မြင်ရတော့လည်း ကြည်နူးရ၏။
ထို့အတူ ဘဝ ဆိုသည်ကလည်း
လွမ်းရခြင်းနှင့် ကြည်နူးရခြင်းတွေ အတိ
#တိမ်ညိုအလွင့်လအမြင့်
ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေ၏။
ကြွေသွားတဲ့ ရွက်ဟောင်းအတွက်လည်း
လွမ်းရသလို ရွက်သစ်ကလေးတွေ
မြင်ရတော့လည်း ကြည်နူးရ၏။
ထို့အတူ ဘဝ ဆိုသည်ကလည်း
လွမ်းရခြင်းနှင့် ကြည်နူးရခြင်းတွေ အတိ
#တိမ်ညိုအလွင့်လအမြင့်
❤86
ထားရေ •••
တချို့အရာတွေကျတော့
ထိုင်ပြီးငေးကြည့်နေခွင့်ရတာကိုက
အရသာ •••
ဥပမာဆိုရရင် •••
တုံးခုလိုမှ မမှီတဲ့ လမင်းကြီးကို
ဝါးထရံပေါက်လေးကနေ တဆင့်
ချောင်းကြည့်နေရသလိုမျိုးပေါ့ •••
#တပြည်သူမရွှေထား
တချို့အရာတွေကျတော့
ထိုင်ပြီးငေးကြည့်နေခွင့်ရတာကိုက
အရသာ •••
ဥပမာဆိုရရင် •••
တုံးခုလိုမှ မမှီတဲ့ လမင်းကြီးကို
ဝါးထရံပေါက်လေးကနေ တဆင့်
ချောင်းကြည့်နေရသလိုမျိုးပေါ့ •••
#တပြည်သူမရွှေထား
❤139💔6😢5🕊3
Forwarded from တက္ကသိုလ်ဘုန်းနိုင်
ပိတောက်တွေလည်း ပွင့်ချိန်နီးပြီ။
မနက်ဖြန်လော...သန်ဘက်ခါလော...။
တစ်ရက် နှစ်ရက် သုံးလေးရက်
ပွင့်တော့ပွင့်ရော့မည်။
ကျွန်တော့ရင်က ခုန်လာသည်။
နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ခုန်လာသည်။
ပတ်ဝန််းကျင်မှာ သင်္ကြန်၏ အရိပ်နိမိတ်ကလေးများ
ပေါ်နေပြီ။ ကျွန်တော်၏ နှာခေါင်းတွင်ကား
သင်္ကြန်၏ အနံ့အသက်လေးများကိုပင် ရနေ၏။
တန်ခူးဆိုသည်က နှစ်သစ်တစ်ခု၏အစပါ။
နှစ်သစ်တစ်ခု၏ စခြင်းကို ပြသော လက္ခဏာတွေက ပတ်ဝန်းကျင်မှာ လှပထင်ရှားနေကြသည်။
ကျွန်တော့်ရှေ့၌ မြင်သမျှသော ပင်အိုနှင့်
ပင်ပျိုတို့သည် ရွက်သစ်တွေကို ဆင်ထားကြ၏။
ရွက်ဝါရွက်ဟောင်းတွေက တပေါင်းတည်းက
ကြွေစင်ကုန်ခဲ့ပြီ။ မနုတော့သော်လည်း
မရင့်သေးသော ရွက်သစ်တို့သည် ပျိပျိုလွင်လွင်
ရှိလှသည်။ နှစ်သစ် အချိန်သစ်မှာ လောကကို
တန်ဆာဆင်နေကြသည်။
#ပိတောက်ပွင့်ဆဲလသာဆဲဝယ်
မနက်ဖြန်လော...သန်ဘက်ခါလော...။
တစ်ရက် နှစ်ရက် သုံးလေးရက်
ပွင့်တော့ပွင့်ရော့မည်။
ကျွန်တော့ရင်က ခုန်လာသည်။
နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ခုန်လာသည်။
ပတ်ဝန််းကျင်မှာ သင်္ကြန်၏ အရိပ်နိမိတ်ကလေးများ
ပေါ်နေပြီ။ ကျွန်တော်၏ နှာခေါင်းတွင်ကား
သင်္ကြန်၏ အနံ့အသက်လေးများကိုပင် ရနေ၏။
တန်ခူးဆိုသည်က နှစ်သစ်တစ်ခု၏အစပါ။
နှစ်သစ်တစ်ခု၏ စခြင်းကို ပြသော လက္ခဏာတွေက ပတ်ဝန်းကျင်မှာ လှပထင်ရှားနေကြသည်။
ကျွန်တော့်ရှေ့၌ မြင်သမျှသော ပင်အိုနှင့်
ပင်ပျိုတို့သည် ရွက်သစ်တွေကို ဆင်ထားကြ၏။
ရွက်ဝါရွက်ဟောင်းတွေက တပေါင်းတည်းက
ကြွေစင်ကုန်ခဲ့ပြီ။ မနုတော့သော်လည်း
မရင့်သေးသော ရွက်သစ်တို့သည် ပျိပျိုလွင်လွင်
ရှိလှသည်။ နှစ်သစ် အချိန်သစ်မှာ လောကကို
တန်ဆာဆင်နေကြသည်။
#ပိတောက်ပွင့်ဆဲလသာဆဲဝယ်
❤77🥰4💔1
ယနေ့ကျရောက်သော
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ
စ၍ မြန်မာပြည်သားအပေါင်း
လိုအင်ဆန္ဒများပြည့်ဝကြစေ
ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် ♥️
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ
စ၍ မြန်မာပြည်သားအပေါင်း
လိုအင်ဆန္ဒများပြည့်ဝကြစေ
ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် ♥️
❤62❤🔥5
စိန်ပန်းကိုတော့ ခွင့်လွှတ်ခဲ့ရသည်
လမ်းမတောတန်း၌ သူ့သဘာဝနှင့်သူ
ပွင့်နေသော စိန်ပန်းဟူသည်က
ကိုယ်မဆင်လိုဘဲ ကိုယ့်ခေါင်းပေါ်ရောက်မလာ
ဆင်ပါ မြန်းပါလို့ သယ်ဆောင်ကာ
လာပေးမည့် သူကလည်း မရှိ။
ပိတောက်ကတော့ မျက်နှာကြီးသည်
မဆင်လိုပါ ဆိုသည့်ကြားက
လက်ဆောင်ပေးသူတွေက များလှသည်
သည်ပန်းမှ မပန်လျှင် နန်းမဆန်ဟု
နားပူနားဆာတိုက်သူတွေက ရှိနေသည်။
မိထွေး ဘယ်ပုံခုခံရပါ့...။
#မေတ္တာများနဲ့စိန်ပန်းနီနီ
လမ်းမတောတန်း၌ သူ့သဘာဝနှင့်သူ
ပွင့်နေသော စိန်ပန်းဟူသည်က
ကိုယ်မဆင်လိုဘဲ ကိုယ့်ခေါင်းပေါ်ရောက်မလာ
ဆင်ပါ မြန်းပါလို့ သယ်ဆောင်ကာ
လာပေးမည့် သူကလည်း မရှိ။
ပိတောက်ကတော့ မျက်နှာကြီးသည်
မဆင်လိုပါ ဆိုသည့်ကြားက
လက်ဆောင်ပေးသူတွေက များလှသည်
သည်ပန်းမှ မပန်လျှင် နန်းမဆန်ဟု
နားပူနားဆာတိုက်သူတွေက ရှိနေသည်။
မိထွေး ဘယ်ပုံခုခံရပါ့...။
#မေတ္တာများနဲ့စိန်ပန်းနီနီ
❤73❤🔥5💔2🕊1
❤68
အဟုတ် ပြောတာ
ရည်းစား တယောက်လောက်တော့
ထားကြည့်ချင်သား
ဒါပေမဲ့ ရည်းစားထားဖို့က
မလွယ်ဘူး မဟုတ်လား
ပထမ ကိုယ့်ကို ချစ်တဲ့လူလည်း ရှိရမယ်
သူ့ကိုလည်း ကိုယ်က ပြန်ချစ်ရဦးမယ်၊
အဲဒီ ချစ်တယ်ဆိုတာ ဘယ်လိုလဲလို့
သိပ်သိချင်တာပဲ
#ညီမလေးရယ်စိုးရိမ်မိတယ်
ရည်းစား တယောက်လောက်တော့
ထားကြည့်ချင်သား
ဒါပေမဲ့ ရည်းစားထားဖို့က
မလွယ်ဘူး မဟုတ်လား
ပထမ ကိုယ့်ကို ချစ်တဲ့လူလည်း ရှိရမယ်
သူ့ကိုလည်း ကိုယ်က ပြန်ချစ်ရဦးမယ်၊
အဲဒီ ချစ်တယ်ဆိုတာ ဘယ်လိုလဲလို့
သိပ်သိချင်တာပဲ
#ညီမလေးရယ်စိုးရိမ်မိတယ်
❤139❤🔥9😢1
ပို့လိုက်ပါ မောင်
နွမ်းကာမှနွမ်းရော
မောင်ပို့လိုက်မယ်ဆိုရင်
ချယ်ရီနွမ်းကိုလည်း
လန်းတယ်အမှတ်နဲ့
ရင်မှာထင်မြင်ပြီး
ကျေနပ်ရမှာပါ မောင်
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
နွမ်းကာမှနွမ်းရော
မောင်ပို့လိုက်မယ်ဆိုရင်
ချယ်ရီနွမ်းကိုလည်း
လန်းတယ်အမှတ်နဲ့
ရင်မှာထင်မြင်ပြီး
ကျေနပ်ရမှာပါ မောင်
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
❤152💔33😭12❤🔥9🥰7😢2
ဂျူး fan ကောင်မလေးတွေရှိကြလားဗျ 😆😆
( ကျွန်တော်ကတော့ နှစ်ယောက်လုံးရဲ့ fan ပါ 😆)
@nieh3658
#photocredit
#Justforfun
( ကျွန်တော်ကတော့ နှစ်ယောက်လုံးရဲ့ fan ပါ 😆)
@nieh3658
#photocredit
#Justforfun
❤222🤣68🍓8🕊3😢1💔1
Forwarded from တက္ကသိုလ်ဘုန်းနိုင်
❤86🥰9❤🔥7💔6
မိုးဟာ ကြောက်စရာမဟုတ်ပါဘူး ဝါဝါ
မိုးဟာ အေးမြစိုလန်းခြင်းကို ပေးသူပါ
ပြီးတော့ . . . မိုးဆိုတာ မေတ္တာရဲ့သင်္ကေတပါ
#မိုးတွေရွာမှဖြင့်လျှင်ကွယ်
မိုးဟာ အေးမြစိုလန်းခြင်းကို ပေးသူပါ
ပြီးတော့ . . . မိုးဆိုတာ မေတ္တာရဲ့သင်္ကေတပါ
#မိုးတွေရွာမှဖြင့်လျှင်ကွယ်
❤90💔9🕊5🍓3❤🔥2
တရားစောင့်သူကို တရားက
ပြန်စောင့်ရှောက်သတဲ့ လွမ်းနွယ်ရေ . . .
လွမ်းနွယ်ကို သဘာဝတရားကြီးက
စောင့်ရှောက်ပါစေ
လေဟုန်စီးတဲ့ တိမ်တိုက်ဖြူတွေကလည်း
လွမ်းနွယ်ကို သူတို့ဘဝ ခဏငှားကြပါစေ
သစ်ကြီး ဝါးပင်တွေတောင်မှ
လွမ်းနွယ်ကိုတွေ့ရင် ညွတ်ပေးကြပါစေ
နှလုံးသားကြီးမြတ်နူးညံ့တဲ့သူဟာ
သဘာဝတရားက အလှတွေကိုလည်း
ချစ်တတ်တယ်
#ချစ်သူ့အိမ်အမိုးနောက်မှာလပျောက်ခဲ့ခြင်း
ပြန်စောင့်ရှောက်သတဲ့ လွမ်းနွယ်ရေ . . .
လွမ်းနွယ်ကို သဘာဝတရားကြီးက
စောင့်ရှောက်ပါစေ
လေဟုန်စီးတဲ့ တိမ်တိုက်ဖြူတွေကလည်း
လွမ်းနွယ်ကို သူတို့ဘဝ ခဏငှားကြပါစေ
သစ်ကြီး ဝါးပင်တွေတောင်မှ
လွမ်းနွယ်ကိုတွေ့ရင် ညွတ်ပေးကြပါစေ
နှလုံးသားကြီးမြတ်နူးညံ့တဲ့သူဟာ
သဘာဝတရားက အလှတွေကိုလည်း
ချစ်တတ်တယ်
#ချစ်သူ့အိမ်အမိုးနောက်မှာလပျောက်ခဲ့ခြင်း
❤89🥰6🕊5
လှည့်စားခြင်းဟာ
သစ္စာဖောက်ခြင်းထက် ဆိုးတယ်
သစ္စာဖောက်ရတာမှာ
ခွင့်လွှတ်နိုင်ဖွယ်အကြောင်း
ရှိချင်ရှိလိမ့်ဦးမယ်
လှည့်စားတာမှာတော့ မူလကတည်းက
ရက်စက်တဲ့စေတနာ ရှိနှင့်တယ်
#လွမ်းပါလေရစ်သည်သောင်ငွေဦး
သစ္စာဖောက်ခြင်းထက် ဆိုးတယ်
သစ္စာဖောက်ရတာမှာ
ခွင့်လွှတ်နိုင်ဖွယ်အကြောင်း
ရှိချင်ရှိလိမ့်ဦးမယ်
လှည့်စားတာမှာတော့ မူလကတည်းက
ရက်စက်တဲ့စေတနာ ရှိနှင့်တယ်
#လွမ်းပါလေရစ်သည်သောင်ငွေဦး
❤113💔25❤🔥10🥰2
ဪ ... ချစ်လျှင် ခွဲခွာရကာ
အသည်းဆိုသည် အမှန်ပင် နာတတ်ပါသလော
အသည်းနာ
အသည်းနင့်လောက်အောင်
ချစ်ရပါသည်ဆိုသော အချစ်ဟူသည်
ဘယ်လိုပါနည်း
အကယ်ပင် ရှိကောရှိပါသလား
#နွယ်ဦးမွန်မို့ချစ်ထွဋ်တင်သည်
အသည်းဆိုသည် အမှန်ပင် နာတတ်ပါသလော
အသည်းနာ
အသည်းနင့်လောက်အောင်
ချစ်ရပါသည်ဆိုသော အချစ်ဟူသည်
ဘယ်လိုပါနည်း
အကယ်ပင် ရှိကောရှိပါသလား
#နွယ်ဦးမွန်မို့ချစ်ထွဋ်တင်သည်
❤80💔24
လူသာ အိုမည်
နှလုံးသားက အိုချင်မှ အိုမည်
အိုလေသည့်တိုင်အောင်
နှလုံးသားသည် နုပျိုစဉ်က
တွယ်တာခဲ့ရသော
သံယောဇဉ်များကို ထိန်းသိမ်းထားမည်
#ဝသန်လေချိန်မှန်ကူး
နှလုံးသားက အိုချင်မှ အိုမည်
အိုလေသည့်တိုင်အောင်
နှလုံးသားသည် နုပျိုစဉ်က
တွယ်တာခဲ့ရသော
သံယောဇဉ်များကို ထိန်းသိမ်းထားမည်
#ဝသန်လေချိန်မှန်ကူး
❤134💔13🕊5🥰1
ဒီမယ် ကြည့်စမ်း ခိုင်
စွယ်တော်ရွက်ဟာ
ဘယ်လောက်ထူးဆန်းလဲ 🍃
တစ်ရွက်တည်း ဆိုပေမဲ့ နှစ်လွှာရှိတယ်
ခိုင်နဲ့မောင်ဟာလည်း
စွယ်တော်ရွက်နှစ်လွှာလိုပဲ ခွဲလို့မရဘူး
မောင်တို့ဘယ်တော့မှ မကွဲဘူး
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
စွယ်တော်ရွက်ဟာ
ဘယ်လောက်ထူးဆန်းလဲ 🍃
တစ်ရွက်တည်း ဆိုပေမဲ့ နှစ်လွှာရှိတယ်
ခိုင်နဲ့မောင်ဟာလည်း
စွယ်တော်ရွက်နှစ်လွှာလိုပဲ ခွဲလို့မရဘူး
မောင်တို့ဘယ်တော့မှ မကွဲဘူး
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
❤168💔67❤🔥13🥰9🕊5😭4
Forwarded from တက္ကသိုလ်ဘုန်းနိုင်
မင်းဟာသိပ်ကိုလှပါတယ် ကာဘရာ
သိပ်ကိုလှပါတယ် ဒါပေမဲ့ မင်းနဲ့တွေ့ရလို့
ကိုယ့်ကိုကိုယ် ကံဆိုးတယ်လို့ မထင်မိပါဘူး
တကယ်လို့ ကံဆိုးမယ်ဆိုရင် ခုနက
ကိုစောနိုင် ပြောသလိုပဲ ဒီကံဆိုးခြင်းဟာ
နှစ်နှစ်ခြိုက်ခြိုက် လက်ခံချင်စရာကောင်းတဲ့
ကံဆိုးခြင်းတခု ဖြစ်မှာပါပဲ ...
#လွမ်းတေးမဆုံးစေနဲ့စောသခင်💜
သိပ်ကိုလှပါတယ် ဒါပေမဲ့ မင်းနဲ့တွေ့ရလို့
ကိုယ့်ကိုကိုယ် ကံဆိုးတယ်လို့ မထင်မိပါဘူး
တကယ်လို့ ကံဆိုးမယ်ဆိုရင် ခုနက
ကိုစောနိုင် ပြောသလိုပဲ ဒီကံဆိုးခြင်းဟာ
နှစ်နှစ်ခြိုက်ခြိုက် လက်ခံချင်စရာကောင်းတဲ့
ကံဆိုးခြင်းတခု ဖြစ်မှာပါပဲ ...
#လွမ်းတေးမဆုံးစေနဲ့စောသခင်💜
❤127❤🔥9🕊4🥰3