Study with Mona🥰
738 subscribers
40 photos
1 video
48 links
Let's study japanese language together.
Download Telegram
Live stream finished (1 hour)
ဒီနေ့မှာတော့ ကျွန်တော်က Kanji လေ့လာလို့အဆင်ပြေမယ့် Kanshudo ဆိုတဲ့ website လေးကို sharing လုပ်ပေးချင်ပါတယ်
သူ့မှာ level နဲ့အလိုက် Kanji တွေခွဲပေးထားပါတယ်
Kanji တစ်လုံးချင်းစီကိုဝင်ကြည့်လိုက်မယ်ဆိုရင်လည်း Kanji stroke, Onyomi, Kunyomi အကုန်ပါပြီးတော့ Kanji အစိတ်အပိုင်းတစ်ခုချင်းစီကိုပြန်ရှင်းပြီး မှတ်နည်းကအစပါပါတယ် တွဲလုံးတွေပါပါပြီးတော့ ဥပမာစာကြောင်းတွေပါ ပါပါသေးတယ် တစ်ခုရှိတာကသူကEnglish translation ပဲရပါတယ်
အဲ့တာကြောင့် တစ်နေ့ကို Kanji ၅လုံးလောက်အရင်ကျက်ပြီး အဲ့ကနေပြန်သွားမှတ်တာပိုအဆင်ပြေပါတယ်
17👍1
皆 久しぶりですね!私忙しくてライブ配信出来なかったので、申し訳ございません。🙇🏻‍♀️

[ 学校で使う言葉
この動画を見ておいてください。この動画に出てる言葉をできる限り使って話しましょう!
水曜日(21/02/2024) 20時半にライブ配信をします!

[ ကျောင်းတွင်သုံးသောစကားလုံးများ ]
လေးထောင့်ကွင်းထဲကစာလေးကိုနှိပ်ပြီး Youtube video လေးကိုကြည့်ထားပေးပါ ဗုဒ္ဓဟူးနေ့ည၈နာရီခွဲမှာ အဲ့video ထဲကစကားလုံးတွေကိုတတ်နိုင်သလောက်သုံးပြီးစကားပြောကြပါမယ်


じゃ、水曜日にお会いしましょう!
19
Live stream started
Live stream finished (58 minutes)
အားလုံးအတွက်သတင်းကောင်းရှိပါတယ်

အပါတ်စဉ်ဗုဒ္ဓဟူးနေ့ ည၇နာရီအချိန် ဂျပန်လူမျိုးနဲ့ စကားပြောခွင့်ရနိုင်မယ့်အခွင့်အရေးပါ

1.စိတ်ပါဝင်စားတဲ့သူတွေက comment မှာစာရေးခဲ့ပေးပါ

2.ကျွန်တော့်ကိုစာပို့ပေးပါ

Discord ဆိုတဲ့appကနေတဆင့်ပြောရမှာဖြစ်တဲ့အတွက် discord နည်းနည်းပါးပါးသုံးတတ်မှပိုအဆင်ပြေပါမယ်

(၅)ယောက်ပဲခေါ်မှာဖြစ်တဲ့အတွက် first come first serve ပါ

အများကြီးမလိုပါဘူး ပြောချင်စိတ်တစ်ခုပဲယူလာခဲ့ပေးပါ

Level မသတ်မှတ်ထားပါဘူး
28
အားလုံးလည်း JLPT resultတွေသိပြီးကြပြီလို့ ထင်ပါတယ်
ဒီနေ့မှာတော့ ကျွန်တော်စကားပြန်လုပ်ပေးခဲ့ရတဲ့ Tochigi ခရိုင်မှာရှိတဲ့
さくら医療福祉専門学校 』ဆိုတဲ့ကောလိပ်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်

ဒီကျောင်းမှာဆိုရင်
❶ Clinical Engineering
❷ Emergency Medical Technologist
❸ Care Worker ဆိုပြီး မေဂျာ၃ခုရှိပါတယ်

နိုင်ငံခြားသားကျောင်းသားတွေအများဆုံးတက်ရောက်နေတဲ့ Care Workerမေဂျာ(介護မေဂျာ)အကြောင်း အသေးစိတ်ရှင်းပြပေးချင်ပါတယ်

၂နှစ်တက်ရမှာဖြစ်ပြီးတော့ ကျောင်းပြီးရင်နိုင်ငံအသိအမှတ်ပြုလက်မှတ်ရမှာဖြစ်လို့ ကျောင်းပြီးဘွဲ့ရရင် work visa နဲ့အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်

Work visa ရမှာဖြစ်လို့ အိမ်ထောင်ဘက်နဲ့သားသမီးကိုလည်း ခေါ်လို့ရသလို လစာလည်းဂျပန်လူမျိုးတွေနဲ့တန်းတူရမှာဖြစ်ပါတယ်။

ကျောင်းတက်နေစဉ် အချိန်ပိုင်းအလုပ်ကိုလည်း တစ်ပါတ်ကို၂၈နာရီနဲ့ Super market တွေ စားသောက်ဆိုင်တွေ convenience store တွေမှာလုပ်ပြီး နေထိုင်စားသောက်စရိတ်ရှာလို့ရပါတယ်

အဆောင်ခကိုလည်း တစ်ယောက်ခန်းမှ ယန်း၂သောင်းလောက်နဲ့ ငှါးနေနိုင်မှာဖြစ်ပါတယ်

အဓိကအကောင်းဆုံးအချက်ကတော့ ၂နှစ်စာကျောင်းစရိတ် သောင်း၁၆၄ယန်းကို scholarship ပုံစံ ချေးငွေစနစ်နဲ့ ယူလို့ရမှာပဲဖြစ်ပါတယ်။ ချေးငွေကိုလည်း သူတို့ရဲ့ဘိုးဘွားစောင့်ရှောက်ရေးဂေဟာမှာ ၅နှစ်ပြည့်အောင်အလုပ်လုပ်ပေးရုံနဲ့ ကျေသွားမှာဖြစ်ပါတယ်။ဘိုးဘွားဂေဟာကလည်း သူတို့ရဲ့ဂေဟာတွေအများကြီးထဲကမှ ကိုယ်အဆင်ပြေတဲ့နေရာရွေးလို့ရပြီးတော့ လစာလည်းအပြည့်ရမှာဖြစ်ပါတယ်

မြန်မာနိုင်ငံကနေ တိုက်ရိုက်လျှောက်ချင်တဲ့သူတွေကတော့ N2အောင်ထားရမှာဖြစ်ပါတယ် မဟုတ်ရင် Language School တစ်နှစ်နဲ့အထက်တက်ထားတယ်ဆိုရင် N3မအောင်ရင်တောင် ဒီကျောင်းကို join လို့ရပါတယ်

မြန်မာကနေတိုက်ရိုက်လျှောက်မယ်ဆို ကျောင်းဝင်ခွင့်ဖြေရမှာဖြစ်ပါတယ်
2025 april intakeအတွက် ၉လပိုင်း၁ရက်နေ့ကစပြီး ကျောင်းဝင်ခွင့်လျှောက်ထားလို့ရမှာဖြစ်ပါတယ်

ကျောင်းဝင်ကြေး ယန်း၁၀သောင်းပဲ ကုန်မှာဖြစ်လို့ Kaigo ကိုစိတ်ဝင်စားသူများ 『 さくら医療福祉専門学校 』 website ကိုဝင်ကြည့်ပြီး email ပို့ပြီးသိချင်တာကျောင်းကိုတိုက်ရိုက်မေးလို့ရပါတယ်
32
အခုဂျပန်စာဘယ်levelကိုလေ့လာနေပါသလဲ
Anonymous Poll
32%
N1
33%
N2
16%
N3
13%
N4
6%
N5
3
皆さん 久しぶり
အခုချိန်ထိ channel လေးထဲရှိနေပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်
ဘယ်လိုprogramတွေဆက်လုပ်သွားစေချင်လဲ အခုလက်ရှိဘယ်နိုင်ငံမှာရောက်နေပြီလဲ
အပန်းမကြီးရင်ဖြေပေးသွားပါအုံးနော်
6
N2/N1 သမားတွေလည်းများတယ်ဆိုတော့လေ Vocab quiz လေးတွေဖြေချင်ဖြေကြည့်လို့ရအောင် တင်ပေးသွားပါမယ်

Level မြင့်လာတော့လေ Kanji ကမခက်တော့ဘူး Vocab ကျက်ရတာတအားပျင်းတာပဲ 😁

ဘယ် level နေနေအပြင်လုပ်ငန်းခွင်လက်ရှိတွေ့နေတဲ့ vocab လေးတွေကို quiz ပုံစံမျိုး share ပေးသွားပါမယ် 🥰
6
「私は姉といっしょのバッグを持っています」
この文の意味として正しいものはどれですか。
Anonymous Quiz
9%
姉と一緒にバッグを買った。
6%
姉のバッグを持っている。
12%
姉とバッグをいっしょにした。
74%
姉と同じバッグを持っている。
2
Speaking တိုးတက်ဖို့အတွက်ဆို Vocabulary လည်းလိုသလို Grammar လည်းမေ့ထားလို့မရပါဘူး

Speaking step 1 အနေနဲ့က ပြောရဲအောင် ပြောထွက်အောင် လေ့ကျင့်ရမှာဖြစ်ပါတယ်

step 1 လုပ်နိုင်လာပြီဆိုရင်တော့ step 2 အနေနဲ့ Grammar မှန်မှန်ကန်ကန် သုံးနိုင်ဖို့ လေ့ကျင့်ရမှာဖြစ်ပါတယ်
(Grammar ပါမှန်မှန်ကန်ကန် သုံးနိုင်ရင် ချီးကျူးခံရမှာသေချာပါတယ်)

အရေးအကြီးဆုံးအချက်ကတော့ Listening ပါ
တဖက်လူပြောတာကိုနားမလည်တဲ့အခါမှာ ကိုယ့်ဘက်က ဘာစကားမှပြန်ပြောနိုင်မှာမဟုတ်ပါဘူး

အထူးသဖြင့်လုပ်ငန်းခွင်ဝင်တဲ့အခါ Listening skillအရမ်းကို အရေးကြီးပါတယ်
ဥပမာ-ကိုယ့်အထက်လူကြီးနဲ့စကားပြောရလို့ သူကကိုယ့်ကိုရှင်းလည်းရှင်းပြနေတယ် ကိုယ်လုပ်ရမယ့်အလုပ်ကိုလည်းပြောလိုက်တယ် ဒါပေမယ့်ကိုယ်ကနားမလည်လိုက်လို့ မလုပ်လိုက်မိဘူး
မေး။။အဲ့လိုအခြေအနေမှာဆို ဘာဖြစ်မယ်လို့ထင်ပါသလဲ???

ဖြေ။။ဟုတ်ပါတယ် သေချာပေါက်အဆူခံရမှာပါ ဘာလို့လဲဆိုရင် ကိုယ်ကနားလည်သလိုနဲ့ ပြုံးပြုံးလေးနဲ့ခေါင်းငြိမ့်ခဲ့မိတာကိုး

အဲ့တာကြောင့် speaking လည်းအရေးပါသလို listening လည်းအရေးကြီးပါတယ်
6
「彼の答えはちょっと微妙だった」
この文の意味として正しいのはどれですか。
Anonymous Quiz
0%
はっきり正しい答えだった
7%
はっきり間違っていた
86%
少し曖昧でよくわからなかった
7%
とても面白い答えだった
1
美しいピアノの音に( )して、時間がたつのを忘れた。
Anonymous Quiz
29%
すっきり
13%
びっくり
55%
うっとり
3%
がっかり
2
အခုလို JLPT quizz ပုံစံလေးတွေဖြေချင်ကြမယ်ထင်လို့
YouTube channel လေးတစ်ခု sharing လုပ်ပေးချင်ပါတယ်
N2 N1 level တွေတင်ပေးထားတာမလို့ အလုပ်နဲ့မအားဘူးဆိုရင်တောင် ညဘက်အားတဲ့အချိန်လေး တခါတည်းကျက်ပြီးလိုက်ဖြေကြည့်ဖို့ အကြံပေးချင်ပါတယ်

Channel name လေးက @riri_japanese ပါတဲ့ရှင်
7
Hello Hello!!!
အရင်လိုစကားပြောဝိုင်းလေးမျှော်နေတဲ့သူတွေအတွက် ကျွန်တော်ကိုယ်တိုင်2021ခုနှစ်ကတည်းကဆက်တိုက်ပါဝင်ခဲ့ပြီး အခုလည်း volunteer လုပ်နေတဲ့ “Let’s speak 日本語” မှာအပါတ်စဉ်Sunday MMT 07:00PM ဆိုစကားပြောဝိုင်းလေးရှိပါမယ် စိတ်ဝင်စားတဲ့သူတွေက မေးခွန်းလေးတွေဖြေပြီး Facebook group Join ထားလို့ရပါတယ် Friday ညဆိုPost တင်ပြီးပါဝင်သူခေါ်မှာဖြစ်လို့ ဂျပန်စကားပြောလေ့ကျင့်ချင်သူများလာရောက်ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် သူငယ်ချင်းတွေကိုလည်းလက်တို့လိုက်ပါအုံးနော် 🥰
7