Star-MM
35.8K subscribers
14.1K photos
5K videos
1.18K links
For Malaysia News@ Myanmar News
Download Telegram
7.4.2026
ယနေ့ မနက်ပိုင်း ဂျိုဟိုး အော်စတင်း gaya grocer ကုန်တိုက်ထဲ
Canton Route ဆိုင်ကိုအော်ပရာစီဝင်ပြီးဖမ်းသွားတယ်လို့သတင်းပို့ပေးထားပါတယ်
😢142
MERCHANTRADE
07-04-2026 ငွေဈေး (update)
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
1 MYR - 990 MMK
၁ ရင်းဂစ် - ၉၉၀ ကျပ်
👍4
Star-MM
Photo
ဆွေမျိုးများရှိခဲ့ရင် (fb)မိတ်ဆွေများ (ရှယ်)ခြင်းဖြင့် ဆက်သွယ်ပေးပါရန် အကူတောင်းခံပါသည်။
---------------------------------------------------

ပုံတွင်ဖော်ပြထားသည့်၊ မြန်မာနိုင်ငံသား Chit Ko Ko Than၊ ပါ့စပို့စ်နံပါတ် M908125 (ပုသိမ်) ဟုဖော်ပြထားသော၊ ပုဂ္ဂိုလ်သည်၊ မလေးရှားနိုင်ငံ Kuala Lipis မြို့နယ် အစိုးရဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျှက်ရှိပါသည်။ ဆေးရုံအနေဖြင့် မိသားစု (သို့) ဆွေမျိုးများနှင့်အဆက်အသွယ် ပြုလုပ်လိုပါသဖြင့် မေးမြန်းရှာဖွေလျှက်ရှိပါသည်။

မောင် Chit Ko Ko Than အား သိသောအသိမိတ်ဆွေ/မိသားစုဝင်/ဆွေမျိုးများရှိပါက MMA (သို့မဟုတ်) Kuala Lipis ဆေးရုံသို့ တိုက်ရိုက်ဆက်သွယ်ပေးကြပါရန် အသိပေးအပ်ပါသည်။

ဆက်သွယ်ရန်.......
မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)
016-6577903

🙏🙏🙏
ကမ္ဘာသူ/ကမ္ဘာသား ဝေနေယျသတ္တဝါများ ကျန်းမာ ချမ်းသာ ကောင်းသောလိုရာဆန္ဒများပြည့်ဝကြပါစေ။

ဓာတ်ပုံ/သတင်း မြနိမာလူမှုကူညီရေးအသင်း(မလေးရှား)
10👍2
၇.၄.၂၆
ယနေ့ ထီရှိတယ်နော်
Special Day... ကံစမ်းလို့ရတယ်နော်
22💯3🔥1
ယနေ့ ညနေပိုင်းမြန်မာဆိုင် ငွေစျေး 1025 ♥️♥️♥️ ကနေ 1036 ထိရှိနေပါတယ်
11👍2
Star-MM
Photo
ကြောင်တစ်ကောင်ရိုက်နှပ်မူဖြင့်ထောင်ဒဏ် (၆ )လချမှတ်ခံရ
==============================
မလေးရှားနိုင်ငံ၊ဆလန်ဂေါပြည်နယ်၊ကာကျန်း တွင်ကြောင်ကလေးကိုအ၀တ်လျှော်နံရံပေါ်ပစ်
ပေါက်သည့်ကလေးသုံးဦးအဖေမုဆိုးဖိုးတစ်ဦး အားယနေ့ဆက်ရှင်တရားရုံးမှဒဏ်ငွေရင်းဂစ် (၆၀၀၀၀ )ပေးဆောင်ရန်အမိန့်ချမှတ်ခဲ့သည်။တရားရုံးမှဒဏ်ငွေရင်းဂစ် (၆၀၀၀၀ )မပေးဆောင်နိုင်ပါကထောင်ဒဏ် (၆ )လကျခံရန်ချမှတ်ခဲ့သည်။
အလုပ်လက်မဲ့ဖြစ်သူ Toh Teck Hooi ၄၉နှစ်သည် တရားသူကြီး Khainur Aleeza Ismail ရှေ့မှောက်တွင်စွဲချက်တင်ထားသောစွဲချက်အားအပြစ်ရှိကြောင်းဝန်ခံပြီးနောက်စီရင်ချက်ချခဲ့သည်။အဆိုပါအမျိုးသားသည် ဧပြီလ ၂ ရက်နေ့ နံနက် ၃း၃၀ မှ ၄ နာရီအတွင်း Taman Kajang Prima ရှိ အဝတ်လျှော်ခန်းတွင်နံရံပေါ်တွင်အကြိမ်ကြိမ် ပစ်ပေါက်ခြင်းဖြင့် ကြောင်နက်တစ်ကောင်အားရက်စက်စွာကျူးလွန်မှုဖြင့်တရားစွဲဆိုခံခဲ့ရသည်။
တရားခံအားပုဒ်မ ၂၉(၁)(က) အရ ၂၀၁၅ ခုနှစ် ပြဌာန်းချက် တိရစ္ဆာန်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၂၉(၁) အရအရေးယူခြင်းခံရပြီးပုဒ်မခွဲသည်ပြစ်မှုထင်ရှားပါကဒဏ်ငွေရင်းဂစ် (၂၀၀၀၀) မှ (၁၀၀၀၀၀ ) ကြားထောင်ဒဏ်(သုံးနှစ်) ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်သည်ဟုဖော်ပြထားသည်။
တရားခံအားတရားလိုအရာရှိ၊ ကုသရေးဌာန (JPV)၊ Mohd Sharif Sabran မှဆောင်ရွက်ခဲ့ပြီး စွပ်စွဲခံရသူမှာရှေ့နေတစ်ဦးမရှိပဲအမူဆိုင်ခဲ့သည်။အခင်းဖြစ်ပွားသည့်နေ့တွင်တရားခံသည် ပြစ်မှုကျူးလွန်ကြောင်းပြသသည့် ၎င်း၏လူမှုကွန်ရက်အက်ပလီကေးရှင်းပေါ်တွင် ၅၉ စက္ကန့်ကြာဗီဒီယိုဖိုင်ကိုသက်သေအဖြစ်တင်သွင်းခဲ့သည်။
#မှတ်ချက်။ မလေးရှားနိုင်ငံတွင်တိရစ္ဆာန်ရိုက်-သ-တ်ခြင်းများရှောင်ကျဉ်ကြပါ။
မူရင်းသတင်း၊ sinar harian
#facebookpost
#facebookphotochallenge
Ai Lwin
07-04-2026
👍10
Star-MM
Video

😱9👍83🥴2
ထရမ့်ပ်ရဲ့ရာဇသံ နောက်ဆုံးသတ်မှတ်ချက် အချိန်က အမေရိကန် စံတော်ချိန် ဒီနေ့ည ၈ နာရီပါ။ ဒါပေမဲ့ အစ္စရေးကတော့ စဆော်နေပါပြီ။ ဒီတခါတော့ ထရမ့်ပ်ကိုယ်တိုင်လည်း သူ့ရာဇသံအတိုင်း မလုပ်လို့ မရတော့မယ့် အခြေအနေကို ဆိုက်ရောက်နေပါပြီ။
“total annihilation”, “back to the Stone Age”, “we will destroy every power plant and every bridge” စသဖြင့် အလွန်အကျွံ ရာဇသံ ထုတ်ထားတာပါ။ ဒီတခါ နောက်ပြန်ဆုတ်ရင် သူ့ပုံရိပ်ကို အကြီးအကျယ် ထိခိုက်ပါတော့မယ်။ အမေရိကန်ပြည်သူတွေကိုယ်တိုင်က ထရမ့်ပ်ကို “Trump talks tough but doesn’t follow through” (အကြီးကြီးတွေပြောပြီး ပြောတဲ့အတိုင်း မလုပ်ဘူး)လို့ ဝေဖန်နေကြပြီ။ အခု အစ္စရေးကလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီဆိုတော့ ထရမ့်ပ်အနေနဲ့ နောက်ပြန်ဆုတ်ဖို့ ခက်ခဲပါလိမ့်မယ်။
-(အီရန်စစ်ပွဲကတော့ မိနစ်ပိုင်းအတွင်းလည်း အခြေအနေတွေ ပြောင်းလဲသွားတတ်ပါတယ်)
#HtangShingLing
👍83😁1
Star-MM
Photo
မြန်မာရွှေပြောင်းအခြေချသူ ၃၅ ဦးနဲ့
လက်ခံထားတဲ့ အိမ်ရှင်ကို ရဲတပ်ဖွဲ့ ဖမ်းဆီး
ဧပြီ-၇၊၂၀၂၆။People's Spring
တရားမဝင်ရွှေ့ပြောင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာ ၃၅ဦးနဲ့သူတို့ကို လက်ခံထားတဲ့ မြန်မာအိမ်ရှင်ကိုဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ဧပြီ ၅ ရက်နေ့က ထိုင်းရဲ့ အမှတ် ၆ အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့ဟာ တိုင်ကြားချက်တွေအရ ကန်ချနာဘူရီ ပြည်နယ်ရဲ့ မွမ်ခရိုင်၊ ပက်ခ်ဖရာရက်ခ်မှာ ရှိနေတဲ့ အိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်း ရှာ
ဖွေခဲ့ပါတယ်။အိမ်တစ်လုံးမှာတရားမဝင် ရွှေ့
ပြောင်း အခြေချ နိုင်ငံခြားသားတွေ အများအပြား စုဝေးပြီးပုန်းအောင်းနေတယ်ဆိုတဲ့တိုင်ကြားချက်တွေကိုလက်ခံရရှိခဲ့လို့အခုစစ်ဆင်ရေးကို အကောင်အထည် ဖော်ခဲ့တာလို့ ရဲတွေကပြောပါတယ်။
ရဲတွေနဲ့အတူ လူဝင်မှု ကြီးကြပ်ရေး၊လုံခြုံရေး၊ စစ်ထောက်လှမ်းရေး ဌာနတွေရဲ့ အရာရှိတွေပါ အဲဒီ စီးနင်းမှုမှာ ပါဝင်ခဲ့ကြပါတယ်။
အိမ်ထဲမှာတော့ နိုင်ငံခြားသား ၃၅ ဦးကို ရှာတွေ့ခဲ့ပြီး တစ်ယောက်မှထိုင်းလိုမပြောတတ်သလို ဘယ်သူကမှလည်းတရားဝင်စာရွက်စာတမ်း အထောက်
အထားတွေ မပြသနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
အိမ်ကိုထိန်းသိမ်းထားသူ အသက် ၄၅ နှစ်အရွယ် ဦးမင်းဦးကအဲဒီအဖွဲ့ဟာဧပြီ ၃ ရက်မှာ ဘန်
ကောက်ကို ရောက်လာပြီး မလေးရှားဆီ ခရီးဆက်ဖို့ ရည်ရွယ်ထားကြောင်း ရဲတွေဆီ ဝန်ခံခဲ့ပါတယ်။ Bangkok Post သတင်းစာကတော့ ဦးမင်းဦးကို ဒေသခံ တစ်ဦးလို့ ဖော်ပြထားခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဦးမင်းဦးဟာ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေကို လက်ခံထားမှု၊ တခြားသူတွေကတော့ တရားမဝင် ဝင်ရောက်လာမှုတွေအတွက် အသီးသီး စွဲချက်တင်ခံရမယ်လို့လည်း သိရပါတယ်။
ကိုးကား- Bangkok Post
ဓါတ်ပုံ-Bankok Post
😭102
Breaking News
Trump ကသူ့ရဲ့ Social media မှာအီရန်ကို ဒီညကိုအကြီးအကြယ်တိုက်ခိုက်မည်ဟုသတိပေးလိုက်ပါပြီ
👍20👏63😁1
😱24👍8🙏21🤔1