Spring Talk
1.09K subscribers
242 photos
54 videos
13 files
166 links
We are delighted to have all of you in this show and we hope that you enjoy it with us.
Download Telegram
𝟏𝟗 𝐉𝐮𝐥𝐲 မမေ့နိုင် 😔
အာဇာနည်နေ့ တို့မမေ့💔

🫡 ဗိုလ်ချုပ်အောင်ဆန်းတကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများကို လေးစားစွာ ဦးညွှတ်အလေးပြုပါသည်။

🌟 ယနေ့ (၁၉.၇.၂၀၂၆) တနင်္ဂနွေနေ့တွင် ကျရောက်သော ၇၉ ကြိမ်မြောက် “အာဇာနည်နေ့" အား ညှိုးငယ်သောစိတ်ဖြင့် ဂါရ၀ပြုအပ်ပါသည်။

💪🏻 မြင့်မြတ်သော အာဇာနည်များ၏ ကြိုးပမ်းမှုများကို ပမာပြုပြီး နွေဦးတော်လှန်ရေးမှသည် ပြည်သူအားလုံး လိုလားသော ဖက်ဒရယ်စနစ်ဆီသို့ ဦးတည်ဆောင်ရွက်ကြရင်း စည်းလုံးခြင်း၊ ငြိမ်းချမ်းခြင်းတို့ တည်တံ့နိုင်အောင် ကြိုစားဆောင်ရွက်ကြပါစို့….

#အာဇာနည်နေ့ #Martyrs_day #CDMA_HR
111
🍀 ဆရာ/မတို့ခင်ဗျာ….
ယနေ့ည Spring Talk အစီအစဉ် မရှိပါကြောင်း အသိပေးအပ်ပါတယ်။
⛈️ ဝဿန်ကာလ ကျန်းမာရေးဂရုစိုက်ကြပါ၊ ဘေးကင်းလုံခြုံပါစေ၊ အားလပ်ချိန်တွေမှာ စာပေများကိုဖတ်ရှုရင်း ပညာဖြင့် ဆက်လက်တော်လှန်ကြရအောင်ပါ။
6🕊1
🥰 Resilience Workshop (4 Days)
🤝 MoH and MoE (HE)
🧑🏻‍⚕️ Dr. Winnie (MoH)
🗓️ July (28~31), 2026
(6-8) pm MMT
စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို လျှော့ချပေးနိုင်ရန် ရည်ရွယ်
🎁 အထောက်အကူပြုပစ္စည်းများ - စာရွက်၊ ခဲတံ (ရောင်စုံခဲတံ) All Days
သောက်ရေနှင့် ရေခွက် (Day-4)
🌟 Day-1. Self-care and strengthening social support (2 hours)
🌟 Day-2. Healthy thinking and meaning of life (2 hours)
🌟 Day-3. Stress management & Polyvagal profile mapping (2 hours)
🌟 Day-4. Emotional regulation skills (2 hours)

Join Zoom Meeting
https://zoom.us/j/92421993872?pwd=oHg5wDiIuFrzdRjEKvUREOvWOJTpjW.1

Meeting ID: 924 2199 3872
Passcode: 294176
7
🪴 Resilience Workshop ကို တက်ရောက်ကြတဲ့ ဆရာ/မများ ခင်ဗျာ…
Day-1: Self-care and Strengthening Social support နဲ့ပတ်သတ်ပြီး ဆရာမ Dr. Winnie ပေးပို့တဲ့ ဖိုင်ပါ။
ဖိုင်ထဲက အနီရောင်စာသားများနဲ့ မေးခွန်းများကို ဖြေဆိုကြဖို့ဖြစ်ပြီး Day-2 မှာ ပြန်လည် ဆွေးနွေးကြပါမယ်ဗျ
ပထမပိုင်းအနေနဲ့ အချိန် (၁ နာရီ) ပြန်လည်ဆွေးနွေးမှာဖြစ်ပြီး၊ Healthy Thinking နဲ့ Meaning of Life ခေါင်းစဉ်တစ်ခုကို မိနစ် (၃၀)စီ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
1
☸️ သာသနာနှစ် (၂၅၇၀) ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၈၈) ခု၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့)
🙏🏻 ဝါဆိုလပြည့်နေ့သည်ကား “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ” ဆိုသည့်အတိုင်း ဂေါတမဗုဒ္ဓ၏ ထူးခြားသော ဗုဒ္ဓဝင်နေ့ရက်များ ဖြစ်ပါသည်။
( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား ပဋိသန္ဓေ နေသောနေ့
( ၂ ) ဘုရားလောင်း တောထွက်တော်မူသောနေ့
( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာစတင်ဟောတော်မူသောနေ့
( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့
( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့
( ၆ ) တရားရတနာ စတင်ပေါ်သောနေ့
( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့
( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့
( ၉ ) ဧဟိဘိက္ခု ဟူသောစကားကိုစတင်ကြားရသောနေ့
🤍 ဓမ္မဘက်တော်သား ပြည်သူအပေါင်း ဘေးကင်းကျန်းမာပြီး ခပ်သိမ်းသောအရာဟူသမျှ ကောင်းမွန်ခြင်းများနှင့်သာ ပြည့်စုံပါစေကြောင်း CDMA & HR မိသားစုက တောင်းဆုမေတ္တာ ပို့သအပ်ပါတယ်။
#ဝါဆိုလပြည့် #CDMA_HR #HE_MoE
7
🪴 ဆရာ/မတို့ခင်ဗျာ….
ဆရာမ Dr. Winnie မျှဝေပေးတဲ့ Resilience Workshop Day-1 lecture pdf file ပါ
Resilience Workshop (Day-2) Lecture.pdf
1.8 MB
🪴 ဆရာ/မတို့ခင်ဗျာ….
ဆရာမ Dr. Winnie မျှဝေပေးတဲ့ Resilience Workshop (Day-2) lecture pdf file ပါ
🕊3
🤍 ဆရာ/မတို့ခင်ဗျာ…Mindfulness နဲ့ ပတ်သက်ပြီး ဆရာမ Dr. Winnie မျှဝေပေးတဲ့ လေ့ကျင့်ခန်းများ ဖြစ်ပါတယ်။

အသက်ရှူလေ့ကျင့်ရင်း စိတ်ကူးပုံဖော် ဖြေလျှော့ခြင်း(Guided-imagery Exercises) မြန်မာဘာသာ အသံဖိုင်များ

Mindful Breathing (အသက်ရှူ လေ့ကျင့်ခန်း)
https://drive.google.com/file/d/1rdyerVfsx8sK7lgc4OtN6smCshh2H9U4/view?usp=drivesdk

Grounding (စိတ်ကိို ပြန်လည် အခြေချခြင်း)
https://drive.google.com/file/d/1LfUlD8k9wzCDRBwKbsVAFf-RTI4ppfTh/view?usp=drivesdk

Body Scan (ခန္ဓာကိုယ်ကို စိတ်ကူးမြင်ယောင် ဖြေလျှော့ခြင်း)
https://drive.google.com/file/d/1YwCFub3wjs0SqZbsHJT9ubg8wu03ibHD/view?usp=drivesdk

Progressive Muscle Relaxation (ကြွက်သားများ အဆင့်ဆင့်ဖြေလျှော့ခြင်း)
https://drive.google.com/file/d/1dM5Xq_K_K0JTCwRhXhC0zWEGDfjT7CT-/view?usp=drivesdk

Acceptance (ဝေဒနာနဲ့ ခွန်အား)
https://drive.google.com/file/d/1b5V1eyvM7B42Y1KjdKKERim4sVg9pivR/view?usp=drivesdk

Loving Kindness Meditation (မေတ္တာ)
https://drive.google.com/file/d/14Mdt-GUdD_NVzGboPP2icql9m8DgSiLJ/view?usp=drivesdk

Compassion for the younger you (မိမိရဲ့ ငယ်ဘဝအပေါ် မေတ္တာ ကရုဏာကို ဖော်ပြခြင်း)
https://drive.google.com/file/d/1dKlVjZd7jJ3LFnQ8AMeyAtzc-jCJe0k0/view?usp=drivesdk

Safe place (ကိိုယ့်အတွက် အရေးပါတဲ့ သီးသန့်နေရာလေး တစ်ခု)
https://drive.google.com/file/d/10z6nKvAWrqVSM65IpA_eg3qMGoFIeF7Q/view?usp=drivesdk
3
Spring Talk pinned «🤍 ဆရာ/မတို့ခင်ဗျာ…Mindfulness နဲ့ ပတ်သက်ပြီး ဆရာမ Dr. Winnie မျှဝေပေးတဲ့ လေ့ကျင့်ခန်းများ ဖြစ်ပါတယ်။ အသက်ရှူလေ့ကျင့်ရင်း စိတ်ကူးပုံဖော် ဖြေလျှော့ခြင်း(Guided-imagery Exercises) မြန်မာဘာသာ အသံဖိုင်များ Mindful Breathing (အသက်ရှူ လေ့ကျင့်ခန်း) https://…»
Resilience Workshop (Day-3) Lecture.pdf
3.4 MB
🪴 ဆရာ/မတို့ခင်ဗျာ….
ဆရာမ Dr. Winnie မျှဝေပေးတဲ့ Resilience Workshop (Day-3) lecture pdf file ပါ။
🌼 Polyvagal Profile mapping ဆိုတဲ့ ခေါင်းစဥ်ပါတဲ့ slide ကနေ စဖတ်ပြီး
“Personal Profile map ဇယား၊ Triggers and Glimmers map နှင့် Regulating resources map” တွေမှာ ကိုယ်ဖြစ်တာနဲ့ ဆက်စပ် စဉ်းစားကြည့်ဖို့ ဖြစ်ပါတယ်။
5
Resilience Workshop (Day-4) Lecture .pdf
1.8 MB
🪴 ဆရာ/မတို့ခင်ဗျာ….
ဆရာမ Dr. Winnie မျှဝေပေးတဲ့ Resilience Workshop (Day-4) lecture pdf file ပါ
2🥰1
🤍 ဆရာ/မတို့ခင်ဗျာ…
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ၊ CDMA & HR ဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ Myanmar Board of Psychiatry တို့ ပူးပေါင်းစီစဉ်ကျင်းပသော Resilience Workshop ၄ ရက်တာ၏ Lecture & Recording file များ စုစည်းပေးထားသည့် drive link ဖြစ်ပါတယ်။
🪴 Resilience Workshop (4 Days) [Lecture & Recording] link » https://drive.google.com/drive/folders/1vGV_wx4_XVxXIckSVH9rfk4K5XJKFtLa?usp=sharing
5
Spring Talk pinned «🤍 ဆရာ/မတို့ခင်ဗျာ… ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ၊ CDMA & HR ဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ Myanmar Board of Psychiatry တို့ ပူးပေါင်းစီစဉ်ကျင်းပသော Resilience Workshop ၄ ရက်တာ၏ Lecture & Recording file များ စုစည်းပေးထားသည့် drive link ဖြစ်ပါတယ်။ 🪴 Resilience…»
မကြာခဏပဲ ကျမကို မေးကြပါတယ်။
ဒီမိုကရေစီ ဘယ်တော့ရမလဲ ဆိုပြီးတော့…။
အဲလိုမေးတဲ့သူတွေကိုလည်း
ကျမ အမြဲပဲ ပြန်ဖြေပါတယ်။

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။
ဒီမိုကရေစီ ရရှိရေးအတွက် ဘယ်လောက် လုပ်နေလဲ။
အဲအပေါ်မှာ အခြေခံပြီးတော့ တွက်ကြည့်လို့ရပါတယ်။

“ကိုယ်ဘာမှ မလုပ်နေလို့ရှိရင်တော့၊ ဝေးနေဦးမယ်လို့ပဲ သတ်မှတ်လိုက်ပါတော့လို့…”
ကျမ အဲလိုပြောလေ့ရှိပါတယ်။

* နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေစု

💪🏻 ဒီနေ့ဆို ရှစ်လေးလုံး အရေးတော်ပုံဟာ (၃၈) နှစ်တိုင်ခဲ့ပါပြီ။ နွံထဲနစ်နေတဲ့ လှည်းဘီးကို စုပေါင်းအားတွေနဲ့ တွန်းနိုင်ပြီး လွတ်မြောက်ဖို့ ကြိုးစားကြရမှာပါ။

💢 The day Myanmar fought for Democracy (8.8.1988)
71❤‍🔥1