Spring Talk
1.09K subscribers
242 photos
54 videos
13 files
166 links
We are delighted to have all of you in this show and we hope that you enjoy it with us.
Download Telegram
"ရသစာပေခရီး" သင်တန်း တက်ရောက်နိုင်ရန် ဖိတ်ခေါ်ခြင်း

https://forms.gle/2uEiLNUSCEz2P2AK9

🌟 ဖိတ်ခေါ်ဖောင်တွင် သင်တန်းနှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များ ပါဝင်ပါသည်။
💠 အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန (CDMA & HR Department) သည် ပညာရေးဝန်ကြီးဌာန၊ (၂၀၂၅-၂၆) မဟာဗျူဟာ ရည်မှန်းချက်များ ဖြစ်သော ရည်မှန်းချက် (၂) နှင့် (၃) တို့ကို ရှေးရှုလျက် အဓိကလုပ်ငန်းကြီး (၄) ကြားကာလ ပညာရေးဝန်ဆောင်မှုပေးခြင်း (အဆင့်မြင့်ပညာကဏ္ဍ) နှင့် ချိတ်ဆက်ကာ (Human Resources Development) လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်နှင့် ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ၏ လေ့လာသင်ယူနေမှုများ အစဉ်သဖြင့် တိုးတက်နေစေရန် ရည်ရွယ်၍ Continuous Professional Development (CPD) program (Lecture Package Series) များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
🤝 ယခုအခါ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနသည် "Dr. Sono (Myanmarsar Board of Education)" နှင့် ပူးပေါင်း၍ “Soft Skill Development Training” သင်တန်းအမျိုးအစားကို ဘာသာရပ်ဘုတ်အဖွဲ့ဝင်များ၊ ကြားကာလတက္ကသိုလ်ကောင်စီများ၊ မြို့နယ်ပညာရေးဘုတ်များ ရှိ ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ အတွက် ပို့ချမျှဝေပေးနိုင်ပါရန် စီစဉ်နေပါသည်။
🗓 သင်တန်းကာလသည် (၈.၃.၂၀၂၆) တွင် စတင်မည်ဖြစ်ပြီး သင်တန်းရက် တစ်ရက်လျှင် ဆွေးနွေးချိန်အပါအဝင် သင်တန်းချိန် (၂-နာရီ) ဖြစ်ပါသည်။ တနင်္ဂနွေ အပတ်စဉ်ဖြစ်ပြီး တပတ်လျင် ၁ ကြိမ် သင်တန်းရက် (၅) ရက်၊ သင်တန်းချိန် နာရီ (၁၀-၁၂) ကြာမြင့်မည် ဖြစ်ပါသည်။ သင်တန်းရက်များမှာ (၈.၃.၂၀၂၆) မှ (၅.၄.၂၀၂၆) ထိလျာထားပါသည်။
🌟 တက်ရောက်နိုင်မည့် သင်တန်းသားဦးရေကို လျှောက်ထားသူပေါ်မူတည်ကာ ရွေးချယ်ပါမည်။ ဖော်ပြပါ သင်တန်းတက်ရောက်နိုင်ရန် ဖိတ်ခေါ်သော Google Form အား (၂.၃.၂၀၂၆) ရက်နေ့ ည (၉) နာရီ နောက်ဆုံးထားကာ ဖြည့်စွက်ပေးပါရန်နှင့် သင်တန်းတက်ရောက်နိုင်မည့် Zoom link ကို Email မှတဆင့် သင်တန်းမစမီ ကြိုတင်အကြောင်းကြားပေးမည် ဖြစ်ပါသည်။ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသော သင်တန်းသားများကိုသာ ရွေးချယ်မည်ဖြစ်ပါသည်။
4
Spring Talk is inviting you to a scheduled Zoom meeting.

Topic: How to apply Federal Education Policy (EP-26)
Speaker: Sr. Kyaw Wai Phyo
Date: Feb 28, 2026 (Saturday)
Time: 07:00 PM Asia/Yangon

Join Zoom Meeting
https://zoom.us/j/98258733176?pwd=eZORYE5KkYtfhLU4emY5sbbwEs3P9U.1

Meeting ID: 982 5873 3176
Passcode: 368029
Spring Talk is inviting you to a scheduled Zoom meeting.

Topic: How to apply Federal Education Policy (EP-26)
Speaker: Sr. Kyaw Wai Phyo
Date: Mar 7, 2026 (Saturday)
Time: 07:00 PM Asia/Yangon

Join Zoom Meeting
https://zoom.us/j/93205108866?pwd=jK7pwDl96XGxjFno8yPZ0OI8mQAcTP.1

Meeting ID: 932 0510 8866
Passcode: 680532
1
ဒီနေ့ည ဆရာကျော်ဝေဖြိုး နေမကောင်းသေးလို့ သက်တန်းမရှိပါဘူးရှင့်
Forwarded from HR Knowledge Sharing by MOE@NUG
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women’s Day) ၂၀၂၆ အထိမ်းအမှတ် သဝဏ်လွှာ

💜 ၂၀၂၆ ခုနှစ် မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အား ဂုဏ်ပြုကြိုဆိုရင်း ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော “Give To Gain” သည် အမျိုးသမီးများ၏ အခွင့်အရေး၊ အခန်းကဏ္ဍနှင့် အားထုတ်မှုများကို ပံ့ပိုးမြှင့်တင်ခြင်းမှတစ်ဆင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ အနာဂတ်တိုးတက်မှုကို ရရှိနိုင်ကြောင်းကို အထူးအလေးပေး ဖော်ပြနေပါသည်။

👱🏻‍♀️ မြန်မာနိုင်ငံ၏ လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် တရားမျှတမှုတို့ကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေသည့် နွေဦးတော်လှန်ရေးအတွင်း အမျိုးသမီးများသည် ရဲရင့်မှု၊ ခိုင်မာသောယုံကြည်မှုနှင့် မယိမ်းယိုင်သော စိတ်ဓာတ်တို့ဖြင့် အရေးပါသည့် အခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
အကြမ်းမဖက်အာဏာဖီဆန်ရေးမှစ၍ လူထုလှုပ်ရှားမှုများ၊ ပညာရေးကဏ္ဍ ဆက်လက်ရှင်သန်ရေး၊ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများနှင့် လူ့အခွင့်အရေးကာကွယ်ရေး အစရှိသည့် နယ်ပယ်အသီးသီးတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုများသည် နွေဦးတော်လှန်ရေး၏ အားကောင်းသော မောင်းနှင်အားတစ်ရပ်ဖြစ်ခဲ့ပါသည်။
1🥰1
Forwarded from HR Knowledge Sharing by MOE@NUG
👩🏻‍🦰 အခက်အခဲများ၊ ဖိနှိပ်မှုများနှင့် အန္တရာယ်များစွာကြားမှ မိမိတို့၏ ယုံကြည်ချက်ကို မစွန့်လွှတ်ဘဲ လူထုနှင့်အတူ ရပ်တည်ခဲ့ကြသော အမျိုးသမီးများ၏ သတ္တိနှင့် တာဝန်ယူမှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးလမ်းတွင် မမေ့နိုင်သော မှတ်တိုင်များဖြစ်လာခဲ့ပါသည်။

🌷 ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ၏ CDMA & HR ဌာန အနေဖြင့် နွေဦးတော်လှန်ရေးအတွင်း အစဉ်တစိုက် ပါဝင်လှုပ်ရှားခဲ့ကြသော အမျိုးသမီးများအားလုံး၏ ရဲရင့်မှု၊ အနစ်နာခံမှုနှင့် တာဝန်ယူမှုများကို အထူးဂုဏ်ယူလေးစားကြောင်း ဤအထိမ်းအမှတ်နေ့တွင် လေးနက်စွာ အသိအမှတ်ပြုအပ်ပါသည်။

“အမျိုးသမီးများ၏ ရဲရင့်မှုသည် တော်လှန်ရေး၏ အားတစ်ရပ်ဖြစ်သည်။
အမျိုးသမီးများ၏ မယိမ်းယိုင်သော စိတ်ဓာတ်သည် လွတ်လပ်သော အနာဂတ်ကို ဖန်တီးပေးမည်ဖြစ်သည်။”


🌹 နွေဦးတော်လှန်ရေးအတွင်း ပါဝင်လှုပ်ရှားခဲ့ကြသော အမျိုးသမီးများအားလုံးအား အလေးအနက် ဂုဏ်ပြုအပ်ပါသည်။

CDMA & HR ဌာန
ပညာရေးဝန်ကြီးဌာန

၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်
10
Spring Talk is inviting you to a scheduled Zoom meeting.

Topic: How to apply Federal Education Policy (EP-26)
Speaker: Sr. Kyaw Wai Phyo
Date: Mar 14, 2026 (Saturday)
Time: 07:00 PM Asia/Yangon

Join Zoom Meeting
https://zoom.us/j/99994832435?pwd=oYCfEMbqa9MynUyYE7CeKeLc2PUypk.1

Meeting ID: 999 9483 2435
Passcode: 468931
“The Buddha and Multiple Intelligences” သင်တန်းတက်ရောက်နိုင်ပါရန် ဖိတ်ခေါ်ခြင်း

https://forms.gle/GzHFG4Mjoi2WSfS18

🌟 ဖိတ်ခေါ်ဖောင်တွင် သင်တန်းနှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များ ပါဝင်ပါသည်။
💠 အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန (CDMA & HR Department) သည် ပညာရေးဝန်ကြီးဌာန၊ (၂၀၂၅-၂၆) မဟာဗျူဟာ ရည်မှန်းချက်များ ဖြစ်သော ရည်မှန်းချက် (၂) နှင့် (၃) တို့ကို ရှေးရှုလျက် အဓိကလုပ်ငန်းကြီး (၄) ကြားကာလ ပညာရေးဝန်ဆောင်မှုပေးခြင်း (အဆင့်မြင့်ပညာကဏ္ဍ) နှင့် ချိတ်ဆက်ကာ (Human Resources Development) လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်နှင့် ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ၏ လေ့လာသင်ယူနေမှုများ အစဉ်သဖြင့် တိုးတက်နေစေရန် ရည်ရွယ်၍ Continuous Professional Development (CPD) program (Lecture Package Series) များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
🤝 ယခုအခါ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနသည် "အရှေ့တိုင်းပညာဘာသာရပ်မှ Dr. Moe Kaung" နှင့် ပူးပေါင်း၍ “Soft Skill Development Training” သင်တန်းအမျိုးအစားကို ဘာသာရပ်ဘုတ်အဖွဲ့ဝင်များ၊ ကြားကာလတက္ကသိုလ်ကောင်စီများ၊ မြို့နယ်ပညာရေးဘုတ်များ ရှိ ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ၊ တိုင်းရင်းသားပညာရေးဌာနများမှ ဆရာ/မများ၊ ဒေသအလိုက် ဖက်ဒရယ်ယူနစ် အစိုးရများမှ ဆရာ/မများ အတွက် ပို့ချမျှဝေပေးနိုင်ပါရန် စီစဉ်နေပါသည်။
🗓 သင်တန်းကာလသည် (၃၀.၃.၂၀၂၆) တွင် စတင်မည်ဖြစ်ပြီး သင်တန်းရက် တစ်ရက်လျှင် ဆွေးနွေးချိန်အပါအဝင် သင်တန်းချိန် (၂-နာရီ) ဖြစ်ပါသည်။ တနင်္လာနေ့ အပတ်စဉ်ဖြစ်ပြီး တပတ်လျင် ၁ ကြိမ် သင်တန်းရက် (၅) ရက်၊ သင်တန်းချိန် နာရီ (၁၀-၁၂) ကြာမြင့်မည် ဖြစ်ပါသည်။ သင်တန်းရက်များမှာ (၃၀.၃.၂၀၂၆) မှ (၄.၅.၂၀၂၆) ထိလျာထားပါသည်။
🌟 တက်ရောက်နိုင်မည့် သင်တန်းသားဦးရေကို လျှောက်ထားသူပေါ်မူတည်ကာ ရွေးချယ်ပါမည်။ ဖော်ပြပါ သင်တန်းတက်ရောက်နိုင်ရန် ဖိတ်ခေါ်သော Google Form အား (၂၃.၃.၂၀၂၆) ရက်နေ့ ည (၉) နာရီ နောက်ဆုံးထားကာ ဖြည့်စွက်ပေးပါရန်နှင့် သင်တန်းတက်ရောက်နိုင်မည့် Zoom link ကို Email မှတဆင့် သင်တန်းမစမီ ကြိုတင်အကြောင်းကြားပေးမည် ဖြစ်ပါသည်။ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသော သင်တန်းသားများကိုသာ ရွေးချယ်မည်ဖြစ်ပါသည်။
1
Spring Talk is inviting you to a scheduled Zoom meeting.

Topic: How to apply Federal Education Policy (EP-26)
Speaker: Sr. Kyaw Wai Phyo
Date: Mar 21, 2026 (Saturday)
Time: 07:00 PM Asia/Yangon

Join Zoom Meeting
https://zoom.us/j/92889556216?pwd=C3Hv6boYYEZXjiXakdCazKOGblstPT.1

Meeting ID: 928 8955 6216
Passcode: 468150
Forwarded from HR Knowledge Sharing by MOE@NUG
Media is too big
VIEW IN TELEGRAM
How to apply Federal Education Policy (EP-26)
3
Spring Talk is inviting you to a scheduled Zoom meeting.

Topic: How to apply Federal Education Policy (EP-27)
Speaker: Sr. Kyaw Wai Phyo
Date: Mar 28, 2026 (Saturday)
Time: 07:00 PM Asia/Yangon

Join Zoom Meeting
https://zoom.us/j/95507842092?pwd=gJCoFGx2kARlczbPA9xwjkSKrfQYmh.1

Meeting ID: 955 0784 2092
Passcode: 73926
2
@martina1414ဆရာကျော်ဝေဖြိုး
မင်္ဂလာပါ
3
မင်္ဂလာပါဗျ
5
Spring Talk is inviting you to a scheduled Zoom meeting.

Topic: How to apply Federal Education Policy (EP-28)
Speaker: Sr. Kyaw Wai Phyo
Date: Apr 4, 2026 (Saturday)
Time: 07:00 PM Asia/Yangon

Join Zoom Meeting
https://zoom.us/j/96480818239?pwd=eetGFahWPJv029aRKGlThsmOJqYSOa.1

Meeting ID: 964 8081 8239
Passcode: 689315
1
Media is too big
VIEW IN TELEGRAM
How to apply Federal Education Policy by Dr. Moon
5
💛 နွေဦးစကားဝိုင်း ပရိတ်သတ်များ ခင်ဗျာ…
မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်၊ နှောင်းတန်ခူးလဖြစ်တဲ့ သင်္ကြန် ကာလကို ရောက်ရှိပြီဖြစ်လို့ Spring Talk program ကို (၁၁.၄.၂၀၂၆) နှင့် (၁၈.၄.၂၀၂၆) နှစ်ပတ်တာ ခေတ္တနားပြီး (၂၅.၄.၂၀၂၆) စနေနေ့မှာ ပြန်လည်စတင်ပါမယ်။
🍀 သင်္ကြန် အခါသမယမှာ ဘေးရန်ကင်းပြီး ကျန်းမာ ငြိမ်းအေးကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
12
💠 သာသနာနှစ် (၂၅၆၉) ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၈၇) ခု၊ နှောင်းတန်ခူးလဆုတ် (၁၂) ရက်၊ သင်္ကြန် အကြိုနေ့
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် (တနင်္လာနေ့)

💛 မာပါစေ၊ ကျန်းမာပါစေ
ပန်းလိုမွှေး၊ ရေလိုအေးကာ
ထာဝစဉ် ရွှင်လန်း ကြပါစေ…
အေး..အေး..အေးချမ်းဖို့လေ
ဘေးဘယာတွေ ဝေးကွာစေဖို့လေ။

🙏🏻 ၂၀၂၆ ခုနှစ် တော်လှန်သင်္ကြန်ကာလမှစ၍ CDMA & HR ဌာန၏ Knowledge Sharing & Spring Talk အစီအစဉ်များက မိသားစုဝင်များ၊ CPD program များက မိသားစုဝင်များ၊ ပညာရေးဌာနအသီးသီးမှ မိတ်ဆွေများ၊ တော်လှန်ရဲဘော်များနှင့် ပြည်သူများအားလံုး ဘေးကင်းလုံခြုံကျန်းမာကြပါစေ….ငြိမ်းချမ်းခြင်းရှိကြပါစေ….။

🦚 တော်လှန်နေ့သစ်များမှာ အင်အားကိုယ်စီရရှိကြပြီး ဆက်လက်ချီတက်ကြကာ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ဟူသမျှ ကင်းစင်အောင် တိုက်ထုတ်ကြရင်း ရွှေရောင်လွှမ်းသော နေ့ရက်များကို အောင်သပြေတွေနဲ့အတူကမ်းလင့်လို့ ကြိုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ခွန်အားသစ်ရေစင်များ သွန်းလောင်းလိုက်ပါတယ်။

#CDMA&HR #HR_Sharing #Spring_Talk #MOE_NUG #Thingyan_2026 #တော်လှန်သင်္ကြန်
6🕊2
Forwarded from HR Knowledge Sharing by MOE@NUG
🦚 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေစု၊ မတရားသဖြင့် ဖမ်းဆီးခြင်းခံရခြင်းသည် ယနေ့ သင်္ကြန်အကြတ်နေ့တွင် ရက်ပေါင်း (၁၉၀၀) ရှိပြီ ဖြစ်ပါသည်။
🍀 ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာနဲ့အတူ နိုင်ငံတော်၏ သမ္မတကြီး ဦးဝင်းမြင့်၊ အမေစု၊ နိုင်ငံရေးအကျဉ်းသားများ၊ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသည့် ပြည်သူ/သားများ အားလုံး ကျန်းမာပါစေ၊ အနှောင်အဖွဲြများမှ အမြန်ဆုံး လွတ်မြောက်ပါစေ….။

🌼 အိမ်ဝေးသူတမ်းချင်း 🌼

🌼 သူပြန်ရောက်လျှင်
ပိတောက် မပွင့်လည်း
သင်္ကြန်ကျမယ်။

🌼 သူပြန်လာလျှင်
င်္သင်္ကြန်မိုး မိုးမရွာလည်း
သင်္ကြန်ကျမယ်။

🌼 သကြားမင်းမဆင်းတောင်မှ
သူရှိနေခြင်းကို
အတာအိုးနဲ့ကြိုမယ်။

🌼 အဟောင်းအညစ်ပျောက်
အကောင်းအသစ်ရောက်လို့
သည်နှစ်ဆန်းမှာ အတူဆုံချင်တယ်။

✍🏻 မောင်စိန်ဝင်း (ပုတီးကုန်း)
12🙏9❤‍🔥2🥰1