နွေဦးလုံခြုံရေး
9.09K subscribers
2.22K photos
12 videos
6 files
612 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
VPN များ အလုပ်လုပ်အား ဆန်းစစ်ခြင်း
==========================

VPN တွေ သုံးလို့ အဆင်ပြေကြလားဗျို့။

သြဂုတ်လ ( ၃၀ ) ရက်နေ့ က စတင် ကောက်ခံခဲ့တဲ့
VPN များ အလုပ်လုပ်မှုဆန်းစစ်ခြင်းစစ်တမ်းဟာ
ဖြေဆိုသူ ( ၉၆ ) ယောက် ရရှိခဲ့ပါတယ်။

အဆင်ပြေလိုင်းကောင်းသော VPN တွေကို သိရအောင် နဲ့
စိတ်ချရမှုမရှိသော VPN တွေကို သုံးမိနေလား စစ်ဆေးနိုင်အောင်
ရှာဖွေတွေ့ရှိချက်တွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ပုံမှန်ဖြည့်စွက်သွားကြမယ်ဆိုရင် ချိတ်ဆက်လို့ရနေသေးတဲ့ VPN တွေကို စစ်ထုတ်ရွေးချယ်နိုင်မည်ဖြစ်ပြီး စိတ်မချရတဲ့ VPN တွေ ကို မသိပဲ အသုံးပြုမိနေပါကလည်း ချန်နယ်အနေနဲ့ အသိပေးနိုင်ပါတယ်။

Form ကရရှိတဲ့ အချက်အလက်တွေပါဝင်တဲ့ Sheet ကိုလည်း အများကြည့်ရှုနိုင်အောင် နဲ့ Comment ပေးနိုင်အောင် ဖွင့်လှစ်ပေးထားပါတယ်။

ဖြည့်စွက်ရမည့် ဖောင် - https://forms.gle/cEZaWGfVFBN3Tm7G6

စစ်တမ်းရလာဒ်များအား Google Sheet မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတိ ။ Form များ ဖြည့်စွက်ရာမှတစ်ဆင့် ရရှိလာတဲ့ အချက်အလက်တွေဟာ အော်ပရေတာ၊ နေထိုင်ရာမြိုနယ် စတာတွေပေါ် မူတည်ပြီး ကွဲပြားနိုင်တာကြောင့် မြေပြင်အခြေအနေကို မထင်ဟပ်တာမျိုး ရှိနိုင်ပါဦးမယ်။
👍3311🔥1
👀 ကိုယ့်လူတို့ရေ........

❗️ အဖက်ဖက်ကနေ စောင့်ကြည့်ခံနေရတဲ့ ဒီလိုအချိန်ကာလမှာ အင်တာနက်ပေါ်မှာ လုံခြုံစိတ်ချစွာနေထိုင်နိုင်ဖို့ နှင့် ကိုယ့်ကို ပစ်မှတ်ထား စောင့်ကြည့်ခံရတာတွေ ကနေရှောင်ရှားကာကွယ်နိုင်ဖို့ လုံခြုံရေးကို အထူးပြင်ဆင်ဆောင်ရွက်သင့်ပါတယ်။

❗️ ကိုယ့်ရဲ့ လုံခြုံရေးကိုကိုယ်တိုပြင်ဆင်ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက်အလက်တွေကို မျှဝေပေးလိုက်ပါတယ်။

❗️ လုံခြုံရေးပြင်ဆင်ချက်များကိုဖတ်ရှုပြီးလိုက်ပါဆောင်ရွက်ပြင်ဆင်ထားဖို့လဲ တိုက်တွန်းလိုက်ရပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍245🔥1
၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ
==================================

🗣ကိုယ့်လူတို့...

၂၀၂၄ နှစ်စမှ စလို့ အကြမ်းဖက်စစ်ကောင်စီဟာဆိုရင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို လက်နက်သဖွယ်အသုံးပြုနေတာဟာ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှု ဖြစ်စဉ်တွေပါ။

🗣တစ်နေ့ပြီးတစ်နေ့ ဒစ်ဂျစ်တယ် ဖိနှိပ်မှုဖြစ်စဉ်တွေကို တိုးမြှင့်လုပ်ဆောင်လာတာတွေကိုလည်း မြင်တွေ့ရမှာပါ။

🗣ဒီနေ့မှာတော့ အောက်တိုဘာလအတွင်း ကျူးလွန်ခဲ့တဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိပ်မှုများကို ဖော်ပြပေးလိုက်ရပါတယ်။

👉 https://telegra.ph/Digital-Repression-in-October-11-01
👍18