နွေဦးလုံခြုံရေး
9.3K subscribers
2.19K photos
12 videos
6 files
597 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
24/5 Clinic Opening
==================
🗣ကိုယ့်လူတို့ရေ
အားလုံးအတွက် သတင်းကောင်းပါဗျို့..
အရင်တုန်းကလို Clinic ကတစ်ပတ်တစ်ကြိမ် မဟုတ်တော့ပဲ....

📍ကိုယ့်လူတွေဆီက မေးခွန်းတစ်ခု လာရောက်မေးမြန်းလိုက်ပြီဆိုတာနဲ့
၂၄ နာရီအတွင်း အဖြေပြန်ရတော့မှာပါ။

📣ကိုယ့် Crush တွေဆီက Reply က ၂၄ နာရီအတွင်းမရပေမယ့်…
ဝိုင်းတော်သားတွေဆီကတော့ ချက်ချင်းစာပြန်တာကို မြင်ရမှာဆိုတော့…

ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်နဲ့ ပက်သက်တဲ့ ပြသနာတွေအတွက် ချက်ခြင်းအဖြေရှာနိုင်မှာပါ၊

📲ဒစ်ဂျစ်တယ် လုံခြုံရေးဆေးခန်းအကြောင်းမသိတဲ့သူတွေ အတွက် မိတ်ဆက်ပေးပါရစေ။ ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်းဆိုတာကတော့ ဒစ်ဂျစ်တယ်နဲ့ဆိုင်တဲ့ အကောင့်လုံခြုံရေးဆိုင်ရာပြသနာများ၊ ဆက်သွယ်လုံခြုံရေးဆိုင်ရာ ပြသနာများ၊ ဒေတာလုံခြုံရေးဆိုင်ရာ ပြသနာများကို ဆွေးနွေးလို့ရတဲ့နေရာလေးပဲဖြစ်ပါတယ်။

📍Mon-Fri 24 နာရီအတွင်း ပြန်လည်ဖြေရှင်းနေတာမို့ အမြန်ဆုံးသာ လှမ်းခဲ့ပါတော့ဗျို့…

📍Clinic သို့လာရောက်ရန်: 📲Link:https://t.me/SpringSecClinic
👍3
iPhone ပျောက်ရင် ဘယ်လို ပြန်ရှာရမလဲ

iPhone အသစ်တွေကလည်း ဈေးကြီးတယ်။ ဖုန်းလေး ပျောက်သွားရင် ဘယ်လို လုပ်ရမလဲ။

ခေါင်းတွေ ပူထူပြီး ဘာလုပ်လို့လုပ်ရမှန်းမသိမဖြစ်အောင် နွေဦးလုံခြုံရေးကနေ ဖုန်းပျောက်သွားရင် ပြန်ရှာတွေ့နိုင်အောင် ဘာတွေပြင်ဆင်ထားရမလဲ နဲ့ တည်နေရာ ကြည့်တာ၊ ဖုန်းကို ရှာရလွယ်အောင် အသံထွက်အောင် လုပ်တာ၊ နောက်ဆုံး ဘယ်လို မှ ပြန်မရနိုင်တော့တဲ့ အခြေအနေမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ တခြားသူမရသွားနိုင်အောင် အဝေးကလှမ်းပြီး ဖျက်ပစ်တာတွေကို အဆင့်ဆင့် ရှင်းပြပေးထားပါတယ်။

Apple Fan တွေကိုလည်း သိသွားအောင် လက်တို့ပေးလိုက်ပါဦးဗျို့။
👍2
🗣ကိုယ့်လူတို့ရေ…

🍿ဒီအပတ်မှာတော့ ၂၀၀၈ ဝန်းကျင်လောက်က ဇာတ်ကားလေးတစ်ခုကို ညွှန်းထားပါတယ်။

▪️“Untraceable” ပါ။

▪️Untraceable ဆိုတဲ့အတိုင်း Cyber Crime ကျူးလွန်နေတဲ့ သူကိုရှာလို့ရမရသိချင်တယ်...
☝️အညွှန်းလေးဖတ်ချင်တယ်ဆိုရင်တော့

👉https://telegra.ph/Untraceable-11-25
📣ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ပတ်သတ်ပြီး သိချင်တာတွေ မေးမြန်းနိုင်ဖို့ နွေဦးလုံခြုံရေး ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်းရှိပါတယ်ဗျို့။📣

🔒အကောင့်တွေ လုံခြုံရေးတိုးမြှင့်ချင်လား။
🔐ဒေတာတွေ လုံလုံခြုံခြုံ သိမ်းဆည်းချင်လား။
🔍ကြားဖြတ်နားထောင်မခံရအောင် စိတ်ချလက်ချ ဖုန်းပြောတတ်ချင်လား။

🔴🔴 ဒီအခြေအနေဟာ စောင့်ကြည့်ခံရ၊ ခြေရာခံရနိုင်တဲ့ အခြေအနေဆိုတာ အားလုံးသိကြပါတယ်။
သိပေမယ့် ဘယ်လို လုံခြုံအောင် နေရမယ် ဆိုတာ မသိဘူးဆိုရင်တော့ နွေဦးလုံခြုံရေး ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်းမှာ လာရောက်မေးမြန်းနိုင်ပါတယ်။

🟡🟡အခမဲ့ ဖြစ်ပြီး လာရောက်မေးမြန်းသူတွေရဲ့ အချက်အလက်တွေကိုလည်း ဂရုစိုက်သောအားဖြင့် Telegram က နေသာ ဖြေကြားပေးပါတယ်။

လာရောက်မေးမြန်းချိန်ကနေပြီး ၂၄ နာရီ အတွင်း ပြန်လည် ဖြေကြားထားပေးမှာမို့ သိချင်တဲ့ မေးခွန်းတွေ လာပို့ထားလိုက်ပါတော့ဗျို့။

အမြန်ဆုံးသာ လှမ်းခဲ့ပါတော့ဗျို့…

📍Clinic သို့လာရောက်ရန်: 📲Link:https://t.me/SpringSecClinic
Twitter ရဲ့ အနာဂါတ်အလားအလာ...
========================
▪️ဒီနေ့မှာတော့ အားလုံး စိတ်ဝင်စားလောက်မယ့် အကြောင်းအရာလေးကို ဆွေးနွေးထားပါတယ်..

▪️ဖရီးသုံးခဲ့တဲ့ Twitter ဟာ ဆူပါဟီးရိုးကြီး ဝယ်ပြီးနောက်ပိုင်းဘာတွေဆက်ဖြစ်မလဲ…

▪️လုံခြုံရေးရှုထောင့်အရ မေးခွန်းထုတ်စရာတွေဖြစ်လာတဲ့ အကြောင်းအရာလေးကို ဆွေးနွေးထားလို့ အသေးစိတ်ဖတ်ကြည့်ကြပါဗျို့....
👍1
၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ
==========================================

🗣ရောင်းရင်းတိုရေ…
အကြမ်းဖက်စစ်ကောင်စီဟာဆိုရင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို လက်နက်သဖွယ်အသုံးပြုနေတာဟာ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှု ဖြစ်စဉ်တွေပါ။

🗣ဒီနေ့မှာတော့နိုဝင်ဘာလ အတွင်း ကျူးလွန်ခဲ့တဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိပ်မှုများကို ဖော်ပြပေးလိုက်ရပါတယ်။


▪️နိုဝင်ဘာ (၁)  စစ်ကောင်စီ လက်အောက်ခံ ပို့/ဆောက်/ဆက် ဝန်ကြီးဋ္ဌာနမှ SIM Registration Management System တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူခဲ့ခြင်း

▪️နိုဝင်ဘာ (၃) အချက်အလက် မမှန်သည့် Sim Cardများ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ပြင်ဆင်ကြရန် စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ခြင်း

▪️နိုဝင်ဘာ (၃)  သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူမခံရသည့် စာရင်း Global Impunity Index တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာပါဝင်လာခြင်း

▪️နိုဝင်ဘာ (၃)  ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက Mytel Wifi  များ တပ်ဆင်နေခဲ့ခြင်း

▪️နိုဝင်ဘာ (၄)  ဝက်လက်မြို့နယ် နေရာတချို့တွင်  Telenor လိုင်းများ ဖြတ်တောက်ထားခံရခြင်း

▪️နိုဝင်ဘာ (၄)  ဒီပဲယင်းမြို့နယ် နေရာတချို့တွင်  Ooredoo လိုင်းများ ဖြတ်တောက်ထားခံရခြင်း

▪️နိုဝင်ဘာ (၉)  ရွှေကူမြို့တွင် MPT ဖုန်းလိုင်းဖြတ်တောက်ထားပြီး စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားမှုရှိခဲ့ခြင်း

▪️နိုဝင်ဘာ (၁၃)  ကလေးတောင်ပိုင်းတွင် ည (၇) နာရီ (၄၅) မိနစ်ဝန်းကျင်မှစတင်ကာ Ooredoo ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း

▪️နိုဝင်ဘာ (၁၄)  သနပ်ပင်မြို့ရှိ စစ်ဆေးရေးဂိတ်တွင် ဝိုင်ဖိုင်စက်အသုံးပြုပြီး ခရီးသွားများ ၏ ဖုန်းကိုစစ်ကာ စစ်တပ်က ခြိမ်းခြောက် ငွေညှစ်နေခဲ့ခြင်း

▪️နိုဝင်ဘာ (၁၉) ယင်းမာပင်နယ် ဆင်တဲ၊ ပုပ္ပါး၊ရွာနောင် စသည့် နေရာများတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စစ်အင်အား ဖြည့်တင်းစဉ်ကာလအတွင်း ဖုန်းလိုင်းအချို့ ပြတ်တောက်မှု ဖြစ်ဖော်ခဲ့ခြင်း

▪️နိုဝင်ဘာ (၂၀)  UNHCR ကဒ် လျောက်ထားခြင်းဆိုင်ရာ Facebook Page အတုထွက်ပေါ်ခဲ့ခြင်း

▪️နိုဝင်ဘာ (၂၀) ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ Yangon UG Association အဖွဲ့ဦးဆောင်သူများ၏အမည်ကို အသုံးပြုပြီး Thar Min Account ဖြင့် Facebook အသုံးပြုသူက YUA mission များကိုပြကာ Mission အသစ်များအတွက် ငွေကြေးလိမ်လည် ကောက်ခံမှုများပြုလုပ်ခဲ့ခြင်း

▪️နိုဝင်ဘာ (၂၃)  Interim Basic Education School (Thingangyun) တွင် တက်ရောက်နေသည့် ကျောင်းသူ ကျောင်းသားများ စာရင်းအချို့နှင့် Zoom Screen Shoot များ စစ်ကောင်စီ လော်ဘီ Account များတွင် ပျံ့နှံ့လာခြင်း

▪️နိုဝင်ဘာ (၂၄)  ကလေးတောင်ပိုင်းတွင် Ooredoo ဖုန်းလိုင်းများဖြတ်တောက်ခံထားရခြင်း

▪️နိုဝင်ဘာ(၂၅)  ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ခမွန်ခံကြီးကျေးရွာတွင် နေထိုင်သူ အမျိုးသမီးငယ်တစ်ဦးအား Tik Tok တွင် မင်းအောင်လှိုင်အား လှောင်ပြောင်သည့် Video တင်သဖြင့်ဟု ဆိုကာ စစ်ကောင်စီတပ်များမှ  ဖမ်းဆီးသွားခြင်း

▪️နိုဝင်ဘာ (၂၇) ထီးလင်းနယ်မြောက်ပိုင်းမှာ mpt ဆက်သွယ်ရေးဖုန်းလိုင်းများပြတ်တောက်နေခဲ့ခြင်းတို့ ဖြစ်ခဲ့ပါသည်။
👍3