နွေဦးလုံခြုံရေး
9.47K subscribers
2.17K photos
12 videos
6 files
585 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Electronic Database ကနေဘယ်လို ထောက်လှမ်းနိုင်လဲ!
========================================

🗣ကိုယ့်လူတို့ရေ…

🗣အားလုံးရဲ့ အချက်အလက်ကို သိမ်းထားတဲ့ Database အကြောင်းကိုသိပြီးပြီဆိုတော့

▪️စုဆောင်းခံရတဲ့အထဲမှာ

▪️Biometric Data လို့ခေါ်တဲ့ လက်ဗွေရာ, မျက်လုံး Scan ဖတ်ထားခြင်းတွေ ပါဝင်မှုရှိ/မရှိနဲ့
နောက်ပိုင်းဖြစ်လာမယ့် နောက်ဆက်တွဲလေးတွေကိုပါ ထည့်သွင်းဖော်ပြပေးလိုက်တယ်ဗျို့….
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣ကိုယ့်လူတို့ ဒီအပတ် Database အကြောင်းကြီးပဲကြားနေရလို့..စိုးရိမ်မှုတွေပိုနေမယ်ထင်ပါတယ်...

💻ဒစ်ဂျစ်တယ်လုံခြုံရေးမှာ သတိထားတာ ပိုတယ်ဆိုပြီးမရှိတာမို့…

💻ကိုယ့်ဆီမှာရှိတဲ့ အချက်အလက်တွေကို ဘယ်လို လုံခြုံအောင် စီမံခန့်ခွဲမလဲ သိချင်ရင်တော့

ဒီအပတ်ရဲ့ Clinic မှာလာရောက်ဆွေးနွေးလို့ရပြီနော်....

📲Link:https://t.me/SpringSecClinic

အချိန်ကတော့ 🕐 ဒီနေ့ည 7PM-9PM ထိ ပါနော်..
​​၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ
==========================================

ရောင်းရင်းတိုရေ…
အကြမ်းဖက်စစ်ကောင်စီဟာဆိုရင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို လက်နက်သဖွယ်အသုံးပြုနေတာဟာ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှု ဖြစ်စဉ်တွေပါ။

ဒီနေ့မှာတော့ အောက်တိုဘာလ အတွင်း ကျူးလွန်ခဲ့တဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိပ်မှုများကို ဖော်ပြပေးလိုက်ရပါတယ်။

▪️အောက်တိုဘာ (၁) ချင်းပြည်နယ် တီးတိန်၊ ဖလမ်းမြိုနယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ မော်လိုက်၊ ဟုမ္မလင်းမြိုနယ်တွင် စစ်ကောင်စီက ဖုန်းလိုင်းဖြတ်တောက်ခံခဲ့ရခြင်း

▪️အောက်တိုဘာ (၄) ကချင်ပြည်နယ်၊ ဗန်းမောက်မြိုနယ်တွင် အင်တာနက်လိုင်းသာမက ဖုန်းလိုက်များပါ ဖြတ်တောက်ထားခဲ့ခြင်း

▪️အောက်တိုဘာ (၇) စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းတွင် နေ့လည် (၁) နာရီ ခန့်မှ စတင်ပြီး ဖုန်းလိုင်းများ ပြန်လည် ဖြတ်တောက်ခဲ့ခြင်း

▪️အောက်တိုဘာ (၉) ချင်းပြည်နယ် မတူပီမြိုနှင့် ပလက်၀မြိုတွင် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း (ချင်းပြည်နယ်သည် မြိုနယ် (၉) မြိုနယ် ရှိသည့်အနက် ဟားခါးမှ အပ ကျန် (၈) မြိုနယ်မှာ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်။ )

▪️အောက်တိုဘာ (10) ကချင်ပြည်နယ် ချီဖွေဒေသတွင် MPT ဖုန်းလိုင်းများဖြတ်တောက်ခံထားရခြင်း

▪️အောက်တိုဘာ (၁၈) Freedom House ၏ ၂၀၂၂ ခုနှစ် Freedom on net Report နှင့် FEM ၏ Freedom of The Net Net Myanmar Report ပါဖော်ပြချက်များအရ မြန်မာနိုင်ငံ၏ အင်တာနက်လွတ်လပ်ခွင့်အား သုံးသပ်ရာတွင် ပေးမှတ် (၁၀၀) အနက် ရမှတ် (၁၂) မှတ်သာ ရရှိသည့် အင်တာနက်လွတ်လပ်ခွင့် ဆိတ်သုန်းနေသည့် နိုင်ငံတစ်ခုအဖြစ်ပါဝင်နေခြင်း

▪️အောက်တိုဘာ (၂၇) စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြိုနယ်တွင် မနက်ပိုင်းမှ စတင်ပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရခြင်းတိုပဲဖြစ်ပါတယ်။
Veracrypt Part-I
============

🗣ကိုယ့်လူတို့ရေ
ဒီအပတ်မှာတော့ အားလုံးတောင်းဆိုနေကြတဲ့ Data Encryption Software လေးနဲ့ မိတ်ဆက်ထားပါတယ်။

▪️Veracrypt ကတော့ ကိုယ့် ကွန်ပျူတာထဲမှာရှိတဲ့ အရေးကြီးတဲ့ Data တွေကို သိမ်းနိုင်တဲ့ လုံခြုံအားပြီး ချိုးဖျက်ရ မလွယ်ကူတဲ့ Data Encryption software တစ်ခုပါ။

▪️အရေးကြီးတဲ့ အချက်အလက်တွေကို Veracrypt ထဲမှာ အခန်းလေးတွေခွဲပြီး လုံခြုံတဲ့ Password ထားပြီး သိမ်းဆည်းထားခြင်းမျိုးပြုလုပ်နိုင်ပါတယ်။

▪️Veracrypt နဲ့ Computer ထဲက ထိရှလွယ်တဲ့ ဒေတာတွေကိုသိမ်းနိုင်သလို Hard Disk, Memory stick တစ်ခုလုံးကိုလည်း Encrypted လုပ်ထားနိုင်တာမို့လို့ အသေးစိတ်လေး ဖတ်ပြီးလုပ်ပေးကြပါနော်…

▪️ဒီနေ့မှာတော့ Standard File Continer ဆောက်နည်းလေးကိုအရင်ပြောပေးထားပါတယ်။ VeraCrypt နဲ့ပက်သက်ပြီး Content တွေလည်း ဆက်တိုက်လာမှာမို့ စောင့်ကြည့်ပေးပါဗျို့...
SIM Registration Alert
⚠️⚠️⚠️⚠️⚠️⚠️⚠️

အသုံးပြုနေတဲ့ SIM Card တွေကို မှန်ကန်စွာ အချက်အလက်များဖြည့်သွင်းဖို့ နဲ့ မပြည့်စုံတဲ့ SIM Card များကို ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ပိုင်းမှာ ပိတ်သိမ်းသွားဖို့ စစ်ကောင်စီက ကြံစည်နေပါတယ်။
အရှေ့အပတ်တွေမှာ ပြောခဲ့သလိုပဲ National Database နဲ့ တိုက်ဆိုင်စစ်ဆေးသွားမှာ ဖြစ်တဲ့အတွက် အားလုံးရဲ့ အချက်အလက်တွေဟာတော့ စုဆောင်းထားပြီးသားဖြစ်နေပါပြီ။ ပိတ်သိမ်းသွားပြီးနောက်မှာတော့ အဲ့ SIM Card တွေနဲ့ တွဲဖက်အသုံးပြုနေတဲ့ ဝန်ဆောင်မှုတွေကိုလည်း အသုံးပြုရ အခက်အခဲ ရှိလာနိုင်ပါတယ်။ ဒါကြောင့် သတင်းအချက်အလက် လုံခြုံရေးအတွက် ကြိုတင်စီစဉ်ထားနိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
👍2