နွေဦးလုံခြုံရေး
9.55K subscribers
2.17K photos
12 videos
6 files
582 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
===================
🗣ရောင်းရင်းတို့ရေ

💻Clinic ကို အပတ်စဉ်လာရောက်ဆွေးနွေးကြတဲ့ ရောင်းရင်းများကို ကျေးဇူးအထူးပါဗျို့...

💻Clinic ကိုမလာဖူးသေးတဲ့ ရောင်းရင်းတွေလည်း သိလိုရာ..မေးလိုရာ ဒစ်ဂျစ်တယ် ကိစ္စအဝဝကို Clinic မှာ လာဆွေးနွေးလို့ရပါကြောင်း သတင်းပါးလိုက်ရပါတယ်…

▪️အကောင့်လုံခြုံရေးနဲ့ပက်သက်ပြီး သိချင်တာရှိရင်ပဲဖြစ်ဖြစ်

▪️ ဆက်သွယ်ရေးဆိုင်ရာ လုံခြုံရေးအတွက် မေးမြန်းလိုတာများရှိရင်

▪️မိမိရဲ့ ဒစ်ဂျစ်တယ်စက်ပစ္စည်းတွေနဲ့ ဆိုင်တဲ့ လုံခြုံရေး အကြောင်း ဆွေးနွေးလိုရင်..

ဒစ်ဂျစ်တယ် အခက်အခဲရှိနေသူတိုင်းအတွက် Clinic ဒီနေ့မှာရှိနေပါတယ်နော်...
အချိန်: ((7:00- 9:00 PM) မှာရှိပါမယ်နော်…
Date: 22nd August ,2022
Clinic📲Link:https://t.me/SpringSecClinic
Media is too big
VIEW IN TELEGRAM
🗣ကိုယ့်လူတို့ရေ…

👥ကိုယ့်လူတို့နဲ့ အတူတူ ရုန်းကန်ခဲ့တဲ့ နွေဦးလုံခြုံရေး ဒစ်ဂျစ်တယ်ဆေးခန်း တစ်နှစ်ပြည့်ခဲ့ပါပြီ..
တော်လှန်ရေး ရှိနေသမျှကာလပတ်လုံး

◆ တော်လှန်ရေးမှာ မိတ်ဆွေတို့ရဲ့ လုံခြုံရေးအတွက် clinic ရှိနေမှာပါ…

◆ကိုယ့်လူတို့ရဲ့ ဒစ်ဂျစ်တယ်အခက်အခဲတွေကို ဖြေရှင်းပေးဖို့ အစဉ်သင့်ရှိနေတာပါ..

☝️”တော်လှန်ရေးမှာ နည်းပညာဟာ ရဲဘော်တို့ရဲ့ အားသာချက်ဖြစ်ဖို့၊ လုံခြုံဖို့၊ ကာကွယ်ဖို့" သံဓိဌာန်တွေနဲ့ ရှေးဆက်ရင်း..တစ်ခုခုဆို Clinic ကိုအပြေး လာခဲ့ပါဦးဗျို့..

👉Clinic 📲Link:https://t.me/SpringSecClinic
🗣ကိုယ့်လူတို့ရေ..

🎥တစ်ပတ်တာရဲ့ Friday ကိုရောက်ရှိလို့လာပါပြီ....

🍿တစ်ပတ်တာလုံးရဲ့ အမောတွေဖြေဖျောက်ဖို့...ကိုယ့်လူတို့ ကြည့်ဖို့ညွှန်းဆိုလို့တဲ့ MOVIE ကတော့ “Anon” ပဲဖြစ်ပါတယ်။

⚠️စောင့်ကြည့်မှုတွေကြားက ဒစ်ဂျစ်တယ်ခြေရာဖျောက်မှုတွေကို အတိုင်းသားမြင်ရမယ့် ဇတ်ကားပါဗျို့…

👉https://telegra.ph/Anon-08-26-8
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣ရောင်းရင်းတို့ရေ

💻ဒီအပတ်ရဲ့ Clinic Time လေးရောက်လာပြီနော်

ဒစ်ဂျစ်တယ်နဲ့ ပက်သက်ပြီး အထွေထွေ သိလိုရာ..မေးမြန်းလိုရာ..ဆွေးနွေးလိုရာများကို အကြံပေးဖို့ ဝိုင်းတော်သားတွေ အဆင်သင့်ဖြစ်နေပါပြီဗျို့....

💻သိလိုရာရာများအတွက် Clinic ကို လာလိုသူများအတွက်

📲Link:https://t.me/SpringSecClinic

အချိန်ကတော့ 🕐7PM-9PM ထိ ပါနော်..

တွေ့ဆုံ..ဆွေးနွေး..အကြံပေးဖို့ ဝိုင်းတော်သားတွေ စောင့်မျှော်နေကြောင်းပါဗျို့....
Profile Lock မလုပ်ပဲ Online ပေါ်မှာလှုပ်ရှားသွားလာခြင်းက သင့်ကို Smart မဖြစ်စေပါဘူး

ဘယ်သူ့ဆီကနေ မိမိအချက်အလက် လုံခြုံစေချင်တာလဲ ???
Facebook ကုမ္ပဏီလက်ထဲကလား ...,. စစ်ကောင်စီလက်ထဲကလား...မိမိအကောင့်ထဲရှိ ဒလန်လက်ထဲကလား .... ဘယ်သူ့ဆီကပဲဖြစ်ဖြစ် ငါတို့က လုံကို လုံခြုံချင်တာကွာ ဆိုရင် ...နွေဦးလုံခြုံရေးက ပြောပြထားတာတွေကိုဖတ်ကြည့်ပြီး လိုက်ပါဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ။
👊👊Two Factor  လေးတောင် မခံထားပဲ Facebook မှာ Fighter လုပ်နေရင်တော့ အနှေးနဲ့အမြန် အကောင့်ပါ လူပါ ဖြစ်ဖို့   မျှော်လင့်ထားလိုက်ပါတော့ ......

🗣🗣မသမာသူတွေနဲ့ Hacker တွေက အကောင့်မရွေးဘူးနော်... ငါ  Fighter မဟုတ်ပါဘူး Two Factor မလိုပါဘူးဆိုရင် အလှူရေစက်လက်နဲ့မကွာ ကိုယ့်အကောင့်နဲ့ ကိုယ် Data တွေကိုရေစက်ချပြီး အမျှဝေဖို့သာပြင်ထားကြပါတော့ ကိုယ့်လူတို့ရေ ....

🔥🔥ဒါကြောင့် လူတိုင်းလူတိုင်း အကောင့်နဲ့ အကောင့်ဆိုင်ရာ အချက်အလက်တွေလုံခြုံစိတ်ချရဖို့ နွေဦးလုံခြုံရေးက မမောတမ်းပြောနေတာလေးတွေ ဖတ်ပြီး လိုက်လုပ်ကြသွားပါဦး ။