နွေဦးလုံခြုံရေး
9.55K subscribers
2.17K photos
12 videos
6 files
583 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Viber
=====
🗣ရောင်းရင်းတို့ အနေဖြင့် Platform တစ်ခုကို အသုံးပြုတဲ့အခါမှာ Privacy Policy ကိုဝင်ရောက်ဖတ်ရှုခြင်းသင့်ပါတယ်။

❗️Platform တိုင်းကတော့ သူတို့လုံခြုံတယ်ပြောပေမယ့် တကယ်ပဲလုံခြုံရဲ့လားဆိုတာကို သူတို့ ဘယ်လို ဒေတာတွေယူနေလဲကိုကြည့်ခြင်းအားဖြင့်လည်း သိနိုင်သည်။

▪️ Platfrom ကိုအခမဲ့သုံးရလို့ သူတို့တောင်းသမျှဒေတာတွေကို ပေးရမယ်ဆိုပေမယ့် မလိုအပ်တဲ့ ဒေတာတွေကို မပေးခြင်းက မိမိ ရွေးချယ်ခွင့်ဖြစ်လို့ ဒီနေ့မှာတော့ Viber ရဲ့ လုံခြုံရေးအကြောင်းကို နွေဦးလုံခြုံရေးဝိုင်းတော်သားတွေကမျှဝေပေးလိုက်ပါတယ်။
👍3
🗣ရောင်းရင်းတို့ရေ

▪️ဒီတစ်ပတ်သောကြာနေ့မှာလည်း ရောင်းရင်းတို့ စိတ်အပန်းဖြေရင်း ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ အင်တာနက်ပေါ်က အန္တရာယ်တွေကို နားလည်နိုင်စေဖို့ ဇာတ်ကားကောင်းတစ်ခု ကို ညွှန်းပေးချင်ပါတယ်။

▪️ဖြစ်ရပ်မှန်ဇာတ်လမ်းပေါ်အခြေခံရိုက်ကူးထားတဲ့ ဒီ Netflix ရဲ့ အပိုင်းသုံးပိုင်းသာ ပါဝင်တဲ့ Docuserie ဟာ အင်တာနက်ပေါ်က လူသတ်သမားတစ်ယောက်ကို လိုက်လံရှာဖွေခဲ့ကြတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ရိုက်ကူးထားတဲ့ပုံစံကလည်း ဒီဇာတ်ကြောင်းမှာ ပါဝင်ခဲ့ကြတဲ့သူတွေရဲ့ ရှုထောင့်ပေါင်းစုံကနေ ပြသထားသလို ဒီလူသတ်သမားရဲ့ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာတဲ့ ဇာတ်ရှိန်ကိုလည်း စိတ်တနုံ့နုံ့နဲ့ ကြည့်ရှုကြရမှာပါ။

🍿စိတ်ဝင်စားတယ်ဆိုရင်တော့ ဇာတ်လမ်းအညွှန်းလေးကို ဖတ်သွားလို့ရပါတယ်။ ကြည့်ပြီးရင် comment မှာ ကိုယ့်ရဲ့ အမြင်ကို လာရောက်မျှဝေကြဖို့လည်း မမေ့ပါနဲ့ဦးဗျို့။

👉https://telegra.ph/Dont-Fk-with-Cats--Hunting-an-Internet-Killer-06-03
👍1
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
===================
🗣ရောင်းရင်းတို့ရေ

❗️ဒစ်ဂျစ်တယ်နဲ့ ပက်သက်ပြီး စောင့်ကြည့်လေ့လာမှုတွေများနေတဲ့အချိန်မှာ ရောင်းရင်းတို့ရဲ့ ဒစ်ဂျစ်တယ် လုံခြုံရေးဟာဆိုရင်လည်း အင်မတန်မှ အရေးကြီးတဲ့ အပိုင်းကိုရောက်လာပါပြီ

💻ဒစ်ဂျစ်တယ်အခက်အခဲတွေနဲ့ ပက်သက်ပြီး ဘာပဲလိုလို
Clinic ကိုသာ လှမ်းခဲ့ပါတော့ဗျို့...

အချိန်: ((7:00- 9:00 PM) မှာရှိပါမယ်နော်…
Date:6th June ,2022
Clinic📲Link:https://t.me/SpringSecClinic

ရုံးချိန်လွှတ်အောင် စီစဉ်ထားတာမို့...ဒစ်ဂျစ်တယ်အခက်အခဲများရှိရင် ဆေးခန်း Link လေးကို Click နှိပ်ပြီး လာခဲ့ကြပါဗျို့...
OSINT
=====
🗣ရောင်းရင်းတို့ရေ ဒီအပတ်မှာတော့ အွန်လိုင်းပေါ်မှာ Public လုပ်ထားတဲ့ သတင်းအချက်အလက်တွေကနေပြီး ကိုယ့်ကို စောင့်ကြည့်မှုတွေ ပြုလုပ်နိုင်တယ်ဆိုတဲ့ အကြောင်းလေးဝေမျှပေးထားပါတယ်။

▪️OSINT ဆိုတာဘာလဲ
‼️သိပြီးဖတ်ပြီးသွားပြီဆိုရင်တော့

▪️ကိုယ့်အသုံးပြုနေကြ Search Engine ( Chrome/ Safari/ Firefox) တစ်ခုခုကိုသွားပါ)

▪️ပြီးရင် ကိုယ့်ရဲ့ Gmail (သို့) Facebook Name လေးကို ရိုက်ပြီးရှာကြည့်ပါဦး

👉ဘယ်အချက်အလက်တွေ မြင်သွားရလဲဆိုတာကိုလည်း Comment မှာမျှဝေပေးလို့ရပါတယ်ဗျို့..
🗣ရောင်းရင်းတို့ရေ

▪️ဒီအပတ်သောကြာမှာတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဇာတ်ကားလေးကိုညွှန်းဆိုလိုပါတယ်။

🍿”My Holo Love” ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။

📽လူမဟုတ်ပဲ..AI ချစ်သူထားလိုသူများကြည့်ရန်..အညွှန်းကို Link လေးမှာဖတ်ပေးကြဦးဗျို့..

👉https://telegra.ph/My-Holo-Love-06-10