နွေဦးလုံခြုံရေး
9.55K subscribers
2.17K photos
12 videos
6 files
582 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Robots တို့ရဲ့ မနက်ဖြန်နဲ့ သင်ရဲ့အနာဂါတ်
==============================
ကိုယ့်လူတို့ရေ
ခေတ်တွေတိုးတက်ပြောင်းလဲလာတာနဲ့အမျှ အကုန်လုံးက အရှိန်အဟုန်မြန်မြန်နဲ့ ရွှေ့လာကြတယ်…

မြန်မြန်ရွှေ့လာတဲ့အထဲမှာ Robot တွေလည်းပါဝင်ပါတယ်...အရင်တုန်းက စက်ရုပ်တွေဆိုတာ လူတွေနဲ့ တော််တော်ဝေးပြီး ပုံပန်းသွင်ပြင်ကိုက စက်ပစ္စည်းတစ်ခုသာသာ ဖြစ်ပေမယ့် အခုခေတ်မှာတော့ စက်ရုပ်တွေရဲ့ Evolution ဖြစ်လာမှုက အင်မတန်မှ စိတ်ဝင်စားစရာကောင်းပြီ…

လူတွေပဲလုပ်မှဖြစ်မယ်လို့ထင်ထားတဲ့ Service Industry (ဝန်ဆောင်မှုပေးတဲ့လုပ်ငန်း) တွေမှာတောင် Robot တွေကို အစားထိုးလာကြပြီး......သူတို့ရဲ့နေရာယူလာမှုကြောင့် လူသားတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာလေးကို ဆွေးနွေးထားတယ်ဗျို့…

ဖတ်ရှုပေးကြပါဦးဗျို့
Media is too big
VIEW IN TELEGRAM
သင်နဲ့ သင့်ရဲ့ ဒစ်ဂျစ်တယ်အရိပ်
======================
သင့်ရဲ့ အပြင် တကယ့်ဘဝမှာ ပစ္စည်း ဒါမှမဟုတ် သက်ရှိတွေမှာ အရိပ်တွေရှိတာက မြင်သာပေမယ့် အင်တာနက်ပေါ်မှာ သင်က ဒစ်ဂျစ်တယ် အရိပ်တွေကိုတော့ မမြင်သာပါဘူး။ ဒစ်ဂျစ်တယ်အရိပ်ကတော့ ဒစ်ဂျစ်တယအသုံးပြုနေတဲ့ လူတိုင်းမှာရှိသလို အဲ့ဒီ အရိပ်တွေကို အသုံးချခံရမှုပေါ်မှုတည်ပြီး အင်မတန် အန္တရာယ်များလှကြောင်းပါ ကိုယ့်လူတိုရေ..

အသေးစိတ်လေးသိချင်ရင်တော့ video လေးကြည့်ရအောင်ဗျို..

သင်ရဲ့ ဒစ်ဂျစ်တယ်အရိပ်က ဘာလဲ?
နွေဦးလုံခြုံရေး ဆေးခန်း
Digital Security Clinic
========================
ကဲ..ဒီနေ့မှာတော့ ထုံးစံအတိုင်းပဲရောင်းရင်းတို့ရေ..
ထုံးစံအတိုင်းပဲ ဒစ်ဂျစ်တယ်လုံခြုံရေး Clinic မှာတွေ့ကြမယ်နော်။
ကိုယ့်ဆေးခန်းကိုလာလို့ ပြသနာတွေဖြေရှင်းသွားခဲ့ရင်...ဘော်ဘော်တွေကိုဝိုင်းတော်သားတွေနဲ့ Live Clinic Section လေးလာမေးဖို့ ဖိတ်ခေါ်ပေးပါဦးဗျို့
ဆေးခန်းပြချင်ရင်တော့....
နွေဦးလုံခြံရေး Clinic ကို Join ဖို့လိုအပ်ပါလိမ့်မယ်
📲Link:https://t.me/SpringSecClinic

အချိန်ကတော့ 1PM- 3PM ပါဗျို့
📣Clinic လေး ဒီနေ့စောစောပိတ်မှာမို့ ရောင်းရင်းတို့ တစ်ခုခုဆိုရင် နွေဦးလုံခြုံရေး group မှာလာပြောပေးကြပါဗျို့....📢
ရုပ်မြင်သံကြားနှင့် အသံလွှင့်ဆိုင်ရာဥပဒေ ကိုပြင်ဆင်ခြင်း
=========================================
နွေဦးလုံခြုံရေး ရောင်းရင်းတိုရေ
စစ်ကောင်စီ အာဏာသိမ်းမှုကြီး အောက်မှာ စစ်ကောင်စီအနေနဲ့ လူတွေကိုထိန်းချုပ်ဖိုအတွက် နည်းလမ်းမျိုးစုံနဲ့ကြိုးစားတဲ့နေရာမှာ ဥပဒေပြင်ဆင်မှုတွေကလည် အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်တာကို ရောင်းရင်းတိုလည်း သိတယ်ဟုတ်.. ဒီနေ့မှာတော့ Nov 1 ရက်နေ့ ရက်စွဲနဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ဆိုင်ရာ ဥပဒေ ပြင်ဆင်တဲ့ ဥပဒေ တစ်ခုလုပ်ခဲဲပါတယ်။ အသေးစိတ်ကို Content လေးမှာဖြစ်ဖတ်ကြည့်ပါဗျို…
1
ဟာ!!! ဒီ Page ကြီး ပြန့်နေတယ်ဟ !!!


Business Term & Policy ဆိုတဲ့ Page နာမည်နဲ့ Facebook လုံခြုံရေး Team ဟန်ဆောင်ပြီး သင့်အကောင့်အတည်ပြုဖို့ဆိုတဲ့ ဒီ Link ကြီးပေါ်လာရင် မနှိပ်ပါနဲ့

နှိပ်ပြီးရင် ဘာဒေတာမှ မထည့်ပါနဲ့ …. ( ဒါဟာ Phishing လုပ်ပြီး User တွေရဲ့ အချက်အလက်တွေကိုကြိုးစားဖို့လုပ်တာပါ - အမယ် User တွေယုံကြည်အောင် အောက်နားမှာလဲ Page တွေအများကြီး ချိတ်ထားသေးသေးတယ်။) 2017 တုန်းက SNK Hair & Nail Studio ဆိုတဲ့ နာမည်နဲ့ Page ကို နာမည်ပြောင်းပြီး ပေါ်လာတာဆိုတော့ ဒါလဲ ဒီငနဲတွေ ခိုးထားပုံရပါတယ်။

(Facebook User Name – Password တွေ တောင်းမယ်။ သင့်​ နာမည် မွေးနေ့တွေ ဖြည့်ခိုင်းမယ်
နောက်တစ်ဆင့်မှာတော့ သင်ယုံကြည်အောင် FB ရဲ့ Policy တွေဆီကို လင့်ချိတ်ပေးထားတယ် - တစ်နည်းအားဖြင့်တော့ သူခိုးတို့ရဲ့ ဉာဏ်ဆင်ထားမှုကြီးပေါ့ဗျာ )

ဖြည့်လိုက်ရင် သင့် Username Password တွေဟာ သူခိုးကောင်တွေလက် သက်ဆင်းသွားပါပြီ။
အဲဒါ သင့်လုံခြုံရေးအတွက်မဟုတ်ပါဘူး …..

သူခိုးအကြီးစားကြီးပါ ….. သူခိုးအကြီးစားကြီးပါ ……

အဲဒီလင့် ကို လုံးဝမနှိပ်ပါနဲ့ ဗျို့ …..
လုံးဝမနှိပ်ပါနဲ့ဗျို့ ….
လုံးဝမနှိပ်ပါနဲ့ဗျို့ …… 🛎🛎🛎
ကျွန်တော်တို့ နွေဦးလုံခြုံရေး channel ကနေ ဒစ်ဂျစ်တယ် လုံခြုံရေး နည်းပညာ အသိပညာတွေမျှဝေလာတာ ၈ လတာရှိခဲ့ပြီဖြစ်ပါတယ်၊ တော်လှန်ရေး အရှိန်ကလည်း ကောင်းလာလိုက်တာ လူတွေကလည်း Click ချက်ပဲ။ သိပ်အားရဖို့ကောင်းတယ်ဗျို့။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် လုံခြုံရေးအသိလေးတော့ ရှိဖို့လိုမယ်နော်။

https://telegra.ph/How-to-click-Securely-11-22