နွေဦးလုံခြုံရေး
9.55K subscribers
2.17K photos
12 videos
6 files
581 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
📍၂၀၂၅ ပဋိပက္ခနှင့်ဆက်နွှယ်သော လိင်ဆိုင်ရာအကြမ်းဖက်မှုကို ဖယ်ရှားသည့် အပြည်ပြည်ဆိုင်ရာနေ့📍
============================

🗣ကိုယ့်လူတို့ရေ…

📣ဒီနေ့ကတော့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခနှင့်ဆက်နွှယ်သော လိင်ဆိုင်ရာ အကြမ်းဖက်မှုကို ဖယ်ရှားတဲ့နေလို့ သတ်မှတ်ထားတာပဲဖြစ်ပါတယ်။

💁🏻‍♀️ https://telegra.ph/International-Day-for-the-Elimination-of-Sexual-Violence-in-Conflict-06-19
21
This media is not supported in your browser
VIEW IN TELEGRAM
Buddy System ဆိုတာ…
=================

● ကိုယ့်လူတို့ရေ ဒီနေ့မှာတော့ Buddy System အကြောင်းလေးပြောပြချင်ပါတယ်။

● Buddy System ဆိုတာကတော့ ယုံကြည်ရတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ နဲ့ဖန်တီးထားတဲ့ လုံခြုံရေးအစီအမံတစ်ခုပဲဖြစ်ပါတယ်။ ဆိုလိုတာက မိတ်ဆွေ အချင်းချင်း အရေးပေါ်အခြေအနေအတွက် ကူညီနိုင်အောင် ဖန်တီးထားတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။

● နေ့စဉ်နဲ့အမျှ ကြပ်တည်းလာတဲ့ ဒစ်ဂျစ်တယ် လူ့အခွင့်အရေးတွေကြောင့် အပြင်ထွက်ပြီဆိုတာနဲ့ လုံခြုံမှုမရှိတော့ဘူး ခံစားရတာက ပုံမှန်လို ဖြစ်လာပါတယ်။

● လူတစ်ယောက်အချိန်မရွေးမှာတစ်ခုခုဖြစ်နိုင်ပါတယ်။

● အွန်လိုင်းပေါ်မှာလည်း အသိမိတ်ဆွေအချို့ ပျောက်သွားတယ်ဆိုတဲ့ သတင်းတွေလည်း မြင်ဖူးကြမှာပါ။ ဒီလိုအခြေအနေအတွက် အပြင်မထွက်ခင် မိမိယုံကြည်ရတဲ့ မိတ်ဆွေနဲ့ လုံခြုံရေး အစီအမံ တစ်ခု တည်ဆောက်ရမှာပါ။

👉 https://telegra.ph/How-to-set-up-Buddy-System-06-20
👍113
This media is not supported in your browser
VIEW IN TELEGRAM
⚠️Apple Google Facebook အသုံးပြုသူ ၁၆ ဘီလီယံ၏ အကောင့်အချက်အလက်များ ပေါက်ကြားခဲ့ခြင်း⚠️

‼️Cybernews ရဲ့ Cybersecurity Researcher တွေ ဖြစ်တဲ့ Bob Diachenko နဲ့ Aras Nazarovas တို့ နှစ်ဦးဟာ မကြာသေးခင်ကပဲ ၁၆ ဘီလီယံ အရေအတွက်ရှိတဲ့ Login အချက်အလက်တွေကို ပေါက်ကြားနေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

⛔️သုတေသီနှစ်ဦးဟာ ၂၀၂၅ နှစ်အစပိုင်းကတည်းက ဝက်ဘ် ကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေခဲ့တာဖြစ်ပြီး ရှာဖွေရေးအင်ဂျင်များ နှင့် Object Storage Instance များမှတစ်ဆင့် မတူညီတဲ့ အချက်အလက်သိမ်းဆည်းရာ နေရာ ( ၃၀ ) ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

📲 https://telegra.ph/16-Billion-Apple-Facebook-Google-And-Other-Passwords-Leaked-06-26
👍7🔥31
⚠️ Google Service များနှင့် မြန်မာ SIM Card SMS ပြသနာ…⚠️

📍Google အကောင့်တွေမှာ အကောင့်ကို Recovery ပြန်လုပ်ချင်လို့ပဲ ဖြစ်ဖြစ်၊ နှစ်ဆင့်ခံလုံခြုံရေးအတွက်ပဲ ဖြစ်ဖြစ် SMS က တစ်ဆင့် ကုဒ်တောင်းခံရာမှာ လူအများ အခက်အခဲတွေ ကြုံနေရတယ်လို့ တွေ့ရှိရပါတယ်။

📍Google အနေနဲ့ “မြန်မာနိုင်ငံရဲ့ ဖုန်းနံပါတ်တွေကို ထောက်ပံ့ခြင်းမရှိတော့” လို့ ထုတ်ပြန်ထားတာမျိုး၊ အတည်ပြုနိုင်တာမျိုး မတွေ့ရှိသေးပေမယ့် Google အနေနဲ့ SMS စနစ် နဲ့ အတည်ပြုမှုရယူတဲ့ နည်းလမ်းကို အခွင့်ကောင်းယူသူတွေ၊ လိမ်လည်သူတွေ များပြားတာကြောင့် QR Code Authentication နဲ့ အစားထိုးပြောင်းလဲဖို့ ပြင်ဆင်နေတာမျိုးတော့ ရှိနေပါတယ်။

📍လိမ်လည်မှု နဲ့ လုံခြုံရေးအကြောင်းပြချက်တွေကြောင့် Google က မြန်မာဖုန်းနံပါတ်တွေကို အတည်ပြုရာမှာ အသုံးပြုဖို့ ဆက်လက်ထောက်ပံ့ခြင်းမရှိတော့တာမျိုး ဖြစ်နိုင်သလို စစ်ကောင်စီက ISP တွေကတစ်ဆင့် ကန့်သတ်ပိတ်ပင်တာမျိုးလည်း ဖြစ်နိုင်တာကြောင့် ရနေသေးတဲ့ အချိန်မှာ ကြိုတင်ပြင်ဆင်သင့်တာတွေ ရှိနေပါတယ်။

📍အကယ်၍ အကောင့်ကို ပြန်ဆည်ရာမှာ ကုဒ်မကျတော့တာ၊ နှစ်ဆင့်ခံလုံခြုံရေးကုဒ် မရတော့တာမျိုး ကြုံရပြီဆိုရင် အကောင့်ကို ဝင်ရောက်နိုင်မယ့် နည်းလမ်းတွေကို ဆုံးရှုံးနိုင်တဲ့အပြင် Google အကောင့်နဲ့ ဆက်စပ်ဖွင့်လှစ်ထားတဲ့ တခြားသော အကောင့်များကိုလည်း ဆုံးရှုံးရနိုင်တာကြောင့် အထူးဂရုစိုက်ပြီး ပြောင်းလဲမှုကို လုပ်ဆောင်သင့်ပါတယ်။

1️⃣. Recovery Phone Number မှ Recovery Email Address သို့ ပြောင်းလဲခြင်း

အကောင့်ကို စကားဝှက်မေ့လို့ဖြစ်ဖြစ် အကောင့်ကို ပြန်လည်ဆည်ယူရာမှာ Google က အတည်ပြုရန် ကုဒ်ပို့ပေးနိုင်မယ့် နည်းလမ်းကို ဖုန်းနံပါတ်ကို SMS ဖြင့် လက်ခံခြင်းမှ Email သို့ ကုဒ်ပို့ပေးနိုင်စေရန် Recovery Phone Number အပြင်၊​Recovery Email Address ထပ်မံထည့်သွင်းထားပါ။

📌 လုပ်ဆောင်နည်းလမ်းညွှန်

👉https://t.me/SpringRevSecurity/2373

2️⃣. နှစ်ဆင့်ခံလုံခြုံရေးအတွက် အတည်ပြုကုဒ်ရရန် Authentication App ကို ပြောင်းလဲ အသုံးပြုခြင်း

📍ဖုန်းနံပါတ်မှ ကုဒ်မရနိုင်စဉ်တွင် အကောင့်အား နှစ်ဆင့်ခံလုံခြုံရေးကုဒ်မပေးနိုင်သောကြောင့် အကောင့်ဝင်ရောက်နိုင်ခြင်းမဖြစ်ပေါ်စေရန် Google မှာ ထုတ်လုပ်ထားသော Google Authenticator ကို အသုံးပြုနိုင်သည်။

📍 Google Authenticator သည် ဖုန်းထဲရှိ Application ထဲတွင် ကုဒ်များ အလိုအလျောက်ပြောင်းလဲ ဖန်းတီးပေးနေခြင်းဖြစ်သောကြောင့် SMS မှ ကုဒ်မပို့လာခြင်းရန်မှ ကာကွယ်ပေးနိုင်သည့်အပြင် အင်တာနက်ချိတ်ဆက်မထားသော အချိန်မှာပင် ကုဒ်များကို အသုံးပြုနိုင်သည်။

📍ဒါ့အပြင် Recovery Code၊ Backup Code တွေကိုလည်း သေချာသိမ်းဆည်းထားဖို့ အရေးကြီးပါတယ်။

📌လုပ်ဆောင်နည်းလမ်းညွှန်

👉 https://t.me/SpringRevSecurity/72

👉https://t.me/SpringRevSecurity/58
21👍3👏1
ချန်နယ်အဖွဲ့ဝင် အားလုံးမင်္ဂလာပါ

လက်ရှိ VPN ပိတ်ဆို့မှု အခြေအနေတွေအရ Form ထဲမှာ
👉ဘယ် VPN တွေ အလုပ်လုပ်နေသေးလဲ
👉ဘယ် အော်ပရေတာ တွေနဲ့ အလုပ်လုပ်နေသေးလဲ

စတာတွေကို သိရနိုင်ဖို့ အားလုံးဝိုင်းဝန်းဖြည့်စွက်နိုင်မှာဖြစ်ပါတယ်။

အပတ်စဉ်ဖြည့်စွက်သွားကြမယ်ဆိုရင်
👉နောက်ဆုံးရအခြေအနေတွေကို သိရနိုင်မှာဖြစ်ပြီး
👉လာရောက်မေးမြန်းကြတဲ့ VPN နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကိုလည်း မြန်ဆန်စွာ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။

Form ကို ဝိုင်းဝန်းဖြည့်စွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Form ကရရှိတဲ့ အချက်အလက်တွေကိုလည်း အများကြည့်ရှုနိုင်အောင် နဲ့ Comment ပေးနိုင်အောင် ဖွင့်လှစ်ပေးထားပါတယ်။

👉ဖြည့်စွက်ရမည့် ဖောင် - https://forms.gle/cEZaWGfVFBN3Tm7G6
👉စစ်တမ်းရလာဒ်များအား Googl Sheet

VPN လိုအပ်သူများအတွက် DRAPAC VPN Telegram Chatbot က တစ်ဆင့်လည်း တောင်းခံနိုင်သလို နွေဦးလုံခြုံရေးဆေးခန်းကိုလည်း တိုက်ရိုက်တောင်းခံရယူနိုင်ပါတယ်။
@drapacvpn_bot

သတိ ။ Form များ ဖြည့်စွက်ရာမှတစ်ဆင့် ရရှိလာတဲ့ အချက်အလက်တွေဟာ အော်ပရေတာ၊ နေထိုင်ရာမြို့နယ် စတာတွေပေါ် မူတည်ပြီး ကွဲပြားနိုင်တာကြောင့် မြေပြင်အခြေအနေကို မထင်ဟပ်တာမျိုး ရှိနိုင်ပါဦးမယ်
👍18
၂၀၂၅ ခုနှစ် ဇွန်လ အတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ
===============================

⚠️အဖက်ဖက် ပြန်သုန်းနေတဲ့ကြားထဲက အင်တာနက်ဖြတ် သတင်းတွေရပ်ဖို့ ကို အာဏသိမ်း စစ်ကောင်စီက တစ်စိုက်မတ်မတ် လုပ်နေခဲ့တာဆိုရင်လည်း မမှားပါဘူး…

🔥 ရည်ရွယ်ချက်ရှိရှိ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိပ်မှုဖြစ်စဉ်တွေကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် တစ်စတစ်စ ပို၍ တင်းကြပ်လာပါတာပဲဖြစ်ပါတယ်။

⚠️ဒီနေ့မှာတော့ ဇွန်လအတွင်း ဖိနှပ်မှုဖြစဉ်တွေ တင်ပြပေးလိုက်ရပါတယ်။

👉https://telegra.ph/Digital-Repression-in-June-2025-07-01
👍152
Media is too big
VIEW IN TELEGRAM
📍Google Authenticator ဆိုတာက⁉️

♻️Google Authenticator ဆိုတာက အကောင့်တွေကို နှစ်ဆင့်ခံလုံခြုံရေးထားတဲ့အချိန်မှာ အသုံးပြုနိုင်တဲ့ Google က ထုတ်လုပ်ထားတဲ့ App တစ်ခုပဲဖြစ်ပါတယ်။ 

♻️အကောင့်တွေကို နှစ်ဆင့်ခံ လုံခြုံရေး တိုးမြှင့်တဲ့အခါမှာ မိမိရဲ့ အကောင့် Password အပြင် မိမိဖုန်းနံပါတ် (သို့) Authenticatorနှင့် မိမိအကောင့်တွေကို Setup လုပ်လေ့ရှိပါတယ်။

♻️Google Authenticator ကတော့ TOTP လို့ခေါ်တဲ့ (Time-Based One-Time Password)  တွေကို ထုတ်ပေးပါတယ်။ ဆိုလိုတာက အချိန်စက္ကန့်ပိုင်းလေး အတွင်းသာ အသုံးပြုနိုင်တဲ့ Code နံပါတ်လေးတွေကို Application ကပေးပြီးတော့ အချိန်ကြာသွားတာနဲ့ အဲ့ဒီ Code တွေက အသုံးပြုလို့မရတော့ပါဘူး။ 

♻️Google Authentication App တစ်ခုရှိတာနဲ့ မိမိရဲ့ Social Media အကောင့်တွေ၊ ဒစ်ဂျစ်တယ်အကောင့်တွေကို App တစ်ခုတည်းနဲ့ နှစ်ဆင့်ခံလုံခြုံရေး မြှင့်တင်နိုင်တာမို့ တော်တော်လေး အဆင်ပြေပါတယ်။ 

👉 https://telegra.ph/Google-Authenticator-07-10
👍129
ချန်နယ်အဖွဲ့ဝင် အားလုံးမင်္ဂလာပါ

လက်ရှိ VPN ပိတ်ဆို့မှု အခြေအနေတွေအရ Form ထဲမှာ
👉ဘယ် VPN တွေ အလုပ်လုပ်နေသေးလဲ
👉ဘယ် အော်ပရေတာ တွေနဲ့ အလုပ်လုပ်နေသေးလဲ

စတာတွေကို သိရနိုင်ဖို့ အားလုံးဝိုင်းဝန်းဖြည့်စွက်နိုင်မှာဖြစ်ပါတယ်။

အပတ်စဉ်ဖြည့်စွက်သွားကြမယ်ဆိုရင်
👉နောက်ဆုံးရအခြေအနေတွေကို သိရနိုင်မှာဖြစ်ပြီး
👉လာရောက်မေးမြန်းကြတဲ့ VPN နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကိုလည်း မြန်ဆန်စွာ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။

Form ကို ဝိုင်းဝန်းဖြည့်စွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Form ကရရှိတဲ့ အချက်အလက်တွေကိုလည်း အများကြည့်ရှုနိုင်အောင် နဲ့ Comment ပေးနိုင်အောင် ဖွင့်လှစ်ပေးထားပါတယ်။

👉ဖြည့်စွက်ရမည့် ဖောင် - https://forms.gle/cEZaWGfVFBN3Tm7G6
👉စစ်တမ်းရလာဒ်များအား Googl Sheet

VPN လိုအပ်သူများအတွက် DRAPAC VPN Telegram Chatbot က တစ်ဆင့်လည်း တောင်းခံနိုင်သလို နွေဦးလုံခြုံရေးဆေးခန်းကိုလည်း တိုက်ရိုက်တောင်းခံရယူနိုင်ပါတယ်။
@drapacvpn_bot

သတိ ။ Form များ ဖြည့်စွက်ရာမှတစ်ဆင့် ရရှိလာတဲ့ အချက်အလက်တွေဟာ အော်ပရေတာ၊ နေထိုင်ရာမြို့နယ် စတာတွေပေါ် မူတည်ပြီး ကွဲပြားနိုင်တာကြောင့် မြေပြင်အခြေအနေကို မထင်ဟပ်တာမျိုး ရှိနိုင်ပါဦးမယ်
👍184👎1
Telegram တွင် ချိန်ညှိထားသင့်သော Setting များ...

🗣ကိုယ့်လူတို့ရေ...

📲Telegram ကို ရုပ်ရှင်ကြည့်ဖို့ (သို့) သတင်းတွေဖတ်ဖို့ နဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ဖို့ စတဲ့ အကြောင်းအရင်းများစွာနဲ့ အသုံးပြုကြပါတယ်။

⚠️ကိုယ်တောင် မသိလိုက်ပဲ Telegram Chat ထဲကနေ Link တစ်ခုဝင်ရောက်နှိပ်မိရာကနေပြီးတော့မှ အွန်လိုင်းတိုက်ခံမှုများခံရနိုင်ပြီး...မိမိအကောင့်ကိုရယူသွားနိုင်ပါတယ်။

⁉️ကိုယ့်ကိုပြန်မေးကြည့်ပါ...

Telegram မှာ

Log in device စစ်ပြီးပြီလား

📱ဖုန်းနံပါတ်ဖျောက်ပြီးပြီလား

⌚️ပြောပြီးပြန်ဖျက်တတ်ပြီလား

🕹နှစ်ဆင့်လုံခြုံရေးခံပြီးပြီလား

ဒါတွေမလုပ်ရသေးဘူးဆိုတော့ အခုပဲ setting တွေ ချိန်ထားဖို့ အကြံပြုလိုက်ပါတယ်။

👉https://t.me/SpringRevSecurity/1872
34👍2
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================

🔹ဒစ်ဂျစ်တယ်လုံခြုံရေးကိုဂရုစိုက်ကြမယ်။

🔹မလိုအပ်တော့ဒေတာတွေနဲ့ ကိုဖျက်ပြီး လိုအပ်တဲ့ လုံခြုံရေး အဆင့်မြင့်တယ်ချင်တယ်ဆိုရင်တော့ဖြင့်....

🔹 ကိုယ့်လူတို့ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးပြဿနာတွေကို
၂၄ နာရီလုံး အခမဲ့ ဖြေရှင်းပေးနေတာမို့
ဆေးခန်းကိုသာ အပြေးလှမ်းလာလိုက်ပါတော့။

🔻လုံခြုံရေးအတွက် ဘယ်သူမှန်းမသိနိုင်အောင်
Telegram ကနေသာမေးခွန်းတွေ လက်ခံပေးနေပါတယ်။

🏪Telegram ဆေးခန်း အကောင့် - https://t.me/SpringSecClinic
12
ချန်နယ်အဖွဲ့ဝင် အားလုံးမင်္ဂလာပါ

လက်ရှိ VPN ပိတ်ဆို့မှု အခြေအနေတွေအရ Form ထဲမှာ
👉ဘယ် VPN တွေ အလုပ်လုပ်နေသေးလဲ
👉ဘယ် အော်ပရေတာ တွေနဲ့ အလုပ်လုပ်နေသေးလဲ

စတာတွေကို သိရနိုင်ဖို့ အားလုံးဝိုင်းဝန်းဖြည့်စွက်နိုင်မှာဖြစ်ပါတယ်။

အပတ်စဉ်ဖြည့်စွက်သွားကြမယ်ဆိုရင်
👉နောက်ဆုံးရအခြေအနေတွေကို သိရနိုင်မှာဖြစ်ပြီး
👉လာရောက်မေးမြန်းကြတဲ့ VPN နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကိုလည်း မြန်ဆန်စွာ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။

Form ကို ဝိုင်းဝန်းဖြည့်စွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Form ကရရှိတဲ့ အချက်အလက်တွေကိုလည်း အများကြည့်ရှုနိုင်အောင် နဲ့ Comment ပေးနိုင်အောင် ဖွင့်လှစ်ပေးထားပါတယ်။

👉ဖြည့်စွက်ရမည့် ဖောင် - https://forms.gle/cEZaWGfVFBN3Tm7G6
👉စစ်တမ်းရလာဒ်များအား Googl Sheet

VPN လိုအပ်သူများအတွက် DRAPAC VPN Telegram Chatbot က တစ်ဆင့်လည်း တောင်းခံနိုင်သလို နွေဦးလုံခြုံရေးဆေးခန်းကိုလည်း တိုက်ရိုက်တောင်းခံရယူနိုင်ပါတယ်။
@drapacvpn_bot

သတိ ။ Form များ ဖြည့်စွက်ရာမှတစ်ဆင့် ရရှိလာတဲ့ အချက်အလက်တွေဟာ အော်ပရေတာ၊ နေထိုင်ရာမြို့နယ် စတာတွေပေါ် မူတည်ပြီး ကွဲပြားနိုင်တာကြောင့် မြေပြင်အခြေအနေကို မထင်ဟပ်တာမျိုး ရှိနိုင်ပါဦးမယ်
8👍3
‼️‼️သတိထားရမည့် telegram အကောင့် လုံခြုံရေးကျိုးပေါက်မှု‼️‼️

🗣ကိုယ့်လူတို့ရေ...

⚠️ လက်ရှိအခြေအနေမှာ Telegram အကောင့်တွေ ကျိုးပေါက်မှုများစွာဖြစ်ပေါ်နေပါတယ်။

⚠️ ဒါကြောင့် သတိရှိဖို့ လိုအပ်ပါတယ်။ Telegram Bot တွေကိုမယုံပါနဲ့။ မလိုအပ်ပဲ Download မဆွဲပါနဲ့။

⚠️ကိုယ်တောင် မသိလိုက်ပဲ Telegram Chat ထဲကနေ Link တစ်ခုဝင်ရောက်နှိပ်မိရာကနေပြီးတော့မှ အွန်လိုင်းတိုက်ခံမှုများခံရနိုင်ပြီး...မိမိအကောင့်ကိုရယူသွားနိုင်ပါတယ်။

⁉️ကိုယ့်ကိုပြန်မေးကြည့်ပါ...

Telegram မှာ

Log in device စစ်ပြီးပြီလား

📱ဖုန်းနံပါတ်ဖျောက်ပြီးပြီလား

🕹နှစ်ဆင့်လုံခြုံရေးခံပြီးပြီလား

ဒါတွေမလုပ်ရသေးဘူးဆိုတော့ အခုပဲ setting တွေ ချိန်ထားဖို့ အကြံပြုလိုက်ပါတယ်။

👉https://t.me/SpringRevSecurity/1872
👍2217

16👍3