နွေဦးလုံခြုံရေး
9.55K subscribers
2.17K photos
12 videos
6 files
581 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
🔹 ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိပ်မှုဖြစ်စဉ်များ 🔹
==================================================

🔻 အကြမ်းဖက်စစ်ကောင်စီဟာဆိုရင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို လက်နက်သဖွယ်အသုံးပြုနေတာဟာ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှု ဖြစ်စဉ်တွေပဲဖြစ်ပါတယ်။

🔻 ဒီနေ့မှာတော့ အတွင်းဧပြီလ အတွင်း ကျူးလွန်ခဲ့တဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိပ်မှုများကို ဖော်ပြပေးလိုက်ရပါတယ်။


🔹 ဧပြီ (၂)  ဟင်္သာတမြို့တွင် Social Media များမှ ရေးသားသော အချက်အလက်များကို အခြေခံပြီး  PDF ထောက်ပံ့သည်ဟု စွပ်စွဲကာ နေအိမ်ငါးလုံးကို ချိတ်ပိတ်ခဲ့ပါတယ်။

🔹 ဧပြီ (၃)  ရန်ကုန်လေဆိပ်အတွင်း ပြေးဆွဲလိုသည့် အငှားယာဉ်များအား မိုဘိုင်း Application မှတဆင့် စီးနင်းသူများ၏ သွားလာခဲ့မှုများကို ခြေရာခံနိုင်သည့် Grab ကုမ္ပဏီဖြင့် ချိတ်ဆက်ရန် စစ်ကောင်စီ မှ ဖိအားပေးခဲ့‌ပြီး လုံခြုံရေးအတွက်ဟု အကြောင်းပြခဲ့ပါတယ်။

🔹 ဧပြီ (၃)  ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သော မင်းတပ်၊ မတူပီ နှင့် ကန်ပက်လက် မြို့နယ် များတွင် မိုဘိုင်းဖုန်း ဆက်သွယ်မှုများ ဖြတ်တောက်ထားသည်မှာ (၄) လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။

🔹 ဧပြီ (၃) Electronic မှတ်ပုံတင်စနစ် ပြုလုပ်ရန် Biometric Data ကောက်ယူရေးကြေညာချက်အား Naypyitaw Council ၏ Facebook စာမျက်နှာပေါ်တွင် ကြေငြာခဲ့ပါတယ်။

🔹 ဧပြီ (၄)  NUG နှင့်ဆက်သွယ်ပြီး တရားမဝင်ပညာသင်ကြားရေးပြုလုပ်သည်ဟုဆိုကာ အမျိုးသမီး ၁၃ ဦးအပါအဝင် ၁၅ ဦးကို ဖမ်းဆီးထားဟု စစ်ကောင်စီထုတ်ပြန်ခဲ့ပါတယ်။

🔹ဧပြီ (၁၂) ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် ၎င်းတို့၏ Social Media Account များမှဝမ်းနည်းကြောင်းရေးသားခြင်း ၊ Profile အမဲများ ပြောင်းလဲခြင်းအတွက် တေးသံရှင် မေလသံစဉ်၊ သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီ နှင့် ရွှေရည်သိန်းတို့ အပါအဝင် ၁၁ ဦး  ဖမ်းဆီးခံရပြီး ၅၀၅ နဲ့ အမှုဖွင့်ခံထားရပါတယ်။

🔹 ဧပြီ (၁၇) ဟားခါးမြို့တွင် Telenor နှင့် MPT ဝိုင်ဖိုင်လိုင်းများ ဧပြီ (၁၇) နေ့မှ စတင်ပြီး အသုံးပြုမရ ဖြစ်နေပါတယ်။

🔹 ဧပြီ (၂၄) တော်လှန်ရေး ရန်ပုံငွေ စုဆောင်းနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် PDF ဂိမ်းများ ဆော့ကစားပါက  ဥပဒေအရ အရေးယူခံရနိုင်ကြောင်း စစ်ကောင်စီထုတ် သတင်းစာမှ တဆင့် ကြော်ငြာခဲ့ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
👍29
Secure File Transfer
===============
👉ကိုယ့်လူတို့ရေ…

▪️ဒီနေ့မှာတော့ ဒေတာတွေကို လျင်မြန်လုံခြုံစွာ ဘယ်လိုရွေ့ရမလဲ ဆိုတဲ့အကြောင်းအရာလေးကိုရှင်းပြထားသလို

👉ဒေတာရွေ့ပြောင်းရာမှ အင်မတန်မှ လုံခြုံတဲ့ ပလက်ဖောင်းနှစ်ခုကိုလည်း မိတ်ဆက်ပေးထားပါတယ်ဗျို့...
👍26
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ပက်သက်တဲ့ အကြံဉာဏ်များကို ရယူဖို့ Clinic ကိုသာလှမ်းခဲ့ပါ....

▪️အစစ်အဆေး များနေတဲ့ ဒီလိုကြပ်တည်းတဲ့ကာလကြီးမှာ..

▪️ ဒစ်ဂျစ်လုံခြုံရေးကို အထူးဂရုပြုဖို့လိုတယ်ဗျိုး..

▪️တစ်ခုခု အကြံဉာဏ်လိုအပ်တဲ့ အချိန်တိုင်း ၂၄ နာရီအတွင်းပြန်ဖြေပေးမယ့် Clinic ကိုသတိရလိုက်ပါဗျို့…

📲Link:https://t.me/SpringSecClinic
👍21
🔻Keyboard နဲ့ လုံခြုံရေး
==================

ကိုယ့်လူတို့ရေ....

🔹 Keyboard တွေဟာ သင်တို့ရဲ့နေ့စဉ်ဘဝမှာ ဘယ်လောက်ထိအရေးပါလဲ ။

🔹 ဒေတာအချက်အလက်တွေကိုရော ပေးနေရပါသလား။

🔹 Keyboard တွေက တစ်ဆင့် ကိုယ့်ကို အန္တရာယ်ဖြစ်စေနိုင်ချေရှိပါသလား

စတာတွေကို သိရနိုင်ဖို့ ဒီအပတ်မှာတော့ Keyboard တွေနဲ့ လုံခြုံရေး အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍35