နွေဦးလုံခြုံရေး
9.54K subscribers
2.17K photos
12 videos
6 files
583 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
သဲလွန်စတွေမချန်နဲ့
=============

နေ့စဉ် ဒစ်ဂျစ်တယ်ဘဝတွေမှာ Browser တွေကနေတစ်ဆင့် ရှာဖွေမှုတွေပြုလုပ်ကြသလို၊ အွန်လိုင်းပေါ်က Download
လုပ်ထားပြီး ဒေတာတွေလည်း ရှိပြန်ပါတယ်။ သင့်ဖုန်း၊ ကွန်ပျူတာတွေထဲမှာ ရှိနေတဲ့ ဒေတာတွေကိုလည်း မေ့လို့မရပါဘူး။ ထိရှလွယ်တဲ့ ဒေတာတွေကို မဖြစ်မနေ သဲလွန်စမကျန်အောင် ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။

Shreddit: https://t.me/SpringRevSecurity/442
👍28
သင်သိပါသလား။
=============

ဒစ်ဂျစ်တယ်လုံခြုံရေးဟာ ၂၁ ရာစုမှာ မဖြစ်မနေသိထားရမယ့် အကြောင်းအရာတစ်ခုဆိုတာ သင်သိပါသလား။

ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်တတ်ဖို့၊ ဆက်သွယ်မှုမှာ ကြားဖြတ်စောင့်ကြည့်ခြင်းမခံရအောင် ကာကွယ်တတ်ဖို့၊ အကောင့်အချက်အလက်တွေ ပေါက်ကြားပြီး Hack မခံရအောင် ကာကွယ်တတ်ဖို့ ဒစ်ဂျစ်တယ်လုံခြုံရေး သင်တန်းတစ်ခု တက်ရောက်ပါ။

အွန်လိုင်းပေါ်မှာ လေ့လာနိုင်သည့် သင်တန်းများ - Digisec Labs: https://www.digiseclab.org/courses/DigitalSafety

Spring University Myanmar: https://sumlearn.springuniversitymm.com/local/course-preview/view.php?id=2

Burma Academy: https://burma.ac/courses/course-v1:SpringUniversityMyanmar+CS001+2022_CS001/about
👍26👎1
နေ့တိုင်း သွားတိုက် မျက်နှာသစ် ရေချိုးသလို ဒစ်ဂျစ်တယ်ဘဝမှာလည်း တစ်ကိုယ်ရည်သန့်ရှင်းရေးကို အမြဲ ဂရုစိုက်နေဖို့ လိုပါတယ်။

Password တွေကို ၃ လတစ်ခါ ပြောင်းဖို့၊​ Software တွေကို အမြဲ Update လုပ် အသုံးပြုဖို့ နဲ့ အကောင့်တွေကို နှစ်ဆင့်ခံလုံခြုံရေးခံထားတာတို့ဟာ ဒစ်ဂျစ်တယ်တစ်ကိုယ်ရည်သန့်ရှင်းရေးတွေ ဖြစ်ပါတယ်။ ဒီလို ဆောင်ရန် ရှောင်ရန်တွေကို အောက်ပါ Link များကတစ်ဆင့် လေ့လာဖတ်ရှုနိုင်ပါတယ်။

Digital Hygiene:

1) https://t.me/SpringRevSecurity/1070

2) https://engagemedia.org/2022/digital-hygiene-safety-security/
👍18👎1
ကိုယ်အသုံးပြုနေတဲ့ Online Password Manager ရဲ့ Server ပေါက်ကြားသွားတယ် ဆိုတဲ့ သတင်းကိုကိုယ်မသိလိုက်ဘူး ဆိုရင် ကိုယ့်အကောင့် အချက်အလက်တွေကို အချိန်မီ ပြောင်းလဲလိုက်နိုင်မှာ မဟုတ်လို့ အကောင့်တွေ အားလုံးကို ဆုံးရှံးလိုက် ရနိုင်ပါတယ်။

ဒီလိုသတင်းတွေကို အချိန်နဲ့တပြေးညီသိရှိနေနိုင်ဖို့ ဒစ်ဂျစ်တယ်ပညာပေးချန်နယ်တွေကို ပုံမှန် ဝင်ရောက်ဖတ်ရှု သင့်ပါတယ်။

Spring Revolution Security Telegram Channel:
https://t.me/SpringRevSecurity
👍19
ဖုန်းပျောက်သွားလို့ ပါသွားတဲ့ ဒေတာ အချက်အလက်တွေကို ခေါင်းတောက်ရတယ်ဆိုရင်အချက်အလက်တွေကို လှမ်းဖျက်နိုင်ဖို့ Google Find My Device ကို ကြိုတင်ထည့်သွင်း အသုံးပြုသင့်ပါတယ်။

Google Find My Device မှာ ကိုယ့် Gmail အကောင့်နဲ့ချိတ်ဆက်ပြီး ဖုန်းပျောက်ရှာတာ ဒေတာလှမ်းဖျက်တာ စတာတွေကို လုပ်နိုင်ပါတယ်။

Google Find My Device အသုံးပြုနည်းကိုဖတ်ရှုရန် - https://t.me/SpringRevSecurity/1155

Find My for iOS User - https://t.me/SpringRevSecurity/1167
👍35
ဖုန်းပျောက်သွားလို့ Signal က ပြောထားတာတွေကို စိတ်ပူနေရ တော့မလား .....

Signal ရဲ့ 2 Factor Authentication လို့ သတ်မှတ်လို့ရနိုင်တဲ့ Registration Lock ကို ON ထားပါ။ အဲ့ဒါဆို ကိုယ့်ဖုန်းနံပါတ်နဲ့ Signal ကို ပြန်ဝင်ရင်တောင် ကိုယ်ပေးခဲ့တဲ့ PIN နံပါတ်မသိရင် ဖွင့်လိုမရပါဘူး။

Signal လုံခြုံရေးကို ဖတ်ရှုရန် - https://t.me/SpringRevSecurity/429
👍22
⚠️ အသိပေးချက် ⚠️

လက်ရှိအချိန်မှာ Zoom Video Conferencing Platform ကို ဝင်ရောက်ရ အခက်အခဲဖြစ်ပေါ်နေပါတယ်။

ကျွန်တော်တို့ နွေဦးလုံခြုံရေးအနေနဲ့ စမ်းသပ်ရသလောက်မှာတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး၊ အခက်အခဲတွေတော့ ကြုံနေရပြီး ISP တစ်ခုချင်း ၊ Carrier တစ်ခုချင်းစီပေါ်မူတည်ပြီး ပိတ်ဆို့ခံထားရတာဖြစ်နိုင်ကြောင်းသုံးသပ်ရပါတယ်။

အကြံပြုချက်တွေအနေနဲ့
၁။ ကိုယ့်လူတို့ကို အမြဲပြောသလိုပဲ VPN အမြဲသုံးဖို့
၂။ Jitsi တို့လို alternative platform လေးတွေသုံးပြီး ခဏ စောင့်ကြည့်ရနိုင်အောင်လို့ အသိပေးနှိုးဆော်ပါရစေဗျို့။

Jitsi အသုံးပြုနည်း လမ်းညွှန်

https://t.me/SpringRevSecurity/753
👍25
ဖုန်းပျောက်သွားပြီဆို ချက်ချင်းဘာလုပ်မယ်ဆိုပြီး တွေးထားတာမျိုး ရှိပါသလား။ တကယ်တော့ ဒါကို ကြိုတွေးထားသင့်ပါတယ်။ ဒါမှသာ ကိုယ့်အကောင့်တွေကို ဖုန်းကောက်ရတဲ့သူက ကိုယ်မသိပဲ ဝင်ရောက်ကြည့်ရှုတာမျိုးမခံရခင်အကောင့်တွေ ထွက်ပစ်တာ၊ Password တွေ ပြောင်းပစ်တာမျိုး လုပ်နိုင်မှာပါ။

ဖုန်းပျောက်ရင်လုပ်မယ့် တုံပြန်ရေးလမ်းညွှန်တစ်ခု ပြင်ဆင်ထားပါ။

Android ဖုန်းပျောက်သွားရင် ပြန်ရှာရန် - https://t.me/SpringRevSecurity/1167

iPhone ပျောက်သွားရင် ပြန်ရှာရန် - https://t.me/SpringRevSecurity/1167

Digital First Aid Kit Website:
https://digitalfirstaid.org/en/topics/lost-device/
👍14
#DigitalSafetyFirstMM ကမ်ပိန်းတစ်လျှောက် ၁၅ ရက်တာအတွင်း ဘာတွေလိုက်လုပ်ဖြစ်ခဲ့လဲ ပြောပြခဲ့ပါအုံး။ နောက်တစ်ခါ ကမ်ပိန်းမှာ ထပ်တွေ့ကြမယ်နော်။

ပိုမိုလုံခြုံတဲ့ ဒစ်ဂျစ်တယ်ဘဝများကို ပိုင်ဆိုင်ဖို့ တစ်လှမ်းချင်း တူတူသွားကြစို့။
👍24
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣ကမ်းပိန်းလေးပြီးသွားတဲ့နောက်မှာလည်း...ရောင်းရင်းတို့ရဲ့စက်ပစ္စည်းတွေရဲ့လုံခြုံရေးဂရုစိုက်ဖို့ လိုပါသေးတယ်ဗျို့..

▪️အဲ့တော့ထုံးစံအတိုင်း Monday ကို Clinic နဲ့စတင်ဖို့မမေ့ပါနဲ့နော်...

▪️အစစ်အဆေး များပြီး ဖိနှိပ်နေတဲ့ ဒီလိုကြပ်တည်းတဲ့ကာလကြီးမှာ..

▪️ ဒစ်ဂျစ်လုံခြုံရေးကို အထူးဂရုပြုဖို့လိုတယ်ဗျိုး..

▪️တစ်ခုခု အကြံဉာဏ်လိုအပ်တဲ့ အချိန်တိုင်း ၂၄ နာရီအတွင်းပြန်ဖြေပေးမယ့် Clinic ကိုသတိရလိုက်ပါဗျို့…

📲Link:https://t.me/SpringSecClinic
👍26
အတူတူရုန်းကန် ချီတက်ခဲ့တာ (၂) နှစ်တိုင်ခဲ့ပြီ

ကြမ်းတမ်းနေလည်း..အပြုံးမပျက်..
ခက်ခဲပေမယ့် ရှေ့သို့ချီတက်ခဲ့..

"ဝီရိယကိုကူ အသိဉာဏ်နဲ့ ချူလို့ ကံကြမ္မာကိုပြောင်းလဲ ဖန်တီးလိုတဲ့"
ကျွန်တော်တို့ ရောင်းရင်းတို့ အတူတူ ခက်ခက်ခဲခဲ ဖြတ်သန်းလာခဲ့တာ..
(၂) နှစ်တိုင်ခဲ့ပြီဗျို့…

တော်လှန်ရေး အဒွန့်မရှည်ဖို့..
လုံခြုံရေးမြှင့်တင်လို့..
ခရီးဆက်ကာ ရှေ့ဆက်ကြရအောင်..

၂ နှစ်တာကာလအတွင်း အဆင်မပြေတာ အဆင်ပြေတာတွေ ပြောချင်တာတွေ ရှိခဲ့ရင်လဲ Comment မှာ အကြံဉာဏ်ပေး‌ ရေးသွားကြပါဦး ....
👍79
🔹  ကိုယ့်လူတို့ရေ အာဏာသိမ်းမှု (၂)နှစ်ကျော်ကာလမှာ

ဒီတစ်နေ့ထက်တစ်နေ့ ဖိနှိပ်မှုတွေ တစ်စ..တစ်စနဲ့ မြင့်တက်လာခဲ့သလို

ဒီတစ်ဖက်မှာလည်း အင်တာနက် ဖြတ်တောက်မှုတွေကို တောက်လျှောက်လုပ်လာတာတွေအပြင်

ဒီလက်တစ်လုံးကြားလုပ်နိုင်မယ့် ဉပဒေတွေကိုလည်း ပြင်ဆင်တာ...အသစ်ထုတ်တာတွေကိုလည်း တစ်နေ့နဲ့တစ်နေ့ မရိုးအောင် ပြုလုပ်နေခဲ့ပါ။

🔸ဒီနေ့မှာတော့ ကိုယ့်လူတို့ ချိန်ထိုးဖတ်နိုင်အောင် ဉပဒေသုံးသပ်ချက်လေးတွေကို အသေးစိတ်ဖော်ပြပေးထားလို့ ဖတ်ဖြစ်အောင် ဖတ်ကြပါဗျို့…
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍50