နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
574 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Viber
=====
🗣ရောင်းရင်းတို့ အနေဖြင့် Platform တစ်ခုကို အသုံးပြုတဲ့အခါမှာ Privacy Policy ကိုဝင်ရောက်ဖတ်ရှုခြင်းသင့်ပါတယ်။

❗️Platform တိုင်းကတော့ သူတို့လုံခြုံတယ်ပြောပေမယ့် တကယ်ပဲလုံခြုံရဲ့လားဆိုတာကို သူတို့ ဘယ်လို ဒေတာတွေယူနေလဲကိုကြည့်ခြင်းအားဖြင့်လည်း သိနိုင်သည်။

▪️ Platfrom ကိုအခမဲ့သုံးရလို့ သူတို့တောင်းသမျှဒေတာတွေကို ပေးရမယ်ဆိုပေမယ့် မလိုအပ်တဲ့ ဒေတာတွေကို မပေးခြင်းက မိမိ ရွေးချယ်ခွင့်ဖြစ်လို့ ဒီနေ့မှာတော့ Viber ရဲ့ လုံခြုံရေးအကြောင်းကို နွေဦးလုံခြုံရေးဝိုင်းတော်သားတွေကမျှဝေပေးလိုက်ပါတယ်။
🗣ရောင်းရင်းတို့ရေ

▪️ဒီတစ်ပတ်သောကြာနေ့မှာလည်း ရောင်းရင်းတို့ စိတ်အပန်းဖြေရင်း ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ အင်တာနက်ပေါ်က အန္တရာယ်တွေကို နားလည်နိုင်စေဖို့ ဇာတ်ကားကောင်းတစ်ခု ကို ညွှန်းပေးချင်ပါတယ်။

▪️ဖြစ်ရပ်မှန်ဇာတ်လမ်းပေါ်အခြေခံရိုက်ကူးထားတဲ့ ဒီ Netflix ရဲ့ အပိုင်းသုံးပိုင်းသာ ပါဝင်တဲ့ Docuserie ဟာ အင်တာနက်ပေါ်က လူသတ်သမားတစ်ယောက်ကို လိုက်လံရှာဖွေခဲ့ကြတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ရိုက်ကူးထားတဲ့ပုံစံကလည်း ဒီဇာတ်ကြောင်းမှာ ပါဝင်ခဲ့ကြတဲ့သူတွေရဲ့ ရှုထောင့်ပေါင်းစုံကနေ ပြသထားသလို ဒီလူသတ်သမားရဲ့ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာတဲ့ ဇာတ်ရှိန်ကိုလည်း စိတ်တနုံ့နုံ့နဲ့ ကြည့်ရှုကြရမှာပါ။

🍿စိတ်ဝင်စားတယ်ဆိုရင်တော့ ဇာတ်လမ်းအညွှန်းလေးကို ဖတ်သွားလို့ရပါတယ်။ ကြည့်ပြီးရင် comment မှာ ကိုယ့်ရဲ့ အမြင်ကို လာရောက်မျှဝေကြဖို့လည်း မမေ့ပါနဲ့ဦးဗျို့။

👉https://telegra.ph/Dont-Fk-with-Cats--Hunting-an-Internet-Killer-06-03
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
===================
🗣ရောင်းရင်းတို့ရေ

❗️ဒစ်ဂျစ်တယ်နဲ့ ပက်သက်ပြီး စောင့်ကြည့်လေ့လာမှုတွေများနေတဲ့အချိန်မှာ ရောင်းရင်းတို့ရဲ့ ဒစ်ဂျစ်တယ် လုံခြုံရေးဟာဆိုရင်လည်း အင်မတန်မှ အရေးကြီးတဲ့ အပိုင်းကိုရောက်လာပါပြီ

💻ဒစ်ဂျစ်တယ်အခက်အခဲတွေနဲ့ ပက်သက်ပြီး ဘာပဲလိုလို
Clinic ကိုသာ လှမ်းခဲ့ပါတော့ဗျို့...

အချိန်: ((7:00- 9:00 PM) မှာရှိပါမယ်နော်…
Date:6th June ,2022
Clinic📲Link:https://t.me/SpringSecClinic

ရုံးချိန်လွှတ်အောင် စီစဉ်ထားတာမို့...ဒစ်ဂျစ်တယ်အခက်အခဲများရှိရင် ဆေးခန်း Link လေးကို Click နှိပ်ပြီး လာခဲ့ကြပါဗျို့...
OSINT
=====
🗣ရောင်းရင်းတို့ရေ ဒီအပတ်မှာတော့ အွန်လိုင်းပေါ်မှာ Public လုပ်ထားတဲ့ သတင်းအချက်အလက်တွေကနေပြီး ကိုယ့်ကို စောင့်ကြည့်မှုတွေ ပြုလုပ်နိုင်တယ်ဆိုတဲ့ အကြောင်းလေးဝေမျှပေးထားပါတယ်။

▪️OSINT ဆိုတာဘာလဲ
‼️သိပြီးဖတ်ပြီးသွားပြီဆိုရင်တော့

▪️ကိုယ့်အသုံးပြုနေကြ Search Engine ( Chrome/ Safari/ Firefox) တစ်ခုခုကိုသွားပါ)

▪️ပြီးရင် ကိုယ့်ရဲ့ Gmail (သို့) Facebook Name လေးကို ရိုက်ပြီးရှာကြည့်ပါဦး

👉ဘယ်အချက်အလက်တွေ မြင်သွားရလဲဆိုတာကိုလည်း Comment မှာမျှဝေပေးလို့ရပါတယ်ဗျို့..
🗣ရောင်းရင်းတို့ရေ

▪️ဒီအပတ်သောကြာမှာတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဇာတ်ကားလေးကိုညွှန်းဆိုလိုပါတယ်။

🍿”My Holo Love” ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။

📽လူမဟုတ်ပဲ..AI ချစ်သူထားလိုသူများကြည့်ရန်..အညွှန်းကို Link လေးမှာဖတ်ပေးကြဦးဗျို့..

👉https://telegra.ph/My-Holo-Love-06-10
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
===================
🗣ရောင်းရင်းတို့ရေ

Channel မှာတင်တဲ့အကြောင်းအရာ တွေကို ဖတ်နေရုံပဲလား?
အက်မင်တို့နဲ့ လုံခြုံရေး နဲ့ ပက်သက်ပြီး ဆွေးနွေးချင်တာများ ရှိနေမလား?

❗️မသိသူကျော်သွား ဆိုတဲ့အတိုင်း မသိတဲ့သူတွေက ကျော်သွားပေမယ့်..
တစ်ချို့တွေကတော့ Clinic မှာ အပတ်တိုင်းလားပြီး Check-up လုပ်ကြတယ်ဗျ..

💻ဒစ်ဂျစ်တယ်အခက်အခဲတွေနဲ့ ပက်သက်ပြီး ဘာပဲလိုလို
Clinic ကိုသာ လှမ်းခဲ့ဖို့ ဖိတ်ခေါ်တယ်နော်..

အချိန်: ((7:00- 9:00 PM) မှာရှိပါမယ်နော်…
Date:13th June ,2022
Clinic📲Link:https://t.me/SpringSecClinic
🗣ရောင်းရင်းတို့ရေ

▪️တစ်နေ့တစ်နေ့ Channel ကိုဖတ်ရင်းနဲ့ ပျင်းလာပြီလား

▪️ကိုယ်သိပြီးသား လုံခြုံရေး အသိပညာတွေကို လက်တွေ့ဘဝမှာ ဘယ်လိုအသုံးချရမှန်းမသိဖြစ်နေလား

▪️အက်မင်တို့ပေးတဲ့ ဉာဏ်စမ်း ပုစ္ဆာတစ်ပုဒ်နဲ့ ကိုယ့်ကိုကိုယ် ဉာဏ်စမ်းလိုပါသလား

စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်လေးတစ်ခုလုပ်ထားပါတယ်..ရောင်းရင်းတို့ရေ..
အဲ့ဒါကတော့ အက်မင်တို့ပေးတဲ့ ပုစ္ဆာကို ဖြေဆိုရမှာပါ…

ပုစ္ဆာကခက်မှာလား?

မခက်ပါဘူး..ရောင်းရင်းတို့ Channel မှာဖတ်ထားတဲ့ အကြောင်းအရာတွေကို အခြေခံပြီး ဖော်ပြထားတဲ့ အခြေနေကို သုံးသပ်ပြီး သင့်တော်တဲ့ Security Protocol တစ်ခုကို ဖြေဆိုလိုက်ရုံပါ။

ဖြေတော့ရော ဘာရမှာလဲ?

ဖြေဆိုတဲ့သူအ တွေထဲက လက်တွေ့အကျဆုံး နဲ့ ထိရောက်မှု အရှိဆုံးဖြစ်မယ့် security protocol ဆောင်ရွက်နိုင်သူ (၅)ယောက်ကို‌ ရွှေးချယ်မှာပြီး ၃ လစာ အသုံးပြုလို့ရတဲ့ Paid VPN Code လေးတွေပေးသွားမှာဖြစ်ပါတယ်။ VPN Code တစ်လုံးက Device (၅)လုံး ချိတ်ဆက်လို့ရတာမို့ ကိုယ် အနိုင်ရသွားရင် သူငယ်ချင်း တွေကိုပါ လက်ဆောင်အနေနဲ့ ပေးလို့ရမှာပါ…


ပုစ္ဆာကို ဘယ်က ဖတ်ရမလဲ?
ဘယ်ကို ပို့ပေးရမလဲ?

📲ဖြေရမယ့် ပုစ္ဆာကိုဖတ်ရန် Link : https://telegra.ph/Unseen-Scenario-06-14

📲 ‌အဖြေပေးပို့ရန် Link:https://t.me/SpringSecClinic

‼️ ဒီ Link လေးမှာ လာဖြေပေးရမှာပဲဖြစ်ပါတယ်။ Comment မှာလုံးဝမဖြေကြပါနဲ့နော်…


အဖြေတွေကိုတော့ 17th June,2022 မှာ ပို့ပေးရမှာဖြစ်ပြီးတော့
Winner Announcement ကိုတော့ 20th June,2022 မှာ Channel ကနေ ကြေငြာပေးသွားမှာဖြစ်ပါတယ်။


Winner များရွေးချယ်ရာတွင် အရှုပ်အရှင်းတစ်ခုခုရှိခဲ့ပါက နွေဦးလုံခြုံရေး အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်ကိုသာ ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။
Doxing
=====
🗣ရောင်းရင်းတို့ရေ
👥ဒီနေ့ လူတော်တော်များများက နောက်ယောင်ခံလိုက်ရမှာကို စိုးရိမ်ပူပန်ကြပေမယ့် Social Media Platform တွေမှာ ကိုယ့် အချက်အလက်တွေကို လိုလိုလားလားမျှဝေနေတာကိုတွေ့ရပါတယ်။
▪️အဲ့တော့ ကိုယ်တင်ထားတဲ့ Public Post တွေကနေ ဘယ်လိုနောက်ယောင်ခံလဲ
▪️နောက်ယောင်ခံရတာလွယ်ကူလား
👉Publicly ရနိုင်တဲ့ ဒေတာတွေကနေ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်လားကို Doxing ဆိုတဲ့အကြောင်းအရာလေးနဲ့ဆွေးနွေးထားပါတယ်..ပေးထားတဲ့ Tools တွေကိုလည်းစမ်းကြည့်ကြပါဗျို့...