နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
573 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
IMEI
===========
🗣ရောင်းရင်းတို့ရေ အစိုးရလို့ လုထုကမသတ်မှတ်တဲ့ အကြမ်းဖက်စစ်အုပ်စုကတော့ အာဏသိမ်းစကာစကနေ စပြီး ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို အစဉ်တစ်စိုက် လုပ်ဆောင်လာတာကို အားလုံးသိပြီးတဲ့ အတိုင်းပဲဖြစ်ပါတယ်။

📳တစ်နှစ်နဲ့ သုံးလ အကျော် မေလ (၁၃) ရက်နေ့မှာတော့ ပျံ့နှံထွက်ပေါ်လာတဲ့ သတင်းတွေအရ စစ်ကောင်စီဟာ ပြည်သူများ အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေမှာ ပါဝင်တဲ့ IMEI နံပါတ်တွေပေါ်မှာ အခြေပြုပြီး မှတ်ပုံတင်ကာ အခွန်ဆောင်ခိုင်းမယ့် အခြေအနေမျိုး လုပ်ဆောင်ဖို ထပ်မံ ကြိုးပမ်းလာတာတွေ့ရပါတယ်။

👆ဒီအပတ်မှာတော့ ဒစ်ဂျစ်တယ်ဓါတ်စာ အစီအစဉ်ကနေ အားလုံးသဲထိတ်ရင်ဖို ဖြစ်နေတဲ့ IMEI Registration ကိစ္စကို ပြောပြသွားမှာပဲဖြစ်ပါတယ်။

▪️IMEI ဆိုတာဘာလဲ?
▪️IMEI ဘယ်လိုအလုပ်လုပ်လဲ?
▪️IMEI Register လုပ်ထားတဲ့သူတွေအပေါ် ဘာတွေသက်ရောက်မှုရှိမလဲ?
ဝိုင်းတော်သားတွေ တွေးဆနေတဲ့ Concern တွေက ဘာဖြစ်မလဲ? ကို အသေးစိတ်လေး ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
ကြည့်..ကြည့်..ကြည့်
==========
🗣ရောင်းရင်းတို့ရေ...ဒီတစ်ပတ် သောကြာနေ့မှာတော့ စိတ်အပန်းလည်း ဖြေရင်း ဒစ်ဂျစ်တယ်လုံခြုံရေးအကြောင်းကို နားလည်နိုင်စေမယ့် ရုပ်ရှင်တွေထဲက Series ကောင်းတစ်ခုကို ညွှန်းပေးပါရစေဗျို့။ Series ရဲ့ နာမည်ကတော့ Super Pumped လို့ခေါ်ပါတယ်။

🍿အားလုံး Uber ဆိုတဲ့ ဖုန်းကနေ ကားငှားလို့ရတဲ့ ဝန်ဆောင်မှုအကြောင်းကို ကြားဖူးကြမှာပါ။ ဒီ Series ကတော့ Uber ကုမ္ပဏီရဲ့ လူတွေမသိသေးတဲ့ နောက်ကွယ်ကအကြောင်းအရာတွေကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

▪️၁ နာရီ ကြာမြင့်တဲ့ အပိုင်း ၇ ပိုင်းသာ ပါဝင်ပြီး တစ်ပိုင်းပြီး တစ်ပိုင်း ဆက်ကြည့်ချင်နေအောင် ဆွဲခေါ်သွားနိုင်မယ်ဆိုတာတော့ အာမခံပါတယ်။ ဇာတ်လမ်းအညွှန်းကိုလည်း ဖတ်ကြည့်သွားလို့ရပါတယ်။

▪️ Movie Review လေးကို အောက်မှာ ဆက်ကြည့်ပေးပါဦးဗျို့..

https://telegra.ph/Super-Pumped-2022-05-20
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
===================
ရောင်းရင်းတို့ရေ
ဒစ်ဂျစ်တယ်လုံခြုံရေးက အားမှ လုပ်ရတာမျိုးမဟုတ်လို့
အချိန်ရှိခိုက် ပြင်ဆင်ကြဖို့
Monday ညတိုင်းမှာ
ရောင်းရင်းတို့ကို ကူညီဖို့ ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်းလေးရှိပါတယ်ဗျို့

အချိန်: ((7:00- 9:00 PM) မှာရှိပါမယ်နော်…
Date:23th May,2022
Clinic📲Link:https://t.me/SpringSecClinic

ရုံးချိန်လွှတ်အောင် စီစဉ်ထားတာမို့...ဒစ်ဂျစ်တယ်အခက်အခဲများရှိရင် ဆေးခန်း Link လေးကို Click နှိပ်ပြီး လာခဲ့ကြပါဗျို့...
🚨🚨🚨 ALERT- စုစည်းသိရသလောက်ဆိုရင် စစ်ကိုင်းတိုင်း တစ်ခုလုံးလောက် နီးနီးဟာ အင်တာနက်နဲ့ ဖုန်းလိုင်းများဖြတ်တောက်ခံနေရတဲ့အခြေအနေဖြစ်နေပါတယ်။ -🚨🚨🚨

အင်တာနက်ကော ဖုန်းလိုင်းပါမရတဲ့ အခြေအနေမှာ ဆက်သွယ်ဖို့ အင်မတန်ခက်ခဲပါတယ်။
fiber လိုင်းတွေတော့ အလုပ်လုပ်သေးတဲ့ သတင်းကြားရပါတယ်၊ သတင်းများကို အလျဉ်းသင့်သလို Comment Session မှာ ထည့်သွင်းပြီး အခြေအနေကိုလည်း ထပ်မံတင်ပြဖို ကြိုးစားသွားပါမယ်၊ ရောင်းရင်းတို့လည်း သိရသလောက် လာပြောပေးဖို မေတ္တာရပ်ခံပါတယ်။
Video Conferencing Platform
======================
🗣ရောင်းရင်းတို့အနေနဲ့ Zoom အပြင် Platform အသစ်စမ်းသုံးချင်သူများအတွက်
▪️အကောင့်ဖွင့်စရာမလိုပဲ သုံးနိုင်မယ့် Platform?
▪️ပိုက်ဆံပေးစရာမလိုပဲ လူအများကြီးနဲ့ Meeting လုပ်နိုင်မယ့် Platform?
▪️ပြီးတော့ စည်းဝေးပြီးတာနဲ့ ဘာမှကျန်ခဲ့တာမျိုးမရှိပဲ..အကုန်လုံး ဖျက်ပစ်သလို ဖြစ်ချင်ရင်တော့
Jitsi ဆိုတဲ့ Platform လေး ရှိပါတယ်..
အသေးစိတ်လေးလည်း ဖတ်ရှုကြပါဦးဗျို့...
ဟာ !!! ဖေ့ဘုတ်ကြီးဘာတွေ ဖြစ်နေတာလဲဟ Mobile App ကနေ ဘယ်သူတွေ Like ထားလဲ မတွေ့ရပဲ အရေအတွက်ပဲတွေ့ရတယ်။

ဒီနေ့နေ့လည်ပိုင်းအချိန်ကနေ စတင်ပြီး Facebook
မှာရှိသော Post များအောက်တွင် ပေးထားသော Reaction များကို အရေအတွက်သာမြင်ရပြီး နာမည်များကိုမမြင်ရတော့ပဲ No Data Available လို့သာ တွေ့ရပါတယ်။

Mobile Phone နဲ့ ကြည့်ရှုရင်ပဲဖြစ်ဖြစ် Computer နဲ့ ကြည့်ရှုရင်ဖြစ်ဖြစ် မမြင်ရတော့တာတွေ့ရပါတယ် ။ တစ်ချို့ကတော့ ကိုယ်တင်တဲ့ Post အောက်က react လုပ်ထားတဲ့ လူတွေကို မြင်နေရပါသေးတယ်တဲ့ ။
ဒါဟာ Facebook ရဲ့ error တစ်ခုခုကြောင့်များလား ? ဒါမှမဟုတ် Facebook ရဲ့ အသုံးပြုသူတွေ့ရဲ့ Privacy ကို ကာကွယ်ဖို့အတွက် ပြောင်းလဲလိုက်တဲ့ Policy Feature တစ်ခုလားဆိုတာကိုတော့ မသိရသေးပါဘူး၊ စောင်ကြည့်ရမယ့်အခြေနေတစ်ခုဖြစ်ပါတယ်။ ရောင်းရင်းတို့ရော ဘာတွေကြုံနေရလည်း ပြောခဲ့ပေးပါဦး။
ကြည့်..ကြည့်..ကြည့်
=============
📽အပတ်စဉ်ရဲ့ သောကြာနေ့ကို ရောက်လာပြီဗျို့

🗣ရောင်းရင်းတို့ရေ
🍿ဒီအပတ်မှာ ညွှန်းဆိုလိုတာကတော့ “ Cyber Hell” ပဲဖြစ်ပါတယ်.

▪️စိတ်ဝင်စားစရာကောင်းသလို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာမို့

▪️အညွှန်းလေးကို Link နှိပ်ပြီးဖတ်ကြည့်ပေးပါဦးဗျို့

👉Link:https://telegra.ph/Cyber-Hell-05-27-2
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
===================
ရောင်းရင်းတို့ရေ
တစ်ပတ်တစ်ခါ ထူးခြားတဲ့ Case တွေဖြေရှင်းနေရလို့ Clinic ကို လုံခြုံရေးနဲ့ဆိုင်တဲ့ အခက်အခဲ အချို့ကိုယူ လာပေးတဲ့ရောင်းရင်းတို့ကို ကျေးဇူးဗျို့....

မလာရသေးတဲ့ ရောင်းရင်းတို့လည်း…
ဒစ်ဂျစ်တယ်နဲ့ဆိုင်တဲ့ အခက်အခဲတွေရှိနေရင်လည်း..

Clinic ကိုသာ လှမ်းခဲ့ပါဗျို့...

အချိန်: ((7:00- 9:00 PM) မှာရှိပါမယ်နော်…
Date:30th May,2022
Clinic📲Link:https://t.me/SpringSecClinic
၂၀၂၂ ခုနှစ် မေလ အတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိပ်မှု ဖြစ်စဉ်များ
==========================

🗣ရောင်းရင်းတိုရေ…
အကြမ်းဖက်စစ်ကောင်စီဟာဆိုရင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို လက်နက်သဖွယ်အသုံးပြုနေတာပါ။
ဒီနေ့မှာတော့ မေလအတွင်း ကျူးလွန်ခဲ့တဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိပ်မှုများကို ဖော်ပြပေးလိုက်ရပါတယ်။

▪️မေလ (၇) ဒါရိုက်တာ မောင်သီအပါအဝင် လူ၄ဦးကိုလူမှုကွန်ရက်တွင် ရေးသားမှုများကြောင့် ဖမ်းဆီးထိမ်းသိမ်းခြင်း ထိုအပြင် လော်ဘီအကောင့်များမှ တဆင့်လှုဆော်အရေးယူမှု ပြုလုပ်ခိုင်းခြင်းများအပေါ်တွင်လည်း လိုက်လံဖမ်းဆီးမှုများစွာရှိနေ

▪️မေလ (၇) စစ်တွေမြို နိရဉ္စရာသတင်းဌာနကို စစ်ကောင်စီဝင်ရောက်ရှာဖွေခြင်း

▪️မေလ (၁၃) စစ်ကောင်စီအနေဖြင့် IMEI နံပါတ်များဖြင့် မှတ်ပုံတင် အခွန်ဆောင်ခိုင်းပြီး မိုဘိုင်းအသုံးပြုသူများကို ထိန်းချုပ်ရန်နှင့် ဝင်ငွေရလမ်းဖော်ဆောင်ရန် ပြင်ဆင်ခြင်း

▪️မေလ (၁၄) ယာဉ်စီးကမ်းဖောက်ဖျက်မှုများအား သိရှိစေရန်ဆိုသည့် အကြောင်းပြချက်ဖြင့် သွားလာလုပ်ရှားမှုများကို သိရှိနိုင်ရန်အတွက် မိုဘိုင်း App တစ်ခု ပြုလုပ်ရန် ပြင်ဆင်ခြင်း

▪️မေလ (၁၆) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PDF များ၏ (Facebook) လူမှုကွန်ရက်စာမျက်နှာများ တိုက်ခိုက်ခြင်း

▪️မေလ (၁၇) တော်လှန်ရေးကာလ အွန်လိုင်းအခြေပြု ပညာရေးဆိုင်ရာ သင်တန်းများတွင် သင်ကြားသူများနှင့် တက်ရောက်သူများအား အသွင်ယူစုံစမ်းရန် စစ်ကောင်စီလက်ပါးစေ လော်ဘီ အကောင့်များမှ လှုဆော်ခြင်း

▪️မေလ (၁၈) ဖယ်ခုံမြိုနယ်အတွင်း ဆင်ခြေဖုန်းဒေသများတွင် လျှပ်စစ်မီးနှင့် အင်တာနက်များ ဖြတ်တောက်ခံရခြင်း

▪️မေလ (၁၉) ဆောမြိုနယ်အတွင်း ကျေးရွာများတွင် စစ်ကြောင်းဖြတ်စဉ်ကာလတွင် အင်တာနက်ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ခြင်းတိုအပြင်

▪️မေလ (၂၄) စစ်တပ်နှင့်တိုက်ပွဲဖြစ်နေသော ကန့်ဘလူ၊ မြင်းမူ၊ ကျွန်းလှ၊ မုံရွာ၊ ခင်ဦး၊ရေဦး၊ ကောလင်း အပါအဝင် စစ်ကိုင်း မြိုနယ်များတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက် ခြင်းများပြုလုပ်ခဲ့ပါတယ်။
Viber
=====
🗣ရောင်းရင်းတို့ အနေဖြင့် Platform တစ်ခုကို အသုံးပြုတဲ့အခါမှာ Privacy Policy ကိုဝင်ရောက်ဖတ်ရှုခြင်းသင့်ပါတယ်။

❗️Platform တိုင်းကတော့ သူတို့လုံခြုံတယ်ပြောပေမယ့် တကယ်ပဲလုံခြုံရဲ့လားဆိုတာကို သူတို့ ဘယ်လို ဒေတာတွေယူနေလဲကိုကြည့်ခြင်းအားဖြင့်လည်း သိနိုင်သည်။

▪️ Platfrom ကိုအခမဲ့သုံးရလို့ သူတို့တောင်းသမျှဒေတာတွေကို ပေးရမယ်ဆိုပေမယ့် မလိုအပ်တဲ့ ဒေတာတွေကို မပေးခြင်းက မိမိ ရွေးချယ်ခွင့်ဖြစ်လို့ ဒီနေ့မှာတော့ Viber ရဲ့ လုံခြုံရေးအကြောင်းကို နွေဦးလုံခြုံရေးဝိုင်းတော်သားတွေကမျှဝေပေးလိုက်ပါတယ်။