နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
573 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
===============
🗣ရောင်းရင်းတို့ရေ
👥ရောင်းရင်းတို့အတွက် ဝိုင်းတော်သားတွေက ရှိနေပါမယ်ဗျို့....

📳Privacy ဆန်ဆန်မေးချင်တာ...

📱သိလိုတာတွေအတွက် Admin တို့နဲ့ဆွေးနွေးလိုတာဆိုရင်တော့

💬Comment မှာပြောမယ့်အစား
Clinic ကိုလာခဲ့ပေးပါဗျို့…

Date:11th May,2022
👉Clinic📲Link:https://t.me/SpringSecClinic
အချိန်ကတော့ ထုံစံအတိုင်း 1PM- 3PM ပါဗျို့....
ရောင်းရင်းတို Join နိုင်တဲ့အချိန်ကို Clinic လေးဖွင့်ပေးဖိုစီစဉ်ထားပါတယ်။ အချိန်လေးတွေ Vote ပေးခဲ့ပါဦး။ Clinic အတွက် Feedback တွေလည်း ချန်ခဲ့နိုင်ပါတယ်။
Anonymous Poll
27%
Monday 6-8 PM
73%
Monday 7-9 PM
ကြည့်..ကြည့်,,ကြည့်
===============
🗣ရောင်းရင်းတို့ရေ...

🍿ဒီအပတ်သောကြာမှာတော့ ရောင်းရင်းတို့အတွက် ညွှန်းဆိုလိုတဲ့ဇာတ်ကားကတော့ “The Imitation Game” ပဲဖြစ်ပါတယ်။

▪️ Movie Review လေးကို အောက်မှာ ဆက်ကြည့်ပေးပါဦးဗျို့..

👉https://telegra.ph/The-Imitation-Game-05-13
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
===================
ရောင်းရင်းတို့ရေ
အပတ်စဉ် ဗုဒ္ဓဟူး‌ မှာတွေ့နေကြ Clinic လေးအား ရောင်းရင်းတို့အားလုံး ပါဝင်နိုင်ဖို့ Monday ရုံးချိန်လွှတ်အောင်လေး စီစဉ်ထားပြီး ဒီမိုကရေစီဆန်ဆန် Vote ခိုင်းတဲ့အခါမှာတော့ .....Monday (7:00- 9:00 PM) အဖွဲ့က အနိုင်ရသွားပါတယ်ဗျို့…

အပြတ်အသတ်နိုင်သွားတာပါဗျို့..

အဲ့ဒါကြောင့် ဒီနေ့ ညနေ ((7:00- 9:00 PM) မှာ ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်းရှိပါမယ်..

Date:16th May,2022
Clinic📲Link:https://t.me/SpringSecClinic
အချိန်ကတော့ ထုံစံအတိုင်း 7PM- 9PM ပါဗျို့....

ရုံးချိန်လွှတ်အောင် စီစဉ်ထားတာမို့...ဒစ်ဂျစ်တယ်အခက်အခဲများရှိရင် ဆေးခန်း Link လေးကို Click လုပ်ပြီး လာခဲ့ကြပါဗျို့...
IMEI
===========
🗣ရောင်းရင်းတို့ရေ အစိုးရလို့ လုထုကမသတ်မှတ်တဲ့ အကြမ်းဖက်စစ်အုပ်စုကတော့ အာဏသိမ်းစကာစကနေ စပြီး ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို အစဉ်တစ်စိုက် လုပ်ဆောင်လာတာကို အားလုံးသိပြီးတဲ့ အတိုင်းပဲဖြစ်ပါတယ်။

📳တစ်နှစ်နဲ့ သုံးလ အကျော် မေလ (၁၃) ရက်နေ့မှာတော့ ပျံ့နှံထွက်ပေါ်လာတဲ့ သတင်းတွေအရ စစ်ကောင်စီဟာ ပြည်သူများ အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေမှာ ပါဝင်တဲ့ IMEI နံပါတ်တွေပေါ်မှာ အခြေပြုပြီး မှတ်ပုံတင်ကာ အခွန်ဆောင်ခိုင်းမယ့် အခြေအနေမျိုး လုပ်ဆောင်ဖို ထပ်မံ ကြိုးပမ်းလာတာတွေ့ရပါတယ်။

👆ဒီအပတ်မှာတော့ ဒစ်ဂျစ်တယ်ဓါတ်စာ အစီအစဉ်ကနေ အားလုံးသဲထိတ်ရင်ဖို ဖြစ်နေတဲ့ IMEI Registration ကိစ္စကို ပြောပြသွားမှာပဲဖြစ်ပါတယ်။

▪️IMEI ဆိုတာဘာလဲ?
▪️IMEI ဘယ်လိုအလုပ်လုပ်လဲ?
▪️IMEI Register လုပ်ထားတဲ့သူတွေအပေါ် ဘာတွေသက်ရောက်မှုရှိမလဲ?
ဝိုင်းတော်သားတွေ တွေးဆနေတဲ့ Concern တွေက ဘာဖြစ်မလဲ? ကို အသေးစိတ်လေး ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
ကြည့်..ကြည့်..ကြည့်
==========
🗣ရောင်းရင်းတို့ရေ...ဒီတစ်ပတ် သောကြာနေ့မှာတော့ စိတ်အပန်းလည်း ဖြေရင်း ဒစ်ဂျစ်တယ်လုံခြုံရေးအကြောင်းကို နားလည်နိုင်စေမယ့် ရုပ်ရှင်တွေထဲက Series ကောင်းတစ်ခုကို ညွှန်းပေးပါရစေဗျို့။ Series ရဲ့ နာမည်ကတော့ Super Pumped လို့ခေါ်ပါတယ်။

🍿အားလုံး Uber ဆိုတဲ့ ဖုန်းကနေ ကားငှားလို့ရတဲ့ ဝန်ဆောင်မှုအကြောင်းကို ကြားဖူးကြမှာပါ။ ဒီ Series ကတော့ Uber ကုမ္ပဏီရဲ့ လူတွေမသိသေးတဲ့ နောက်ကွယ်ကအကြောင်းအရာတွေကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

▪️၁ နာရီ ကြာမြင့်တဲ့ အပိုင်း ၇ ပိုင်းသာ ပါဝင်ပြီး တစ်ပိုင်းပြီး တစ်ပိုင်း ဆက်ကြည့်ချင်နေအောင် ဆွဲခေါ်သွားနိုင်မယ်ဆိုတာတော့ အာမခံပါတယ်။ ဇာတ်လမ်းအညွှန်းကိုလည်း ဖတ်ကြည့်သွားလို့ရပါတယ်။

▪️ Movie Review လေးကို အောက်မှာ ဆက်ကြည့်ပေးပါဦးဗျို့..

https://telegra.ph/Super-Pumped-2022-05-20
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
===================
ရောင်းရင်းတို့ရေ
ဒစ်ဂျစ်တယ်လုံခြုံရေးက အားမှ လုပ်ရတာမျိုးမဟုတ်လို့
အချိန်ရှိခိုက် ပြင်ဆင်ကြဖို့
Monday ညတိုင်းမှာ
ရောင်းရင်းတို့ကို ကူညီဖို့ ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်းလေးရှိပါတယ်ဗျို့

အချိန်: ((7:00- 9:00 PM) မှာရှိပါမယ်နော်…
Date:23th May,2022
Clinic📲Link:https://t.me/SpringSecClinic

ရုံးချိန်လွှတ်အောင် စီစဉ်ထားတာမို့...ဒစ်ဂျစ်တယ်အခက်အခဲများရှိရင် ဆေးခန်း Link လေးကို Click နှိပ်ပြီး လာခဲ့ကြပါဗျို့...
🚨🚨🚨 ALERT- စုစည်းသိရသလောက်ဆိုရင် စစ်ကိုင်းတိုင်း တစ်ခုလုံးလောက် နီးနီးဟာ အင်တာနက်နဲ့ ဖုန်းလိုင်းများဖြတ်တောက်ခံနေရတဲ့အခြေအနေဖြစ်နေပါတယ်။ -🚨🚨🚨

အင်တာနက်ကော ဖုန်းလိုင်းပါမရတဲ့ အခြေအနေမှာ ဆက်သွယ်ဖို့ အင်မတန်ခက်ခဲပါတယ်။
fiber လိုင်းတွေတော့ အလုပ်လုပ်သေးတဲ့ သတင်းကြားရပါတယ်၊ သတင်းများကို အလျဉ်းသင့်သလို Comment Session မှာ ထည့်သွင်းပြီး အခြေအနေကိုလည်း ထပ်မံတင်ပြဖို ကြိုးစားသွားပါမယ်၊ ရောင်းရင်းတို့လည်း သိရသလောက် လာပြောပေးဖို မေတ္တာရပ်ခံပါတယ်။
Video Conferencing Platform
======================
🗣ရောင်းရင်းတို့အနေနဲ့ Zoom အပြင် Platform အသစ်စမ်းသုံးချင်သူများအတွက်
▪️အကောင့်ဖွင့်စရာမလိုပဲ သုံးနိုင်မယ့် Platform?
▪️ပိုက်ဆံပေးစရာမလိုပဲ လူအများကြီးနဲ့ Meeting လုပ်နိုင်မယ့် Platform?
▪️ပြီးတော့ စည်းဝေးပြီးတာနဲ့ ဘာမှကျန်ခဲ့တာမျိုးမရှိပဲ..အကုန်လုံး ဖျက်ပစ်သလို ဖြစ်ချင်ရင်တော့
Jitsi ဆိုတဲ့ Platform လေး ရှိပါတယ်..
အသေးစိတ်လေးလည်း ဖတ်ရှုကြပါဦးဗျို့...